Wednesday, July 25, 2007

ထိုင်းအခေါ် ပစ္စနုလောက်၊ မြန်မာအခေါ် ပိဿလောက် အကြောင်း သိကောင်းစရာ

ဘန်ကောက်၏ မြောက်ဘက် ကီလိုမီတာ ၃၉၀ ဝေးကွာသော အရပ်တွင် တည်ရှိသော ပစ္စနုလောက်တွင် သက်တောင့်သက်သာ ရှိသော နားနေရန် ဟိုတယ်အနည်း ငယ်သာ ရှိသော်လည်း ပတ်ဝန်းကျင်ရှိ ဆူခိုထိုင်း၊ ကဖန်ဖတ် (မြန်မာအခေါ် ကမန်ပိုက်)နှင့် စရီစတ်ချနာ လိုင်မြို့ ဟောင်းများ သို့ပါ သွားရောက် လည်ပတ် နိုင်လေသည်။ ပစ္စနုလောက်၏ အဓိက ဆွဲဆောင်မှုမှာ ၀ပ်ဖရာစရီ ရတနာ မဟာထပ် ကျောင်းတွင်းရှိ ဖရာ့ဗုဒ္မ္ဓ ချင်နရတ်ဟု အမည် တွင်သော ကြေးသွန်း ထိုင်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်လေရာ မြဘုရားပြီးလျှင် ထိုင်းလူမျိုးများ အမြတ်နိုးဆုံး ဘုရား ဖြစ်သောကြောင့် ထိုင်းများ၏ မဟာမြတ်မုနိဟု ခေါ်ဆိုနိုင် လေသည်။
ခရီးစဉ်လမ်းညွှန်


မီးရထား။ ။ ဘန်ကောက်နှင့် ချင်းမိုင်သွား မီးရထားသည် နေ့ရထားနှင့် ညရထား နှစ်မျိုးရှိပြီး နှစ်မျိုးလုံးသည် ပစနုလောက်တွင် ခရီးတထောက် နားသည့်အတွက် လွယ်ကူ အဆင်ပြေစွာသွားလာနိုင်ပါသည်။ ပစ္နနုလောက် မှတဆင့် ဆူခိုထိုင်းနှင့် စရီ စတ်ချနာလိုင် ရှေးဟောင်း မြို့များသို့လည်း ဘတ်စ်ကားဖြင့် လွယ်ကူစွာ သွားလာ နိုင်ပါသည်။

ဘတ်စ်ကား။ ။ မိုချစ် အဝေးပြေး ကားဂိတ်မှ နေ့စဉ် ဘတ်စ်ကားများ တစ်နာရီခြားတစ်ခါ ထွက်လေ့ရှိပါသည်။

No comments: