Tuesday, September 4, 2007

ကမ္ဘာ့ အံ့ဖွယ် အဖြစ် စာရင်းဝင်တဲ့ ကမ္ဘာကျော် အန်ကောဝပ် ကို သွားလည်မယ်

Journey to the East လို့ပဲ ပြောတော့မလား။ ဒီတခါ ရွှေမြန်မာတွေကို နိုင်ငံရဲ့ အရှေ့ဘက် ထိုင်းနိုင်ငံ အနှံ့ online ကနေ virtual tour အလည် ပို့ပြီးတဲ့နောက် ဖောက်လို့ မပြီးနိုင်တဲ့ အာရှ အဝေးပြေး လမ်းမ ကြီး အတိုင်း အရှေ့ဘက်က ကမ္ဘောဒီးယား နိုင်ငံကို အ၀င် အရင်ရောက်တဲ့ Siamreap မြို့ ကလေးက ကမ္ဘာ့ အံ့ဖွယ် အဖြစ် စာရင်းဝင်တဲ့ ကမ္ဘာကျော် အန်ကောဝပ် ကို အလည်ပို့ဖို့ စဉ်းစားထားပါတယ်။ စိတ်ဝင်စား ကြမယ် လို့ မျှော်လင့်ပါတယ်။
မြန်မာတို့နဲ့ မစိမ်းလှတဲ့ လူမျိုးတွေ နေထိုင်တဲ့ နိုင်ငံတွေကို သွားရောက် လည်ပတ် ရတဲ့ အတွက် ယဉ်ကျေးမှု ချင်း သိပ်မစိမ်းလှတာကို တွေ့ရပါလိမ့်မယ်။ ထိုင်းနိုင်ငံဟာလည်း မြန်မာနိုင်ငံထဲက ရှမ်းလူမျိုး များရဲ့ အနွယ်ဖြစ်တဲ့ ထိုင်းလူမျိုးများ နေထိုင်ရာ နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံဟာ မြန်မာနိုင်ငံထဲက မွန်တို့ရဲ့ အနွယ် ခမာ လူမျိုးများ ကြီးစိုးတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ခမာ လူမျိုး များဟာ ၉ ရာစု ကနေ ၁၅ ရာစု အကြား မှာ အရှေ့တောင် အာရှ တခွင်မှာ ဘုန်းမီး နေလ တောက်ပခဲ့ ကြပါတယ်။ တိုင်းပြည် တစ်ပြည်မှာ စီးပွားရေး လူမှုရေး အင်အား သိပ်တောင့် လာရင် အနုပညာ၊ ဗိသုကာ လက်ရာနဲ့ နိုင်ငံသား များရဲ့ ဉာဏ်ရည် ဉာဏ်သွေး ထိပ်တန်း ရောက်လာတာ ပြောစရာ မလိုအောင်ကို သမိုင်းက သက်သေ ပြပြီး သားပါ။ အဲဒီအချိန်မှာ သူတို့က အန်ကောဝပ်ကို တည်ဆောက် ခဲ့ကြ ပါတယ်။

အန်ကောဝပ်က ဘာကြောင့် ကမ္ဘာ ကျော်ခဲ့ရ တာလဲ။ ဘယ်လို သမိုင်းကြောင်း နောက်ခံတွေ ရှိလို့လဲ။ သူ့ရဲ့ ဗိသုကာ လက်ရာ ကရော ဘယ်လို ထူးခြား ဆန်းကြယ် မှုတွေ ရှိလို့လဲ။ သွားလေ့လာ ကြည့်ရအောင် နော်။

Sunday, August 12, 2007

ဘန်ကောက်တွင် လျှောက်လည်ချင်လျှင်

ထိုင်းနိုင်ငံဧ။် ခရီးသွားလုပ်ငန်းကို မြှင့်တင် နိုင်ရေး အတွက် Tourism Authority of Thailand (TAT) ကကြီးမှုးပြီး ဘေးထွက် ဆိုးကျိုး အနည်းဆုံးနှင့် စည်းစနစ် ကျနသော အကောင်းဆုံး ခရီး သွားလာရေး လုပ်ငန်း ဖြစ်စေရန် သုတေသနများ ပြုလုပ်ပြီး ဖွံ့ဖြိုးရေး ဆိုင်ရာ ပေါ်လစီများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေပါသည်။ ထိုင်းနိုင်ငံဧ။် ခရီးသွားလုပ်ငန်းကို
၁.ရိုးရာယဉ်ကျေးမှုကိုအခြေခံသော ခရီးသွား လုပ်ငန်း (Cultural Tourism)
၂. သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်း (Ecotourism)
၃. ကျေးလက်ဘ၀ကို အခြေခံသော ခရီးသွား လုပ်ငန်း (Country Tourism)
၎.စွန့်စားမှုကို အခြေခံသော ခရီးသွား လုပ်ငန်း (Adventure Tourism)
၅. ကောင်းကင်ရှုခင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Aero Tourism)
၆.စိုက်ပျိုးရေးကို အခြေခံသော ခရီးသွား လုပ်ငန်း (Agritourism)
၇.ကျန်းမာရေးအတွက် ဆေးစစ်ခြင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Health Tourism)
၈. ပညာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Education Tourism)
၉. ဈေးဝယ်ထွက်ခြင်းကို အခြေခံသော ခရီးသွားလုပ်ငန်း (Shopping Tourism)
၁၀.ကစားကွင်းများ၊ ပြတိုက် များကို အခြေခံသော ခရီးသွား လုပ်ငန်း (Amusement Tourism)
၁၁. လောင်းကစားခြင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Gambling Tourism)
စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်လေသည်။ ယင်းတို့ထဲမှ ဘန်ကောက်မြို့ အနီးတ၀ိုက်တွင် မြန်မာများ စိတ်ဝင်စားဆုံး ဖြစ်သော ခရီးသွား လုပ်ငန်း အမျိုးအစား များကို တင်ပြပါမည်။

ရိုးရာ ယဉ်ကျေးမှုကို အခြေခံသော ခရီးသွား လုပ်ငန်း (Cultural Tourism)
သည် ခရီးသွား ခြင်းတွင် ဘုရားဖူးထွက်ခြင်း၊ ရှေးဟောင်းနှင့် သမိုင်းကြောင်း ဆိုင်ရာ အဆောက် အအုံများ၊ မြို့ဟောင်း များသို့ သွားရောက် လေ့လာခြင်း၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရစ်ခဲ့ရာ နေရာများ ၊ အနုပညာ ဆိုင်ရာ လှုပ်ရှားမှုများ၊ ရှားပါး လူမျိုးစုများ၏ ဓလေ့စရိုက်၊ ထုံးတမ်း စဉ်လာများနှင့် ယင်းတို့ဧ။် ရိုးရာ ပွဲတော် များကို ကြည့်ရှု လေ့လာခြင်း တို့ပါဝင် လေသည်။ ထိုင်းလူမျိုးများဧ။် တစ်နှစ်စာ ရိုးရာ ပွဲတော် များကို www.amazing-thailand.com/festive.html တွင်ကြည့်ရှု နိုင်ပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက် မြို့နှင့် အနီးတ၀ိုက်တွင် သည် Tourism အတွက် ထင်ရှားသော နေရာများမှာ နေရာ ၀န်းကျင်နှင့် လည်ပတ်ရန် ကုန်မည့် အချိန် တရက်စာတို့ကို လိုက်ပြီး အောက်ပါအတိုင်း အုပ်စုခွဲနိုင်လေသည်။
၁. Emerld Buddha, Wat Aron, Wat Pe, Royal Palace and Parliament (လူတစ်ယောက် ၀င်ကြေး ဘတ်၂၅၀). Ayuddhaya and Ban Pa Inn Palace (နေရာတစ်ခုချင်းစီအတွက်ဝင်ကြေးမျိုးစုံ)
၂. Dwayawaddy Kingdom, Phutthommonthon Standing Buddha ( Biggest standing Buddha in Thailand) and Phra Pathom Jedi (The oldest and biggest Pagoda in Thailand)
၃. Mueng Sing Historical park in Kanchanaburi

သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်း (Ecotourism)

သဘာဝကိုအခြေခံသောခရီးသွား လုပ်ငန်း (Ecotourism) တွင် သဘာဝ ရှုခင်းများကို ကြည့်ရှု အပန်းဖြေ ခြင်း၊ ကျေးငှက် တိရစ္ဆာန်များဧ။် သဘာဝအတိုင်း နေထိုင် လှုပ်ရှား သွားလာပုံတို့ကို ကြည့်ရှု လေ့လာ အပန်းဖြေ ခြင်းတို့ ပါဝင်လေသည်။ သဘာဝ ဥယျာဉ်များကို သွားရောက် အပန်း ဖြေခြင်း၊ တောင်ပေါ်ဒေသများနှင့် ပင်လယ်ကမ်းခြေများ သို့ သွားရောက် အပန်းဖြေခြင်း များမှာ တနေ့တခြား ခေတ်စားလာနေပါသည်။ နေရာဝန်းကျင်နှင့် လည်ပတ်ရန် ကုန်မည့် အချိန်တရက်စာ တို့ကိုလိုက်ပြီး အောက်ပါအတိုင်း အုပ်စုခွဲနိုင်လေသည်။
၁. ခေါင့်ယိုင် သဘာဝ ဘေးမဲ့ ဥယျာဉ်
၂. Safari World သဘာဝ ဘေးမဲ့ ဥယျာဉ် (၀င်ကြေးဘတ်၄၅၀)
၃. ကန်ချနဘူရီ ရှိ ဧရာဝဏ် ရေတံခွန်နှင့် သဘာဝ ဘေးမဲ့ ဥယျာဉ်၊ World famous Bridge of River Kwai (လူတစ်ယောက် ၀င်ကြေး ဘတ်၁၀၀)
၎. ကွေးမြစ်တွင်း ဖောင်စီးချင်လျှင် ဖောင်စီးချင်း ငှားပြီး လည်းကောင်း၊ တစ်ဦးချင်း စီးခပေး လည်းကောင်း စီးနင်းနိုင်ပြီး ဖောင် အမျိုးအစား အလိုက် ဈေးအသီးသီး ရှိလေသည်။
၅. ပတ်တယား ကမ်းခြေ (နေချင်းပြန်လျှင် ရသော်လည်း နှံ့စပ်စွာ လည်ပတ်နိုင်ရန် တစ်ညအိပ်လျှင် ပိုကောင်းပါ သည်။)
၆. ရယွန်ကမ်းခြေ (ရေဆင်းကူးရန် စာရေးသူမှ မထောက်ခံပါ)

စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Agritourism)

သစ်ခွခြံများ၊ သစ်သီးခြံများနှင့် ဆေးဖက်ဝင် အပင်များကို စိုက်ပျိုး သုတေသန လုပ်သော ခြံများ သို့ သွားရောက် လည်ပတ် ခြင်း ကို မြန်မာများ အနည်းအကျဉ်း စိတ်ဝင်စားလာ ကြသည်ကို တွေ့လာရပါသည်။
၁. ရချဘတ်သစ်ခွဆိုင်တန်း
၂. ချတ်တူးချတ်ဈေးနှင့်
၃. သလာထိုင်း ဈေး များတွင် အမျိုးစုံသော သစ်ခွခြံများနှင့် သစ်ပင်မျိုးစုံအရောင်းဆိုင်များမှ နှစ်သက်ရာ ၀ယ်နိုင် သည်။ သီးသန့်သစ်ခွခြံများနှင့် စိုက်ပျိုးရေး ခြံများမှာမူ ဘန်ကောက်မှ နှစ်နာရီခန့်သွားရသော နခွန်ပသွန်နှင့် ပသုံထာနီ တိုင်းတို့တွင် တည်ရှိပါသည်။ သို့သော် အပင်အမျိုးအစား တစ်မျိုးကောင်း၊ နှစ်မျိုးကောင်း ကိုသာ စီးပွားဖြစ် များစွာ စိုက်ပျိုး သောကြောင့် လည်ပတ်ရကျိုး မနပ်လှပါ။

ကျန်းမာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Health Tourism)

ထိုင်းနိုင်ငံတွင် ကျန်းမာရေး ဆေးစစ်မှုများ ပြုလုပ်ရန် သော် လည်းကောင်း၊ ကျန်းမာရေး ချို့ယွင်းမှု ကြောင့် ဆေးကုသ ရန် အတွက် လည်းကောင်း လာရောက်သူ မြန်မာများ တနေ့တခြား များပြားလာ နေပါသည်။ ယခင်က စင်ကာပူသို့ သွားရောက် ကုသမှု များသော်လည်း ယခုအခါ ပိုမိုဈေး သက်သာ ပြီး ကျန်းမာရေး ပြုစုမှုတွင် တူမျှသော စိတ်ချရမှု တို့ကြောင့် ထိုင်းနိုင်ငံသို့ ခြေဦးလှည့် လာကြခြင်း ဖြစ်ပါသည်။ ထိုင်းအစိုးရမှ ခွင့်ပြုသော TATမှ ထောက်ခံသည့် နိုင်ငံခြားသားများ တက်ရောက် ဆေးစစ်ကုသ နိုင်သော ဆေးရုံများ စာရင်းကို http://www.tourismthailand.org/products/products-sub.aspx?ParentID=124 တွင် တွေ့နိုင်ပါသည်။

ပညာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Education Tourism)

သည်ခရီးသွားခြင်းကို ရေရှည် (သို့မဟုတ်) နှစ်ချီကြာသည့် ခရီးစဉ်ဟု သတ်မှတ်ထား ပါသည်။ အကြောင်းမှာ ထိုင်းနိုင်ငံတွင် ကျောင်းတက် နေသမျှ ကာလပတ်လုံး သည် ကျောင်းသား များသည် ထိုင်းတွင် နှစ်ချီပြီး နေထိုင်ကာ နေ့စဉ် သုံးသမျှ ငွေများသည် ခရီးသည် များကဲ့သို့ သုံးသည် သာမက ပိုနေပါသေးသည်။ ထို့အပြင် သာမန် ခရီးသွား များထဲတွင် လူဆိုးနှင့် စရိုက် ပေါင်းစုံသော ခရီးသွား များပါနိုင် သော်လည်း သည်ခရီးသွား လုပ်ငန်းတွင်မူ ကျောင်းသား များသာ ပါဝင်သည့်အတွက် စည်းကမ်းနှင့် ဥပဒေ ချမှတ်ရာတွင် ပိုမိုလွယ်ကူ လေသည်။ အသေးစိတ်ကို "ထိုင်းတွင် ကျောင်းတက်မည် ဆိုလျှင် " ဟူသော ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။

ဈေးဝယ်ထွက်ခြင်းကို အခြေခံ သော ခရီးသွားလုပ်ငန်း (Shopping Tourism)

သည်အပိုင်းကိုမြန်မာများ ကြိုက်နှစ်သက် ဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သိန်းချီ ပေးရသော branded clothings များကို ထိုင်းတွင် ဈေးသက်သာ စွာဖြင့် စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူ နိုင်သောကြောင့် ဖြစ်လေသည်။ သာမန် ပြည်တွင်းဖြစ် အ၀တ်အထည် များမှာလည်း စစ်မှန်သော ဈေးကွက် စီးပွားရေး စနစ်ကြောင့် မြင့်မားသော အရည် အသွေးကို သင့်တင့်သော ဈေးနှုံးဖြင့် စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ နာမည်ကြီး branded clothings များမှာ မိုးပျံရထား လမ်းကြော တလျှောက်နှင့် ထိုဘူတာများ အနီးတွင် စီတန်း တည်ရှိ နေသောကြောင့် တရက်တာ စိတ်ကြိုက်စီး ရထားလက်မှတ် ဘတ်၁၂၀ တန် ၀ယ်ထားပြီး ခေါက်တုံ့ ခေါက်ပြန် ဈေးဝယ်ထွက် လျှင် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရင်း စိတ်ချမ်းသာစွာ ဈေးဝယ် ထွက်နိုင်ပါသည်။ မိမိဝယ်ယူပြီး ပစ္စည်းများကိုလည်း ဈေးတိုင်းလိုလို ဧ။် ပစ္စည်းအပ်ရာ နေရာများတွင် စိတ်ချစွာ အပ်နှံထားကာ လူလွတ်ချည့် သက်သာစွာ ဈေးကိုပတ် ကြည့်နိုင်သည်။ ဘန်ကောက်တွင် ဈေး သက်သာသော အ၀တ်အထည်နှင့် ဖက်ရှင် ပစ္စည်းများကို ၀ယ်ယူလိုလျှင်

၁. ပတူနမ်ဈေး (ချစ်လုံ မိုးပျံရထားဘူတာအနီး)
၂. ဘိုဘေး လက်ကားဈေး (စံဖိန်းခေါ် တရုတ်တန်းအနီး) ၃. စံဖိန်းခေါ် တရုတ်တန်း

၎. Big C discount styores
၅. CHak-tu-chak weekend market (near Mochit BTS station)

Branded clothing and Fashion accessories
များကိုဝယ်ယူလိုလျှင်
1. Central world Plaza (near Chitlon Sky train station)
2. Emporiam Shopping plaza (Phronpon Sky train station)
3. Siam Discovery, Siam Paragon and Siam Center (near Siam Sky train station)
4. MBK (near National Stadium sky train station)

Computers, computer’s accessories and Electronic things
များကိုဝယ်ယူလိုလျှင်
1. Zeer Computer city (near Don Muang Airport)
2. Pantip computer city (near Ratchathewi BTS Sky train station)
3. Fortune Town (near Phra Ram Kaung subway station)
4. IT Square (near Don Muang Airport)
ဈေးသက်သာစွာနှင့်ကုန် အမှတ်တံဆိပ် ကောင်းကောင်း အ၀တ်အထည်များနှင့် ဆင်တူသော ဒီဇိုင်း ကို ၀ယ်ယူလို သူများကို အကောင်းဆုံး အကြံပေးရလျှင် အုပ်စု၂မှ ဆိုင်များကို အားရအောင် ကြည့်ရှု ပြီးမှ အုပ်စု၁မှ ဆိုင်များတွင် သွားရောက် ၀ယ်ယူလျှင် အဆင်ပြေပြေ ၀ယ်ယူနိုင်ပါလိမ့်မည်။ သည်တွင် သတိပြုရန်မှာ တံဆိပ်အတု ၀ယ်ယူရန် မဟုတ်ဘဲ ပြည်တွင်းဖြစ် အ၀တ်ကို နိုင်ငံခြားပုံစံဖြင့် ၀ယ်ယူနိုင် သည်ကိုသာ တင်ပြခြင်း ဖြစ်ပါသည်။ ပြည်တွင်းဖြစ် ကို နိုင်ငံခြား တံဆိပ်တပ်ပြီး ရောင်း ခြင်း မဟုတ်ဘဲ ပြည်တွင်းဖြစ်က နိုင်ငံခြားဖြစ်ကို ယှဉ်နိုင်သည် ဟူသော အတွေးဖြင့် တုပပြိုင်ဆိုင် ပြီးရောင်းသည်ကို တွေ့နိုင်ပါသည်။

ကစားကွင်းများ၊ ပြတိုက်များကို အခြေခံသော ခရီးသွားလုပ်ငန်း (Amusement Tourism)

အရှေ့တောင်အာရှတွင် အကြီးဆုံး ရေအောက် ကမ္ဘာဖြစ်သော Siam paragon Ocean World တွင်ရေအောက် ကမ္ဘာနှင့် ရေသတ္တ၀ါ မျိုးစုံတို့ဧ။် သဘာဝ အလှအပများနှင့် ဆက်ကပ် ကမ္ဘာတို့ကို ခံစားနိုင် ပါသည်။တခါဝင် လျှင် တစ်ယောက် ဘတ်၄၅၀ဖြင့် တရက်လုံး စိတ်တိုင်းကျ လည်ပတ် ကြည့်ရှု နိုင်လေသည်။ အသေးစိတ် ကြည့်ရှု လိုလျှင် www.siamoceanworld.co.th တွင် တွေ့နိုင်ပါသည်။ Dream World Amusement တွင် ကစားနည်း အမျိုးပေါင်း (၁၇)မျိုးနှင့် ပြပွဲ လေးမျိုးစာကို ၀င်ကြေး တစ်ယောက် လျှင် ဘတ်၄၀၀နှင့် ၀င်ရောက်ကစားနိုင်ပြီး special package ယူလျှင် နေ့လယ်စာနှင့် အသွားအပြန် ကြိုပို့ အပါ အ၀င် လူတစ်ယောက် လျှင် ဘတ်၁၀၀၀ ပေးရလေသည်။ အသေးစိတ် ကြည့်လိုလျှင် http://www.dreamworld-th.com/english/ တွင် ကြည့်ရှုနိုင် ပါသည်။ အခြား ပြတိုက်များမှာ စိတ်ဝင်စားစရာ မကောင်းလှ သော်လည်း ဗဟုသုတ အလို့ငှာ အောက်ပါ website တွင် ကြည့်ရှုနိုင်ပါသည်။ http://www.bangkok-hotels-bangkok.com/ ဘန်ကောက်တွင် ကုန်ကျ စရိတ် သက်သာစွာဖြင့် တည်းခိုနိုင်သော ကြယ်လေးပွင့် အဆင့် ဟိုတယ်၊ တည်းခိုခန်း များကို တခန်းလျှင် တစ်ရက် ဘတ် ၅၆၀ ခန့်ဖြင့် တည်းခိုနိုင်ပေရာ ဘန်ကောက်သို့ အလည် လာလိုသူများ အတွက် မကုန်သင့်တာ မကုန်ရဘဲ ကုန်ကျစရိတ်နှင့် တန်အောင် လည်ပတ်နိုင်စေရန် တင်ပြလိုက်ရပါသည်။

ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ချင်လျှင်

ထိုင်းနိုင်ငံဧ။် ပညာရေးဆိုင်ရာခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရေး အတွက် တကသိုလ် တော်တော် များများ နိုင်ငံခြားသားများ ပါဝင်သင်ကြားနိုင်သောInternational Program များကို ထည့်သွင်းလာ နေကြ ပါသည်။ မြန်မာလူမျိုး အများစု စိတ်ဝင်စားသော Scholarships များကိုလည်း မက်လုံးတစ်ခု အဖြစ် စီစဉ်ပေး ထားကြပါသည်။ နိုင်ငံခြားသား များများ လာရောက် ကျောင်းတက် လေလေ၊ ထိုကျောင်းသားများဧ။် အတွေးအခေါ်၊ ရှုမြင်စဉ်းစား သုံးသပ်ပုံတို့ကို ထိုင်းဆရာများက စာရင်းများ၊ စာတမ်းများပြုစုကာ ထိုင်းဘာသာဖြင့် သင်ကြားသော ကျောင်းများတွင် ပြန်လည် သင်ကြား နှိုင်းယှဉ်ပေး နိုင်လေ ဖြစ်လေသည်။ ထိုအတွေးအခေါ်ဧ။် ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် အချိန်တိုအတွင်း လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် လာကာ တိုင်းပြည်ဧ။် ၅၃%သော ပြည်တွင်း ထုတ်ကုန် တန်ဖိုးသည် ၀န်ဆောင်မှု လုပ်ငန်းများမှ ရရှိလာလေသည်။ထိုင်းနိုင်ငံရှိ တကသိုလ်များမှာ သူ့နယ်ပယ် အတွက် သူသာ နာမည်ကြီး ကြပြီး နယ်ပယ် ပေါင်းစုံအတွက် တက္ကသိုလ် တစ်ခုတည်းက နာမည်ကြီးတာ မျိုးမရှိပါ။ ထိုင်းနိုင်ငံရှိ နာမည်အကြီးဆုံး တက္ကသိုလ်များမှာ
၁. Thammasat University for Political Science, Economics and Laws, http://www.tu.ac.th/
၂. Kassetsart University for Agricultural and Forestry, http://www.ku.ac.th/
၃. Mahidol University for all Medical fields, Industrial Ecology and Environment, http://www.mahidol.ac.th/
၎. Chularlongkorn University for All Science and Engineering fields, http://www.cu.ac.th/
၅. Ramkhangheng University for Political Science and Education, http://www.ru.ac.th/
၆. Assumption University for Business Administration, http://www.au.ac.th/
၇. National Institute of Development Administration for Development Studies, http://www.nida.ac.th/
၈. Ubon Rajathanee University for Greater Mekhon Subregion Development, http://www.ubu.ac.th/
တို့ဖြစ်ပါသည်။

တကသိုလ်ဝင်ခွင့် အသေးစိတ်များ၊ ၀င်ခွင့်လျှောက်လွှာများ ကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက် များတွင် ကြည့်ရှု ရယူနိုင်ပါသည်။ အခြား တကသိုလ် များမှာ မြန်မာပြည်တွင် ရေပန်းစား လှသော်လည်း တချို့ ထိုင်းလူမျိုးများ ကိုယ်တိုင်ပင် မကြားဖူး ကြသည်ကိုလည်း တွေ့ရပါသည်။ Webster University, www.webster.ac.th သည် အမေရိကန် နိုင်ငံသို့ သွားရောက် နေထိုင် ပညာသင်လိုသူများ တဆင့်ခုန်ရာ တကသိုလ် ဖြစ်သောကြောင့် နာမည်ကြီးပြီး Asian Institute of Technology, www.ait.ac.th သည် ပညာသင်ဆုအပေးများခြင်း၊ International Program ချည့် သက်သက်သာ ရှိခြင်းနှင့် အာရှနိုင်ငံများ အချင်းချင်း နည်းပညာဆိုင်ရာ သုတေသနနှင့် ယဉ်ကျေးမှု တို့ ဖလှယ်ရာ အဖြစ် နာမည်ကြီးလေသည်။သို့ရာတွင် ထိုတကသိုလ်များတွင် အခြား ဘာသာရပ်များ အတွက်လည်း International Program များရှိပါ သည်။ ၀မ်းနည်းစရာ ကောင်းသော အချက်မှာ၂၀၀၄ခုနှစ်တွင် ထုတ်ပြန်သော အစိုးရပိုင် တကသိုလ်များ ဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံမှ ဆယ်တန်း အောင်သူကို ထိုင်းနိုင်ငံမှ အလယ်တန်း အောင်သူ နှင့်သာ အရည်အချင်း တူသည်ဟု သတ်မှတ်ပေး ထားပြီး ရိုးရိုးဘွဲ့အတွက် တကသိုလ် တက်လိုသူ သည် GCE O' Level အောင်ပြီးသူ ဖြစ်မှသာ လက်ခံပါသည်။

ထိုင်းသည် အခြေခံပညာ အတွက် ၁၂တန်း ရှိပြီး အထက်တန်း ကို၂နှစ် တက်ရသော ကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ မဟာဘွဲ့ တက်လိုသူသည် အခြေခံပညာ ၁၂တန်း နှင့် ရိုးရိုးဘွဲ့အတွက် ၄နှစ် တက်ရောက် သင်ကြား အောင်မြင်ထားသူ ဖြစ်ရမည် ဆိုသောကြောင့် အနည်းဆုံး စာသင်နှစ် ၁၆နှစ် ရှိရမည် ဖြစ်ရာ မြန်မာနိုင်ငံမှာ ဆယ်တန်းအောင်ပြီး တကသိုလ် ၃နှစ်တက်လျှင် ဘွဲ့ရသောကြောင့် ၁၄နှစ်သာ ကျောင်းတက် ထားရာ မဟာဘွဲ့ အတွက် ၀င်ခွင့်မမီ နိုင်တော့ပေ။ ထိုအခါ GRE and GMAT စသော အောင် လက်မှတ်များ၊ ဆိုင်ရာ တကသိုလ် များဧ။် ၀င်ခွင့် စာမေးပွဲများ၊ လူတွေ့ စစ်ဆေးပွဲ များကို ထပ်မံဖြေဆိုရ လေသည်။ သို့သော် Private University များတွင် သီးခြား စည်းမျဉ်းများ ရှိလေသည်။ အသေးစိတ် သိလို ပါက www.moe.go.th တွင် ကြည့်ရှု လေ့လာနိုင်ပါသည်။

မြန်မာမိဘအများစု စိုးရိမ်ပူပန်နေသကဲ့သို့ ထိုင်းနိုင်ငံသည် လုံခြုံမှု မရှိသော နိုင်ငံ ဟုတ်မဟုတ်ကို နှစ်စဉ် သန်းချီနေသော ကမာလှည့် ခရီးသည်များက သက်သေခံနေပါသည်။ ကျောင်းဆောင် တိုင်းနှင့် တိုက်ခန်းများ တွင် အဆောက်အဦ တိုင်းတွင် လုံခြုံရေး အစောင့်များ ထူထပ်စွာ ချထားပြီး ရဲနှင့် လူအချိုးမှာ လူ၂၀၀လျှင် ရဲ တစ်ယောက်နှုံး ဖြစ်လေသည်။ မိန်းကလေးများကို လိုက်လံ နှောင့်ယှက်သော၊ ဇွတ်အတင်း ရည်းစားစာ လိုက်ပေး၊ ရည်းစားစကား လိုက်ပြောသော ယောက်ျားလေးများ လုံးဝ မရှိပါချေ။

ထိုင်းနိုင်ငံတွင် ပညာသင် စားရိတ်သည် တကယ် ပညာတတ်သည့် အတိုင်းအတာ၊ သင်ကြားရေးနှင့် သင်ယူရေး ဆိုင်ရာ အထောက်အကူပြု ကိရိယာများ၊ စာကြည့်တိုက်များနှင့် လိုအပ်သော စာအုပ်စာတမ်း များ ရရှိနိုင်မှု အတိုင်းအတာများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံထက် သက်သာသည် ဟုပင် ဆိုနိုင်လေသည်။ နေထိုင်မှု စားရိတ်သည်လည်း မြန်မာနိုင်ငံထက် အပုံကြီး သက်သာလေသည်။ အင်တာနက်ကို ကျောင်းစာ ကြည့် တိုက်တိုင်းတွင် ကျောင်းသားတိုင်း လွတ်လပ်စွာ သုံးစွဲနိုင်ရုံ သာမက ကိုယ့်အခန်းတွင် တပ်ဆင်လို လျှင်လည်း လွတ်လပ်စွာ တပ်ဆင်နိုင်ပြီး လျှောက်လွှာတင်ပြီး ၄ရက်အတွင်း အဆင်သင့် သုံးနိုင်လေသည်။ တပ်ဆင်ခ ဘတ် ၁၀၇၀နှင့် လစဉ်ကြေး ဘတ်၅၉၀ ကျသင့်လေသည်။ နေထိုင်မှု စားရိတ်မှာ သာမန် ကျောင်းသားတစ်ဦးအတွက် (ဟိုတယ်တွင် သူဌေးသုံး သုံးဖို့ မဟုတ်ပါ)
၁. တစ်နပ်စာ ဘတ်၆၀ (ကျောင်းကင်တင်းမှာ စားလျှင် တနပ်စာ ၁၅ဘတ်မှ ၂၅ဘတ်သာ)
၂. ကျောင်း အဆောင်လခ ၄ယောက် တစ်ခန်းဆိုလျှင် ၇၅၀ဘတ် (ကျောင်းဆောင် မဟုတ်ဘဲ အပြင်တိုက်ခန်း ငှားနေမည် ဆိုလျှင်ဘတ် ၂၅၀၀မှ ဘတ်၄၀၀၀ကြား)
၃. ရေတစ်ယူနစ် ၁၀ဘတ် (သတ်မှတ်ရက်တွင် ကြိုတင် ကြေညာပြီးမှ ရေလှောင်ကန် သန့်ရှင်းရန် ရေပိုက်လိုင်း ခဏဖြတ် တောက်ခြင်းမှ အပ မည်သည့်အခါမှ ရေမပျက်ပါ)
၎. လျှပ်စစ်မီး တစ်ယူနစ် ၃ဘတ် (ထရန်စဖော်မာ ပေါက်ခြင်း၊ မိုးကြိုးပစ် ခံရခြင်းတို့ကြောင့် နာရီဝက်မှ ၃ နာရီကြာ ခဏ ပျက်ခြင်းမှအပ မည်သည့်အခါမှ မီးမပျက်ပါ)သာကုန်ကျလေသည်။

ဘန်ကောက်မြို့အတွင်း သွားလာရေးအတွက် ကားလမ်း၊ ရထားလမ်းနှင့် တူးမြောင်းများ အတွင်းနှင့် ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မြစ်ကြောင်း လမ်းသွား မော်တော်ဘုတ်များ သုံးမျိုးရှိလေသည်။

ကားလမ်းအတွက် Taxi အငှား ကားများ၊ ရိုးရိုးဘတ်စ်ကား၊ အဲယားကွန်း ဘတ်စ်ကား၊ van ဟုခေါ်လေ့ ရှိသော Hi-Aceကားများ၊ ခရီးတိုပြေးသော Pick-upကားလေးများရှိပြီး ဈေးအသက်သာဆုံးမှာ ရိုးရိုး ဘတ်စ်ကားဖြစ်ကာ ခရီးစဉ် တကြောကို ၈ဘတ်ဖြစ်ပါသည်။ အဲယားကွန်း ဘတ်စ်ကားများမှာ Hybrid bus and ordinary bus နှစ်မျိုးပြန်ကွဲပြီး ခရီးစဉ် အလိုက် အနည်းဆုံး Hybrid ကားအတွက် ၁၂ဘတ်၊ ရိုးရိုးကား အတွက် ၁၁ဘတ်ဖြစ်ကာ ခရီးစဉ် အစအဆုံး အတွက်မူ ၂၂ဘတ်ပေးရလေသည်။ van ဟု ခေါ်လေ့ရှိသော Hi-Ace ကားများမှာမူ ခရီးစဉ် နီးဝေးအလိုက် (ဆူးလေ-အင်းစိန် ခရီးလောက်ကို) ၂၅ဘတ်မှ ၉၀ဘတ် (ဆူးလေ -တိုက်ကြီး ခရီးလောက်ကို) ပေးရပြီး ချောင်ချောင် အေးဆေး သက်သာစွာ စီးနိုင်လေသည်။ ခရီးတို ပြေးသော Pick-up ကားလေးများမှာ (သမိုင်း- ဆူးလေ လောက် ခရီးကို) ၇ဘတ်သာ ပေးရလေသည်။Taxi များမှာ စစချင်း ၃၅ဘတ် တက်နေပြီး တစ်ကီလိုမီတာ ခရီးတိုင်း ၂ဘတ် ပေးရလေသည်။

ရထားလမ်း အတွက် Sky Train or BTS ခေါ် မိုးပျံရထား၊ Subway or MRTခေါ် မြေအောက်ရထား၊ ရိုးရိုးမြို့ပတ် ရထား ဆိုပြီး သုံးမျိုးရှိပါသည်။ BTS သည် တစ်ဘူတာ ၁၀ဘတ်နှုံး ပေးရပြီး ခရီးစဉ် စဆုံးစီးပါမူ ၄ဘူတာစာ အလကား စီးရလေသည်။ MRT ခေါ် မြေအောက် ရထားသည် တဘူတာလျှင် ၁၂ဘတ် ပေးရသော်လည်း ခရီးစဉ် ရှည်လေ၊ ဈေးသက်သာလေ ဖြစ်ကာ ၁၈ဘူတာလုံး ခရီးစဉ် စဆုံး စီးနင်းလျှင် ၃၆ဘတ် သာကျသည်။

ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မော်တော်ဘုတ်များမှာ မော်တော် အမျိုးအစား အလိုက် ဈေးနှုံး အသီးသီး ရှိလေသည်။ Pulic Motor Boat များမှာ ခရီးစဉ်အလိုက် ဈေးအနည်းဆုံး ၈ဘတ်မှ ဈေးအများဆုံး ၁၈ဘတ် သာ ပေးရလေသည်။ http://www.in-bangkok.com/ ရထားနှင့် မြစ်ကြောင်း ခရီးမှာ ကမ္နာ့ အဆိုးရွားဆုံးဟု နာမည်ကြီးသော ဘန်ကောက်မြို့ဧ။် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရန် အကောင်းဆုံးသော ခရီးစဉ်များ ဖြစ်လေသည်။




မည်သည့်ခရီးစဉ်ကို လိုက်ပါသည် ဖြစ်စေ အလွန်အမင်း တိုးဝှေ့ကာ ကြပ်သိပ် ညပ်ပိတ် နေအောင် စီးရသည့် အခါ မည်သည့် အခါမှ မရှိပါချေ။ မတ်တပ်ရပ် စီးနင်းရသောသူ အတန်ငယ် လူများက ဘယ်သူမှ သည်လို ကားပေါ် ထပ်မတက် ကြတော့ သလို စပယ်ယာကလည်း အတင်းမခေါ်၊ ယာဉ်မောင်း ကလည်း စောင့်မခေါ် သည်မှာ အလွန်စိတ်ချမ်းသာစရာ ကောင်းသော အကျင့်ပါပေ။ စပယ်ယာက အတင်း ယာဉ်စီးခ တောင်းရန် မလိုပါ။ အချို့ဘတ်စ်ကားများတွင် စပယ်ယာ မပါဘဲ ခရီးသည်များက ယာဉ်မောင်းထံကို စည်းကမ်းရှိစွာ အလို အလျောက် သွားရောက်ကာ ယာဉ်စီးခ ပေးကြလေသည်။ ဘတ်စ်ကားလိုင်း အချို့မှာ ည (၇)နာရီတွင် သိမ်းပြီး အချို့မှာ ည ၁၁နာရီ ထိရှိကာ မိုးချုပ်သောကြောင့် ကြားကားဈေး တောင်းခြင်း မရှိရုံ သာမက တရက်စာ စာရင်းပိတ် ပြီးချိန်တွင် အလကား ပေးစီးပါသေးသည်။ ထိုင်း ဥပဒေအရ နိုင်ငံခြားသား ကျောင်းသားများ အလုပ်လုပ်ခွင့် မရှိသော်လည်း နိုင်ငံခြားသား အလုပ်သမားများ ကျောင်းတက်ခွင့် ရှိသောကြောင့် အလုပ်ရပြီးမှ ကျောင်းတက်မှသာ အလုပ်တဖက် ကျောင်းတဖက် နေနိုင်ပါမည်။ သို့သော် မဟာဘွဲ့အတွက် ထိုသို့ ကျောင်းတက်ပါက စာမေးပွဲကျဖို့ များလေသည်။ သည်မျှဆိုလျှင် ထိုင်းနိုင်ငံတွင် ကျောင်းနေရန်နှင့် ကျောင်းတက်နေစဉ် ကာလအတွင်း နေထိုင် စားသောက် သွားလာနိုင်ရန် သတင်း အချက်အလက် အတော်အသင့် ပြည့်စုံပြီဟု ယူဆမိပါသည်။

ခွန်မြလှိုင်ရဲ့ ဘလော့မှ အချက်အလက် များကို ယူသုံးထားပါသည်။

Wednesday, August 8, 2007

ထိုင်းနိုင်ငံဧ။် ပွဲတော်များ

(မခွန်မြလှိုင်ရဲ့ ဘလော့မှ ယူသုံးထားပါသည်။ )

နှစ်သစ်ကူးပွဲတော်။ ။ ထိုင်းနိုင်ငံတွင် နှစ်သစ်ကူး ပွဲတော်သုံးမျိုးရှိလေသည်။ အနောက် နိုင်ငံများဧ။် ထုံးစံ အတိုင်း ကျင်းပသော ဇန်န၀ါရီလ တစ်ရက် နှစ်သစ်ကူးပွဲတော်၊ တရုတ်လူမျိုးများဧ။် ထုံးစံအတိုင်း ကျင်းပသော ဖေဖော်ဝါရီ လလယ်တွင် ကျရောက် လေ့ရှိသော တရုတ် နှစ်သစ်ကူး ပွဲတော်နှင့် မြန်မာ့ရိုးရာ ထုံးစံအတိုင်း ဧပြီလ တွင် ကျင်းပသော ရေသဘင် ပွဲတော်တို့ ဖြစ်လေသည်။ သို့သော် မြန်မာ့ရိုးရာ ရေသဘင် ပွဲတော်တွင် ချစ်ခင်သူများ အချင်းချင်း အိုးမဲသုတ်ကာ ကျီစယ် ကြသော်လည်း အမဲရောင်ကို မကြိုက်သော ထိုင်းလူမျိုး များက ချစ်ခင်သူများ အချင်းချင်း ပေါင်ဒါမှုန့်များ အပြန်အလှန် သုတ်ကာ ကျီစယ် ကြလေသည်။ ရေကိုမူ မြန်မာများလောက် မပက်ကြ ပါချေ။ ထိုင်းနိုင်ငံဧ။် ရေသဘင် ပွဲတော်သည် ခွင့်ရက်ရှည် ရခိုက် ခရီးထွက်သူ များသောကြောင့် ချင်းမိုင်နှင့် ဘန်ကောက်ရှိ ခေါင့်စံအရပ် တွင်သာ စည်ကားကာ ကျန်နေရာ များတွင် လွန်မင်းစွာ ခြောက်ကပ်နေလေသည်။

ဖရာ့ဗုဒ္မ္ဓဘတ် ဘုရားပွဲတော်။ ။ ဇန်န၀ါရီလ ၃၁မှ ဖေဖော်ဝါရီလ တစ်ရက်နေ့ ထိသာ ကျင်းပသော ထိုဘုရားပွဲကို ဘန်ကောက်မြို့ မြောက်ဘက် ၂၃၆ ကီလိုမီတာ အကွာရှိ ဆာလာဘူရီ အရပ်ရှိ ခြေတော် ရာကျောင်းတွင် ကျင်းပလေ့ ရှိလေသည်။ မြန်မာနိုင်ငံရှိ ဘုရားပွဲများနှင့် မခြားနားလှပါပေ။ဘိုဆောင်ထီးပွဲတော်။ ။ချင်းမိုင်မြို့တွင် ဇန်န၀ါရီလတွင် ကျင်းပလေ့ရှိသော ဘိုဆောင် စက္ကူထီး ပွဲတော်နှင့် အခြား လက်မှုပစ္စည်းများ ရောင်းချသည့် ဈေးပွဲတော် ဖြစ်လေသည်။ ထီးများသည် မြန်မာနိုင်ငံရှိ ပုသိမ်ထီးနှင့် ဆင်တူလှ ပေသည်။ မြန်မာနိုင်ငံတွင် ဈေးကွက် စီးပွားရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာပါက ပုသိမ်အနီး တ၀ိုက်ရှိ ပင်လယ်ကမ်းခြေများတွင် ပုသိမ်ထီး ပွဲတော် ပြုလုပ်ပါလျှင် လွန်စွာ စီးပွားဖြစ် လေမည်။

တရုတ် နှစ်သစ်ကူး ပွဲတော်။ ။တိုင်းပြည်ဧ။် တရားဝင် လူဦးရေထဲတွင် တရုတ်နိုင်ငံသားအဖြစ် ထိုင်း နိုင်ငံတွင် နေထိုင်သော တရုတ်လူမျိုး ၁၄% ရှိလေရာ တရုတ် နှစ်သစ်ကူး ပွဲတော်မှာလည်း နဂါးအက၊ ခြင်္သေ့ အက၊ ဗျောက်အိုး၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း တို့ဖြင့် လွန်စွာ စည်ကားလေသည်။ အစည်ကားဆုံး နေရာမှာ ဘန်ကောက် မြို့လယ်ရှိ စံဖိန်းခေါ် တရုတ်တန်းဖြစ်လေသည်။



ပန်းပွဲတော်။ ။ မြန်မာနိုင်ငံရှိ ပြင်ဦးလွင်မြို့ ကဲ့သို့ ပန်းမြို့တော် အဖြစ် ကျော်ကြားသော ချင်းမိုင်မြို့ တွင် ဖေဖော်ဝါရီလ အတွင်း ကျင်းပလေ့ ရှိသော ပန်းပွဲတော်သည် ဒေသထွက် ပန်းရောင်စုံတို့ဖြင့် ကျော်ကြား သည်။မခါဘုချနေ့။ ။ ထိုင်းတပေါင်း ပွဲတော်ဟု ခေါ်ဆိုနိုင်သော မတ်လတွင် ကျရောက်သော လပြည့်နေ့ တွင် ကျင်းပသော ပွဲတော် ဖြစ်သော်လည်း ထူးခြားချက်မှာ ငှက်လွှတ်ခြင်းနှင့် ဘုရားမီး ပူဇော်ခြင်း ဖြစ်သည်။ ချက္ကရီနေ့။ ။ဧပြီလ ၆ရက်နေ့တွင် ကျင်းပသော သည်နေ့သည် ထိုင်းနိုင်ငံ ချက္ကရီ မင်းဆက်ကို ထူထောင် ခဲ့သော အထိမ်းအမှတ် အဖြစ် ကျင်းပခြင်း ဖြစ်ပြီး လက်ရှိဘုရင်သည် ကိုးဆက်မြောက် ဘုရင် ဖြစ် လေသည်။

နေရာတိုင်းတွင် ဘုရင်နှင့် မိဘုရားပုံကို ပန်းနံ့သာများဖြင့် ပူဇော်ထား သည်ကို တွေ့နိုင်သည်။ ဆွန်ခရမ်ပွဲတော်။ ။ ဧပြီ ၁၃ရက်မှ ၁၅ရက်ထိ ကျင်းပသော အဆိုပါ ပွဲတော်မှာ ထိုင်းရိုးရာ သင်္ကြန် ပွဲတော် ဖြစ်လေသည်။
ပတ္တယားပွဲတော်။ ။ ပတ္တယားကမ်းခြေတွင် ဧပြီလလယ်တွင် ကျင်းပသော ထိုပွဲတော်တွင် မီးရှူး မီးပန်း ပစ်ဖောက်ခြင်းနှင့် ပန်းအလှပြခြင်းတို့ အဓိက ပါဝင်လေသည်။ မေလတစ်ရက်တွင် ကျင်းပသော အလုပ်သမားနေ့ နှင့် လက်ရှိ ဘုရင် ရာမကိုး မင်းမြတ်ဧ။် မေလ၅ရက်တွင် ကျင်းပသော နန်းတက်ပွဲနေ့ အခမ်းအနား၊ မေလလယ်တွင် ကျင်းပသော လယ်ထွန် မင်္ဂလာပွဲ အခမ်းအနား များလည်း ထင်ရှားလေသည်။

သစ်သီးပွဲတော်။ ။ မေလတွင် ရယွန်မြို့တွင် ကျင်းပပြီး ဇွန်လတွင် ချန်တာဘူရီမြို့ တို့တွင်ကျင်းပသော သစ်သီးပွဲတော်တွင် မင်းမူနေသော သစ်သီးများမှာ ဒူးရင်း၊ ကြက်မောက်နှင့် ပိန္နဲ္ခတို့ ဖြစ်လေသည်။
ဗုဒ္မ္ဓဘာသာ ကိုးကွယ်သော တိုင်းပြည်ပီပီ ကဆုန် ညောင်ရေသွန်း ပွဲတော်နှင့် ၀ါဆို ပွဲတော်များ ကိုလည်း ကျင်းပ ကြပါသည်။ မြန်မာနိုင်ငံနှင့် မတူသော ၀ါဆိုပွဲတော်၏ ထူးခြားချက်မှာ

အရွယ်ရောက်သော ထိုင်း အမျိုးသားများ သည်အချိန် ရောက်မှ ရဟန်းခံကြ ရခြင်းဖြစ်ပါသည်။ သြဂုတ်လ၁၂ရက် မိဘုရားမွေးနေ့၊ ထိုင်းနိုင်ငံကို ပညာ ရေး၊ ယဉ်ကျေးမှုနှင့် အတွေးအခေါ် တို့တွင် ပြုပြင် ပြောင်းလဲ တိုးတက် စေခဲ့သော ထိုင်းဘုရင်ဟောင်း ချက္ကရီ မင်းဆက် ၅ဆက် မြောက် ချူလာလောင်ကောင် မင်းမြတ်ကို အောက်မေ့တသ သောနေ့အဖြစ် အောက်တိုဘာ ၂၃ရက်နေ့၊ လက်ရှိ ချက္ကရီ မင်းဆက် ၉ဆက်မြောက် ဘုရင်၏ မွေးနေ့ ဒီဇင်ဘာ ၅ရက် တို့သည် ထိုင်းလူမျိုး များ အမြတ်နိုးဆုံး နေ့ကြီး ရက်ကြီးများ ဖြစ်လေသည်။ လမ်းဆုံ လမ်းခွ တိုင်းတွင် သက်ဆိုင်ရာ နေ့အလိုက် သက်ဆိုင်ရာ ပုဂ္မ္ဂိုလ်များ ၏ ပန်းချီ ကားချပ်ကြီး များကို ထောင်ကာ ပန်းမန် နံ့သာ၊ လျှပ်စစ်မီးများ ထွန်းညှိ ပူဇော်ထားသည်မှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်း တည်းဟူသော မင်္ဂလာ တရားတော်နှင့် အညီ ဖြစ်လေသည်။


လွိုင်ကထုံပွဲတော်။ ။ သည်ပွဲတော်သည် ဆူခိုထိုင်း မင်းဆက်က စတင် ကျင်းပခဲ့သည်ဟု ယူဆရသော ထိုင်းပုံစံ နှင့် နိုဝင်ဘာလတွင် ကျင်းပသော မြန်မာ့ရိုးရာ ပုံစံ ကထိန် ပွဲတော်ပင် ဖြစ်လေသည်။ ရွှေကျင် မီးမျှော ပွဲတော် နှင့် ဆင်တူသော မီးဖောင်မျှောပွဲကို အကြီးအကျယ် ပြုလုပ်လေ့ ရှိလေသည်။ သို့သော် ရည်ရွယ်ချက်မှာ အကုသိုလ် အညစ်အကြေး များ စင်ကြယ်ရန်နှင့် ရေနတ်ကို ပူဇော်ရန် ဖြစ်လေသည်။ ထူးခြားချက်မှာ လွိုင်ကထုံမယ်ကို မြန်မာနိုင်ငံမှ လှယဉ်ကျေးမယ် ရွေးသလို ကောင်းခြင်း ငါးဖြာ နှင့် ပြည့်စုံမှုရော၊ မျိုးရိုး အကျင့်ကောင်းမြတ်မှုပါ ပြည့်စုံသူကို ရွေးချယ် ဂုဏ်ပြုခြင်းဖြစ်ပါသည်။

ထိုင်းမှာ အလုပ်လုပ်ချင်ရင်

အရှေ့တောင်အာရှရဲ့ဆုံမှတ်၊ အရှေ့အာရှနဲ့ တောင်အာရှ တို့ကို ဆက်သွယ် ပေးရာ လမ်းဆုံ အဖြစ် အချက်အချာ ကျမှုများကို ပိုင်ဆိုင်ထားပြီး လူနေမှုစားရိတ် သက်သက်သာသာနှင့် ကောင်းမွန်တဲ့ မြို့ပြ အခင်းအကျင်း၊ မီး၊ ရေ၊ စီးပွားရေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ၀န်ဆောင်မှုများ၊ အလုပ် ဖြစ်နိုင်တဲ့ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံ မှုဆိုင်ရာ ပေါ်လစီ များကြောင့် တနေ့တခြား စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာနေတဲ့ ထိုင်းနိုင်ငံမှာ လုပ်သား လိုအပ်ချက် ဟာလည်း တိုးတက်မှု ခေါင်းစဉ် အောက်မှာ ပါဝင်လာ နေပါတယ်။ သည်လို လုပ်အား လိုအပ်မှု ကြောင့် အိမ်နီးချင်း နိုင်ငံများက တရားမ၀င် လာရောက် အလုပ် လုပ်ကိုင်နေ ကြသူများကို သိသာသိစေ၊ မမြင်စေနဲ့ ဆိုတဲ့ အတိုင်း ၁၀ယောက် အဖမ်းပြကာ အယောက် တစ်ရာမက ပြန်ခိုးသွင်း နေကြတာ ထိုင်းရဲများ ကိုယ်တိုင် ဖြစ်ပါတယ်။

တရားဝင် အလုပ်လုပ် လိုသူများ အတွက် ကတော့ ပညာရေး အဆင့်မြင့်သူ များကို အလွန်ပင် အလိုရှိကြပါတယ်။ အလွန် အသုံးဝင်ရာ နယ်ပယ်မှ မဟာဘွဲ့ ရရှိထားသူများကို ထိုင်းနိုင်ငံသား လျှောက်ထားရန် ဆွယ်သည် အထိပင် အလိုရှိ ကြပါတယ်။ လောလောဆယ် ထိုင်းနိုင်ငံမှ အလိုရှိသော ကာယ၊ ဉာဏ လုပ်သားများမှာ အစဉ်လိုက် အားဖြင့်

၁. ကွန်ပျူတာ ကျွမ်းကျင်သူများ
၂. ဆောက်လုပ်ရေး ဆိုင်ရာ ပညာရှင်များ
၃. စက်မှုပိုင်းဆိုင်ရာ ပညာရှင်များ
ဖြစ်ကြပြီး www.jobdb.com တွင်အလုပ် ရှာဖွေ နိုင်ကြပါသည်။ work permit ရရှိပြီးသူများ အနေဖြင့် credit card ကိုင်ဆောင်ခွင့် ရကာ တိုက်ခန်းများ၊ ကားများကို စိတ်ကြိုက် ၀ယ်နိုင်ကြပြီး၊ နိုင်ငံခြားသား များမှာ မီတာ၆၀ ပတ်လည် ရှိသော မြေကွက်ကို ပိုင်ဆိုင်ဝယ်ယူ နိုင်ပါသည်။ ထို့ပြင် work permit ရရှိပြီး သက်တမ်း ၃နှစ်ရှိသူ အမျိုးသမီး များနှင့် သက်တမ်း ၅နှစ်ရှိသူ အမျိုးသားများ Permanent residence လျှောက်ထားခွင့် ရှိပါသည်။ ထို့ပြင် ရှမ်းလူမျိုး ပညာရှင် များကိုမူ ထိုင်းများနှင့် မျိုးနွယ် တူများဟု ဆိုကာ အထူး အခွင့်အရေးများ ပေးကာ ဆွဲဆောင် စည်းရုံးပြီး ထိုင်းနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ခွင့် ပေးကာ ထိုင်းလူမျိုးများနှင့် တန်းတူအခွင့် အရေး ခံစားခွင့် ရလေသည်။

ထိုင်းတွင်အလုပ်လုပ်ကိုင်လိုသူ မြန်မာများအနေဖြင့် ထိုင်းစာနှင့် စကား ကျွမ်းကျင်အောင် သင်ထားခဲ့ နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ အကြောင်းမှာ အသက်၂၀ - ၂၅ ၀န်းကျင် ထိုင်းလူမျိုး များမှာ နောက်ပိုင်း ပညာရေး စနစ်သစ်ကြောင့် အင်္ဂလိပ်စကား အသင့်အတင့် ပြောနိုင် သော်လည်း ကျန်ထိုင်း များမှာ အခြေခံ လောက်ပင် မပြောတတ်၊ နားမလည် ရုံသာမက နိုင်ငံခြားသားနှင့် စကားပြောရမှာ စိုးရွံ့ ထွက်ပြေးခြင်း ဖြစ်ပါသည်။ ပြောပြန်လျှင်လည်း ဘယ်လိုမှ နားမလည် နိုင်လောက်သော ထိုင်းသံဝဲမှု ကိုကြုံတွေ့ နိုင်လေသည်။ နိုင်ငံခြားပြန် ပညာတတ်နှင့် ရာထူးအဆင့် မြင့်မားသူ များကမူ အင်္ဂလိပ်လို ကျွမ်းကျင် ပိုင်နိုင် ပီသစွာ ပြောဆိုနိုင် လေသည်။

ထိုင်းလူမျိုးများဧ။်လက်သုံးစကား "ဆဘိုင်၊ဆဘိုင် " ကိုလည်း နားလည်ပါမှ ဆက်ဆံရေး ပြေပြစ် ပေမည်။ အကြောင်းမှာ အေးဆေးပေါ့ဟု အဓိပ္ပာယ် ရသော ထိုစကား ကဲ့သို့ပင် ကျင့်ကြံသဖြင့် တချိန်လုံး တောင်း ဆို နေရသော တွန်းအားပေးမှု ကို စိတ်ရှည်ရှည် သုံးစွဲရမည် ဖြစ်သောကြောင့် တည်း။ ထိုင်းများဧ။် အပြုံး ကိုလည်း နားလည်မှု မမှားပါမှ ဒုက္မ္ခ ရောက်မှုမှ လွတ်ကင်းပါမည်။ Land of Smiles ဟု အမည်တွင် သော ထိုင်းများ သည် ချစ်၊ မုန်း၊ အားကျ၊ မနာလို၊ ပျော်၊ စိတ်ညစ်၊ စိတ်ဆိုး၊ ကျေနပ်သော အခါတိုင်း ပြုံးလေရာ ကိုယ့်ကိုပြုံးပြီး ဆက်ဆံ တိုင်း ဆက်ဆံရေး ကောင်း သည်ဟု ထင်မှတ် မှားပါက မြန်မြန် ဒုက္မ္ခ ရောက်ပေ မည်။

လမ်းမှားလျှင် မြေပုံကို အားကိုးတတ်သော အလေ့အကျင့် ကိုလည်း ပျိုးထောင်ပါမှ ကိုယ့်ကိုယ်ကို ချစ်သနား ရာ ရောက်ပေမည်။ မဟုတ်လျှင် ပြီးလျှင် ပြီးရော လမ်းညွှန်လေ့ ရှိသော ထိုင်းများ ကြောင့် မလို ရာ ရောက်ကာ လမ်းပျောက် တတ်လေသည်။ ထို့ပြင် မြန်မာပြည်တွင် အကျင့်ပါ ခဲ့သည့်အတိုင်း ဘဏ်ကို မယုံ ဘဲ ရှိသမျှငွေ ကိုအိတ်ထဲ ထည့်ထား တတ်သော မြန်မာ့ အကျင့်ကို သိပြီး ဖြစ်နေသော ခါးပိုက်နှိုက် များက မြန်မာစကား ပြောသံ ကြားသည်နှင့် နောက်ယောင်ခံ လိုက်ကာ အလစ်သုတ် လေ့ရှိကြောင်း ဈေးအများဆုံး တည်ရှိရာ ဆူခမ်ဗစ် ရပ်ကွက် ရဲစခန်းမှ စခန်းမှူးက အတည်ပြု ပြောကြားလေသည်။ သည်မျှဆိုလျှင် ထိုင်းတွင်အလုပ် လုပ်နိုင်ရန် ဗဟုသုတ စုံလောက်ပြီ ဟု ယူဆမိပါသည်။

(မခွန်မြလှိုင်ရဲ့ ဘလော့မှ ယူသုံးထားပါသည်။ )

Thursday, July 26, 2007

လော့ဘူရီအကြောင်းသိကောင်းစရာ

၁၀-၁၃ ရာစုနှစ် များအတွင်း ခမာတို့ဧ။် အရေးပါသော ရှေးဟောင်း မြို့များတွင် ပါဝင်သော မြို့ ဖြစ်ခဲ့ပြီး မူရင်း အမည်မှာ လောင်ဝ်မြို့ဟု အမည် တွင်ခဲ့သည်။ ထို့ကြောင့် ပျက်စီး ယိုယွင်း နေသော ခမာလက်ရာ များကို မြို့တွင်းနှင့် မြို့ပတ်လည် တို့တွင် ယ နေ့တိုင် တွေ့နိုင် သေးသည်။ အယုဒ္မ္ဓယ ခေတ်က နရိုင်းသည်ဂရိတ်မင်း ခေါ် နရဲစွမ်မင်း၊ မြန်မာအခေါ် ဗြနရာဇ်မင်း လက်ထက်တွင် လော့ဘူရီကို ဒုတိယ မြို့တော် အဖြစ် သတ်မှတ်ကာ ပြင်သစ် ဗိသုကာ ပညာရှင်များ အကူအညီဖြင့် မြို့ကို ပြန်လည် တည်ထောင် ခဲ့သဖြင့် ဗိသုကာ လက်ရာ အများစုမှာ ထိုအချိန် အခါက ထိုင်းနှင့် ပြင်သစ် လက်ရာများ ရောနှောလျက် ရှိနေသည်။

နရိုင်း ရတ်ချနီဝပ် နန်းတော်။ ။မြို့လယ်ခေါင်ရှိ သည်နန်းတော်ကို နရိုင်းမင်းက ၁၆၆၅ ခုနှစ်မှ စတင် တည်ခဲ့ရာ ၁၂နှစ်ကြာ အချိန် ယူခဲ့ပြီး ၁၆၇၇ ခုနှစ် ရောက်မှ ပြီးစီး ခဲ့သည်။ ယခုအခါ နန်းတော်ဝင်း တစ်ခုလုံး သည် လော့ဘူရီ အမျိုးသား ပြတိုက် အဖြစ်ဖြင့် သမိုင်း ဆိုင်ရာ အဆောက် အဦများကို စောင့်ရှောက် လျက် ရှိလေသည်။

ဖရာ့ပရန်စန်ရော့။ ။လော့ဘူရီဧ။် အထင်ရှားဆုံး မြင်မှတ် ဖြစ်ပြီး ယခင် က ဟိန္မ္ဒူ ဘုရား ရှိခိုးကျောင်း ဖြစ်ခဲ့ကာ ဘူတာရုံ အနီးတွင် တည်ရှိ လေသည်။ ဂ၀ံ ကျောက်တုံး များနှင့် သဲကျောက်တုံး များဖြင့် တည်ဆောက် ထားသော လော့ဘူရီ ဗိသုကာ လက်ရာ ဖြစ်ပြီး ဘိလပ်မြေဖြင့် အချောကိုင် တန်ဆာဆင် ထားသည်။ ဖန်ဆင်းသူ ဗြဟ္မ္မာ၊ စောင့်ရှောက်သူ ဗိဿနိုး နှင့် ဖျက်ဆီးသူ ရှီဗ တို့ကို ကိုယ်စား ပြုသော မျှော်စင် သုံးခုလည်း ရှိလေသည်။ နရိုင်းမင်း လက် ထက်တွင် သည် ဘုရားကျောင်းကို ဗုဒ္မ္ဓ ဘာသာ ဘုရားကျောင်း အဖြစ် ပြောင်းလဲ ခဲ့သည်။

ဝပ် ဖရာ စရီရတနာ မဟာထပ်။ ။ကျယ်ဝန်း လှသော ဘုရား ပရ၀ုဏ်တွင်း တွင် သည်ဘုရား နှင့်အတူ အခြား စေတီငယ် များစွာနှင့် အာရုဏ်ခံ တန်ဆောင်းများ လည်း ရှိလေသည်။



ရှုမဆုံးသောနေကြာခင်း။ ။ဘန်ကောက်မှ ၁၅၀ ကီလိုမီတာ ဝေးကွာသော အရပ်တွင် တည်ရှိပြီး ဆာလာဘူရီ မြို့ကို ဖြတ်ကာ ကားဖြင့် အလွန် သက်တောင့် သက်သာ သွားလာ နိုင်သော နေရာတွင် တည်ရှိပါသည်။

ဆဖန်ဘူရီအကြောင်းသိကောင်းစရာ

ရှေးဟောင်းဘုရားများနှင့် ယဉ်ကျေးမှု အနုပညာ လက်ရာများ ကြွယ်ဝရာ ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပြီး သချင်မြစ်ကမ်း ပေါ်တွင် တည်ရှိကာ အယုဒ္မ္ဓယခေတ်က အရေးပါသော စစ်ခံတပ်မြို့ ဖြစ်ခဲ့ ပါသည်။

ဝပ် ပလဲလိုင်။ ။ သည်ဘုရားသည် အလွန်ရှေးကျ အိုဟောင်း နေသော ဘုရား ဖြစ်ပြီး မြို့ထဲရှိ မလိုင်မန် လမ်းဘေး၊ မြစ်ဧ။် အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်က ဆောက်လုပ် ခဲ့သည်ဟု ယုံကြည် ကြပြီး ၂၃မီတာ မြင့်သော လွမ်ဖိုတို အမည်ရ ထိုင်တော်မူ ဗုဒ္မ္ဓ ဆင်းတုတော်ကြီး ကိုလည်း ဖူးမြော် နိုင်သည်။
ဘုရားပွဲတော်ကို ဧပြီနှင့် နိုဝင်ဘာလ တို့တွင် နှစ်စဉ် တစ်နှစ် နှစ်ကြိမ် ကျင်းပလေ့ ရှိပါသည်။ ယခင်က သည်ဆင်းတု တော်ကြီးသည် လေဟာပြင်တွင် တည်ရှိ ခဲ့သော်လည်း ယခုအခါ နေမိုး ဒဏ် ကာကွယ်ရန် အာရုဏ်ခံ တန်ဆောင်းကို တည်ဆောက် ထားပြီ ဖြစ်လေသည်။
ထို့အပြင် ထိုင်း ရှေးဟောင်း ရိုးရာ ပုံစံဖြင့် ဆောက်လုပ် ထားသော ခမ်ခန်ချန် အိမ်ကြီး ကိုလည်း သည်ဘုရား ပရိဝုဏ် အတွင်းတွင် တည်ဆောက် ထားလေသည်။ သည်အိမ်ကြီး သည် ဘန်ကောက် ခေတ်ဦး ပိုင်းဧ။် အကြီးကျယ်ဆုံး ကဗျာ စာဆိုရှင်ဧ။် ကဗျာဉာဏ် ကွန့်မြူးမှု အတိုင်း တည်ဆောက် ထားခြင်း ဖြစ်လေသည်။

ဘူအန် ချဝပ် ချာလီယွန် ဖရာကိရတ် မြစ်ကျိုးအင်း။ ။ သချင်မြစ်ကြောင်း ပြောင်းလဲရာမှ ဖြစ်ပေါ် လာသော မြစ်ကျိုးအင်းကို ထိုင်းဘုရင်ဧ။် နန်းသက် ၅၀ပြည့် နှစ်တွင် ဖွံ့ဖြိုးရေး စီမံချက် အဖြစ် ပြန်လည် မွမ်းမံခဲ့ရာ ၁၀.၄ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ စိုက်ပျိုးမြေ များအတွက် ရေသွင်းရန် ရေချို ကုဗမီတာ ဆယ်သန်း သိုလှောင် နိုင် သော ဆည်ဖြစ် လာခဲ့သည်။ ဒေသထွက် သီးနှံဥယျာဉ်၊ သားရိုင်း တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး သဘာဝ ဥယျာဉ်နှင့် ရေချိုတွင် ကျက်စားသော ရေနေ သတ္တ၀ါပြခန်း တို့ကိုပါ တိုးချဲ့ ဆောက်လုပ် ထားလေသည်။


ဥသောင်း ပြတိုက်သည် ဆဖန်ဘူရီတွင် တည်ရှိပြီး ဒွါရာဝတီ ခေတ်လက်ရာ များကို စုစည်း တင်ပြ ထားသော ဂုဏ်ယူ အထင်ကြီးဖွယ် ပြတိုက် ဖြစ်လေသည်။ ဆဖန်ဘူရီသည် ဒွါရာဝတီ ခေတ် ယဉ်ကျေးမှုနှင့် သူ့လက်ရာ များအတွက် အရေးပါသော စုရပ်ဖြစ်ကာ ဒေသခံများက ခင်းကျင်း ပြသထား သည်ကိုပင် တွေ့နိုင်လေသည်။ အေဒီ ၁၁-၁၂ ရာစု ခန့်က ဒွါရာဝတီ ခေတ်လက်ရာ များကို ယနေ့တိုင် တွေ့နိုင်ပါသည်။ ထိုခေတ် လူများသည် မွန်-ခမာ အနွယ်ဝင်များ ဖြစ်ကြပြီး ထိုခေတ်က ယဉ်ကျေးမှု ဗိသုကာ လက်ရာ များကို အခြေခံကာ အများစုမှာ ခမာလူမျိုးများ ဖြစ်ကြ သည်ဟု ခန့်မှန်း ရပါသည်။ သို့သော် မွန်များသည် ပိုမို ဒဏ္ဍာရီ ဆန်ပြီး စိတ်ဝင်စားစရာ ကောင်းကာ ယနေ့ ထက်တိုင် ထိုင်းနှင့် မြန်မာ နိုင်ငံ တို့တွင် ပျံ့နှံ့ နေထိုင် ကြလေသည်။

Wednesday, July 25, 2007

စမွတ်ပရာကန်အကြောင်းသိကောင်းစရာ


ဘန်ကောက်ဧ။် တောင်ဘက် ၂၉ကီလိုမီတာ အကွာတွင် တည်ရှိပြီး ထိုင်းပင်လယ်ကွေ့ အတွင်းသို့ ကျောက်ဖယား မြစ် စီးဝင်ရာ ဒေသတွင် တည်ရှိသည်။ အယုဒ္မ္ဓယခေတ်က သာမန် မြို့တစ်မြို့ မျှသာ ဖြစ်သော်လည်း ယခုအခါ မရေတွက် နိုင်သော သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် များကို စုစည်း တင်ပြရာ နေရာရော၊ စက်မှု ဇုန်ကြီး များပါ တည်ရှိရာ နေရာကြီး အဖြစ် ဖွံ့ဖြိုး တိုးတက် စည်ပင် လာခဲ့ လေသည်။



ရှေးဟောင်းမြို့ တစ်မြို့ ဖြစ်သည့်အတွက် လည်ပတ်စရာ စုံလှသည်ကိုလည်း သည်နေရာတွင် တွေ့နိုင်လေသည်။ ထို့ပြင် ဧရာဝဏ် ပြတိုက်လည်း ထင်ရှားကျော်ကြားလေသည်။





မူအန်ဘိုရမ် ရှေးဟောင်းမြို့။ ။ သည်ပြတိုက်သည် ဧက၂၀၀ခန့် ကျယ်ဝန်းပြီး ကမ္န‡ာ့အကြီးဆုံး လေဟာပြင်ပြ တိုက် ဖြစ်လေသည်။ ၁၉၆၃ ခုနှစ် နှောင်းပိုင်းတွင် သည်ပြတိုက်မြို့ကို စတင် တည်ဆောက် ခဲ့သည်။ သည်ပြတိုက်သည် စမွတ်ပရာကန်မြို့မှ ၈ကီလိုမီတာ၊ ဆူခမ်ဗစ်လမ်းမှ ၃၃.၅ ကီလိုမီတာ ဝေးကွာသော ဘန်ပူး အရပ်တွင် တည်ရှိပြီး ပုံသေး ချုံ့ထားသော သမိုင်းဆိုင်ရာ အရေးပါသော နယ်မြေများဧ။် ပုံတူများကို တစ်နေရာ တည်းတွင် တဆက်တည်း ကြည့်ရှုနိုင်ရန် ဆောက်လုပ် ထားခြင်း ဖြစ်လေသည်။ အမျိုးမျိုးသော တိုင်း၊ ခရိုင်တို့မှ သမိုင်းဝင်နေရာများဧ။် ပုံစံတူများကို ကြည့်ရှု လေ့လာနိုင်ပြီး ဆူခိုထိုင်းမှ ၀ပ်မဟာထပ်၊ ဆာလာဘူရီမှ ဖရာ့ဗုဒ္မ္ဓဘတ်၊ မူအန်နခွန်မှ ဖရာထပ်၊ ဖနွန်ရမ်မှ ဖရာဆပ်ဟင်နှင့် ဖရာထပ်ချိုင်းယ အစရှိသဖြင့်တို့ပါဝင်သည်။

ဖွင့်ချိန်နှင့် ၀င်ကြေး။ ။မနက်၈နာရီမှ ညနေ၅နာရီအတွင်းနေ့စဉ်ဖွင့်လှစ်ပြီး
လူဝင်ကြေးမှာလူကြီးတစ်ဦးလျှင် ဘတ်၅၀။
၁၂နှစ်အောက်ကလေးတစ်ဦးလျှင် ၂၅ဘတ်။
၅နှစ်အောက်ကလေး-အခမဲ့
ကားဝင်ကြေးမှာ ဆလွန်းကားတစ်စီးလျှင် ဘတ်၅၀။
ဘင်ကားတစ်စီးလျှင် ဘတ်၁၀၀။
ဇိမ်ခံဘတ်စ်ကားတစ်စီးလျှင် ဘတ်၂၀၀။

ခရီးစဉ်လမ်းညွှန်

မော်တော်ကား။ ။ဆမ်ရွန်-ဆမွတ် ပရာကန် လမ်းမကြီး အတိုင်း သွားပြီး ဆမွတ် ပရာကန်ရှိ အင်္ဂလိပ်အက္မ္ခရာ တီပုံ လမ်းဆုံရောက်လျှင် ဘယ်ဘက်သို့ ကွေ့ပြီး ဆူခန်ဗစ် လမ်းဟောင်း အတိုင်း ၃၃ ကီလိုမီတာခန့် သွားပြီးလျှင် မူအန် ဘိုရမ် ပြတိုက်မြို့ အ၀င် လမ်းညွှန်
ဆိုင်းဘုတ်ကို တွေ့ပါမည်။ ထိုအ၀င်လမ်း အတိုင်း ၈ ကီလိုမီတာ ခန့်သွားလျှင် ဘယ်ဘက်တွင် ပြတိုက်မြို့ကို မြင်ရမည် ဖြစ်ပါသည်။

ဘတ်စ်ကား။ ။ ဘန်ကောက်မြို့ ပန်ကလောင်း အရပ်မှ ဂိတ်စသော ဘတ်စ်ကားအမှတ် ၁၁ကိုစီးကာ ပတ်နမ် အရပ် ဂိတ်ဆုံးတွင် ဆင်းပါ။ ဂိတ်ဆုံး မှတဖန် မီနီဘတ်စ်ခေါ် ဘတ်စ်ကားငယ် အမှတ် ၃၆ကို ထပ်မံစီးပါက ဂိတ်ဆုံး လျှင် ရောက်ပါသည်။



စမွတ်ပရာကန်မိကျောင်းမွေးမြူရေးခြံနှင့် တိရစ္ဆာန်ဥယျာဉ်

၁၉၅၀က စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံဧ။် ပထမဆုံးဖြစ်ကာ ယခုအခါ ကမ္န‡ာ့အကြီးဆုံး မိကျောင်း မွေးကန် ဖြစ်လေသည်။ ဆမွတ်ပရာကန် မြို့လယ်မှ ၃ကီလိုမီတာ ကွာဝေးသော တိုင်ဘန် အရပ်တွင် တည်ရှိပြီး မိကျောင်း အရွယ်စုံ အမျိုးစုံ အကောင်ရေ ၄၀၀၀၀ခန့်မွေးမြူ ထားလေသည်။ အစာ ကျွေးချိန်မှာ ညနေ၄နာရီခွဲ မှ၅နာရီခွဲ၊ ပြပွဲချိန်မှာ နေ့လယ် ထမင်းစားချိန် မှလွဲပြီး မနက် ၈နာရီမှ ညနေ ၅နာရီကြား တစ်နာရီတိုင်း၊ အထူး ပြပွဲများမှာ အများပြည်သူ ရုံးပိတ်ရက် များတွင် နေ့လယ်၁၂နာရီမှ ညနေ ၅နာရီကြား တစ်နာရီတိုင်း ဖြစ်ပါသည်။ ဆင်ဆက်ကပ် မှာ မနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲကြား တစ်နာရီတိုင်း တွင်ဖြစ်ပြီး အခြား သတ္တ၀ါများ ဖြစ်သော ကျား၊ ချင်ပန်ဇီ မျောက်၊ ဂစ်ဘွန်မျောက်၊ ကုလားအုတ်၊ ရေမြင်းနှင့် အခြားသတ္န…၀ါ များကိုလည်း ကြည့်ရှုနိုင်ကာ ယဉ်ပါးနေသော ထိုသတ္န…၀ါများ နှင့်အတူ တွဲပြီး ဓာတ်ပုံ ရိုက်နိုင်လေသည်။

ဒိုင်နိုဆော ပြတိုက်တွင် အသက် ရှိစဉ်က အရွယ်အစား အတိုင်း ဖန်တီး ပြုလုပ်ထားသော ဒိုင်နိုဆော ရုပ်တုများနှင့် ၁၃ မျိုးသော ဒိုင်နိုဆောများဧ။် အရိုးများကို ပြသ ထားလေသည်။ ထို့ပြင် လူနှင့်သမိုင်းဦး သတ္တ၀ါများ အကြောင်း ကိုလည်း ရုပ်ပုံ ကားချပ်များကို မီးမောင်းထိုးကာ ရုပ်ရှင် သဖွယ် တင်ဆက်ပြသ ရှင်းလင်း ပြောပြပါသည်။ သည်ပြတိုက် ကို မနက် ၇နာရီမှ ညနေ ၆နာရီ အတွင်း နေ့စဉ် ဖွင့်လှစ်ပါသည်။

ဝင်ကြေး။ ။ ၀င်ကြေးမှာလူတစ်ဦးလျှင် ဘတ်၃၀၀။

ခရီးစဉ်လမ်းညွှန်
ဘတ်စ်ကား။ ။အဲယားကွန်းဘတ်စ်အမှတ် ၇၊ ၈၊ ၁၁ အဆင်ပြေရာ (သို့မဟုတ်) သာမန် ဘတ်စ်ကား အမှတ် ၂၅၊ ၁၀၂ တို့ကို စီးကာ ဆမွတ် ပရာကန် ရောက်လျှင် ဒေသသုံး ထရပ်ကား ပုံစံ ဘတ်စ်ကား အမှတ်.၁ နှင့် .၈၀ တို့ကို ထပ်မံ စီးနင်းကာ ရောက်ရှိ နိုင်ပါသည်။

ကန်ချနပူရီ အကြောင်း သိကောင်းစရာ

ကန်ချနပူရီသည် ဘန်ကောက်မြို့ အနောက်ဘက် ကီလိုမီတာ ၁၃၀ခန့် ဝေးကွာသော အရပ်တွင် တည်ရှိပြီး မြစ်များနှင့် မြစ်ဘေး အပန်းဖြေ ရိပ်သာများ ကြောင့် သာယာ လှပလျက် ရှိလေသည်။ ဘန်ကောက်မှ ကားဖြင့် နှစ်နာရီအတွင်း ရောက်နိုင် လေသည်။ ကန်ချနပူရီ၏ အဓိက ဆွဲဆောင်မှု မှာ ကမ္ဘာကျော် ကွေးမြစ်ကူး တံတား ဖြစ်ပြီး ယင်းနှင့် အနီးတ၀ိုက်တွင်သူရဲကောင်း စစ်သည် ဗိမာန်နှင့် စစ်သမိုင်း ပြတိုက် ရှိလေသည်။

ဒုတိယကမ္န‡ာစစ်အတွင်း ဂျပန်တို့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သွားရောက်ကာ သူတို့၏စစ်တပ် များကို ထောက်ပံ့နိုင်ရန် စစ်သုံ့ပန်းများနှင့် ပြည်တွင်းမှ လူများကို ချွေးတပ်ဆွဲကာ ဖောက်လုပ် ခဲ့သော သေမင်းတမန် မီးရထားလမ်းမှာ သည်တံတားပေါ်က ဖြတ်သန်း သွားလေသည်။ ထိုရထားလမ်း အတွက် မြန်မာနှင့် ထိုင်းလူမျိုး များစွာ ချွေးတပ် အဆွဲခံရပြီး အများစုမှာ ရထားလမ်း ဖောက်စဉ်မှာပင် သေဆုံးခဲ့ ကြရသည်။ မူလတံတားမှာ စစ်အတွင်း ၁၉၄၅ ခုနှစ်က မဟာမိတ်တပ်များ ဗုံးကြဲ တိုက်ခိုက် ခံရစဉ်က ပျက်စီးခဲ့ပြီး စစ်ကြီးပြီး သောအခါ ပြန်လည် တည်ဆောက် ထားခြင်း ဖြစ်လေသည်။ သို့သော်မူရင်းနှင့် ပြုပြင်မှု ကွဲပြားစွာ မြင်နိုင်ရန် ပြန်လည် တည်ဆောက် ထားသော တံတားပိုင်းကို လေးထောင့်သဏ္ဍာန် ပြုလုပ်ထားပြီး မူရင်းတံတားမှ ကြွင်းကျန် ရစ်သည့် တံတားပိုင်းကို အခုံးပုံ သဏ္ဍာန်ဖြင့် တွေ့မြင် နိုင်လေသည်။ တံတားဧ။် အရှေ့ဘက် ခြမ်းတွင် မီးရထား လမ်းပြေး ကားငယ်နှင့် မီးရထား ပြတိုက်ဥယျာဉ် တည်ရှိပါသည်။


စန်ဂ်ချုတို လမ်းပေါ်ရှိ မီးရထား ဘူတာရုံနှင့် မျက်နှာချင်းဆိုင်တွင် ကန်ချနဘူရီ စစ်သင်္ချိုင်း တည်ရှိသည်။ သေမင်းတမန် ရထားလမ်း ဖောက်လုပ်စဉ် သေဆုံး ခဲ့သော စစ်သုံ့ပန်း ၆၉၈၂ ဦးကိုမြှုပ်နှံထားသည်။ သို့သော် တကယ် သေဆုံးခဲ့သူ ဦးရေမှာ ခန့်မှန်းခြေ စစ်သုံ့ပန်း ၁၂၃၃၉ ဦးနှင့် ချွေးတပ်သား ၇၀၀၀၀ နှင့် ၉၀၀၀၀ ဦးရေကြား သေဆုံး ခဲ့ကြပြီး ဆောက်လုပ်ရေး လုပ်သား နှစ်ဆယ် ရာခိုင်နှုံန်း သေဆုံးခဲ့သည်ဟု ယူဆကြ ပါသည်။

စိုင်ရော့ အမျိုးသား သဘာဝ ဥယျာဉ်သည် ၃၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ထူးခြား ဆန်းကြယ်သော သဘာဝ လိုဏ်ဂူများနှင့် ခွေ့နွိုင် မြစ်တွင်းသို့ တိုက်ရိုက် စီးဝင်သော စိုင်ရော့ရိုင် ရေတံခွန် တို့ကြောင့် ကျော်ကြား လေသည်။ ဘန်ဂလို အိမ်ငယ်များ၊ မြစ်တွင်းစီး ဖောင်များ၊ ပျော်ပွဲစား အသုံးအဆောင် ပစ္နည်းများကို လွယ်ကူစွာ ၀ယ်ယူ ငှားရမ်းနိုင်ခြင်းနှင့် နေ့ခင်း ဈေးဆိုင်များ ကလည်း လည်ပတ်သူ များကို များစွာ အထောက်အပံ့ ပေးလေသည်။

သမိုင်း ပညာရှင်များဧ။် မှတ်သားချက် များအရ ရှေးဟောင်း ကန်ချနဘူရီသည် ဘန်လက်ရာ အရပ်တွင် ရွာငယ် အသွင်ဖြင့် တည်ရှိပြီး လက်ရှိမြို့ဧ။် မြောက်ဘက် ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိ ပါသည်။ ကန်ချနဘူရီဧ။် ရေတံခွန်များ၊ တောင်များနှင့် သဘာဝလိုဏ်ဂူများ၊ သဘာဝ ဥယျာဉ် များနှင့် ကွေးမြစ်တို့ဧ။် သဘာဝ ပတ်ဝန်းကျင် အလှအပများက ခရီးသွားများကို ဆွဲဆောင်သော အဓိက သော့ချက် ဖြစ်လေသည်။ သဘာဝ ဥယျာဉ် တွင်းရှိ ၇ဆင့် ရှိသော ဧရာဝဏ် ရေတံခွန်၊ စစ်သမိုင်း ပြတိုက်၃ခု၊ စစ်သင်္ချိုင်း၂ခု၊ သဘာဝ ပြတိုက် တစ်ခု၊ ရေပူစမ်း၊ ထိုင်းနှင့် တရုတ် ဘုရားကျောင်းများနှင့် တစ်ခုတည်းသော သေမင်းတမန် ရထားလမ်း တို့သည် ကန်ချနပူရီသို့ သွားရောက် လည်ပတ်ရန် စေ့ဆော်သော အချက်များ ဖြစ်ပါသည်။

၏ခရီးစဉ်လမ်းညွှန်

မော်တော်ကား။ ။ (၁)ဘန်ကောက်မှ နခွန်ချိုင်စီနှင့် နခွန်ပသွန် တိုင်းကို ဖြတ်ပြီး ဖတ်ခဆမ်(ဏ့နအျုေနာ) အမှတ်၎ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် လမ်းတွင် ဘန်းပွန်၊ သာမခနှင့် သာမူအန် တို့ကို ဖြတ်ပြီး ကန်ချနဘူရီသို့ ရောက်လေသည်။ (၂) ဘန်ကောက်မှ အမှတ်၃၃၈ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် နခွန်ချိုင်စီ သို့ ရောက်ပြီး ထိုမှတဆင့် အမှတ်၎ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် ကန်ချနဘူရီသို့ ရောက်ပါသည်။

ဘတ်စ်ကား။ ။ ဘန်ကောက်မြို့ဧ။် တောင်ပိုင်းအဝေးပြေးဂိတ်မှ ကန်ချနဘူရီသို့ မနက်၎နာရီမှ ည ၈နာရီအတွင်း ၁၅မိနစ်တိုင်း သာမန်ဘတ်စ်ကားတစ်စီးနှုံးထွက်လေ့ရှိကာ ကားမောင်းချိန်၃နာရီအတွင်း ကန်ချနဘူရီသို့ရောက်ပါသည်။ ဆက်သွယ်ရန်ဖုန်း ၆၆၂-၄၃၄-၅၅၅၇နှင့် ၆၆၂-၄၃၄-၅၅၅၈တို့သို့ စုံစမ်းနိုင်ပါသည်။ ပထမတန်းစားလေအေးစက်တပ်ဘတ်စ်ကားများသည်လည်း သည်အဝေးပြေးဂိတ်မှပင် ၂၅မိနစ်တိုင်းကားတစ်စီးနှုံးထွက်လေ့ရှိပါသည်။ ဆက်သွယ်ရန် ၀၂ ၄၃၅ ၅၀၁၂ယ ၀ ၂၄၃၅ ၁၁၉၉ သမ ၀၂ ၈၈၄ ၆၂၄၉ သမ တတတ.အမညျေစသမအ.ခသ.အ့ သို့ဆက်သွယ်နိုင်ပါသည်။ နခွန်ပသွန်၊ ရတ်ချဘူရီနှင့် ဆဖန်ဘူရီ အဝေးပြေးဂိတ်များ မှလည်း ကန်ချနဘူရီ သို့တိုက်ရိုက်ပြေးသော ကားများရှိပြီး ၁နာရီခွဲမှ နှစ်နာရီခွဲခန့်ကြာ ကားမောင်းလျှင် ရောက်ပါသည်။

မီးရထား။ ။ သာမန်မီင်္းရထားများသည်ဘန်ကောက်ထုံဘူရီအရပ်ရှိဘန်ကောက်နွိုင် ဘူတာရုံမှ နေ့စဉ်ထွက်ပါသည်။ တတိယတန်းစားခုံများသာရရှိနိုင်ပြီး ဘန်ကောက်မှ ကန်ချနဘူရီထိ ၃နာရီခန့် ကြာနိုင်ပါသည်။

စနေ၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင်ဟွာလန်ဖုန်းအရပ်ရှိဘန်ကောက်ဘူတာကြီးမှအထူးရထားသည် မနက်၆နာရီခွဲခန့်တွင်ကန်ချနဘူရီသို့ထွက်ပြီး ည ရနာရီ ၅၅မိနစ်တွင် ကန်ချနဘူရီမှဘန်ကောက်သို့ ပြန်လည် ခုတ်မောင်းလာပါသည်။ သည်ရထားသည် လမ်းခရီးတလျှောက်တွင်ဖရာ့ပထုံစေတီ၊ သေမင်းတံမန်တံတားနှင့် ဖရာစပ်မူအန်စင်ဂ်သမိုင်းဥယျာဉ်တို့သို့သွားသော မီနီဘတ်စ်ကားဂိတ်တို့တွင် ရပ်နားပေးပါသည်။ ကန်ချနဘူရီမှ ၀မ်ဖိုသို့ အထူးရေနွေးငွေ့သုံးရထားဖြင့်လည်း ပြေးဆွဲပေးသော အပျော်စီးရထားရှိပါသည်။

ကန်ချနဘူရီမြို့ဝန်းကျင်သည် ခြေကျင်လျှောက်လေ့လာလိုပါကရနိုင်သော်လည်း မြို့ကိုနှံ့စပ်စွာလည်ပတ်နိုင်ရန် စက်ဘီး၊ မော်တော်ဆိုင်ကယ်နှင့် ကားတို့ဖြင့်လည်းလည်ပတ်နိုင်လေသည်။ မဲ့နမ်ကွေးလမ်းပေါ်ရှိ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဆိုင်များမှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို ငှားရမ်းနိုင်ပါသည်။

ထိုင်းအခေါ် ပစ္စနုလောက်၊ မြန်မာအခေါ် ပိဿလောက် အကြောင်း သိကောင်းစရာ

ဘန်ကောက်၏ မြောက်ဘက် ကီလိုမီတာ ၃၉၀ ဝေးကွာသော အရပ်တွင် တည်ရှိသော ပစ္စနုလောက်တွင် သက်တောင့်သက်သာ ရှိသော နားနေရန် ဟိုတယ်အနည်း ငယ်သာ ရှိသော်လည်း ပတ်ဝန်းကျင်ရှိ ဆူခိုထိုင်း၊ ကဖန်ဖတ် (မြန်မာအခေါ် ကမန်ပိုက်)နှင့် စရီစတ်ချနာ လိုင်မြို့ ဟောင်းများ သို့ပါ သွားရောက် လည်ပတ် နိုင်လေသည်။ ပစ္စနုလောက်၏ အဓိက ဆွဲဆောင်မှုမှာ ၀ပ်ဖရာစရီ ရတနာ မဟာထပ် ကျောင်းတွင်းရှိ ဖရာ့ဗုဒ္မ္ဓ ချင်နရတ်ဟု အမည် တွင်သော ကြေးသွန်း ထိုင်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်လေရာ မြဘုရားပြီးလျှင် ထိုင်းလူမျိုးများ အမြတ်နိုးဆုံး ဘုရား ဖြစ်သောကြောင့် ထိုင်းများ၏ မဟာမြတ်မုနိဟု ခေါ်ဆိုနိုင် လေသည်။
ခရီးစဉ်လမ်းညွှန်


မီးရထား။ ။ ဘန်ကောက်နှင့် ချင်းမိုင်သွား မီးရထားသည် နေ့ရထားနှင့် ညရထား နှစ်မျိုးရှိပြီး နှစ်မျိုးလုံးသည် ပစနုလောက်တွင် ခရီးတထောက် နားသည့်အတွက် လွယ်ကူ အဆင်ပြေစွာသွားလာနိုင်ပါသည်။ ပစ္နနုလောက် မှတဆင့် ဆူခိုထိုင်းနှင့် စရီ စတ်ချနာလိုင် ရှေးဟောင်း မြို့များသို့လည်း ဘတ်စ်ကားဖြင့် လွယ်ကူစွာ သွားလာ နိုင်ပါသည်။

ဘတ်စ်ကား။ ။ မိုချစ် အဝေးပြေး ကားဂိတ်မှ နေ့စဉ် ဘတ်စ်ကားများ တစ်နာရီခြားတစ်ခါ ထွက်လေ့ရှိပါသည်။

Monday, July 16, 2007

ခရီးသည်များသိကောင်းစရာ

အကောင်းဆုံးကို မျှော်လင့်သော်လည်း အဆိုးဆုံး အတွက် ပြင်ဆင်သည့် အနေဖြင့် ယုံကြည် စိတ်ချ ရသော အာမခံ ကုမဏီ များမှ အာမခံများ ကိုင်ဆောင် ထားခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ ထိုင်း နိုင်ငံ၏ တရား ဥပဒေမှာ အလွန် ရှုပ်ထွေးကာ ထိရောက်မှု နှေးကွေး လှသဖြင့် ပြဿနာ တစုံတရာ ဖြစ်ခဲ့ပါမူ
၁. ကိုယ့်ဟာကိုယ် ဖြေရှင်း
၂. စိတ်ချရလောက်သော နယ်မြေကျွမ်းသော ကိုယ့် အသိအကျွမ်းကို အကူအညီ တောင်းကာဖြေရှင်း
၃. ကိုယ့်နိုင်ငံဆိုင်ရာ သံရုံးကို သွားပြီး အကူအညီတောင်း
၎. ရဲနဲ့ရှေ့နေကို အကူအညီ တောင်း ဟူသတတ်။

ဝလနမျအပေ နေခြင်းကို ပြင်းထန်စွာ ဒဏ်ငွေ ဆောင်စေခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်းဖြင့် နှိပ်ကွပ် လေသည်။ နာမည်ကြီး တံဆိပ် သောက်ရေသန့် ကိုသာ သောက်ရန် ဆော်သြ ထားပြီး မြူနီစီပယ်က ဖြန့်ချီသော ပိုက်ရေမှာ သုံးရန်သာ ဖြစ်လေသည်။ အ၀ီစိ တွင်းရေသည် ပိုက်ရေထက် ဆိုးပြီး အဆင့်မြင့် တိုက်ခန်း များတွင် အ၀ီစိ တွင်းရေကို ကိုယ်ပိုင် ရေသန့်စက် များဖြင့် စိတ်တိုင်းကျ သန့်စင်ပြီးမှ သုံးရလေသည်။ သောက်ရေ အတွက် ကတော့ ဘန်ကောက် တမြို့လုံးက သောက်ရေသန့် ကိုသာ အားကိုးရလေသည်။ ပထမတန်းစား နာမည်ကြီး တံဆိပ် မဟုတ်သော ရေခဲသည် ရေသန့်နှင့် ပြုလုပ်သည် မဟုတ်သောကြောင့် စားသောက် မိပါက ကိုယ့်တာဝန် ကိုယ်သာ ယူရပေမည်။ ကျန်းမာရေး အတွက် အကောင်းဆုံးက ရေခဲ မသုံးခြင်း သာတည်း။ နာမည်ကျော် သင်္ဘောသီး ထောင်းတွေက အဆင် မသင့်ရင် ဗိုက်နာ တတ်သော်လည်း ထိုင်းမှာ တခု ကောင်းတာက မြန်မာပြည်မှာ ပင်လယ်စာ စားရင် ယားတတ်သူ၊ ဂဏန်း၊ သခွားသီး၊ ခရမ်းသီး၊ ငရုတ်သီး စားရင် ဗိုက်နာသူ ထိုင်းမှာ ဘာမှ မဖြစ်တာပဲ ကောင်းလှ ပါသည်။ ထိုင်းက ရေမြေကိုက အာနိသင် ပျော့နေတာ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာပြည်မှာ နွေဆို ခွေးတွေရူးလေ့ရှိပြီး လမ်းမှာ ခွေးချင်း နယ်မြေ ကျူးကျော်ရင် ကိုက်တတ် ကြသော်လည်း ထိုင်းခွေးများမှာ မကိုက်တတ်၊ ရူးလဲမရူး တတ်ကြပါ။
တိရိစ္ဆာန် တိုက်ပွဲ တွေမှာလဲ အဲလိုပဲလို့ ကြုံဖူး ကြားဖူးပါသည်။ မြန်မာကြက်နဲ့ ထိုင်းကြက် ခွပ် မြန်မာ ကြက်ပဲ နိုင်လေ့ရှိပြီး အခြား ခွေး၊ နွား၊ ပုရစ် တိုက်ပွဲများ အားလုံး သည်အတိုင်း ပဲဟု ကြားဖူးပါသည်။
ထိုင်းအစားအစာများကို မြန်မာပြည် ကတည်းက ကြိုက်နှစ်သက် သောကြောင့် ထိုင်းရောက်ခိုက် တ၀ စားလိုသူများအတွက် ဆိုင်ကောင်းများကို Food Tourism in Thailand ဆောင်းပါးဖြင့် သီးသန့် ရေးသား ဖော်ပြပေးပါမည်

ထိုင်းနိုင်ငံတွင်း ၀တ်စား ဆင်ယင်မှု အကြောင်း တစေ့တစောင်း

ထိုင်းနိုင်ငံမြောက်ပိုင်းစွန်း မြို့များသို့ နိုဝင်ဘာမှ ဖေဖော်ဝါရီလတွင်း ခရီးသွား လျှင်ကား ညအပူချိန် ၄ဒီဂရီ စင်တီဂရိတ် ခန့်ထိ အေးသောကြောင့် အနွေးထည် ၀တ်ရန် လိုသော်လည်း ကျန်အချိန်များနှင့် အခြားနေရာ များတွင် ၃၅-၄၀ ဒီဂရီ စင်တီဂရိတ်ခန့်ထိ ပူသောကြောင့် သာမန်တီရှပ်နှင့် ဘောင်းဘီရှည် သို့မဟုတ် အခြား သက်တောင့် သက်သာ အ၀တ်အစား များကို ၀တ်ဆင် နိုင်လေသည်။ သို့သော် ဘုရားများနှင့် ပြတိုက်များ၊ အထူး သဖြင့် မြဘုရားနှင့် ဘုရင့်နန်းတော်သို့ လည်ပတ်မည့် သူများသည် တံတောင်ဆစ်ဖုံး လက်ရှည်အင်္ကျီနှင့် ဒူးခေါင်း ဖုံးစကပ်၊ လုံချည်၊ ဘောင်းဘီရှည် တို့သာမက နောက်ပိတ် ပါသော ဖိနပ်တို့ကိုသာ ၀တ်ဆင်ကာ ၀င်ရောက်နိုင် လေသည်။ မကောင်းသော နေရာများသို့ အလည်လာရန် ဆွဲဆောင် ကြော်ငြာသော မော်ဒယ်လ်၊ မင်းသမီးများ၏ ၀တ်စား ဆင်ယင်ပုံကို အတုခိုးပြီး ၀တ်ဆင် လာပါက များစွာ အထင်သေး ရှုတ်ချခံ ရပေမည်။ အဘယ်ကြောင့် ဆိုသော် သာမန် ရုံးဝန်ထမ်း များမှာ အနောက်တိုင်းနှင့် ထိုင်းရိုးရာ ၀တ်စုံများကို ၀တ်စုံပြည့် ၀တ်ဆင်ကာ ရုံးတက် ကြရပြီး အခြေခံနှင့် တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသူ ကျောင်းသား များပင် သက်ဆိုင်ရာ ကျောင်းဝတ်စုံ ကိုသာ ၀တ်စုံပြည့် ၀တ်ဆင် ကျောင်းတက် ကြရပါသည်။ သာမန် အရပ်သူ များမှာ ဒူးဖုံးစကပ်၊ ဘောင်းဘီများ၊ မိန်းမ၀တ် တီရှပ်၊ ရှပ်အင်္ကျီနှင့် သာမန် မိန်းမ၀တ် လုံခြုံသော အ၀တ်များ ကိုသာ ၀တ်လေ့ ရှိကြပါသည်။ အလွန်အကျူး ခေတ်ဆန် ထူးခြား ဆန်းပြားသော၊ မလုံတလုံ အ၀တ်များကို ၀တ်ဆင်သူ များကား သေချာသော ဈေးပေါသော မိန်းမများဟု တပ်အပ် သိနိုင်လေသည်။ ထိုသို့ ၀တ်ဆင်သော သူများ မှာလည်း မကောင်းရာတွင် နာမည် ကျော်သော ပက်ပုန်းဟု ခေါ်သော နေရာ တ၀ိုက် တွင်သာ တွေ့နိုင်ပြီး နေရာတိုင်းတွင် မတွေ့နိုင်ပါချေ။ ရောမ ရောက်လို့ ရောမလို ကျင့်ရာတွင် ရောမ အထက်တန်းလွှာလို မကျင့်မိဘဲ အောက်တန်းလွှာလို ကျင့်မိမည် စိုးရိမ် သောကြောင့် သတိပေး ရခြင်း ဖြစ်ပါသည်။ ပင်လယ် ကမ်းခြေ မှအပ အခြား မည်သည့်နေရာ တွင်မဆို (ရေတံခွန်နှင့် ရေကန်များ အနီးတွင် ပင်ခွင့်မပြု) ရေကူးဝတ်စုံနှင့် သွားလာခြင်းကို ခွင့်မပြုပါချေ။

ထိုင်းယဉ်ကျေးမှုအကြောင်း တစေ့တစောင်း

လူကြီးသူမများနှင့် ဂုဏ်အားဖြင့် ရိုသေ ထိုက်သူများ ရှေ့မှောက်တွင် ဒူးတုတ် ထိုင်တတ်သော ထိုင်းထုံးစံမှာ မြန်မာ့ ဓလေ့နှင့် တူလှပေသည်။ အိန္ဒိယနိုင်ငံ နှင့် အလားသဏ္ဍာန် ဆင်စွာ ဇာတ်နိမ့်မြင့် ခွဲခြားမှု ရှိသောကြောင့် ထိုင်းတစ်ယောက်နှင့် အဆင်ပြေစွာ ပြောနိုင်သော စကားကို အခြား ထိုင်းတစ်ယောက်နှင့် အဆင်ပြေစွာ မပြောဆို နိုင်သည်မှာ မဆန်းလှဘဲ စကားပြော လိုက်သည်နှင့် မည်သည့် အဆင့်အတန်း၊ ပတ်ဝန်းကျင် ကလာသည် ဆိုသည်ကို ထိုင်းများက ချက်ချင်း ခွဲခြားနိုင် ကြလေသည်။ မြန်မာများက လေယူလေသိမ်း ကိုလိုက်ပြီး ထားဝယ် သံ၊ မြိတ်သံ၊ ယောသံ၊ အညာသံ စသည်ဖြင့် ခွဲခြား သိသကဲ့သို့ ထိုင်း လေယူလေသိမ်း မှာလည်း နေရာကို လိုက်ပြီး ကွဲပြား ခြားနားမှု ရှိလေသည်။

မြန်မာများနှင့် လုံးဝ ကွဲပြား ခြားနားသော အချက်ကား တခြားမဟုတ်။ ထိုင်းများသည် ထိပ်တိုက် စိန်ခေါ်ခြင်းကို မုန်းပြီး ရိုင်းသည်ဟု သမုတ်ကာ ကွယ်ရာ မှသာ လက်သီးပုန်း ထုတတ်ပြီး သည်လို တိုက်ကွက်ကို ယဉ်ကျေး နူးညံ့ သည်ဟု သတ်မှတ်ခြင်း ပင်ဖြစ်လေသည်။

ထိုင်းအပြုံး မှာလည်း အဓိပ္ပာယ် များစွာ ရှိလေသည်။ မြန်မာများတွင် ကြည်နူးပြုံး၊ ကြေကွဲပြုံး၊ မချိပြုံး၊ လှောင်ပြုံး စသည်ဖြင့် မျိုးစုံ ရှိသော်လည်း ထိုင်းအပြုံးမှာ မျက်လုံးသေဖြင့် နှုတ်ခမ်းတွန့် ချိုးထားသော အပြုံးသေကြီး ဖြစ်ရာ သူ့စိတ်ရင်း သဘောထားကို တော်ရုံ အတွေ့အကြုံ ရှိသူပင် လုံးဝ မသိနိုင်ပေ။ ထိုအပြုံးမျိုးကို ချစ်လဲပြုံး၊ မုန်းလဲပြုံး၊ ကူညီ လည်းပြုံး၊ ဒုက္ခ ပေးလည်း ပြုံးကြလေရာ တော်တော် ကြောက်ဖို့ ကောင်းလေသည်။

ထိုင်းအပြုံး ကဲ့သို့ပင် “ဟုတ်ကဲ့” ဆိုသော စကား တွင်လည်း အဓိပ္ပာယ် များစွာ ရှိလေသည်။ ယင်းတို့မှာ
၁. ဟုတ်ကဲ့၊ ကြားပါတယ်။ ဆိုလိုချင်တာ ကိုတော့ သဘောမပေါက်ပါ။
၂. ဟုတ်ကဲ့၊ ကြားပါတယ်။ သဘော ပေါက်ပေမယ့် သဘော မတူလို့ ရှင့်လို လိုက်မလုပ် နိုင်ပါဘူး
၃. ဟုတ်ကဲ့၊ ကြားပါတယ်။ သဘောပေါက်ပြီး သဘောတူပါတယ်။ တို့ဖြစ်လေသည်။
သို့သော် ထိုင်းများသည် လွန်စွာ အားနာ တတ်သောကြောင့် သင့်ကို“ဟုတ်ကဲ့”တစ်ခွန်းသာ ပြောမည် ဖြစ်ပြီး နောက်ဆက်တွဲ စာသားများ ကိုတော့ ပြောမည် မဟုတ်ပါချေ။

ထို့ပြင် မည်မျှ စိတ်ဆိုးဖွယ် ကောင်းသော စော်ကား ရိုင်းပျသော စကားကို ကြားသည် ဖြစ်စေ၊ စိတ်တည်ငြိမ် စွာယဉ်ကျေးဟန် ပြုံးပြီး စော်ကားသော စကားကို ရယ်စရာ လုပ်ပစ်လိုက် တတ်သော ထိုင်းအကျင့်ကို အထင် အမြင် သေးစွာဖြင့် “ရင်မဆိုင် ရဲလို့ ကြောက်လို့ သည်းခံသည်” ထင်ပါမူ လွန်စွာ မှားမည် ဖြစ်ပါသည်။ အမှန်မှာမူ မိမိကိုယ်ကို သဘောထား ကြီးဟန်ဆောင်ကာ တဘက်သားကို ရိုင်းစိုင်း အောက်တန်းကျသူ အဖြစ် ပေါ်လွင်အောင် တမင် ချိုးခြင်း ဖြစ်ပါသတည်း။

ငှက်လွှတ်ခြင်း၊ ကျောင်းကန် ဘုရားများတွင် ဖိနပ်ချွတ်ခြင်း၊ ကြီးသူ၊ ရိုသေထိုက်သူ များနှင့် ရင်ဆိုင် တွေ့လျှင် လက်အုပ်ချီကာ ဦးညွတ် အရိုအသေ ပြုခြင်းနှင့် လူကြီးသူမ ရှေ့တွင် ရိုသေသော ဟန်ပန် မူရာဖြင့် နေထိုင်ခြင်း တို့သည် မြန်မာများနှင့် မစိမ်းသော၊ ဆင်တူသော ထိုင်းယဉ်ကျေးမှု များဖြစ်သဖြင့် မြန်မာများ အတွက် နေထိုင်ရတာ သက်တောင့် သက်သာ အရှိဆုံးဟု ဆိုကြရမည့် နိုင်ငံခြား တိုင်းပြည် ဖြစ်ပါသည်။

ထိုင်းလူမှုရေးကျင့်ဝတ်များအကြောင်း တစေ့တစောင်း

ခြေထောက်ဖြင့် ညွှန်ပြ ခံရခြင်းနှင့် ခေါင်းကို ထိတွေ့ ကိုင်တွယ် ခံရခြင်း တို့ကိုလည်း ထိုင်းများက မုန်းကြပါသည်။ ကိုယ့်ထက် အသက်ရော ဂုဏ်ပါ ကြီးသူပင် ဖြစ်စေကာမူ မည်သည့် ထိုင်းတစ်စုံ တယောက် ကမှ မိမိ ၏ခေါင်းကို ကိုင်သူကို မကြိုက်ကြဘဲ အမေရိကန် သမတပင် ဖြစ်စေကာမူ မိမိခေါင်းကို အကိုင် မခံနိုင်ဟု ဆိုကြ ပါသည်။ လူနှစ်ယောက် စကား ပြောနေစဉ် ကြားထဲမှ ခွင့်မတောင်းဘဲ ဖြတ်သွားခြင်း ကိုလည်း မကြိုက်ကြပါ။ ခင်မင် ရင်းနှီးသူချင်း တွေ့လျှင် သော်လည်းကောင်း၊ မိတ်ဆက် ပေးသောကြောင့် စတင် သိကျွမ်း ခင်မင်သူချင်း တွေ့လျှင် သော်လည်းကောင်း အချင်းချင်း လက်အုပ်ချီ နှုတ်ဆက်ခြင်း၊ သောက်ရေ တို့ကို ကမ်းပေးလျှင် လက်နှစ်ဘက်နှင့် ယူခြင်း စသော ဓလေ့တို့မှာ ကွယ်ပျောက်စ ပြုနေသော မြန်မာ့ ဓလေ့နှင့် အလား သဏ္ဍာန် တူလှပေသည်။ ဧည့်ခံသည့် အနေဖြင့် စားစရာ၊ သို့သော် နိုင်ငံခြားသား များကိုကား အနောက်နိုင်ငံ ယဉ်ကျေးမှုနှင့် အညီ လက်ဆွဲ နှုတ်ဆက်ရန် လက် ကမ်းပေး တတ်သည် ကိုလည်း တွေ့ရ တတ်ပေသည်။
ထိုင်းအိမ်နှင့် အဆောက်အဦ တော်တော် များများသည် ဖိနပ်ချွတ် ရသော ပုံစံ ဖြစ်ပြီး အဆောက်အဦထဲ၊ အိမ်ထဲသို့ ညစ်ပတ်သော ဖိနပ်ကို စီးနင်း ၀င်ရောက်ခြင်း ကို အရိုင်းဆုံးဟု သတ်မှတ် ကြလေသည်။ ထို့ကြောင့် ဈေးများ၊ ဟိုတယ်များ၊ စားသောက်ဆိုင် များနှင့် ဘဏ်များမှ လွဲပြီး အခြား အဆောက်အဦ တစ်ခုထဲသို့ ၀င်ရောက် တော့မည် ဆိုလျှင် အရင်ဆုံး ဖိနပ်ပုံ ပါသော ဆိုင်းဘုတ်ကို သေသေချာချာ ရှာသင့် လေသည်။ သို့မဟုတ် နီးရာ ထိုင်း တစ်ယောက်ကို သေချာစွာ မေးနိုင် လေသည်။

ထိုင်းဘုရင်နဲ့မိသားစုအကြောင်း တစေ့တစောင်း


ထိုင်းနိုင်ငံအကြောင်းပြောရင် အရေးအကြီးဆုံး ကတော့ သူတို့ ဘုရင်ပါပဲ။ ထိုင်းတွေရဲ့ သူတို့ ဘုရင်အပေါ် သူတို့ရဲ့ သဘောထားကြောင့် ထိုင်းမှာ ဆိုရိုး တစ်ခုတောင် တွင်ယူရပါတယ်။ သည်ဟာကတော့“ထိုင်း တစ်ယောက် သေလို့သာ ထိုင်းဘုရင် အသက်တစ်ရက် ပိုရှည်မယ် ဆိုရင် တစ်နိုင်ငံလုံးက ထိုင်းတွေ အားလုံးက လိုလိုချင်ချင် ကျေကျေနပ်နပ်နဲ့ သေပေးကြမယ်” ဆိုတာပါပဲ။


သည်လောက်အထိ သူတို့ ဘုရင်ကို သူတို့က ချစ်ပါတယ်။ မှန်မမှန် သိချင်လို့ ရှိရင် ကိုယ်တိုင် ထိုင်းတစ်ယောက် ချင်းကို လွတ်လွတ်လပ်လပ် လိုက်မေးနိုင် ပါတယ်။ သည်တော့ ထိုင်းနိုင်ငံမှာ လည်ပတ် အလုပ်လုပ် တဲ့အခါမှာ ထိုင်းဘုရင်ကို မရိုမသေ စကားနဲ့ မတော်တဆ အနေနဲ့တောင် မပြောမိပါမှ ဘေးကင်းပါမယ်။


နိုင်ငံတော် သီချင်း ကဲ့သို့ပင် ဘုရင့် ဘုန်းတော်ဘွဲ့နဲ့ ပြည်သူ့ အတွက် သူ့မေတ္တာ သီချင်းကို မနက် ၆နာရီနှင့် ည၈နာရီ တိတိ တို့တွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှ နေ့တိုင်း ထုတ်လွှင့် ပေးလေသည်။ ထိုအချိန်တွင် လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာ တိုင်းတွင် လွှင့်ထူ ထားသော အသံလွှင့် စက်များမှ သည်သီချင်း၏ အသံ ကြားရုံနှင့် လမ်းပေါ်ရှိ သွားလာသူ သို့မဟုတ် လမ်းဘေး စားသောက်ဆိုင်တွင် ထိုင်နေသူ အားလုံး တို့က ချက်ချင်း မတ်တပ်ရပ် အရိုအသေပြု ကြလေသည်။ ကုန်ကုန် ပြောရရင် ထိုင်းဘုရင် ပုံပါတဲ့ ပိုက်ဆံ အကြွေစေ့ အောက်ကို မတော်တဆ လွတ်ကျတာ တောင်မှ ထိုင်းတွေ မကြိုက်ပါဘူး။ ခြေထောက် နဲ့များ လှမ်းဖမ်း တာမျိုး၊ ခြေချောင်း နဲ့ ညှပ်ကောက် တာမျိုး လုပ်တာကို ထိုင်းတွေ မြင်လို့ ကတော့ နိုင်ငံခြားသား ပင်ဖြစ်စေ ကာမူ အရိုက်ခံ ရနိုင်ပါတယ်။ ထိုင်းဘုရင့် ဓာတ်ပုံကို မဆိုထားနှင့် ထိုင်းဘုရင့်ပုံ ပါသော ငွေစက္ကူနှင့် အကြွေစေ့ ကိုပင် တက်နင်းတာ မြင်ပါလျှင် ဘုရင်ကို မရိုမသေ ပြုမှု ပုဒ်မဖြင့် တရားစွဲ ခံရနိုင်ပါသည်။ ဘယ်ထိုင်း ရှေ့နေ ကမှ မတော်တဆမှု အဖြစ် ရှေ့နေ လိုက်ပေးမည် မဟုတ်ပါချေ။


ထိုင်းမှာ ဒုတိယ လူလေးစား ခံရဆုံးသူ ကတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး သုတေသနနဲ့ ပရောဂျက် များကို ဖခင်ဘုရင်ကြီးနဲ့ အတူ အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် အကောင်အထည် ဖော်နေတဲ့ တတိယ မင်းသမီး မဟာချက္ကရီ သီရိဒုံ ဖြစ်ပြီး တတိယ လူလေးစား ခံရဆုံး ကတော့ ထိုင်းနိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အတွက် သုတေသနပြု ကြိုးပမ်း ဆောင်ရွက်နေတဲ့ စတုတ္ထနဲ့ အငယ်ဆုံး မင်းသမီး ချူလာဘွန်ပဲ ဖြစ်ပါတယ်။ သမီး အကြီးဆုံး ကတော့ မိဘ သဘော မတူတဲ့ နိုင်ငံခြားသားနဲ့ လက်ထပ် ခဲ့အတွက် မင်းသမီးဘွဲ့ ရုပ်သိမ်းခံခဲ့ရပြီး ခင်ပွန်းနဲ့ အိမ်ထောင် ကွဲပြီးတဲ့ အခါမှ သာမန် အိမ်တော်သား အဖြစ်နဲ့ပဲ နန်းတော်မှာ စံနေခွင့် ရရှိခဲ့ပါတယ်။ ဘုရင့် ရင်သွေးတော် များထဲက ဒုတိယမြောက်နဲ့ တစ်ဦးတည်းသော သားတော် ကတော့ ပြည်သူ့ အချစ်တော် မဟုတ်ရှာပါဘူး။ မောက်မာ ထင်ရာစိုင်းကာ အာဏာ မာန်ဝင့်သူ အဖြစ် ကြောင့်ရော၊ တိုင်းကျိုး ပြည်ပြု အလုပ်များကို ဆောင်ရွက်ခြင်း မပြုသူ အဖြစ် ကြောင့်ပါ တိုင်းသူ ပြည်သားများက မျက်နှာသာ မပေးမှုကြောင့် ဘုရင့် သက်တော် ၈၀ ကျော်သည် အထိ နန်းလွှဲ မခံရသေးတာ ဖြစ်ပါတယ်။အငယ်ဆုံး သမီးတော် နှစ်ယောက်မှာ ဖခင် အချစ်တော် ဖြစ်ပြီး အကြီးဆုံး နှစ်ယောက် ကတော့ မိခင် အချစ်တော်များ ဖြစ်ကြတယ် လို့လဲ သိရပါတယ်။

မတ်တပ်ရပ်နေသူ များကတော့ ၀ဲမှယာသို့ မင်းသား ဗီဂျရာ လောင်ကွန်း ၊ ဘုရင့် အမတော်၊ ဘုရင်၊ မိဖုရားနဲ့ သမီးတော်ကြီး တို့ဖြစ်ကြပါတယ်။ ထိုင်နေသူနှစ်ယောက်အနက် ကိုယ်ခန္ဓာ အနည်းငယ် ၀ဖြိုးနေသူမှာ မဟာချကရီသီရိဒုံခေါ် ဒုတိယ သမီးတော်ဖြစ်ပြီး ပိန်သူကတော့ ချူလာဘွန် ခေါ် သမီးတော် အငယ်ဆုံး ပြီး ဖခင် ဘုရင်ကြီးရဲ့ အချစ်တော်များ ဖြစ်ပါတယ်။

Tuesday, July 10, 2007

သောင်းယိုင်-ဟွိုင်ခခန်ဂ် သဘာဝသားရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး ဥယျာဉ်

သည်ဥယျာဉ်သည် အရှေ့တောင်အာရှဧ။် တရားဝင် သတ်မှတ်ထားသော သဘာဝ သစ်တောကြိုးဝိုင်းများ အားလုံးထက် ကြီးမားကာ ထိုင်းနိုင်ငံတွင်းရှိ အခြားသော သစ်တောကြိုးဝိုင်းများထက် နှစ်ဆမက ကြီးသော သဘာဝ သားရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး ဥယျာဉ် ဖြစ်ပြီး ၆၂၂၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းလေသည်။ ထို့ကြောင့် အရှေ့တောင် အာရှဧ။် အပူပိုင်း မုတ်သုံ သစ်တောတို့ဧ။် ဂေဟစနစ်ကို သည်ဥယျာဉ်က တတပ်တအား ကာကွယ် စောင့်ရှောက် နိုင်လေသည်။ သည်ဥယျာဉ်ကို အမျိုးသား သဘာဝ ဥယျာဉ်ကဲ့သို့ ပြည်သူလူထုကို ၀င်ရောက် ကြည့်ရှု ခွင့်မပေးပေ။ သုတေသန၊ ပညာရေးနှင့် သဘာဝ မျိုးဗီဇများ လွတ်လပ်စွာ ရှင်သန် ကြီးထွားခွင့်ကို ကာကွယ် ထိန်းသိမ်းရန် အတွက် ဥပဒေ အရ ရည်ရွယ်လေသည်။

ဘန်းချိုင်ရှေးဟောင်း သုတေသနနယ်မြေ

ထိုင်းနိုင်ငံဧ။်အရေးပါသော သမိုင်းများ ပြည့်နေသော အတိတ်ကို ပြန်လည် လေ့လာနိုင်ရန် များစွာသော ခြားနား လှသည့် သမိုင်းဝင် နေရာများကို တိုင်းပြည်ဧ။် နေရာ အစိတ်အပိုင်း တိုင်းတွင် တွေ့နိုင်ပါသည်။ သမိုင်းဦး ယဉ်ကျေးမှုကို စိတ်ဝင်စားကာ လေ့လာလိုသူများ အတွက် လည်ပတ်ရန် နေရာများစွာ ရှိကာ ထိုနေရာတို့တွင် ပြတိုက်များ လည်းရှိပြီး ဒေသအလိုက် ရှာဖွေ တွေ့ရှိသော ပစ္နည်းများကို ခင်းကျင်း ပြသထား လေသည်။ ရှာဖွေ တွေ့ရှိထားသည့် နေရာတို့အနက် သမိုင်းကြောင်း အစောဆုံးမှာ ဘန်းချိုင်ဖြစ်ပြီး ဥဒုံဌာနီတိုင်းဧ။် အရှေ့မြောက် ဘက်တွင် တည်ရှိလေသည်။ လယ်ယာ စိုက်ပျိုးရေး အတွက် မြေကို တူးဆွရာမှ တောက်ပြောင် လှပစွာ ဆေးခြယ် ထားသော ကြွေထည်များကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကြေးခေတ်ဧ။် အစဟု များစွာသော ပညာရှင်များက ယူဆ ခဲ့ကြသည်။ ဘီစီ၃၀၀၀ ခန့်က ဒဏ္ဍာရီ ဆန်သော ယဉ်ကျေးမှုရှိပြီး အေဒီ တစ်ရာစုခန့်တွင် တိုးတက် ဖွံ့ဖြိုးခဲ့သည်ဟု ယူဆရသည်။ ပစ္နည်းများကို တူးဖော်စဉ်က တွေ့ရှိရသည့် အတိုင်း ထားရှိကာ ထိုမြေကျင်းများကို လေ့လာလိုသူ များအတွက် သည်အတိုင်း ထားရှိ ပြသထားသည်။

အယုဒ္မ္ဓယရှေးဟောင်းမြို့တော်

ကျောက်ဖရားမြစ်၊ လော့ဘူရီမြစ်နှင့် ပစပ်မြစ်တို့ ဆုံရာ မြစ်ဆုံ အလယ်ရှိ ကျွန်းပေါ်တွင် တည်ရှိသော အယုဒ္မ္ဓယ ရှေးဟောင်း မြို့တော်သည် ထိုင်းနိုင်ငံ အလယ်ပိုင်းဧ။် အောက်နား လောက်တွင် တည်ရှိလေသည်။ မြစ်လယ်ကျွန်း ဖြစ်သောကြောင့် မြေဆီ မြေသြဇာကောင်းကာ ဆန်စပါး စိုက်ပျိုးရေးကို ကောင်းစွာ အကျိုးပြု လေသည်။ တည်နေရာနှင့် မြစ်ကြောင်း ဖွဲ့စည်းပုံ တို့ကြောင့် မြစ်ကြောင်း ခရီးဖြင့် သယ်ယူ ပို့ဆောင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဖွံ့ဖြိုးလာကာ ၁၄-၁၇ ရာစုအတွင်း အယုဒ္မ္ဓယသည် အာရှဧ။် ကူးသန်း ရောင်းဝယ်ရေး အချက်အချာ ဖြစ်လာလေ တော့သည်။ အယုဒ္မ္ဓယသည် ဘန်ကောက်မြို့ဧ။် မြောက်ဘက် ၇၆ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ၂၅၅၆.၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ ထိုင်းနိုင်ငံဧ။် မြို့တော်အဖြစ် ၄၁၇နှစ်ကြာ တည်ရှိခဲ့သည်။ မြို့အမည်မှာ ပါဠိဘာသာ ဖြစ်ပြီး ရန်သူအပေါင်း မတိုက်ခိုက် နိုင်သော မြို့ဟု အဓိပ္နœာယ် ရလေသည်။ ထို့ကြောင့် မြန်မာတို့က အ အက္မ္ခရာကို ဖြုတ်ပြီး ယိုးဒယားဟုခေါ်လျှင် ထိုင်းများ အလွန် စိတ်ဆိုးလေသည်။
ဥသောင်းမင်းခေါ် ပထမရာမာ သိဘောဒိမင်း လက်ထက် ၁၃၅၀ ခုနှစ်တွင် စတင်ခဲ့သော အယုဒ္မ္ဓယမြို့သည် စဖန်ဘူရီ၊ လော့ဘူရီနှင့် စန်ဘူရီ ပြည်နယ်များကို ပေါင်းစည်း တည်ခဲ့ပြီး သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် အုပ်ချုပ် ကာ နိုင်ငံ တ၀ှမ်းလုံးတွင် မြေရှင် ပဒေသရာဇ် စနစ်က အရေးပါသော စနစ်အဖြစ် လွှမ်းမိုးထား လေသည်။ တိုင်းပြည် တွင် အာဏာအရှိဆုံး ဘုရင်သည် သူဧ။် ဆွေတော် မျိုးတော်များနှင့် မှုးကြီးမတ်ကြီး များကို မြို့တော်နှင့် ဝေးရာမြို့ရွာ များအား စောင့်ရှောက်ရန် မြို့စားရွာစားများ အဖြစ် တာဝန် ပေးလေသည်။ ထိုမြို့ရွာများသည် သက်ဆိုင်ရာ အုပ်ချုပ် သူများဧ။် လက်အောက်တွင် ရှိသော်လည်း ထိုအုပ်ချုပ်သူ များကိုကား နန်းတော်မှသာ အုပ်ချုပ်လေသည်။ ၁၄၄၈-၁၄၈၈ ခုနှစ်အတွင်း စိုးစံခဲ့သော ဘောရောမ တြိလောကနတ် မင်းလက်ထက်တွင် အယုဒ္မ္ဓယဧ။် နိုင်ငံရေး စနစ်ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး အင်အားကောင်းသော အုပ်ချုပ်မှုဆိုင်ရာ ၀န်ကြီးဌာန နှစ်ရပ် ပေါ်ထွန်းလာပြီး ထိုစနစ်ကို အယုဒ္မ္ဓယဧ။် နောက်ဆုံးရက်များ အထိ သုံးစွဲခဲ့ ကြသည်။ ၁၈ရာစု အလယ်တွင် ဖွံ့ဖြိုး တိုးတက်ဆုံး ဖြစ်ခဲ့သည်။
မဟိန္မ္ဒရာသီရတ် မင်းလက်ထက် ၁၅၆၉ခုနှစ်တွင် အယုဒ္မ္ဓယသည် မြန်မာများ လက်အောက်သို့ ကျရောက်ခဲ့ ပြီး ၁၅နှစ်ကြာ မြန်မာ လက်အောက်ခံ အဖြစ် နေခဲ့သည်။ ၁၅၈၄တွင် နရဲစွမ် (ထိုင်းဓလေ့အရ မင်းမျိုးကို ဘုရားရှေ့တပ် ခေါ်လေ့ရှိရာ ဘုရားနရစ် ကို ထိုင်းလေသံဖြင့် ဖရာ့နရစ် ဟုအသံထွက်ရာ ယင်းကို မြန်မာအခေါ် ဗြနရာဇ် မင်းသားငယ်) မင်းသည် မြန်မာများကို ပြန်လည် တော်လှန်ကာ အယုဒ္မ္ဓယ ထီးနန်းကို ပြန်လည် စိုးစံခဲ့သည်။ ၁၆၅၆- ၁၆၈၈ ခုနှစ်များတွင် မင်းပြုခဲ့သော နရိုင်းမင်း လက်ထက်တွင် အနောက် နိုင်ငံများနှင့် သံတမန်ရေး၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆက်သွယ် လုပ်ဆောင်ရေး ပေါ်လစီကို စတင် ဆောင်ရွက် အကောင်အထည် ဖော်ခဲ့သည်။ ထိုအချိန်မှစပြီး အယုဒ္မ္ဓယသည် ခေတ်မီ နည်းပညာ သစ်များ၊ ဆောက်လုပ်ရေး နည်းပညာ သစ်များနှင့် ဗိသုကာ ပညာရပ်များကို အနောက်နိုင်ငံ များထံမှ သင်ယူနိုင် ခဲ့သည်။ သည် အထောက်အထား များကို အယုဒ္မ္ဓယနှင့် လော့ဘူရီမြို့ဟောင်း တို့ရှိ ရှေးဟောင်း အဆောက်အဦ ပျက်များကို ကြည့်ရှု လေ့လာခြင်းဖြင့် တွေ့နိုင်ပါသည်။
စူရီရတ် အမရင်မင်း ခေါ် ဧကတတ်မင်းသည် အယုဒ္မ္ဓယခေတ်ဧ။် နောက်ဆုံးမင်း ဖြစ်ကာ ၁၆၈၈ -၁၇၆၇ ခုနှစ် တွင်း ရင်ခွင်ပိုက် အရွယ်မှစပြီး နန်းစံခဲ့သည်။ ၁၇၆၇တွင် အယုဒ္မ္ဓယသည် မြန်မာများ လက်အောက်သို့ ထပ်မံ ကျရောက်ကာ ခေတ်တခေတ် ဇာတ်သိမ်းပြန်သည်။ ထို့ကြောင့် အယုဒ္မ္ဓယခေတ် သည် ၁၃၅၀မှ ၁၇၆၇ထိ သာ ထွန်းကားခဲ့ပြီး မင်းဆက်ပေါင်း ၃၃ဆက် စိုးစံခဲ့သည်။ ဗိုလ်ချုပ်ကြီး တက်ဆင်က ပြန်လည် အင်အား စုစည်းပြီး ထိုင်းနိုင်ငံ လွတ်လပ်ရေး ရရှိအောင် ပြန်လည် ကြိုးပမ်းခဲ့သည်။ သူ့လက်ထက်တွင် ထိုင်းနိုင်ငံသည် မြန်မာများ လက်အောက်မှ ပြန်လည် လွတ်မြောက်ကာ ကျောက်ဖယားမြစ်ဧ။် အနောက်ဘက်ကမ်း၊ သွန်ဘူရီအရပ်တွင် မြို့တော်သစ် တည်ခဲ့သည်။ထို့နောက် လက်ရှိ ချက္နရီ မင်းဆက်ကို ထူထောင်ကာ ပထမ ရာမမင်း အဖြစ် နန်းတက် ခဲ့သည်။ ထိုမင်းသည် အယုဒ္မ္ဓယနှင့် အခြား မြို့များမှ လူများကိုပါ သွန်ဘူရီသို့ ပြောင်းရွှေ့ နေစေခဲ့သည်။ ဗုဒ္မ္ဓရုတ် ဖာ ချူလာ လောင်ကောင်မင်း လွန်ပြီးနောက် ပထမ ရာမမင်း နန်းတက် သောအခါ သူနှင့် ညီတော်တို့သည် ရတနာ ကိုးစင်း အရပ်ခေါ် ဘန်ကောက်ကို စတင် တည်ထောင်ခဲ့ရာ မြို့တော်သစ် မပြီးမီကပင် သွန်ဘူရီနှင့် အယုဒ္မ္ဓယမှ လူအများစုသည် မြို့တော်သစ်သို့ ပြောင်းရွှေ့ အခြေချ ကြသဖြင့် အလွန်နည်းသော လူများသာ မြို့ဟောင်းများတွင် ကျန်ရစ်သည်ဟု အဆိုရှိကြသည်။ အယုဒ္မ္ဓယ မြို့ပျက်ကိုကား ပဥ္နမမြောက် ရာမမင်း လက်ထက် ရောက်မှ ပထမ အကြိမ်ပြုပြင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ယဉ်ကျေးမှု အပျက်အစီးများဧ။် အရေးပါမှုကို ပထမဆုံး အကြိမ် နားလည် သဘောပေါက် ပြီး ထိုအပျက်အစီးများကို ရှင်းလင်း ဖယ်ရှားခြင်း မပြုဘဲ မူရင်းအတိုင်း ထိန်းသိမ်း ထားခဲ့ရာ ယနေ့တိုင် ဖြစ်သည်။ နန်းတော် သုံးဆောင်နှင့် ဘုရားကျောင်းဆောင် ၄၀၀ကျော် ရှိခဲ့သော သည်ကျွန်းပေါ် ရှိ မြို့ဟောင်းသည် အာရှသား များကိုရော ဥရောပ နိုင်ငံသားများပါ လာရောက် ကြည့်ရှုရန် ဆွဲဆောင် နိုင်လေသည်။

သမိုင်းဥယျာဉ်တွင်းရှိမှတ်တိုင်များ


နန်းတော်။ ။ ၁၄၄၈တွင် ဘုရင် ဘောရောမ တြိလောကနတ် နန်းတက်သော အခါ ၀ပ်ဖရာစန်ဖတ် ကျောင်းကို ကျောင်းဟောင်း အနီးတွင် တည်ထားခဲ့ပြီး နန်းတော်သစ်ကို မြစ်ကမ်းဘေးသို့ ပြောင်းရွှေ့ ဆောက်လုပ်ခဲ့သည်။
စူရီရတ် အာမင်ဒရာ အဆောက်အဦ။ ။သည်အဆောက်အဦကို ဘုရင် ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သော ဘန်ချရတနာ အဆောက်အဦဧ။် ပရ၀ုဏ် အတွင်း မြစ်ကမ်းဘေးတွင် နရိုင်းမင်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ စက်ဖတ်ပရာစတ် ဧည့်ခန်းဆောင်။ ။ နိုင်ငံတော်ဆိုင်ရာ ဧည့်သည်များကို ဧည့်ခံရန် သည်အဆောက်အဦကို ဘုရင်ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သည်။ ၀ိဟာရစုမ်ဒတ် နန်းတက်ခန်းမဆောင်။ ။သည်အဆောက်အဦကို ဘုရင် ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သော မန်ကလာပိစပ် အဆောက်အဦကို အစားထိုးရန် ဖရာ ဆပ်သောင်းမင်းဧ။် အမိန့်ဖြင့် ၁၆၄၃ တွင် ဆောက်လုပ်ခဲ့ပြီး နန်းတက်ပွဲ ကဲ့သို့သော နိုင်ငံတော် အခမ်းအနားများ ကျင်းပရန် အသုံးပြုခဲ့လေသည်။ ချရ၀တ်ဖိုင်ချရုံ တပ်မတော်မှတ်တမ်းရုံး။ ။ ၁၆၃၂တွင်ဖရာ ဆပ်ဥသောင်းမင်း စတင် တည်ဆောက်ပြီး စီရိယဆိုသွန် မဟာဖိမန် ဘန်ယွန်ဟု အမည် မှည့်ခေါ် စေခဲ့ကာ မင်းအဆက်ဆက်က စစ်ရေး
လေ့ကျင့်မှုများနှင့် အစီအစဉ်များကို ပြန်လှန် သုံးသပ်ရာ အဆောက်အဦ အဖြစ် သုံးစွဲခဲ့ကြသည်။ နောက်ပိုင်းတွင်မူ သည်အဆောက်အဦ အမည်ကို ချရ၀တ်ဖိုင်ချရုံဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။ ထရိုင်မူအတ်အဆောက်အဦ။ ။ သည်အဆောက်အဦသည် ဘောရောမရချမင်းဧ။် သမိုင်းဆိုင်ရာ မှတ်တမ်းရုံး အဖြစ် ရှိခဲ့သော်လည်း ၁၄၂၇တွင် မီးလောင် ပျက်စီးခဲ့သည်။ ၁၉၀၈တွင် ချူလာလောင်ကွန်မင်းဧ။် နန်းသက် နှစ်၄၀ ပြည့် အထိမ်းအမှတ် အဖြစ် မူလ အဆောက်အဦဧ။် အုတ်မြစ်အတိုင်း ဆင်ဝင်ပေါက် သုံးခုပါသော ဧည့်ခန်းဆောင် ကို ဖျားဘွန်ရတ်ချ သနင်ဒရာ အား ပြန်လည် တည်ဆောက်ရန် အမိန့် ချခဲ့သည်။
ဆွန်ပူအန်အဆောက်အဦ။ ။ မင်းများ အဆက်ဆက် ညီလာခံသဘင် ကျင်းပရာ ခန်းမဆောင် အဖြစ် အသုံးပြု ခံခဲ့ရပြီး နန်းတော်အနီးတွင် တည်ရှိသည်။ မင်းကို ခစားရန် လာကြရသော မှုးကြီးမတ်ရာများသည် သည်အဆောင် သို့ လာရာတွင် မဟာပိုက ၀င်ပေါက်မှ ၀င်ပါက အနီးဆုံး ဖြစ်လေသည်။
ဝပ်ဖရာစီစန်ဖတ်။ ။သည်ဘုရားသည် နန်းတော်နှင့် တဆက်တည်း ဖြစ်ကာ ပထမ ရာမထိဘောဒိမင်း ခေါ် ဥသောင်းမင်း လက်ထက် ကတည်းက တည်ထားခဲ့ခြင်း ဖြစ်လေသည်။ ဘောရောမ တြိလောကနတ် မင်းသည် နန်းတော် ပရ၀ုဏ်ထဲတွင် သည်စေတီကို ရည်ရွယ်ချက် ရှိရှိ ဆောက်လုပ်ခဲ့လေသည်။ သည်ဘုရားကျောင်းဧ။် အရေးပါသော အဆောက်အဦမှာ အရိုးပြာ စေတီသုံးဆူ ဖြစ်ပြီး ဘုရင်ဘောရောမ တြိလောကနတ်၊ ဘုရင် တတိယမြောက် ဘောရောမ ရတ်ချသီရတ်နှင့် ဘုရင်၏ ဒုတိယမြောက် ရာမထိဘောဓိတို့ရဲ့ အရိုးပြာများ ဌာပနာထားပြီး တော်ဝင် ဘုရားကျောင်း ဖြစ်လာခဲ့ပြီး သစ္နာ ကျိန်ဆိုပွဲ ကဲ့သို့သော အရေးကြီးသော တော်ဝင် အခမ်းအနား များကို ကျင်းပခဲ့ပါသည်။ နောက်ပိုင်းတွင် တော်ဝင် မိသားစုဧ။် သီးသန့် ကိုးကွယ်ရာနှင့် အရိုးပြာများ သိမ်းဆည်း ပူဇော်ရာ ဖြစ်လာခဲ့သည်။ သည်ဘုရားကျောင်းတွင် အခြား ကျောင်းများကဲ့သို့ ဘုန်းကြီးများ နေထိုင်ခြင်း မရှိဘဲ အခမ်းအနား ရှိမှသာ အခြား ကျောင်းများမှ ပင့်ဖိတ်ခဲ့ ကြလေသည်။
ဝပ်မဟာထပ်။ ။၁၃၇၄တွင် ပထမ ဘောရောမ ရတ်ချာ သီရတ်မင်း လက်ထက်က တည်ထားခဲ့ပြီး ရမဲစွမ်မင်း လက်ထက် ရောက်မှ ပြီးစီးခဲ့သော သည်ဘုရား ကျောင်းသည် ခမ်းနား ကြီးကျယ်သော ကျောင်းဖြစ် ခဲ့လေသည်။ မြတ်စွာဘုရားဧ။် ဓာတ်တော်များကို ဌာပနာ ထားသော ဂန္မ္ဓကုဋီတိုက်သည် မူလအစက မီတာ၅၀ မြင့်ခဲ့သော်လည်း ၁၉၁၁ခု ပဥ္နမမြောက် ရာမမင်း လက်ထက်တွင် ထိပ်ပိုင်းမှာ ပြိုကျခဲ့သဖြင့် ယခုအခါ အောက်ပိုင်း ကိုသာ မြင်တွေ့နိုင် တော့လေသည်။ ၀ပ်ယိုင်ချိုင်မွန်ကော။ ။မြို့ဧ။် အရှေ့ဘက်ပိုင်းတွင် တည်ရှိသော သည်ဘုန်းတော်ကြီး ကျောင်းကို ဥသောင်းမင်း တည်ခဲ့ပြီး သီဟိုဠ်သို့ သွားရောက်ကာ ဗုဒ္မ္ဓဘာသာကို လက်တွေ့ လေ့လာ ဆည်းပူး သင်ယူခဲ့သော ရဟန်းတော်များ အတွက် ရည်ရွယ်ခဲ့လေသည်။ ထိုရဟန်းတော်များ လူသိများလာ သောအခါ သံဃာ့နာယက ဆရာတော်အား ဆုမ်ဒတ်ဖရာဝနရတ် ဘွဲ့တံဆိပ်ကို ဆက်ကပ် ခဲ့လေသည်။ ထိုကျောင်းတော်ကို နောက်ပိုင်းတွင် ဘုရင်နရဲစွမ်က မြန်မာတို့ကို အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် ပြန်လည် မွမ်းမံ တည်ဆောက် ခဲ့လေသည်။
ဝပ်ချိုင် ၀ပ်ထနာရမ်။ ။မိခင်ဧ။် ဇာတိမြို့ကို အမှတ်ရရန်နှင့် နန်းတက်ပွဲ အခမ်းအနား ကျင်းပရန် ဖရာဆတ် သောင်းမင်းက ၁၆၃၀တွင် သည် ဘုရားကို တည်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် ခမာတို့ကို အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် ခမာဗိသုကာ လက်ရာကို သုံးကာ သည်ဘုရားကို တည်ခဲ့ လေသည်။ သည်ဘုရားကျောင်းဧ။် ထူးခြားချက်မှာ အရပ် ရှစ်မျက်နှာမှ ၀န်းရံ ထားသော အာရုဏ်ခံ တန်ဆောင်းငယ်များ အလယ်ရှိ အာရုဏ်ခံ တန်ဆောင်းကြီး ဖြစ်ပြီး မြတ်စွာဘုရားဧ။် ဓာတ်တော်များကို ဌာပနာ ထားသည်ဟု ယုံကြည် ကြလေသည်။

အယုဒ္မ္ဓယ ၀န်းကျင်နှင့် အယုဒ္မ္ဓယ အနီးတ၀ိုက်သို့ လည်ပတ်နည်းများ

တုတ်တုတ်ခေါ် သုံးဘီးကားလေးများဖြင့် အနီးအနား နေရာများသို့ သွားရောက် လည်ပတ်လျှင် ခရီး အကွာအဝေး ကို လိုက်ပြီး ၁၀ဘတ်မှ ဘတ်၃၀ ကြား ပေးရလေ့ရှိပါသည်။ ဘူတာရုံမှ အယုဒ္မ္ဓယ ရှေးဟောင်းမြို့ထိ ဘတ်၃၀ခန့် ပေးရပြီး အယုဒ္မ္ဓယမြို့တွင်း လည်ပတ်ခ မှာမူ အလွန်ဆုံးမှ ဘတ်၂၀သာ ပေးရပါသည်။ ရှေးဟောင်း အဆောက် အဦများကြား လည်ပတ်ရန် အကောင်းဆုံးနည်းမှာ စက်ဘီးဖြစ်ပြီး တည်းခိုခန်း များတွင် ငှားရမ်းနိုင်ကာ တစ်ရက် လျှင် ဘတ်၅၀ ဖြစ်ပါသည်။ဟိုင်းလတ် အငှားကား ယာဉ်များဖြင့် လည်းကောင်း၊ သုံးဘီးကား များဖြင့် လည်းကောင်း နာရီလိုက် သို့မဟုတ် နေ့ပြတ် ငှားလိုပါက ငှားနိုင်ပြီး တစ်နာရီ ဘတ်၁၅၀ သို့မဟုတ် တစ်ရက် ဘတ် ၅၀၀ကျ သင့်လေသည်။ လမ်းလျှောက်ရင်း လည်ပတ်လိုပါက လည်ပတ်နိုင် သော်လည်း မိုးရာသီနှင့် နွေရာသီ တို့တွင်ကား လွန်စွာ ပင်ပန်းခံနိုင်ပါမှ လမ်းလျှောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ဘန်ကောက်ဧ။် ဆောင်းရာသီ သည်ကား မြန်မာတို့ အပေါ်အင်္ကျီပင် ၀တ်ရန် မလိုလောက် အောင်ပင် ဆောင်းမပီသသော ဆောင်းဖြစ်ပါသည်။ နေ့ခင်းပိုင်း တွင် ကား နွေတမျှ ပူသည်သာတည်း။ ဟွာရိုဈေးအနီးရှိ ချန်ကစန်ကူးတို့ဆိပ် ခေါ် သချန်ကစန် လှေဂိတ်မှ လှေငှားကာ အယုဒ္မ္ဓယ ကျွန်းတစ်ပတ်ခန့် လှည့်လည် ကြည့်ရှုရင်း ကုန်းလမ်းမှ လူသွားလူလာ နည်းသော နေရာများမှ ရှေးဟောင်း အဆောက်အဦ ပျက်များကို လှေပေါ်မှ နေရင်း လေ့လာနိုင်ပါသည်။ လူရှစ်ယောက် လိုက်ပါနိုင်သော လှေကိုငှားလျှင် ၂နာရီမ ၃နာရီကြာ ခရီးကို ဘတ်၄၀၀ ပေးရပြီး ၀ပ်ဖွတ် ထိုင်းဆ၀မ်ဘုရား၊ ၀ပ်ဖနန်ချောင် ဘုရားကျောင်းနှင့် ၀ပ်ချိုင် ၀တ်ထနာရမ် ဘုရား တို့တွင် ခဏ ရပ်ပေးပါသည်။
အယုဒ္မ္ဓယမြို့တွင်းတစ်ပတ်စာ မီနီဘတ်စ် ငှားရမ်းလိုပါက တစ်ရက်စာ ဘတ်၂၅၀မှ ဘတ် ၃၀၀ ကြားငွေဖြင့် ငှားရမ်း နိုင်ပါသည်။ အယုဒ္မ္ဓယမြို့ဟောင်းမှ ဘန်ပါအင်းသို့ သွားလိုပါက ခေါင့်ပရွန် လမ်းပေါ်ရှိ ခေါင့်ပရွန် ဈေးရှိ မီနီဘတ်စ် ဂိတ်တွင် ကားစီးနိုင်ပြီး မနက်၆နာရီခွဲမှ စတင်ကာ နေ့စဉ် ပုံမှန် ပြေးဆွဲပါသည်။ ကားခ ဘတ်၃၀ ပေးရပြီး မိနစ်၅၀ခန့် ကြာလျှင် ဘန်ပါအင်း နန်းတော်သို့ ရောက်ပါသည်။
ခရီးစဉ်လမ်းညွှန်။
မော်တော်ကား။ ။(၁) ဘန်ကောက်မှ မြောက်ဘက်သို့ ပဟိုယိုသင်း လမ်းမကြီး ခေါ် အဝေးပြေး လမ်းမကြီး အမှတ်(၁) အတိုင်း သွားပြီးနောက် အဝေးပြေး လမ်းမကြီး အမှတ် ၃၂ သို့ ထပ်ဆင့် လမ်းကြောင်း ပြောင်းကာ မောင်းလျှင် အယုဒ္မ္ဓယ မြို့ဟောင်းသို့ ရောက်ပါသည်။ (၂) ဘန်ကောက်မှ မြောက်ဘက်သို့ ချန်ဝတ်ထနာလမ်း ခေါ် အမှတ်၃၀၄ အဝေးပြေး လမ်းမကြီး အတိုင်း သို့မဟုတ် ငမ်ဝန်ဝမ် လမ်းခေါ် အမှတ် ၃၀၂ အဝေးပြေး လမ်းမကြီး အတိုင်း သွားပြီးနောက် ညာဘက်ကို ကွေ့ကာ တိဝမ်နွန်လမ်း ခေါ် အမှတ်၃၀၆ အဝေးပြေး လမ်းမကြီး အတိုင်း သွားပြီး အမှတ် ၃၁၁၁ အဝေးပြေး လမ်းမကြီး အတိုင်း ဆက်သွားပါ။ အန်ဖိုစီနာ ရောက်လျှင် ညာဘက် ကွေ့ကာ အမှတ်၃၂၆၃ အဝေးပြေး လမ်းမကြီးအတိုင်း ဆက်သွားလျှင် ရောက်ပါသည်။ (၃) ဘန်ကောက်မှ မြောက်ဘက်သို့ ဘန်ကောက်- နွန်သဘူရီ- ပသုန်ထာနီ လမ်းမကြီးခေါ် အဝေးပြေး လမ်းမကြီးအမှတ် ၃၀၆ အတိုင်းသွားပြီး နောက်အမှတ် ၃၄၇ အဝေးပြေး လမ်းမကြီးအတိုင်း ဆက်သွားလျှင် ရောက်ပါသည်။
ဘတ်စ်ကား။ ။ဘန်ကောက်ရှိ မိုးပျံနှင့် မြေအောက် ရထားဂိတ်များ လမ်းဆုံးရာ မိုချစ်မြောက်ပိုင်း အဝေးပြေးဂိတ်မှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ တိုက်ရိုက် ထွက်သော၊ အယုဒ္မ္ဓယ မြို့ဟောင်းမှ နရဲစွမ်လမ်းရှိ ဘတ်စ်ကားဂိတ်မှ ဘန်ကောက်သို့ တိုက်ရိုက် ပြန်သော သာမန် ဘတ်စ်ကားများမှာ မနက် ၅နာရီမှ ည၇နာရီ အတွင်း မိနစ်နှစ်ဆယ် တိုင်းတွင် တစ်စီးကျ နေ့စဉ် ထွက်ကာ ကားခမှာ ဘတ်၃၀သာ ကျကာ နှစ်နာရီအတွင်း ရောက်နိုင်ပါသည်။ လေအေးပေး စက်တပ် ဘတ်စ်ကား များသည် သာမန် ဘတ်စ်ကားများနှင့် တူညီသော လမ်းကြောင်းအတိုင်း မောင်းကာ မနက် ၅နာရီ ၄၀မိနစ်မှ ည ၇နာရီ မိနစ်၂၀ အတွင်းတွင် မိနစ် ၂၀ တိုင်းတွင် တစ်စီးကျ နေ့စဉ်ထွက်ကာ ကားခမှာ ၄၇ဘတ် ကျသင့်ပြီး ခရီးစဉ်မှာ ဘန်ကောက် မြောက်ပိုင်း ယာဉ်ကြော ပိတ်ဆို့မှု မရှိခဲ့လျှင် တစ်နာရီခွဲ ခန့်သာ ကြာသော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ရှိခဲ့ပါမူ နှစ်နာရီခန့် ကြာနိုင်သည်။
မီးရထား။ ။ ဘန်ကောက်ရှိ ဟွာလန်ပုန် ဘူတာရုံမှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ ထွက်သော မီးရထား များမှာ မနက် ၄နာရီ မိနစ်နှစ်ဆယ်မှ ည ၁၀နာရီ အတွင်း တစ်နာရီခြား တစ်စီး ထွက်ကာ တတိယတန်း တွဲများတွင် လူတစ်ယောက်လျှင် ရထားခ ၁၅ဘတ် ကျသင့်ကာ တစ်နာရီခွဲခန့် စီးရလေသည်။
ရေယာဉ်။ ။ ဘန်ကောက်နှင့် အယုဒ္မ္ဓယ မြို့ဟောင်းသို့ ပုံမှန် ပြေးဆွဲသော အစိုးရပိုင် ရေကြောင်း ဆက်သွယ်ရေး ၀န်ဆောင်မှု မရှိသော်လည်း များစွာသော ခရီးသွား လုပ်ငန်း ကုမဏီ များမှ ဇိမ်ခံ အပျော်စီး သင်္ဘော များဖြင့် ဘန်ကောက်မှ ဘန်ပါအင်းသို့ ပို့ဆောင်ပေးပြီး ဘန်ပါအင်းမှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ လေအေးစက်တပ် ဘတ်စ်ကားကြီးများဖြင့် လိုက်လံ ပို့ဆောင်ကာ ၀န်ဆောင်ခ အဖြစ် ဘတ် ၁၅၀၀မှ ၁၈၀၀ ကြား ယူလေသည်။ ရှေးခေတ်သုံး ဆန်သယ်လှေ ပုံစံကို မွမ်းမံ ပြင်ဆင် ထားသော ရှေးပုံ ဗိုက်ပူ လှေကြီးများဖြင့် သွားလျှင်ကား နှစ်ရက်ကြာ ခရီးကို ဘတ် ၄၈၀၀ အနည်းဆုံး ပေးရလေသည်။
ဘန်ပါအင်းနန်းတော်
အယုဒ္မ္ဓယမှ ကျောက်ဖယား မြစ်ကြောင်းအတိုင်း မိုင်အနည်းငယ် စုန်ဆင်းလျှင် ဘန်ပါအင်း နွေနန်းတော် သို့ ရောက်လေသည်။ ၁၇ရာစုခန့်က နွေရာသီ အပန်းဖြေ နားနေရင်း နန်းတွင်း တရားရုံး အဖြစ် အသုံးပြုရာ နေရာ ဖြစ်ခဲ့သည်။ သို့သော် အယုဒ္မ္ဓယ အသိမ်းပိုက် ခံရစဉ်က သည်နန်းတော်သည်လည်း ဖျက်ဆီး ခံခဲ့ရပြီး ၁၉ရာစုနှစ် အတွင်း စတုတ္မ္တမြောက် ရာမမင်း လက်ထက် ရောက်မှ ပြန်လည် မွမ်းမံ ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ မြင်တွေ့ နိုင်သော အဆောက် အဦ အများစုမှာ ပဥ္နမမြောက် ရာမမင်း လက်ထက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး နွေရာသီ ရောက်တိုင်း သည်နန်းတော် တွင်ပင် ပုံမှန် စံမြန်းခဲ့ လေသည်။ ရေမြောင်း လမ်းများနှင့် ရေကန်ငယ်တို့ ခြံရံထားသော ပန်းခြံကြီး အလယ်တွင် စုံလင်လှသော ဗိသုကာ လက်ရာတို့ဖြင့် တည်ဆောက် ထားသော သည်နန်းတော်သည် ထူးခြား နေပေသည်။ အများပြည်သူကို ပြသသော တစ်ခုတည်းသော တော်ဝင် အိမ်တော်မှာ တရုတ် လက်ရာဖြင့် ဆောက်လုပ် ထားသော ထို့ပြင် တရုတ်ပြည်မှ မှာယူ တင်သွင်းထားသော ပစ္နည်းများဖြင့်သာ ဆောက် လုပ်ထားသော ၀ီဟတ်ချမ်ရွန် နန်းတော် ဖြစ်လေသည်။ ထို့ပြင် အီတလီ လက်ရာဖြင့် ဆောက်လုပ် ထားသော၊ စက်ဝိုင်းပုံ နားနေဆောင်မှ လှေကားထစ်များက ရေကန်ဆီသို့ တထစ်ချင်း ဆင်းသွားဟန် ဆောက်လုပ် ထားသော နန်းတော် တစ်ဆောင်နှင့် ရေကန်ထဲတွင်မူ အိစ၀မ်တစ် ပရအတ်စနာ ခေါ် ထိုင်းလက်ရာ စံအိမ် တစ်လုံးလည်း ရှိရာ ဗိသုကာ ပညာရှင်များအဖို့ နိုင်ငံစုံမှ ဗိသုကာ လက်ရာများကို တထိုင်တည်း ကြည့်ရသကဲ့သို့ ဖြစ်လေသည်။ ထိုမှ တဆင့် ရေကန်တွင်း လမ်းအတိုင်း သွားလျှင် ဘုရားကျောင်းဆောင် တစ်ဆောင်ကို တွေ့ရပြီး ရှေးဟောင်းလက်ရာ နှင့် အလယ်ခေတ် ဘာဘေးရီးယန်း ခေတ်လက်ရာ ရောနှောထားသော ပုံစံဖြင့် ဆောက်လုပ်ထားပြီး အရောင်ခြယ် ထားသော ဖန်ဖြင့် ပြုလုပ်ထားသော ပြတင်းပေါက် တစ်ခုလည်း ရှိလေသည်။ ဥယျာဉ်ဝင်း အတွင်းတွင်မူ ဥရောပ လက်ရာ ရုပ်တုများ ပြန့်ကျဲ တည်ရှိ နေပြီး လှေမှောက်ရာတွင် ရေနစ် သေဆုံးသူ ချစ်လှစွာသော မိဖုရားနှင့် အခြား မိသားစုဝင်များ အတွက် အမှတ်တရဖြစ်ရန် ပဥ္နမမြောက် ရာမမင်းဧ။် အမိန့်အရ ခင်းကျင်းထားခြင်း ဖြစ်လေသည်။ ဘန်ပါအင်း နန်းတော်ဝင်း အတွင်း စိတ်ဝင်စားစရာ ကောင်းသော နေရာများမှာ
ဝပ် နီဝတ် သမပရာဝတ် ဘုရားကျောင်း။ ။ ပဥမမြောက် ရာမဘုရင် ခေါ် ချူလာ လောင်ကောင်မင်း လက်ထက်က တည်ထားခဲ့ပြီး ထိုင်းဘုရား ကျောင်းနှင့် တူသည်ထက် ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းနှင့် ပိုမိုတူသော ဗိသုကာ လက်ရာဖြင့် တည်ဆောက် ထားလေသည်။ ခရီးသွား ဧည့်သည်များသည် ဘုရားကျောင်းသို့ ရောက်ရန် မြစ်ကို ကေဘယ်ကားဖြင့် ဖြတ်ကူးရပြီး ဖြတ်ကူးခမှာ အခမဲ့ ဖြစ်လေသည်။ ဖရာ့ သီနန် ဥတရန် ဖူမိစသီရန်။ ။ သည်အဆောက်အဦသည် ခမ်းနား ကြီးကျယ်စွာ အနုစိတ် ဆောက် လုပ်ထားသော နှစ်ထပ် အိမ်တော် ဖြစ်ပြီး အစိမ်းဖျော့မှ အရင့်သို့ အစဉ်လိုက် ခြယ်မှုန်း ထားလေသည်။ ရေကန်ဧ။် အရှေ့ဘက်တွင် ဆောက်လုပ်ထားသည်။ ထိုအိမ်တော်ဧ။် လသာဆောင်ကို ဆွစ်ဇာလန်နိုင်ငံရှိ အိမ်များဧ။် ပုံစံဖြင့် ဆောက်လုပ်ထားလေသည်။ ၁၉၃၈ခုနှစ်တွင် ပြန်လည် မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်နေစဉ် သည်အိမ်တော်သည် မီးသင့်လောင် ခဲ့သေးသည်။ ထိုသို့ မီးမလောင်မီက သည်အိမ်တော် တစ်ခုလုံးကို သစ်သားဖြင့် ဆောက်လုပ်ထားပြီး ဥရောပမှ တိုက်ရိုက် မှာယူ တင်သွင်းသော မဟော်ဂနီသား ပရိဘောဂ များဖြင့် ခင်းကျင်း ပြင်ဆင် ထားလေသည်။ ဘန်ကောက်မှ ဘန်ပါအင်း နန်းတော်သို့ အပျော်စီး ဇိမ်ခံရေယာဉ်ဖြင့် သွားနိုင်သော ခရီးစဉ်လည်း များစွာ ရှိလေသည်။ ဘန်ပါအင်း နန်းတော်သည် မနက်၉နာရီမှ ညနေ ၃နာရီထိ ဖွင့်ပြီး ၀င်ကြေး ဘတ်၅၀ ဖြစ်လေသည်။

ဆူခိုထိုင်းရှေးဟောင်းမြို့တော်


ဆူခိုထိုင်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းဧ။် အောက်နားတွင် ရှိပါသည်။ ဆူခိုထိုင်းဧ။် အဓိပ္ပœာယ်မှာ ပျော်ရွှင်မှုဧ။် အာရုဏ်ဦး ဖြစ်ပါသည်။ ဘန်ကောက်မြို့မှ မြောက်ဘက်သို့ ၄၂၇ ကီလိုမီတာနှင့် ချင်းမိုင်မြို့မှ တောင်ဘက် သို့ ၂၉၈ ကီလိုမီတာ ကွာဝေးသော နေရာတွင် တည်ရှိပါသည်။
၁၃ရာစု အစောပိုင်း ကာလတွင် ရုန်မြစ်ဝှမ်း လွင်ပြင်တွင် အခြေချ နေထိုင်ခဲ့သော



ထိုင်းလူမျိုးများသည် ခမာအင်ပါယာ လွှမ်းမိုးမှု အောက်တွင် နေထိုင်ခဲ့ ကြသည်။ ၁၄ရာစုအစောပိုင်း ခမာအင်ပါယာ အင်အား ကျဆင်း သွားသောအခါ ထိုင်းများသည် ခမာများကို တော်လှန်ပြီးနောက် သူတို့ဒေသကို ဆူခိုထိုင်းနိုင်ငံ အဖြစ် ကြေညာ ကာ ကိုယ့်ထီး ကိုယ့်နန်းဖြင့် အုပ်ချုပ်စိုးစံခဲ့ကြသည်။ ထို့ကြောင့် ဆူခိုထိုင်း ခေတ်ဦးပိုင်း တွင် တည်ဆောက်ခဲ့သော အနုပညာ လက်ရာများနှင့် အဆောက်အဦများတွင် ခမာနှင့် သီဟိုဠ်ခေတ် လက်ရာများ ရောနှောလျက် ရှိသည်ကို တွေ့ရလေသည်။ နှောင်းပိုင်းနှစ် များတွင်မူ ကိုယ်ပိုင် အနုပညာ လက်ရာများကို ဖန်တီးနိုင်ခဲ့ကြသည်။ ထိုင်း ဘာသာအက္မ္ခရာကို ၁၂၈၃တွင် စတင်တီထွင် အသုံးပြုသည် အထိ ဆူခိုထိုင်းရွှေခေတ်သို့ရောက်ခဲ့သည်။
ဆူခိုထိုင်းသမိုင်းဥယျာဉ်သည် ဆူခိုထိုင်း-တပ်ခ် အဝေးပြေးလမ်းမကြီးမှ ၁၂ကီလိုမီတာ ဝေးသောအရပ် တွင် တည်ရှိသော ကုလသမဂ္မ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းကြီးမှ သတ်မှတ်ပေး ထားသော ကမ္ဘာ့ သမိုင်းဆိုင်ရာ အမွေအနှစ် တစ်ရပ် ဖြစ်လေသည်။ သည်ဥယျာဉ်တွင်းတွင် လေ့လာ လည်ပတ်သူများ အထူး စိတ်ဝင်စားခြင်း ခံရသော အရာများမှာ ယိုယွင်း ကြွင်းကျန်ရစ်သော ဘုရားကျောင်းများမှ တိုင်များနှင့် စေတီ များ၊ စေတီများ အောက်မှ ဆူခိုထိုင်း ဗိသုကာ လက်ရာဖြင့် ဆောက်လုပ် ထားသော ဆန်းပြားသည့် ကြာပလင်၊ မြို့တံတိုင်းများနှင့် ရေသွင်းစနစ် အပြည့်အစုံပါသော ရေကန်များ၊ ရေနှုတ်မြောင်းများ ဖြစ်လေသည်။
အံ့သြ အထင်ကြီးဖွယ် ဗိသုကာလက်ရာများ၊ ရုပ်လုံးရုပ်ကြွများနှင့် အနုပညာ လက်ရာများမှာ လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်ရာခန့်က ထွန်းကားခဲ့သော ဆူခိုထိုင်းခေတ်ဧ။် ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက်မှု ကိုညွှန်းဆိုလျက် ရှိလေသည်။ ဆူခိုထိုင်းနှင့် ပတ်ဝန်းကျင် မြို့များသို့ လည်ပတ်ခြင်းသည် တိုင်းပြည်ဧ။် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ရေးရာ အတွက် အရေးပါသော ခြင်းရာတစ်ရပ် ဖြစ်လေသည်။

ဆူခိုထိုင်းသည် ထိုင်းနိုင်ငံအစစ် အဖြစ်စတင်ရာ ခေတ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း အယုဒ္မ္ဓယခေတ် မတိုင်မီ အချိန်တိုတိုသာ ထွန်းကားခဲ့ပါသည်။ ၁၂၃၈ - ၁၃၇၆ အတွင်းသာ ထွန်းကားခဲ့သော မြို့ပြနိုင်ငံ ဖြစ်ပြီး ယင်းခေတ် ပျက်သုဉ်းသောအခါ ထိုင်းနိုင်ငံသည် အယုဒ္မ္ဓယနိုင်ငံ အဖြစ် ပြောင်းလဲ ခေါ်တွင်ခြင်း ခံခဲ့ရသည်။ ဆူခိုထိုင်း ခေတ်သည် ရမ်ခမ်ဟမ်မင်း လက်ထက်တွင် အထွန်းကားဆုံး ဖြစ်ပြီး ပထမဆုံးထိုင်းစာ ရေးသားနည်း ပေါ်ထွန်း ခဲ့လေသည်။ ကျော်ကြားသော ကျောက်ထွင်းစာတွင် ”သည်မြေ တွင်ဆန်ရပြီး သည်ရေတွင် ငါးရှိသည့်အတွက် ပဒေသာမြေ ဖြစ်ကြောင်း ပြခြင်း ဖြစ်သည်”€ ဟုရေးသား ထားလေသည်။
သမိုင်းဥယျာဉ်တွင်းရှိမှတ်တိုင်များ ၀ပ် ဆိုသည်မှာ ထိုင်းဘာသာဖြစ်ပြီး မြန်မာလို ဘုရားကျောင်းဟုအဓိပ္ပœာယ်ရပါသည်။


ဝပ်မဟာထပ်။ ။ဘုရားကျောင်းသည် အလွန်ကြီးပြီး အရေးပါကာ ဆူခိုထိုင်း မြို့လယ်တွင် တည်ရှိသည်။ ဘုရားကျောင်း၏ အရေးပါသော အစိတ်အပိုင်းမှာ ကြီးမားသော ကြာဖူးပုံ ထိပ်အုပ် စေတီ၊ တရားခန်းမရဲ့ အုတ်မြစ် နှင့် ၀ိဟာရ ကျောင်းတော်ရာ တို့ဖြစ်လေသည်။ ကျောက်စာအမှတ်၁ အရ ဆူခိုထိုင်း မြို့လယ်တွင် ၀ိဟာရကျောင်း၊ ရွှေဘုရား၊ ဘုရားရှည်၊ ဘုရားကြီး နှင့် ဘုရားလှတို့ ရှိခဲ့သည်ဟု ဆိုလေသည်။

ဝပ်စရီစ၀ိုင်။ ။ဝပ်မဟာထပ်ရဲ့ တောင်ဘက် ၃၅၀မီတာ အကွာမှာရှိတဲ့ သည်ဘုရားကျောင်းဧ။် အဓိကအဆောင်တွင် ဂ၀ံကျောက်ဖြင့် ပြုလုပ်ထားသော ဘုရားခန်း သုံးခန်း၊ ဘုရားခန်းများဧ။် ရှေ့တွင် တရားဟောဆောင်နှင့် အဆောက် အဦ တစ်ခုလုံးကို ပတ်ရံထားသော ကျုံး ရှိလေသည်။ သည်ဘုရားကျောင်းဧ။် ဧရိယာကို ဂ၀ံကျောက်တုံး နံရံဖြင့် ပိုင်းခြားသတ်မှတ် ထားလေသည်။ ၁၉၀၇တွင် ဆဌမမြောက် ရာမဘုရင်သည် ဘုရားကျောင်းကို လာရောက် လည်ပတ်ခဲ့စဉ်က ကြေးသွန်း ဗိသနိုးရုပ် တွေ့ရှိခဲ့သဖြင့် သည်ဘုရားကျောင်းသည် ယခင်က ဟိန္မ္ဒူ ဘုရားကျောင်း ဖြစ်ခဲ့ဟန် ရှိသည်ဟု ဘုရင်က ကောက်ချက် ချခဲ့လေသည်။
ထို့ပြင် ဂ၀ံကျောက်ဖြင့် ထုလုပ် ထားသော လျောင်းတော်မူ ဗိသနိုးရုပ်၊ အခြား ဟိန္မ္ဒူနတ်ရုပ် များနှင့် လော့ဘူရီ ခေတ် အနုပညာ လက်ရာ များကိုလည်း ဘုရားကျောင်းရှိ ကျုံးများကို ပြန်ဆည်စဉ် ပြန်လည် တွေ့ရှိရသဖြင့် ၁၃ ရာစုနှစ်များ အစပိုင်းအတွင်း သည်ဘုရား ကျောင်းတွင် ဘာသာရေး ကိုးကွယ်မှုမှာ ဟိန္မ္ဒူဘာသာနှင့် ဗုဒ္မ္ဓဘာသာ ရောထွေးနေဟန် ရှိသည်ဟု ယူဆရလေသည်။ ၁၃ရာစု နှောင်းပိုင်းတွင်မှ ဗုဒ္မ္ဓဘာသာ ထွန်းကားခဲ့ပြီး ဗုဒ္မ္ဓဘာသာ ဘုရားကျောင်း ဖြစ်လာခဲ့ဟန် ရှိလေသည်။
ဝပ်ချနစုံခရမ်။ ။သည်ဘုရား ကျောင်းသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး ရမ်ခမ်ဟန်းဂ် ဘုရင် အမျိုးသား ပြတိုက်နှင့် ဘေးချင်း ကပ်လျက် ရှိလေသည်။ သည်ဘုရား ကျောင်းဧ။် အရေးအကြီးဆုံး အဆောက်အဦမှာ သီရိလင်္ကာ လက်ရာစေတီ ဖြစ်လေသည်။ စေတီဧ။် ပစ္နယာဆင့် များကို ဂ၀ံကျောက် များဖြင့် တည်ဆောက်ထားပြီး အပေါ်ပိုင်းများကို အုတ်ဖြင့် ဆောက်လုပ် ထားလေသည်။ ထို့ပြင် ရှေးဟောင်း ၀ိဟာရဆောင်ဧ။် အုတ်မြစ်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ် ကျော်ခန့်က ပြန်လည် တည်ဆောက် ထားခဲ့သော အာရုဏ်ခံ တန်ဆောင်းလည်း ရှိလေသည်။ သည်ဘုရား ကျောင်းထဲတွင် ဆူခိုထိုင်းခေတ် လက်ရာဖြင့် ကျောက်ပေါ်တွင် ထွင်းထုထားသော မြတ်စွာဘုရားဧ။် ခြေတော်ရာကို သိမ်းဆည်းထားသော အဆောက်အဦ ငယ်တစ်လုံးလည်း ရှိလေသည်။
ဝပ်ထရာဖန်ငွမ်။ ။ထရာဖန်ငွမ်ဆိုသည်မှာ သမိုင်းဝင် အဆောက်အဦများ ခြံရံလျက် တည်ရှိသော ရေလှောင်ကန် ဖြစ်ပြီး ရေလှောင်ကန်ဧ။် အနောက်ဘက် ခြမ်းတွင် တည်ထားသော ကြာဖူးထိပ်အုပ် စေတီကို ၀ပ်ထရာဖန်ငွမ် ဟုခေါ်လေရာ ဆည်တော်ဦး စေတီဟုလည်း မြန်မာဆန်ဆန် မှတ်ယူနိုင် လေသည်။ ထူးဆန်းသော စိတ်ကူးဖြင့် တည်ဆောက် ထားသော အာရုဏ်ခံ တန်ဆောင်းသည် ကန်လယ်ကျွန်း ပေါ်တွင် တည်ရှိလေသည်။
နိုအမ်ဖရာဆပ်။ ။သည်သမိုင်းဝင် အဆောက်အဦသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး မျက် နှာစာ တဖက်လျှင် မီတာ၂၀၀ ကျယ်သော လေးထောင့်စပ်စပ် အုတ်ခုံသာ ကျန်ရစ်ခဲ့သည်။ ကြေးသွန်း လူပုံအပိုင်း အစများနှင့် အုတ်ဖြင့် ပြုလုပ်ထားသော ခြင်္သေ့ပုံ အပိုင်းအစ တို့ကို ထိုအုတ်ခုံအနီးတွင် တူးဖော် ရရှိခဲ့သည်။ ၁၈၃၃တွင် စတုတ္မ္တမြောက် ရာမ ဘုရင် သည်နေရာကို လည်ပတ်ခဲ့စဉ်က ကျောက်ထွင်း ကျောက်စာချပ် တစ်ချပ် တွေ့ရှိခဲ့ပြီး ယခုအခါ ကျောက်စာတိုင် အမှတ်၁ဟု ခေါ်တွင်သည်။
ခရီးစဉ်လမ်းညွှန်
မီးရထား။ ။ ဆူခိုထိုင်းသို့ တိုက်ရိုက် ရောက်သော မီးရထား မရှိဘဲ ပစ္နနုလောက်သို့သာရထား ရောက်ပြီး ထိုမှတဆင့်၅၉ကီလိုမီတာခန့် ဘတ်စ် ကားစီးလျှင်ဆူခိုထိုင်းသို့ရောက်နိုင်ပါသည်။
ဘတ်စ်ကား။ ။ဘန်ကောက် မြို့ရှိ မိုချစ် အဝေးပြေး ကားဂိတ်မှ ဆူခိုထိုင်းသို့ နေ့စဉ်ထွက်သော လေအေးစက် တပ် ဘတ်စ်ကားများသည် မနက်၉နာရီ ၄၅မိနစ်နှင့် ည၁၀နာရီ မိနစ်နှစ်ဆယ် တွင်ပုံမှန် ထွက်လေ့ရှိပါသည်။ ဘန်ကောက်မှ ဆူခိုထိုင်းသို့ ၇နာရီခန့် ကားမောင်းရပါသည်။ ကိုယ်ပိုင် ယာဉ်လိုင်းများမှာ ၀င်း ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၃၇၅၃ နှင့် ၆၆၅-၅၆၁-၁၀၉၃၊ ပစ္နနုလောက် ရန်ရုံ ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၂၉၂၄၊ ၆၆၂-၉၃၆-၂၉၂၅၊ ၆၆၅-၅၂၅-၈၆၄၇နှင့် ဆူခိုထိုင်း အဝေးပြေး ကားဂိတ်ဝင်း ဖုန်း ၆၆၅-၅၆၁-၃၂၉၆ တို့သို့လည်း ဆက်သွယ်နိုင်ပါသည်။ ကားခမှာ လောင်စာဆီ ဈေးနှုန်းကို လိုက်ပြီး အတက်အကျ ရှိနိုင်သည်။
လေယာဉ်။ ။ ဘန်ကောက် လေကြောင်းလိုင်းမှ ဆူခိုထိုင်းသို့ နေ့စဉ် ပျံသန်းပြီး တစ်နာရီခန့် သာကြာပါသည်။ ဆူခိုထိုင်း လေဆိပ်သည် ဆူခိုထိုင်း မြို့ဟောင်းဧ။် မြောက်ဘက် ကီလိုမီတာ ၄၀ခန့် ကွာဝေးသော နေရာတွင် တည်ရှိပါသည်။ ဘန်ကောက် လေကြောင်းလိုင်းတွင် လေယာဉ် လက်မှတ် ၀ယ်ယူနိုင်ရန် အတွက် ဖုန်း ၆၆၂- ၂၆၅- ၅၆၇၈၊ ၆၆၂- ၂၆၅- ၅၅၅၅၊ ၆၆၅ - ၅၆၄ - ၇၂၂၄၊ ၆၆၅ -၅၆၄-၇၂၂၅ သို့မဟုတ် တတတ.ဘညေါုသုငေမ.ခသာ သို့ဆက်သွယ် ၀ယ်ယူ နိုင်ပါသည်။

ပတ်ဝန်းကျင်ရှိခေတ်ပြိုင်မြို့များ
ဆူခိုထိုင်း နန်းတော်၏ မြောက်ဘက်ရှိ စီစတ်ချနာလိုင် မြို့နှင့် ဆူခိုထိုင်း နန်းတော်၏ တောင်ဘက်ရှိ ကဖန်ဖတ်မြို့ (မြန်မာအခေါ် ကမန်ပိုက်) တို့သည် ဆူခိုထိုင်းခေတ်တွင် အရေးပါသော မြို့တို့ ဖြစ်ခဲ့သည်။ ကဖန်ဖတ်မြို့သည် ခေတ်ဟောင်း ဆူခိုထိုင်း မြို့တော် အတွက်ရော၊ ခေတ်သစ် အယုဒ္မ္ဓယ ရှေးဟောင်း မြို့တော်အတွက် ပါ မဟာဗျူဟာ အရ အရေးပါသော မြို့တော် ဖြစ်ခဲ့သည်။သည့်အတွက် ကဖန်ဖတ်မြို့ရှိ ရှေးဟောင်း အနုပညာ လက်ရာများသည် ဆူခိုထိုင်းခေတ် လက်ရာနှင့် အယုဒ္မ္ဓယခေတ် လက်ရာ တို့ ရောနှောလျက် ရှိသည်ကို တွေ့နိုင်လေ သည်။ ဆူခိုထိုင်း၊ ကဖန်ဖတ်နှင့် စီစတ်ချနာလိုင် မြို့များအားလုံးသည် ရုန်မြစ်ရိုး တလျှောက် တောင်မှ မြောက်သို့ သွယ်တန်း တည်ရှိနေလေသည်။


စီစတ်ချနာလိုင်။ ။ ၁၃၄၇- ၁၃၇၄တွင် နန်းစံသော လိုင်ထိုင် ဘုရင် လက်ထက်တွင် စီစတ်ချနာလိုင်မြို့ သည် သူ၏ အချက်အချာ ကျမှုကြောင့် အထွန်းကားဆုံး ဖြစ်ခဲ့သည်နှင့် အညီ မြောက်များစွာသော အနုပညာလက်ရာ များနှင့် သမိုင်း မှတ်တိုင်များကို ဆောက်လုပ် ထားခဲ့သည်။ ရှေးဟောင်း စီစတ်ချနာလိုင်မြို့သည် ရုန်းမြစ်နှင့် ခေါင့်ဖရာစီ ချိုင့်ဝှမ်း လွင်ပြင် ကြားတွင် ဧက ၈၀၀ခန့် ကျယ်ဝန်းသော မြေနေရာတွင် ထွန်းကား ဖွံ့ဖြိုး တိုးတက် ခဲ့သည်။ ဂ၀ံကျောက် မြို့ရိုးတံတိုင်းနှင့် မုခ်ဦးတို့ အပါအ၀င် မြေဧက ၂၂၈ ကျယ်ဝန်းသော အပိုင်းသည် စီစတ် ချနာလိုင် သမိုင်းဥယျာဉ် တွင်းတွင် လည်ပတ် ကြည့်ရှုရန် အကောင်းဆုံး နေရာများ ဖြစ်လေသည်။ ဥယျာဉ်တွင်းရှိ လက်ရာများမှာ ဆူခိုထိုင်း လက်ရာများနှင့် ကွဲပြား ခြားနား လျက်ရှိရာ လည်ပတ် ကြည့်ရှုရကျိုး နပ်လေသည်။
ဥယျာဉ်ဝင်ကြေး ဘတ်၄၀နှင့် မြေပုံအတွက် ၅ဘတ် ဖြစ်လေသည်။ မနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲထိ ဖွင့်လှစ်လေသည်။ အငှားယာဉ်၊ ဟိုတယ်မှ စီစဉ်ပေးသော ယာဉ် သို့မဟုတ် ဧည့်လမ်းညွှန်များဧ။် ကားများသည် စီစတ် ချနာလိုင်ရှိ ပြန့်ကျဲနေသော ရှေးဟောင်း နယ်မြေများကို လှည့်လည် ကြည့်ရှုနိုင်ရန် အကောင်းဆုံး အစီအစဉ်ဖြစ်ပြီး တစ်ရက်လျှင် ဘတ်၅၀၀ ခန့်သာ ကျသင့်ပါသည်။ သို့သော် စက်ဘီးဖြင့် သွားချင်လျှင် တစ်ရက် စက်ဘီးငှားခ ဘတ်၃၀ဖြင့် လှည့်လည် ကြည့်ရှု နိုင်ပါသည်။ အများပြည်သူသုံး ဘတ်စ်ကားဖြင့် စီစတ်ချနာလိုင်တွင် လည်ပတ်လို ပါက အ၀ိုင်းကြီးဧ။် အရှေ့ဘက်မှ ဂျာလော့ ၀ီထိသုမ် လမ်းမပေါ်ရှိ မှတ်တိုင်မှ စီးလျှင် ၁၈ဘတ်သာ ကုန်ကျလေသည်။ ရှေးဟောင်းနယ်မြေနှင့် ၂ ကီလိုမီတာခန့် ဝေးသောနေရာတွင် ကေဘယ် ကြိုးတံတား တစ်ခုကို တွေ့နိုင်ပြီး ထိုနေရာတွင် စက်ဘီးတစ်စီးကို ဘတ်၃၀ဖြင့် ငှားရမ်းနိုင်ပါသည်။ ကေဘယ် တံတားတလျှောက်နှင့် မြစ်ကမ်းဘေး တွင် စက်ဘီး စီးရသည်မှာ ပျော်ရွှင်စရာ ကောင်းလှပေသည်။ ၀ပ်မဟာထပ်သည် တံတားထိပ်တွင် ရှိပြီး ၀င်ရောက် ဖူးမြော်လိုပါက ၀င်ကြေး ဆယ်ဘတ် ကျသင့်လေသည်။ ထိုနေရာတွင် မလည်ပတ် လိုသောကြောင့် ဘတ်စ်ကား မှ မဆင်းသေးဘဲ ကားဆက် စီးသွားလျှင် ရှေးဟောင်း နယ်မြေ အ၀င်ပေါက်ဝသို့ ရောက်မည် ဖြစ်ပြီး ထိုနေရာတွင် လည်း ပိုမိုသစ်လွင် ကောင်းမွန်သော စက်ဘီးကို တစ်စီး ဘတ်၃၀ဖြင့် ငှားရမ်း လည်ပတ် နိုင်လေသည်။သည်နယ်မြေ ထဲတွင် ဆင်စီးရင်းလည်း လှည့်လည် သွားလာ လည်ပတ်နိုင်ပြီး ဆင်တစ်ကောင်ကို လူသုံးယောက် စီးနိုင်ကာ မိနစ်၃၀ကို ငှားခ ဘတ် ၁၀၀ ကျသင့်လေသည်။ မိမိတည်းခိုရာ ဟိုတယ် သို့မဟုတ် တည်းခိုခန်းမှ တာဝန် ရှိသူ တစ်ဦးကို မိမိသွားလိုရာ နေရာကိုရော၊ ရောက်ရာ နေရာမှ ဟိုတယ်သို့ ပြန်လာနိုင်ရန် ဟိုတယ်နာမည်နဲ့ လိပ်စာကိုပါ ထိုင်းလို ရေးခိုင်းကာ ကိုယ်နှင့် အတူ ဆောင်သွားနိုင် ပါသေးသည်။ လမ်းပျောက်မှာ သိပ်မပူရ တော့ပါ။
ဖရာ့စီရတနာမဟာထပ် ကျောင်းတော်။ ။ ဖရာ့ ဘောရောမ ထပ် မူအန်ချလင်ဂ် ခေါ် ဖရာ့ပရန် ဟုလည်း အမျိုးမျိုး ခေါ်ဝေါ်သော သည်ဘုရား ကျောင်းတော်ကို ရှေးဟောင်း စီစတ်ချနာလိုင် မြို့ရိုးတံတိုင်းမှ တောင်ဘက် ၃ကီလိုမီတာ အကွာတွင် တွေ့နိုင်ပါသည်။ လေးထောင့်ပုံ အုတ်ခုံပေါ်မှ ထုထည် ကြီးမားသော ဂ၀ံကျောက် အာရုဏ်ခံ တန်ဆောင်းသည် သည်ဘုရားဧ။် ဗဟိုချက်မ ဖြစ်လေသည်။ ဓာတ်တော်တိုက်သို့ သွားရာ လှေကား သည်ကား စောက်နက် လှပါသည်။
ခေါင့်ဖနွန် ဖလွမ် ဘုရားကျောင်း။ ။ စီစတ်ချနာလိုင် မြို့ဟောင်း အတွင်း တောင်ကုန်း ထိပ်တွင် တည်ထား သော ဘုရားဖြစ်ပြီး ဂ၀ံကျောက် စေတီကို ဗဟိုထားပြီး ကျယ်ဝန်းသော အာရုဏ်ခံ တန်ဆောင်းကို စေတီရှေ့တွင် တွေ့နိုင်ကာ ယင်းနောက်တွင် ပျက်ယွင်းနေသော ရုပ်ပွားတော် တစ်ဆူလည်း ရှိပြီး အားလုံးမှာ ယိုယွင်းပျက်စီး နေပြီဖြစ် လေသည်။ တိုင်များနှင့် ပျက်စီးယိုယွင်း နေသော ဘုရား ရုပ်ပွားတော်များမှာ ဂ၀ံကျောက်ဖြင့် အတွင်းမှတည်ထား ဆောက်လုပ်ကာ အပေါ်မှ ကွန်ကရစ်မံ ထားခြင်း ဖြစ်သည်ကို တွေ့နိုင်လေသည်။
ခေါင့်စူဝမ်ခိရိ ဘုရားကျောင်း။ ။ ဖနွန်ဖလွမ် တောင်ကုန်းမှ မီတာ ၂၀၀ခန့် ကွာဝေးသော တောင်ကုန်း ပေါ်တွင် တည်ထားသော စေတီ ဖြစ်လေသည်။ ခေါင်းလောင်းကြီးပုံ တည်ထားသော စေတီသည် စေတီဧ။် အလယ် ဗဟိုတွင် ပစ္နယာ ငါးဆင့်ခံကာ တည်ထား လေသည်။ ပြိုပျက်နေသော ၀ိဟာရဆောင်၊ စေတီနှင့် ကြီးမားသော ကွန်ကရစ် အပိုင်းအစ များသည် မြေပေါ်တွင် ပျံ့ကြဲလျက် ရှိနေလေသည်။ သည်စေတီ ပရ၀ုဏ်ထဲရှိ အချို့ ပုံပန်းများနှင့် ဆူခိုထိုင်း မြို့ဟောင်း တွင်းရှိ ၀ပ်ချန်လွန်မ် ဘုရားရှိ ပုံပန်းများ တူညီနေမှုကို ထောက်ဆပြီး ရမ်ခမ်ဟမ်မင်းက သည်ဘုရားကို တည်ခဲ့သည်ဟု ယူဆကြသည်။
ချန်လွန်မ် ဘုရား။ ။သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်းဧ။် အရေးပါသော အထိမ်းအမှတ် ဖြစ်ပါ သည်။ ခေါင်းလောင်းကြီးပုံ စေတီကို ဆင်၃၉ကောင်က မတင်ထားဟန် ဆောက်လုပ်ထားပြီး အလယ်ဆင်၎ကောင် မှာ အစွယ် ပါသောကြောင့် ဘုရားကျောင်းဧ။် အလယ်ဗဟို ဖြစ်ကြောင်း သိသာစေပါသည်။ စေတီဧ။် ခေါင်းလောင်း မှောက်ပုံ ဧ။် အထက်တွင် မြတ်စွာဘုရားဧ။် မာရ်နတ်ကို နှိမ်နင်းဟန် ရုပ်ပွားတော် များကို ဌာပနာ ထားလေသည်။
စေတီချတ်ထျိုး ဘုရား။ ။ ဆူခိုထိုင်း တိုင်းအတွင်းတွင် အလှဆုံး ဘုရားများထဲမှ တစ်ခုဖြစ်ပြီး စေတီ များဧ။် ကွဲပြား ခြားနားသော အနုပညာ လက်ရာများဧ။် လွှမ်းမိုးမှု များကို သည်ဘုရားတွင် စုံလင်စွာ တွေ့ရ လေသည်။ နံရံဆေးရေး ပန်းချီများနှင့် အတော်ပျက်စီး ယိုယွင်းနေမှု များကို အချို့ စေတီရံများတွင် တွေ့ရသည်။
စူအန်ကရိုဥတ္န…ရန်ရိုင် ဘုရား။ ။ ၀ပ်စေတီ ချတ်ထျိုး အနီးတွင် တည်ရှိပြီး ဖုန်ထူသော လမ်းသာ ခြားလေသည်။ ခန်းမကြီး တစ်ခု သည်သာ သည်ဘုရားကျောင်းတွင် ကျန်ရစ်ပြီး သည်ဘုရား ကျောင်းကို ၀ပ်ကောင်းဟောင်းဂ် ခေါ် ကိုးခန်းဘုရား ဟုလည်း ခေါ်ဝေါ်သေးသည်။
စူအန်ကရိုဥတ္န…ရန်နွိုင်ဘုရား။ ။ သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်း အတွင်းတွင် တစ်ဆူတည်းသော ဘုရားကျောင်း ရှေ့တွင် အုတ် အဆောက်အဦငယ် ရှိသောစေတီ ဖြစ်ပါသည်။သည်ဘုရားကျောင်းဧ။် အပျက်အစီး များထဲတွင် ဂ၀ံအမိုးနှင့် ဂ၀ံကျောက်ဆစ်ရုပ် များရှိသော ခန်းမတို့ ပါဝင်လေသည်။
နန်းဖရား ဘုရားကျောင်း။ ။ သည်ဘုရားသည် ဘုရားခန်း သို့မဟုတ် ခုနှစ်ဆောင်ပြိုင် ၀ိဟာရဆောင်ဧ။် မပျက်မစီး ကျန်ရှိနေသေးသော၊ ကွန်ကရစ်မံကာ လှပစွာ တန်ဆာဆင် ထားသော အနောက်မြောက် နံရံကြောင့် ထင်ရှားလေသည်။ ကျောင်းတိုင်များသည် အရောင်မပြောင် လှသော ကြွေထည် ပုံစံများဖြင့် တန်ဆာဆင်ထား သည်။ ဗဟိုရှိ ဂ၀ံကျောက်ဖြင့် တည်ထားသော စေတီကို မီးတိုင်များဖြင့် ခြံရံထားပြီး တစ်နေရာမှ တစ်နေရာသို့ ကျဉ်းမြောင်းသော လှေကားငယ် များဖြင့် ဆက်သွယ် သွားလာ နိုင်လေသည်။
သမိုင်းဥယျာဉ်ပြင်ပရှိရှုခင်းများ
ရာနှင့်ချီကာတည်ရှိသော ဗိသုကာ လက်ရာများကို ကြည့်ရှု လေ့လာနိုင်သော အဆောက်အဦ ဟောင်းများ နှင့် အုတ်ဖို၊ ကြွေဖို ဟောင်းများဖြင့် သဘာဝအတိုင်း တန်ဆာဆင် ထားသကဲ့သို့ တည်ရှိနေသော မြေယာ အခင်းအကျင်းကို ကိုယ်ပိုင် အငှားယာဉ်ဖြင့် လှည့်လည် ကြည့်ရှုနိုင်ပါက အကောင်းဆုံး ဖြစ်လေသည်။ လှေကားထစ် ၁၁၂ ထစ်ရှိသော စောက်နက်သော လှေကားရှိသည့် ၀ပ်ခေါင့် ဖနွန်ဖလွမ် ပေါ်မှ ကြည့်လျှင် သမိုင်းဥယျာဉ် တစ်ခုလုံးကို အပေါ်စီးမှ ကြည့်မြင်နိုင်သော အကောင်းဆုံး အနေအထားကို ရလေသည်။

ထိုင်းနိုင်ငံရှိ ကမ္ဘာ့ သမိုင်းဆိုင်ရာအမွေအနှစ်များ

ကမ္ဘာ့ သမိုင်းဆိုင်ရာ အမွေအနှစ်များ စာရင်းထဲမှ ထိုင်းနိုင်ငံတွင်းရှိ အမွေအနှစ်လေးရပ်မှာ ဆူခိုထိုင်း ရှေးဟောင်းမြို့တော်နှင့် နီးစပ်ရာ သမိုင်းဝင်မြို့များ၊ အယုဒ္မ္ဓယ ရှေးဟောင်းမြို့တော်နှင့် နီးစပ်ရာ သမိုင်းဝင်မြို့ များ၊ သောင်းယိုင်-ဟွိုင်ခခန်ဂ် သဘာဝ သားရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး ဥယျာဉ်နှင့် ဘန်းချိုင်ရှေးဟောင်း သုတေသန နယ်မြေတို့ ဖြစ်ကြလေသည်။

ချင်းမိုင်ရဲ့ ခရီးစဉ် လမ်းညွှန်

မော်တော်ကား။ ။ (၁) ပဟိုယိုသင်း လမ်းမကြီးခေါ် အမှတ်တစ် အဝေးပြေး ကားလမ်းမကြီး အတိုင်းသွားပြီး လမ်းဆုံရောက်လျှင် ဘယ်ဘက်သို့ ကွေ့ကာ အာရှ အဝေးပြေး လမ်းမကြီး အမှတ်(၃၂) အတိုင်း အယုဒ္မ္ဓယ၊ အန်ထောင်ဝ်နှင့် နခွန်စ၀မ်တို့ကို ကျော်ဖြတ် ပြီးနောက် အမှတ်(၁၁၇) အဝေးပြေး လမ်းမကြီး အတိုင်း ပစ္နနုလောက်သို့ ရောက်သည်အထိ ဆက်မောင်းပါ။ ထို့နောက် အမှတ်(၁၁) အဝေးပြေး လမ်းမကြီး အတိုင်း လန်ပန်၊ လန်ဖွန် တို့ကို ဖြတ်ပြီးနောက် ချင်းမိုင်သို့ ရောက်ပါသည်။ စုစုပေါင်း ခရီး အကွာအဝေးမှာ ၆၉၅ ကီလိုမီတာ ကွာဝေးပါသည်။
(၂) နခွန်စ၀မ်မှ အမှတ်(၁) အဝေးပြေး လမ်းမကြီး အတိုင်း ကဖန်ဖတ်၊ တပ်ခ်၊ လန်ပန်တို့ကို ဖြတ်ပြီး ချင်းမိုင်သို့ ရောက်ပါသည်။ စုစုပေါင်း ခရီး ၆၉၆ ကီလိုမီတာ ကွာဝေးပါသည်။
ဘတ်စ်ကား။ ။ ရိုးရိုးတန်း၊ ဒုတိယတန်းနှင့် ပထမတန်းစား လေအေးပေး စက်တပ် ဘတ်စ်ကားများမှာ မိုးပျံနှင့် မြေအောက် ရထားလမ်းများ ဆုံရာ မိုချစ်ရှိ ဘန်ကောက် မြောက်ပိုင်း အဝေးပြေး ကားဝင်းမှ နေ့စဉ် မနက် ၈နာရီမှ ည၉နာရီထိ ချင်းမိုင်သို့ ထွက်ပါသည်။ ခရီးစဉ် အချိန် အပြောင်းအလဲ ရှိတတ်သဖြင့် အချိန်အတိအကျ သိနိုင်ရန် (၆၆)၂ ၉၃၆ ၃၆၀၀၊ (၆၆)၂ ၉၃၆ ၂၈၅၂နှင့် (၆၆)၂ ၉၃၇ ၈၀၅၅ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။ ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေ အပေါ် မူတည်ပြီး ဘန်ကောက်-ချင်းမိုင် ခရီးစဉ်သည် ၁၀နာရီမှ ၁၂နာရီထိ ကြာတတ် ပါသည်။ဘတ်စ်ကား စင်းလုံးငှားသော ၀န်ဆောင်မှုများ ရှိသော်လည်း ပြည်သူပိုင် ဘတ်စ်ကားများမှာ ပိုမို စိတ်ချရလေသည်။
ချင်းမိုင်တိုင်း အတွင်း ခရီးသွားလိုလျှင် ချိုတနာ လမ်းပေါ်ရှိ ချောင်ဖွက် ဘတ်စ်ကား ဂိတ်တွင် စတင်စီးနင်း နိုင်ကာ မဲ့ရင်၊ မဲ့သန်ဂ်၊ ချိုင်းဒေါင်၊ ချိုင်ပရာကန်၊ ဖန်ဂ်နှင့် မဲ့အိုင် တို့ကို ဖြတ်သန်း သွားသော ကားလမ်းကြောင်းမှာ အမှတ် (၁၀၇) အဝေးပြေး လမ်းပေါ်တွင် ရှိပြီး ချင်းမိုင်မြောက်ပိုင်းသို့ သွားသော လမ်းဖြစ်သည်။ အချို့ ဘတ်စ်ကားများမှာ ချင်းမိုင်ဧ။် မြောက်ဖျား ပိုင်းရှိ သတွန်အရပ် သို့ပင် ရောက်လေသည်။
ချင်းမိုင်တိုင်းဧ။် အပြင်ဘက်သို့ ကားစီး လိုလျှင်ကား ချင်းမိုင် မြို့ပတ် ကားဂိတ်ကို အသုံးပြု နိုင်လေသည်။ ကားထွက်ချိန် အပြောင်းအလဲ ရှိတတ်သဖြင့် ဖုန်းနံပါတ် (၆၆)၅ ၃၂၄ ၂၆၆၄ ကို ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။ ရွှေတြိဂံ၊ မယ်ဆိုင်၊ ချင်းရိုင်၊ ချိုင်းစန်န်၊ နန်း၊ ဖယောင်၊ ဖရဲ၊ လန်ပန်၊ လန်ဖွန်၊ ပစ္နနုလောက်၊ ဆူခိုထိုင်း၊ မယ်ဟောင်ဆောင် (လမ်းကြောဟောင်း၊ လမ်းကြော သစ်)၊ မဲဆောက်၊ မဲဆရင်၊ ခုံခမ်၊ နခွန်ရတ်ချစီမာ ခေါ် ခိုရတ်နှင့် ဥဒုံဌာနီတို့သို့ သွားနိုင်သော ဘတ်စ်ကားများ ရှိလေသည်။
မီးရထား။ ။ ဘန်ကောက်ရှိ ဟွာလန်ပုန် ဘူတာမှ အထူးရထားနှင့် အမြန်ရထားတို့သည် ချင်းမိုင်သို့ မနက်၈နာရီမှ ည၁၀နာရီ အတွင်းတစ်နေ့ ၆ကြိမ် ထွက်ပြီး ခရီးချိန် ၁၁နာရီမှ ၁၂နာရီ ကြား ကြာတတ်ပါသည်။ ဘန်ကောက် ဘူတာရုံသို့ ဖုန်း (၆၆)၂ ၂၂၃ ၇၀၁၀နှင့် (၆၆)၂ ၂၂၃ ၇၀၂၀ သို့မဟုတ် အရေးပေါ်ဖုန်း ၁၆၉၀ သို့ လည်းကောင်း၊ ချင်းမိုင် ဘူတာရုံသို့ (၆၆)၅၃ ၂၄၂ ၀၉၄၊ (၆၆)၅၃ ၂၄၄ ၇၉၅၊ (၆၆)၅၃ ၂၄၇၄၆၂၊ (၆၆)၅၃ ၂၄၅၃၆၃-၄ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ပါသည်။
လေကြောင်းလိုင်း။ ။ွှ့ငေ ဗငမတပျေယ ညြေါုသု ဗငမတပျေယ ဗငမ ဗျငယေ သြု ဗငမယ ဥမငနညအွှ့ငေ ဗငမူငညနျယ ဗငမ ဗညိောညေ ညေိ ဏ့ကုနအ ဗငမ တို့ အပါအ၀င် ပြည်တွင်း လေကြောင်းလိုင်း များသည် ဘန်ကောက်နှင့် ချင်းမိုင် သို့ ပြေးဆွဲသော ခရီးစဉ် များစွာ ရှိပါသည်။
လေဆိပ်၊ ဘူတာနှင့် အဝေးပြေး ကားဂိတ်များမှ ချင်းမိုင် မြို့တွင်းသို့
လေဆိပ်တွင် လေဆိပ်မှ ပြေးဆွဲခွင့် လိုင်စင် ရထားသော မီတာဖြင့် မောင်းသော တက္နစီ ၀န်ဆောင်မှု များကိုလည်း ခရီးဆောင် လက်ဆွဲအိတ် ပြန်လည် ရွေးယူရာ နေရာဧ။် အပြင်ဘက်တွင် လွယ်ကုစွာ တွေ့နိုင်ပါ သည်။ သွားလိုသည့် နေရာကို ကောင်တာအား ပြောပြီးမှ လက်မှတ် ၀ယ်ကာ လက်မှတ်ကို ခရီးသည် ဆိုက်ရောက်ရာ နေရာမှ ထွက်ပေါက်တွင် စောင့်ဆိုင်း နေသော ယာဉ်မောင်းအား ပေးပြီး သွားလိုရာကို စိတ်ချလက်ချ သွားနိုင်ပါသည်။ ကားခမှာ လူ ၄-၅ယောက် ခရီးဆောင် အိတ်ဖြင့် သွားနိုင်လောက်သော ဆလွန်း ကားအတွက် ခရီးစဉ် အလိုက် ဘတ်(၁၀၀) ၀န်းကျင်ခန့် ကျသင့်လေ့ ရှိပါသည်။ လေဆိပ်၊ ဘူတာရုံနှင့် အဝေးပြေး ကားဂိတ်များတွင် စုမ်ထျရောင်းခေါ် အနီရောင် မီနီဘတ်စ် များကို လွယ်ကူစွာ စီးနင်းနိုင်သည်။ ကားခကွှိုဗွှ ကောင်တာတွင် ကြိုတင် မေးမြန်း စုံစမ်း နိုင်ပါသည်။

သာမန်အားဖြင့် ပထမတန်းစား ဟိုတယ်များသည် လေဆိပ်၊ ဘူတာရုံနှင့် အဝေးပြေး ကားဂိတ် များတွင် ကြိုတင် အခန်း မှာယူ ထားသော တည်းခိုသူများကို ဟိုတယ် စရိတ်ဖြင့် အကြိုအပို့ လုပ်ပေးလေ့ ရှိပါသည်။
ခရီးတိုသွားရန်
စမ်းလော်ခေါ် တုတ်တုတ်ခေါ် သုံးဘီးကား များဖြင့် မည်သည့် ခရီးတိုကို မဆို သွားလာရန် ငှားရမ်းနိုင်သည်။ ဈေးကို ကြိုတင် ဆစ်ထား နိုင်ပါသည်။ မြို့တွင်း သွားရန် အတွက် ဘတ်၂၀မှ ဘတ်၃၀ ကြားသာ ကျသင့် ပါသည်။ မြို့တွင်း အတော် ဝေးသော နေရာ အတွက်မူ ဘတ်၅၀ အလွန်ဆုံးသာ ကျသင့်ပါသည်။
မီတာဖြင့်မောင်းသော တက္နစီများ ကိုလည်း ဘန်ကောက်မြို့ နည်းတူ စတင် ပြေးဆွဲ နေပြီ ဖြစ်ပါသည်။ ဘန်ကောက်မှာ နည်းတူ စစချင်း ၃၅ဘတ်မှ စတင်ကာ တစ် ကီလိုမီတာ တိုင်း အတွက် ၂ဘတ်နှုံး တက်သည်။

စောင်ထျရောက် ခေါ် အနီရောင် မီနီဘတ်စ် များသည် မြို့တွင်းတွင် အများဆုံး တွေ့ရသော ဘတ်စ်ကားများ ဖြစ်ပါသည်။ ခရီးသည် များသည် မိမိတို့ ကြိုက်နှစ်သက်ရာ နေရာမှ အတက်အဆင်း လုပ်နိုင်ပြီး မိမိသွားလိုရာ နေရာ ရောက်လျှင် ယာဉ်မောင်းသူ ရပ်ရန် ပြောပြီး ကျသင့်ငွေကို ရှင်းပေးရန်သာ လိုလေသည်။ ကားခမှာ အကွာအဝေးကို လိုက်ပြီး ၁၀ဘတ်မှ ဘတ်၂၀သာ ကျသင့်ပါသည်။
စက်ဘီးသည်လည်း အချို့သော ခရီးသည်များ အကြိုက် ဖြစ်ပြီး စက်ဘီးကို တည်းခိုခန်း များနှင့် လမ်းဘေး တလျှောက်ရှိ စက်ဘီးဆိုင် များမှ ငှားရမ်း စီးနင်း နိုင်ပါသည်။
အငှားယာဉ်၊ ကားများကိုလည်း ကားကုမဏီ များဖြစ်သော ဗဠှုယ ကြိါနအယ ညေိံနမအဖ တို့အပြင် ဒေသခံ ထိုင်းကား ကုမ္နœဏီများမှ လည်း ငှားရမ်း နိုင်ပြီး လေဆိပ်နှင့် ဟိုတယ် တို့တွင် မည်သည့် ကားကို ငှားရမ်းလိုသည်။ မည်သို့ ငှားရမ်း နိုင်သည်ကို မေးမြန်း နိုင်ပါသည်။ ကားကုမ္နœဏီ အများစု သည်လည်း လေဆိပ်နှင့် ဟိုတယ်တို့ အနီးအနားတွင် တည်ရှိပါသည်။