Thursday, July 26, 2007

ဆဖန်ဘူရီအကြောင်းသိကောင်းစရာ

ရှေးဟောင်းဘုရားများနှင့် ယဉ်ကျေးမှု အနုပညာ လက်ရာများ ကြွယ်ဝရာ ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပြီး သချင်မြစ်ကမ်း ပေါ်တွင် တည်ရှိကာ အယုဒ္မ္ဓယခေတ်က အရေးပါသော စစ်ခံတပ်မြို့ ဖြစ်ခဲ့ ပါသည်။

ဝပ် ပလဲလိုင်။ ။ သည်ဘုရားသည် အလွန်ရှေးကျ အိုဟောင်း နေသော ဘုရား ဖြစ်ပြီး မြို့ထဲရှိ မလိုင်မန် လမ်းဘေး၊ မြစ်ဧ။် အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်က ဆောက်လုပ် ခဲ့သည်ဟု ယုံကြည် ကြပြီး ၂၃မီတာ မြင့်သော လွမ်ဖိုတို အမည်ရ ထိုင်တော်မူ ဗုဒ္မ္ဓ ဆင်းတုတော်ကြီး ကိုလည်း ဖူးမြော် နိုင်သည်။
ဘုရားပွဲတော်ကို ဧပြီနှင့် နိုဝင်ဘာလ တို့တွင် နှစ်စဉ် တစ်နှစ် နှစ်ကြိမ် ကျင်းပလေ့ ရှိပါသည်။ ယခင်က သည်ဆင်းတု တော်ကြီးသည် လေဟာပြင်တွင် တည်ရှိ ခဲ့သော်လည်း ယခုအခါ နေမိုး ဒဏ် ကာကွယ်ရန် အာရုဏ်ခံ တန်ဆောင်းကို တည်ဆောက် ထားပြီ ဖြစ်လေသည်။
ထို့အပြင် ထိုင်း ရှေးဟောင်း ရိုးရာ ပုံစံဖြင့် ဆောက်လုပ် ထားသော ခမ်ခန်ချန် အိမ်ကြီး ကိုလည်း သည်ဘုရား ပရိဝုဏ် အတွင်းတွင် တည်ဆောက် ထားလေသည်။ သည်အိမ်ကြီး သည် ဘန်ကောက် ခေတ်ဦး ပိုင်းဧ။် အကြီးကျယ်ဆုံး ကဗျာ စာဆိုရှင်ဧ။် ကဗျာဉာဏ် ကွန့်မြူးမှု အတိုင်း တည်ဆောက် ထားခြင်း ဖြစ်လေသည်။

ဘူအန် ချဝပ် ချာလီယွန် ဖရာကိရတ် မြစ်ကျိုးအင်း။ ။ သချင်မြစ်ကြောင်း ပြောင်းလဲရာမှ ဖြစ်ပေါ် လာသော မြစ်ကျိုးအင်းကို ထိုင်းဘုရင်ဧ။် နန်းသက် ၅၀ပြည့် နှစ်တွင် ဖွံ့ဖြိုးရေး စီမံချက် အဖြစ် ပြန်လည် မွမ်းမံခဲ့ရာ ၁၀.၄ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ စိုက်ပျိုးမြေ များအတွက် ရေသွင်းရန် ရေချို ကုဗမီတာ ဆယ်သန်း သိုလှောင် နိုင် သော ဆည်ဖြစ် လာခဲ့သည်။ ဒေသထွက် သီးနှံဥယျာဉ်၊ သားရိုင်း တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး သဘာဝ ဥယျာဉ်နှင့် ရေချိုတွင် ကျက်စားသော ရေနေ သတ္တ၀ါပြခန်း တို့ကိုပါ တိုးချဲ့ ဆောက်လုပ် ထားလေသည်။


ဥသောင်း ပြတိုက်သည် ဆဖန်ဘူရီတွင် တည်ရှိပြီး ဒွါရာဝတီ ခေတ်လက်ရာ များကို စုစည်း တင်ပြ ထားသော ဂုဏ်ယူ အထင်ကြီးဖွယ် ပြတိုက် ဖြစ်လေသည်။ ဆဖန်ဘူရီသည် ဒွါရာဝတီ ခေတ် ယဉ်ကျေးမှုနှင့် သူ့လက်ရာ များအတွက် အရေးပါသော စုရပ်ဖြစ်ကာ ဒေသခံများက ခင်းကျင်း ပြသထား သည်ကိုပင် တွေ့နိုင်လေသည်။ အေဒီ ၁၁-၁၂ ရာစု ခန့်က ဒွါရာဝတီ ခေတ်လက်ရာ များကို ယနေ့တိုင် တွေ့နိုင်ပါသည်။ ထိုခေတ် လူများသည် မွန်-ခမာ အနွယ်ဝင်များ ဖြစ်ကြပြီး ထိုခေတ်က ယဉ်ကျေးမှု ဗိသုကာ လက်ရာ များကို အခြေခံကာ အများစုမှာ ခမာလူမျိုးများ ဖြစ်ကြ သည်ဟု ခန့်မှန်း ရပါသည်။ သို့သော် မွန်များသည် ပိုမို ဒဏ္ဍာရီ ဆန်ပြီး စိတ်ဝင်စားစရာ ကောင်းကာ ယနေ့ ထက်တိုင် ထိုင်းနှင့် မြန်မာ နိုင်ငံ တို့တွင် ပျံ့နှံ့ နေထိုင် ကြလေသည်။

No comments: