Thursday, July 26, 2007
လော့ဘူရီအကြောင်းသိကောင်းစရာ
Posted by gpgroup at 1:35 AM 0 comments
Labels: ထိုင်းနိုင်ငံ
ဆဖန်ဘူရီအကြောင်းသိကောင်းစရာ
ဝပ် ပလဲလိုင်။ ။ သည်ဘုရားသည် အလွန်ရှေးကျ အိုဟောင်း နေသော ဘုရား ဖြစ်ပြီး မြို့ထဲရှိ မလိုင်မန် လမ်းဘေး၊ မြစ်ဧ။် အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်က ဆောက်လုပ် ခဲ့သည်ဟု ယုံကြည် ကြပြီး ၂၃မီတာ မြင့်သော လွမ်ဖိုတို အမည်ရ ထိုင်တော်မူ ဗုဒ္မ္ဓ ဆင်းတုတော်ကြီး ကိုလည်း ဖူးမြော် နိုင်သည်။
ဘုရားပွဲတော်ကို ဧပြီနှင့် နိုဝင်ဘာလ တို့တွင် နှစ်စဉ် တစ်နှစ် နှစ်ကြိမ် ကျင်းပလေ့ ရှိပါသည်။ ယခင်က သည်ဆင်းတု တော်ကြီးသည် လေဟာပြင်တွင် တည်ရှိ ခဲ့သော်လည်း ယခုအခါ နေမိုး ဒဏ် ကာကွယ်ရန် အာရုဏ်ခံ တန်ဆောင်းကို တည်ဆောက် ထားပြီ ဖြစ်လေသည်။
ဘူအန် ချဝပ် ချာလီယွန် ဖရာကိရတ် မြစ်ကျိုးအင်း။ ။ သချင်မြစ်ကြောင်း ပြောင်းလဲရာမှ ဖြစ်ပေါ် လာသော မြစ်ကျိုးအင်းကို ထိုင်းဘုရင်ဧ။် နန်းသက် ၅၀ပြည့် နှစ်တွင် ဖွံ့ဖြိုးရေး စီမံချက် အဖြစ် ပြန်လည် မွမ်းမံခဲ့ရာ ၁၀.၄ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ စိုက်ပျိုးမြေ များအတွက် ရေသွင်းရန် ရေချို ကုဗမီတာ ဆယ်သန်း သိုလှောင် နိုင် သော ဆည်ဖြစ် လာခဲ့သည်။ ဒေသထွက် သီးနှံဥယျာဉ်၊ သားရိုင်း တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး သဘာဝ ဥယျာဉ်နှင့် ရေချိုတွင် ကျက်စားသော ရေနေ သတ္တ၀ါပြခန်း တို့ကိုပါ တိုးချဲ့ ဆောက်လုပ် ထားလေသည်။
ဥသောင်း ပြတိုက်သည် ဆဖန်ဘူရီတွင် တည်ရှိပြီး ဒွါရာဝတီ ခေတ်လက်ရာ များကို စုစည်း တင်ပြ ထားသော ဂုဏ်ယူ အထင်ကြီးဖွယ် ပြတိုက် ဖြစ်လေသည်။ ဆဖန်ဘူရီသည် ဒွါရာဝတီ ခေတ် ယဉ်ကျေးမှုနှင့် သူ့လက်ရာ များအတွက် အရေးပါသော စုရပ်ဖြစ်ကာ ဒေသခံများက ခင်းကျင်း ပြသထား သည်ကိုပင် တွေ့နိုင်လေသည်။ အေဒီ ၁၁-၁၂ ရာစု ခန့်က ဒွါရာဝတီ ခေတ်လက်ရာ များကို ယနေ့တိုင် တွေ့နိုင်ပါသည်။ ထိုခေတ် လူများသည် မွန်-ခမာ အနွယ်ဝင်များ ဖြစ်ကြပြီး ထိုခေတ်က ယဉ်ကျေးမှု ဗိသုကာ လက်ရာ များကို အခြေခံကာ အများစုမှာ ခမာလူမျိုးများ ဖြစ်ကြ သည်ဟု ခန့်မှန်း ရပါသည်။ သို့သော် မွန်များသည် ပိုမို ဒဏ္ဍာရီ ဆန်ပြီး စိတ်ဝင်စားစရာ ကောင်းကာ ယနေ့ ထက်တိုင် ထိုင်းနှင့် မြန်မာ နိုင်ငံ တို့တွင် ပျံ့နှံ့ နေထိုင် ကြလေသည်။
Posted by gpgroup at 1:03 AM 0 comments
Labels: ထိုင်းနိုင်ငံ
Wednesday, July 25, 2007
စမွတ်ပရာကန်အကြောင်းသိကောင်းစရာ
ဘန်ကောက်ဧ။် တောင်ဘက် ၂၉ကီလိုမီတာ အကွာတွင် တည်ရှိပြီး ထိုင်းပင်လယ်ကွေ့ အတွင်းသို့ ကျောက်ဖယား မြစ် စီးဝင်ရာ ဒေသတွင် တည်ရှိသည်။ အယုဒ္မ္ဓယခေတ်က သာမန် မြို့တစ်မြို့ မျှသာ ဖြစ်သော်လည်း ယခုအခါ မရေတွက် နိုင်သော သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် များကို စုစည်း တင်ပြရာ နေရာရော၊ စက်မှု ဇုန်ကြီး များပါ တည်ရှိရာ နေရာကြီး အဖြစ် ဖွံ့ဖြိုး တိုးတက် စည်ပင် လာခဲ့ လေသည်။
ရှေးဟောင်းမြို့ တစ်မြို့ ဖြစ်သည့်အတွက် လည်ပတ်စရာ စုံလှသည်ကိုလည်း သည်နေရာတွင် တွေ့နိုင်လေသည်။ ထို့ပြင် ဧရာဝဏ် ပြတိုက်လည်း ထင်ရှားကျော်ကြားလေသည်။
ဖွင့်ချိန်နှင့် ၀င်ကြေး။ ။မနက်၈နာရီမှ ညနေ၅နာရီအတွင်းနေ့စဉ်ဖွင့်လှစ်ပြီး
လူဝင်ကြေးမှာလူကြီးတစ်ဦးလျှင် ဘတ်၅၀။
၁၂နှစ်အောက်ကလေးတစ်ဦးလျှင် ၂၅ဘတ်။
၅နှစ်အောက်ကလေး-အခမဲ့
ကားဝင်ကြေးမှာ ဆလွန်းကားတစ်စီးလျှင် ဘတ်၅၀။
ဘင်ကားတစ်စီးလျှင် ဘတ်၁၀၀။
ဇိမ်ခံဘတ်စ်ကားတစ်စီးလျှင် ဘတ်၂၀၀။
ခရီးစဉ်လမ်းညွှန်
မော်တော်ကား။ ။ဆမ်ရွန်-ဆမွတ် ပရာကန် လမ်းမကြီး အတိုင်း သွားပြီး ဆမွတ် ပရာကန်ရှိ အင်္ဂလိပ်အက္မ္ခရာ တီပုံ လမ်းဆုံရောက်လျှင် ဘယ်ဘက်သို့ ကွေ့ပြီး ဆူခန်ဗစ် လမ်းဟောင်း အတိုင်း ၃၃ ကီလိုမီတာခန့် သွားပြီးလျှင် မူအန် ဘိုရမ် ပြတိုက်မြို့ အ၀င် လမ်းညွှန်
ဆိုင်းဘုတ်ကို တွေ့ပါမည်။ ထိုအ၀င်လမ်း အတိုင်း ၈ ကီလိုမီတာ ခန့်သွားလျှင် ဘယ်ဘက်တွင် ပြတိုက်မြို့ကို မြင်ရမည် ဖြစ်ပါသည်။
ဘတ်စ်ကား။ ။ ဘန်ကောက်မြို့ ပန်ကလောင်း အရပ်မှ ဂိတ်စသော ဘတ်စ်ကားအမှတ် ၁၁ကိုစီးကာ ပတ်နမ် အရပ် ဂိတ်ဆုံးတွင် ဆင်းပါ။ ဂိတ်ဆုံး မှတဖန် မီနီဘတ်စ်ခေါ် ဘတ်စ်ကားငယ် အမှတ် ၃၆ကို ထပ်မံစီးပါက ဂိတ်ဆုံး လျှင် ရောက်ပါသည်။
၁၉၅၀က စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံဧ။် ပထမဆုံးဖြစ်ကာ ယခုအခါ ကမ္နာ့အကြီးဆုံး မိကျောင်း မွေးကန် ဖြစ်လေသည်။ ဆမွတ်ပရာကန် မြို့လယ်မှ ၃ကီလိုမီတာ ကွာဝေးသော တိုင်ဘန် အရပ်တွင် တည်ရှိပြီး မိကျောင်း အရွယ်စုံ အမျိုးစုံ အကောင်ရေ ၄၀၀၀၀ခန့်မွေးမြူ ထားလေသည်။ အစာ ကျွေးချိန်မှာ ညနေ၄နာရီခွဲ မှ၅နာရီခွဲ၊ ပြပွဲချိန်မှာ နေ့လယ် ထမင်းစားချိန် မှလွဲပြီး မနက် ၈နာရီမှ ညနေ ၅နာရီကြား တစ်နာရီတိုင်း၊ အထူး ပြပွဲများမှာ အများပြည်သူ ရုံးပိတ်ရက် များတွင် နေ့လယ်၁၂နာရီမှ ညနေ ၅နာရီကြား တစ်နာရီတိုင်း ဖြစ်ပါသည်။ ဆင်ဆက်ကပ် မှာ မနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲကြား တစ်နာရီတိုင်း တွင်ဖြစ်ပြီး အခြား သတ္တ၀ါများ ဖြစ်သော ကျား၊ ချင်ပန်ဇီ မျောက်၊ ဂစ်ဘွန်မျောက်၊ ကုလားအုတ်၊ ရေမြင်းနှင့် အခြားသတ္န ၀ါ များကိုလည်း ကြည့်ရှုနိုင်ကာ ယဉ်ပါးနေသော ထိုသတ္န ၀ါများ နှင့်အတူ တွဲပြီး ဓာတ်ပုံ ရိုက်နိုင်လေသည်။
ဒိုင်နိုဆော ပြတိုက်တွင် အသက် ရှိစဉ်က အရွယ်အစား အတိုင်း ဖန်တီး ပြုလုပ်ထားသော ဒိုင်နိုဆော ရုပ်တုများနှင့် ၁၃ မျိုးသော ဒိုင်နိုဆောများဧ။် အရိုးများကို ပြသ ထားလေသည်။ ထို့ပြင် လူနှင့်သမိုင်းဦး သတ္တ၀ါများ အကြောင်း ကိုလည်း ရုပ်ပုံ ကားချပ်များကို မီးမောင်းထိုးကာ ရုပ်ရှင် သဖွယ် တင်ဆက်ပြသ ရှင်းလင်း ပြောပြပါသည်။ သည်ပြတိုက် ကို မနက် ၇နာရီမှ ညနေ ၆နာရီ အတွင်း နေ့စဉ် ဖွင့်လှစ်ပါသည်။
ဝင်ကြေး။ ။ ၀င်ကြေးမှာလူတစ်ဦးလျှင် ဘတ်၃၀၀။
ခရီးစဉ်လမ်းညွှန်
ဘတ်စ်ကား။ ။အဲယားကွန်းဘတ်စ်အမှတ် ၇၊ ၈၊ ၁၁ အဆင်ပြေရာ (သို့မဟုတ်) သာမန် ဘတ်စ်ကား အမှတ် ၂၅၊ ၁၀၂ တို့ကို စီးကာ ဆမွတ် ပရာကန် ရောက်လျှင် ဒေသသုံး ထရပ်ကား ပုံစံ ဘတ်စ်ကား အမှတ်.၁ နှင့် .၈၀ တို့ကို ထပ်မံ စီးနင်းကာ ရောက်ရှိ နိုင်ပါသည်။
Posted by gpgroup at 11:49 PM 0 comments
Labels: ထိုင်းနိုင်ငံ
ကန်ချနပူရီ အကြောင်း သိကောင်းစရာ
စန်ဂ်ချုတို လမ်းပေါ်ရှိ မီးရထား ဘူတာရုံနှင့် မျက်နှာချင်းဆိုင်တွင် ကန်ချနဘူရီ စစ်သင်္ချိုင်း တည်ရှိသည်။ သေမင်းတမန် ရထားလမ်း ဖောက်လုပ်စဉ် သေဆုံး ခဲ့သော စစ်သုံ့ပန်း ၆၉၈၂ ဦးကိုမြှုပ်နှံထားသည်။ သို့သော် တကယ် သေဆုံးခဲ့သူ ဦးရေမှာ ခန့်မှန်းခြေ စစ်သုံ့ပန်း ၁၂၃၃၉ ဦးနှင့် ချွေးတပ်သား ၇၀၀၀၀ နှင့် ၉၀၀၀၀ ဦးရေကြား သေဆုံး ခဲ့ကြပြီး ဆောက်လုပ်ရေး လုပ်သား နှစ်ဆယ် ရာခိုင်နှုံန်း သေဆုံးခဲ့သည်ဟု ယူဆကြ ပါသည်။
စိုင်ရော့ အမျိုးသား သဘာဝ ဥယျာဉ်သည် ၃၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ထူးခြား ဆန်းကြယ်သော သဘာဝ လိုဏ်ဂူများနှင့် ခွေ့နွိုင် မြစ်တွင်းသို့ တိုက်ရိုက် စီးဝင်သော စိုင်ရော့ရိုင် ရေတံခွန် တို့ကြောင့် ကျော်ကြား လေသည်။ ဘန်ဂလို အိမ်ငယ်များ၊ မြစ်တွင်းစီး ဖောင်များ၊ ပျော်ပွဲစား အသုံးအဆောင် ပစ္နည်းများကို လွယ်ကူစွာ ၀ယ်ယူ ငှားရမ်းနိုင်ခြင်းနှင့် နေ့ခင်း ဈေးဆိုင်များ ကလည်း လည်ပတ်သူ များကို များစွာ အထောက်အပံ့ ပေးလေသည်။
သမိုင်း ပညာရှင်များဧ။် မှတ်သားချက် များအရ ရှေးဟောင်း ကန်ချနဘူရီသည် ဘန်လက်ရာ အရပ်တွင် ရွာငယ် အသွင်ဖြင့် တည်ရှိပြီး လက်ရှိမြို့ဧ။် မြောက်ဘက် ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိ ပါသည်။ ကန်ချနဘူရီဧ။် ရေတံခွန်များ၊ တောင်များနှင့် သဘာဝလိုဏ်ဂူများ၊ သဘာဝ ဥယျာဉ် များနှင့် ကွေးမြစ်တို့ဧ။် သဘာဝ ပတ်ဝန်းကျင် အလှအပများက ခရီးသွားများကို ဆွဲဆောင်သော အဓိက သော့ချက် ဖြစ်လေသည်။ သဘာဝ ဥယျာဉ် တွင်းရှိ ၇ဆင့် ရှိသော ဧရာဝဏ် ရေတံခွန်၊ စစ်သမိုင်း ပြတိုက်၃ခု၊ စစ်သင်္ချိုင်း၂ခု၊ သဘာဝ ပြတိုက် တစ်ခု၊ ရေပူစမ်း၊ ထိုင်းနှင့် တရုတ် ဘုရားကျောင်းများနှင့် တစ်ခုတည်းသော သေမင်းတမန် ရထားလမ်း တို့သည် ကန်ချနပူရီသို့ သွားရောက် လည်ပတ်ရန် စေ့ဆော်သော အချက်များ ဖြစ်ပါသည်။
၏ခရီးစဉ်လမ်းညွှန်
မော်တော်ကား။ ။ (၁)ဘန်ကောက်မှ နခွန်ချိုင်စီနှင့် နခွန်ပသွန် တိုင်းကို ဖြတ်ပြီး ဖတ်ခဆမ်(ဏ့နအျုေနာ) အမှတ်၎ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် လမ်းတွင် ဘန်းပွန်၊ သာမခနှင့် သာမူအန် တို့ကို ဖြတ်ပြီး ကန်ချနဘူရီသို့ ရောက်လေသည်။ (၂) ဘန်ကောက်မှ အမှတ်၃၃၈ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် နခွန်ချိုင်စီ သို့ ရောက်ပြီး ထိုမှတဆင့် အမှတ်၎ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် ကန်ချနဘူရီသို့ ရောက်ပါသည်။
ဘတ်စ်ကား။ ။ ဘန်ကောက်မြို့ဧ။် တောင်ပိုင်းအဝေးပြေးဂိတ်မှ ကန်ချနဘူရီသို့ မနက်၎နာရီမှ ည ၈နာရီအတွင်း ၁၅မိနစ်တိုင်း သာမန်ဘတ်စ်ကားတစ်စီးနှုံးထွက်လေ့ရှိကာ ကားမောင်းချိန်၃နာရီအတွင်း ကန်ချနဘူရီသို့ရောက်ပါသည်။ ဆက်သွယ်ရန်ဖုန်း ၆၆၂-၄၃၄-၅၅၅၇နှင့် ၆၆၂-၄၃၄-၅၅၅၈တို့သို့ စုံစမ်းနိုင်ပါသည်။ ပထမတန်းစားလေအေးစက်တပ်ဘတ်စ်ကားများသည်လည်း သည်အဝေးပြေးဂိတ်မှပင် ၂၅မိနစ်တိုင်းကားတစ်စီးနှုံးထွက်လေ့ရှိပါသည်။ ဆက်သွယ်ရန် ၀၂ ၄၃၅ ၅၀၁၂ယ ၀ ၂၄၃၅ ၁၁၉၉ သမ ၀၂ ၈၈၄ ၆၂၄၉ သမ တတတ.အမညျေစသမအ.ခသ.အ့ သို့ဆက်သွယ်နိုင်ပါသည်။ နခွန်ပသွန်၊ ရတ်ချဘူရီနှင့် ဆဖန်ဘူရီ အဝေးပြေးဂိတ်များ မှလည်း ကန်ချနဘူရီ သို့တိုက်ရိုက်ပြေးသော ကားများရှိပြီး ၁နာရီခွဲမှ နှစ်နာရီခွဲခန့်ကြာ ကားမောင်းလျှင် ရောက်ပါသည်။
မီးရထား။ ။ သာမန်မီင်္းရထားများသည်ဘန်ကောက်ထုံဘူရီအရပ်ရှိဘန်ကောက်နွိုင် ဘူတာရုံမှ နေ့စဉ်ထွက်ပါသည်။ တတိယတန်းစားခုံများသာရရှိနိုင်ပြီး ဘန်ကောက်မှ ကန်ချနဘူရီထိ ၃နာရီခန့် ကြာနိုင်ပါသည်။
စနေ၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင်ဟွာလန်ဖုန်းအရပ်ရှိဘန်ကောက်ဘူတာကြီးမှအထူးရထားသည် မနက်၆နာရီခွဲခန့်တွင်ကန်ချနဘူရီသို့ထွက်ပြီး ည ရနာရီ ၅၅မိနစ်တွင် ကန်ချနဘူရီမှဘန်ကောက်သို့ ပြန်လည် ခုတ်မောင်းလာပါသည်။ သည်ရထားသည် လမ်းခရီးတလျှောက်တွင်ဖရာ့ပထုံစေတီ၊ သေမင်းတံမန်တံတားနှင့် ဖရာစပ်မူအန်စင်ဂ်သမိုင်းဥယျာဉ်တို့သို့သွားသော မီနီဘတ်စ်ကားဂိတ်တို့တွင် ရပ်နားပေးပါသည်။ ကန်ချနဘူရီမှ ၀မ်ဖိုသို့ အထူးရေနွေးငွေ့သုံးရထားဖြင့်လည်း ပြေးဆွဲပေးသော အပျော်စီးရထားရှိပါသည်။
ကန်ချနဘူရီမြို့ဝန်းကျင်သည် ခြေကျင်လျှောက်လေ့လာလိုပါကရနိုင်သော်လည်း မြို့ကိုနှံ့စပ်စွာလည်ပတ်နိုင်ရန် စက်ဘီး၊ မော်တော်ဆိုင်ကယ်နှင့် ကားတို့ဖြင့်လည်းလည်ပတ်နိုင်လေသည်။ မဲ့နမ်ကွေးလမ်းပေါ်ရှိ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဆိုင်များမှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို ငှားရမ်းနိုင်ပါသည်။
Posted by gpgroup at 11:32 PM 0 comments
Labels: ထိုင်းနိုင်ငံ
ထိုင်းအခေါ် ပစ္စနုလောက်၊ မြန်မာအခေါ် ပိဿလောက် အကြောင်း သိကောင်းစရာ
မီးရထား။ ။ ဘန်ကောက်နှင့် ချင်းမိုင်သွား မီးရထားသည် နေ့ရထားနှင့် ညရထား နှစ်မျိုးရှိပြီး နှစ်မျိုးလုံးသည် ပစနုလောက်တွင် ခရီးတထောက် နားသည့်အတွက် လွယ်ကူ အဆင်ပြေစွာသွားလာနိုင်ပါသည်။ ပစ္နနုလောက် မှတဆင့် ဆူခိုထိုင်းနှင့် စရီ စတ်ချနာလိုင် ရှေးဟောင်း မြို့များသို့လည်း ဘတ်စ်ကားဖြင့် လွယ်ကူစွာ သွားလာ နိုင်ပါသည်။
ဘတ်စ်ကား။ ။ မိုချစ် အဝေးပြေး ကားဂိတ်မှ နေ့စဉ် ဘတ်စ်ကားများ တစ်နာရီခြားတစ်ခါ ထွက်လေ့ရှိပါသည်။
Posted by gpgroup at 11:23 PM 0 comments
Labels: ထိုင်းနိုင်ငံ
Monday, July 16, 2007
ခရီးသည်များသိကောင်းစရာ
၁. ကိုယ့်ဟာကိုယ် ဖြေရှင်း
၂. စိတ်ချရလောက်သော နယ်မြေကျွမ်းသော ကိုယ့် အသိအကျွမ်းကို အကူအညီ တောင်းကာဖြေရှင်း
၃. ကိုယ့်နိုင်ငံဆိုင်ရာ သံရုံးကို သွားပြီး အကူအညီတောင်း
၎. ရဲနဲ့ရှေ့နေကို အကူအညီ တောင်း ဟူသတတ်။
ဝလနမျအပေ နေခြင်းကို ပြင်းထန်စွာ ဒဏ်ငွေ ဆောင်စေခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်းဖြင့် နှိပ်ကွပ် လေသည်။ နာမည်ကြီး တံဆိပ် သောက်ရေသန့် ကိုသာ သောက်ရန် ဆော်သြ ထားပြီး မြူနီစီပယ်က ဖြန့်ချီသော ပိုက်ရေမှာ သုံးရန်သာ ဖြစ်လေသည်။ အ၀ီစိ တွင်းရေသည် ပိုက်ရေထက် ဆိုးပြီး အဆင့်မြင့် တိုက်ခန်း များတွင် အ၀ီစိ တွင်းရေကို ကိုယ်ပိုင် ရေသန့်စက် များဖြင့် စိတ်တိုင်းကျ သန့်စင်ပြီးမှ သုံးရလေသည်။ သောက်ရေ အတွက် ကတော့ ဘန်ကောက် တမြို့လုံးက သောက်ရေသန့် ကိုသာ အားကိုးရလေသည်။ ပထမတန်းစား နာမည်ကြီး တံဆိပ် မဟုတ်သော ရေခဲသည် ရေသန့်နှင့် ပြုလုပ်သည် မဟုတ်သောကြောင့် စားသောက် မိပါက ကိုယ့်တာဝန် ကိုယ်သာ ယူရပေမည်။ ကျန်းမာရေး အတွက် အကောင်းဆုံးက ရေခဲ မသုံးခြင်း သာတည်း။ နာမည်ကျော် သင်္ဘောသီး ထောင်းတွေက အဆင် မသင့်ရင် ဗိုက်နာ တတ်သော်လည်း ထိုင်းမှာ တခု ကောင်းတာက မြန်မာပြည်မှာ ပင်လယ်စာ စားရင် ယားတတ်သူ၊ ဂဏန်း၊ သခွားသီး၊ ခရမ်းသီး၊ ငရုတ်သီး စားရင် ဗိုက်နာသူ ထိုင်းမှာ ဘာမှ မဖြစ်တာပဲ ကောင်းလှ ပါသည်။ ထိုင်းက ရေမြေကိုက အာနိသင် ပျော့နေတာ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာပြည်မှာ နွေဆို ခွေးတွေရူးလေ့ရှိပြီး လမ်းမှာ ခွေးချင်း နယ်မြေ ကျူးကျော်ရင် ကိုက်တတ် ကြသော်လည်း ထိုင်းခွေးများမှာ မကိုက်တတ်၊ ရူးလဲမရူး တတ်ကြပါ။
တိရိစ္ဆာန် တိုက်ပွဲ တွေမှာလဲ အဲလိုပဲလို့ ကြုံဖူး ကြားဖူးပါသည်။ မြန်မာကြက်နဲ့ ထိုင်းကြက် ခွပ် မြန်မာ ကြက်ပဲ နိုင်လေ့ရှိပြီး အခြား ခွေး၊ နွား၊ ပုရစ် တိုက်ပွဲများ အားလုံး သည်အတိုင်း ပဲဟု ကြားဖူးပါသည်။
ထိုင်းအစားအစာများကို မြန်မာပြည် ကတည်းက ကြိုက်နှစ်သက် သောကြောင့် ထိုင်းရောက်ခိုက် တ၀ စားလိုသူများအတွက် ဆိုင်ကောင်းများကို Food Tourism in Thailand ဆောင်းပါးဖြင့် သီးသန့် ရေးသား ဖော်ပြပေးပါမည်
Posted by gpgroup at 12:18 PM 0 comments
Labels: ထိုင်းနိုင်ငံအကြောင်းသိကောင်းစရာ
ထိုင်းနိုင်ငံတွင်း ၀တ်စား ဆင်ယင်မှု အကြောင်း တစေ့တစောင်း
Posted by gpgroup at 11:54 AM 0 comments
Labels: ထိုင်းနိုင်ငံအကြောင်းသိကောင်းစရာ
ထိုင်းယဉ်ကျေးမှုအကြောင်း တစေ့တစောင်း
မြန်မာများနှင့် လုံးဝ ကွဲပြား ခြားနားသော အချက်ကား တခြားမဟုတ်။ ထိုင်းများသည် ထိပ်တိုက် စိန်ခေါ်ခြင်းကို မုန်းပြီး ရိုင်းသည်ဟု သမုတ်ကာ ကွယ်ရာ မှသာ လက်သီးပုန်း ထုတတ်ပြီး သည်လို တိုက်ကွက်ကို ယဉ်ကျေး နူးညံ့ သည်ဟု သတ်မှတ်ခြင်း ပင်ဖြစ်လေသည်။
ထိုင်းအပြုံး မှာလည်း အဓိပ္ပာယ် များစွာ ရှိလေသည်။ မြန်မာများတွင် ကြည်နူးပြုံး၊ ကြေကွဲပြုံး၊ မချိပြုံး၊ လှောင်ပြုံး စသည်ဖြင့် မျိုးစုံ ရှိသော်လည်း ထိုင်းအပြုံးမှာ မျက်လုံးသေဖြင့် နှုတ်ခမ်းတွန့် ချိုးထားသော အပြုံးသေကြီး ဖြစ်ရာ သူ့စိတ်ရင်း သဘောထားကို တော်ရုံ အတွေ့အကြုံ ရှိသူပင် လုံးဝ မသိနိုင်ပေ။ ထိုအပြုံးမျိုးကို ချစ်လဲပြုံး၊ မုန်းလဲပြုံး၊ ကူညီ လည်းပြုံး၊ ဒုက္ခ ပေးလည်း ပြုံးကြလေရာ တော်တော် ကြောက်ဖို့ ကောင်းလေသည်။
ထိုင်းအပြုံး ကဲ့သို့ပင် “ဟုတ်ကဲ့” ဆိုသော စကား တွင်လည်း အဓိပ္ပာယ် များစွာ ရှိလေသည်။ ယင်းတို့မှာ
၁. ဟုတ်ကဲ့၊ ကြားပါတယ်။ ဆိုလိုချင်တာ ကိုတော့ သဘောမပေါက်ပါ။
၂. ဟုတ်ကဲ့၊ ကြားပါတယ်။ သဘော ပေါက်ပေမယ့် သဘော မတူလို့ ရှင့်လို လိုက်မလုပ် နိုင်ပါဘူး
၃. ဟုတ်ကဲ့၊ ကြားပါတယ်။ သဘောပေါက်ပြီး သဘောတူပါတယ်။ တို့ဖြစ်လေသည်။
သို့သော် ထိုင်းများသည် လွန်စွာ အားနာ တတ်သောကြောင့် သင့်ကို“ဟုတ်ကဲ့”တစ်ခွန်းသာ ပြောမည် ဖြစ်ပြီး နောက်ဆက်တွဲ စာသားများ ကိုတော့ ပြောမည် မဟုတ်ပါချေ။
ထို့ပြင် မည်မျှ စိတ်ဆိုးဖွယ် ကောင်းသော စော်ကား ရိုင်းပျသော စကားကို ကြားသည် ဖြစ်စေ၊ စိတ်တည်ငြိမ် စွာယဉ်ကျေးဟန် ပြုံးပြီး စော်ကားသော စကားကို ရယ်စရာ လုပ်ပစ်လိုက် တတ်သော ထိုင်းအကျင့်ကို အထင် အမြင် သေးစွာဖြင့် “ရင်မဆိုင် ရဲလို့ ကြောက်လို့ သည်းခံသည်” ထင်ပါမူ လွန်စွာ မှားမည် ဖြစ်ပါသည်။ အမှန်မှာမူ မိမိကိုယ်ကို သဘောထား ကြီးဟန်ဆောင်ကာ တဘက်သားကို ရိုင်းစိုင်း အောက်တန်းကျသူ အဖြစ် ပေါ်လွင်အောင် တမင် ချိုးခြင်း ဖြစ်ပါသတည်း။
ငှက်လွှတ်ခြင်း၊ ကျောင်းကန် ဘုရားများတွင် ဖိနပ်ချွတ်ခြင်း၊ ကြီးသူ၊ ရိုသေထိုက်သူ များနှင့် ရင်ဆိုင် တွေ့လျှင် လက်အုပ်ချီကာ ဦးညွတ် အရိုအသေ ပြုခြင်းနှင့် လူကြီးသူမ ရှေ့တွင် ရိုသေသော ဟန်ပန် မူရာဖြင့် နေထိုင်ခြင်း တို့သည် မြန်မာများနှင့် မစိမ်းသော၊ ဆင်တူသော ထိုင်းယဉ်ကျေးမှု များဖြစ်သဖြင့် မြန်မာများ အတွက် နေထိုင်ရတာ သက်တောင့် သက်သာ အရှိဆုံးဟု ဆိုကြရမည့် နိုင်ငံခြား တိုင်းပြည် ဖြစ်ပါသည်။
Posted by gpgroup at 11:48 AM 0 comments
Labels: ထိုင်းနိုင်ငံအကြောင်းသိကောင်းစရာ
ထိုင်းလူမှုရေးကျင့်ဝတ်များအကြောင်း တစေ့တစောင်း
ထိုင်းအိမ်နှင့် အဆောက်အဦ တော်တော် များများသည် ဖိနပ်ချွတ် ရသော ပုံစံ ဖြစ်ပြီး အဆောက်အဦထဲ၊ အိမ်ထဲသို့ ညစ်ပတ်သော ဖိနပ်ကို စီးနင်း ၀င်ရောက်ခြင်း ကို အရိုင်းဆုံးဟု သတ်မှတ် ကြလေသည်။ ထို့ကြောင့် ဈေးများ၊ ဟိုတယ်များ၊ စားသောက်ဆိုင် များနှင့် ဘဏ်များမှ လွဲပြီး အခြား အဆောက်အဦ တစ်ခုထဲသို့ ၀င်ရောက် တော့မည် ဆိုလျှင် အရင်ဆုံး ဖိနပ်ပုံ ပါသော ဆိုင်းဘုတ်ကို သေသေချာချာ ရှာသင့် လေသည်။ သို့မဟုတ် နီးရာ ထိုင်း တစ်ယောက်ကို သေချာစွာ မေးနိုင် လေသည်။
Posted by gpgroup at 11:44 AM 0 comments
Labels: ထိုင်းနိုင်ငံအကြောင်းသိကောင်းစရာ
ထိုင်းဘုရင်နဲ့မိသားစုအကြောင်း တစေ့တစောင်း
ထိုင်းနိုင်ငံအကြောင်းပြောရင် အရေးအကြီးဆုံး ကတော့ သူတို့ ဘုရင်ပါပဲ။ ထိုင်းတွေရဲ့ သူတို့ ဘုရင်အပေါ် သူတို့ရဲ့ သဘောထားကြောင့် ထိုင်းမှာ ဆိုရိုး တစ်ခုတောင် တွင်ယူရပါတယ်။ သည်ဟာကတော့“ထိုင်း တစ်ယောက် သေလို့သာ ထိုင်းဘုရင် အသက်တစ်ရက် ပိုရှည်မယ် ဆိုရင် တစ်နိုင်ငံလုံးက ထိုင်းတွေ အားလုံးက လိုလိုချင်ချင် ကျေကျေနပ်နပ်နဲ့ သေပေးကြမယ်” ဆိုတာပါပဲ။
သည်လောက်အထိ သူတို့ ဘုရင်ကို သူတို့က ချစ်ပါတယ်။ မှန်မမှန် သိချင်လို့ ရှိရင် ကိုယ်တိုင် ထိုင်းတစ်ယောက် ချင်းကို လွတ်လွတ်လပ်လပ် လိုက်မေးနိုင် ပါတယ်။ သည်တော့ ထိုင်းနိုင်ငံမှာ လည်ပတ် အလုပ်လုပ် တဲ့အခါမှာ ထိုင်းဘုရင်ကို မရိုမသေ စကားနဲ့ မတော်တဆ အနေနဲ့တောင် မပြောမိပါမှ ဘေးကင်းပါမယ်။
နိုင်ငံတော် သီချင်း ကဲ့သို့ပင် ဘုရင့် ဘုန်းတော်ဘွဲ့နဲ့ ပြည်သူ့ အတွက် သူ့မေတ္တာ သီချင်းကို မနက် ၆နာရီနှင့် ည၈နာရီ တိတိ တို့တွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှ နေ့တိုင်း ထုတ်လွှင့် ပေးလေသည်။ ထိုအချိန်တွင် လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာ တိုင်းတွင် လွှင့်ထူ ထားသော အသံလွှင့် စက်များမှ သည်သီချင်း၏ အသံ ကြားရုံနှင့် လမ်းပေါ်ရှိ သွားလာသူ သို့မဟုတ် လမ်းဘေး စားသောက်ဆိုင်တွင် ထိုင်နေသူ အားလုံး တို့က ချက်ချင်း မတ်တပ်ရပ် အရိုအသေပြု ကြလေသည်။ ကုန်ကုန် ပြောရရင် ထိုင်းဘုရင် ပုံပါတဲ့ ပိုက်ဆံ အကြွေစေ့ အောက်ကို မတော်တဆ လွတ်ကျတာ တောင်မှ ထိုင်းတွေ မကြိုက်ပါဘူး။ ခြေထောက် နဲ့များ လှမ်းဖမ်း တာမျိုး၊ ခြေချောင်း နဲ့ ညှပ်ကောက် တာမျိုး လုပ်တာကို ထိုင်းတွေ မြင်လို့ ကတော့ နိုင်ငံခြားသား ပင်ဖြစ်စေ ကာမူ အရိုက်ခံ ရနိုင်ပါတယ်။ ထိုင်းဘုရင့် ဓာတ်ပုံကို မဆိုထားနှင့် ထိုင်းဘုရင့်ပုံ ပါသော ငွေစက္ကူနှင့် အကြွေစေ့ ကိုပင် တက်နင်းတာ မြင်ပါလျှင် ဘုရင်ကို မရိုမသေ ပြုမှု ပုဒ်မဖြင့် တရားစွဲ ခံရနိုင်ပါသည်။ ဘယ်ထိုင်း ရှေ့နေ ကမှ မတော်တဆမှု အဖြစ် ရှေ့နေ လိုက်ပေးမည် မဟုတ်ပါချေ။
ထိုင်းမှာ ဒုတိယ လူလေးစား ခံရဆုံးသူ ကတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး သုတေသနနဲ့ ပရောဂျက် များကို ဖခင်ဘုရင်ကြီးနဲ့ အတူ အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် အကောင်အထည် ဖော်နေတဲ့ တတိယ မင်းသမီး မဟာချက္ကရီ သီရိဒုံ ဖြစ်ပြီး တတိယ လူလေးစား ခံရဆုံး ကတော့ ထိုင်းနိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အတွက် သုတေသနပြု ကြိုးပမ်း ဆောင်ရွက်နေတဲ့ စတုတ္ထနဲ့ အငယ်ဆုံး မင်းသမီး ချူလာဘွန်ပဲ ဖြစ်ပါတယ်။ သမီး အကြီးဆုံး ကတော့ မိဘ သဘော မတူတဲ့ နိုင်ငံခြားသားနဲ့ လက်ထပ် ခဲ့အတွက် မင်းသမီးဘွဲ့ ရုပ်သိမ်းခံခဲ့ရပြီး ခင်ပွန်းနဲ့ အိမ်ထောင် ကွဲပြီးတဲ့ အခါမှ သာမန် အိမ်တော်သား အဖြစ်နဲ့ပဲ နန်းတော်မှာ စံနေခွင့် ရရှိခဲ့ပါတယ်။ ဘုရင့် ရင်သွေးတော် များထဲက ဒုတိယမြောက်နဲ့ တစ်ဦးတည်းသော သားတော် ကတော့ ပြည်သူ့ အချစ်တော် မဟုတ်ရှာပါဘူး။ မောက်မာ ထင်ရာစိုင်းကာ အာဏာ မာန်ဝင့်သူ အဖြစ် ကြောင့်ရော၊ တိုင်းကျိုး ပြည်ပြု အလုပ်များကို ဆောင်ရွက်ခြင်း မပြုသူ အဖြစ် ကြောင့်ပါ တိုင်းသူ ပြည်သားများက မျက်နှာသာ မပေးမှုကြောင့် ဘုရင့် သက်တော် ၈၀ ကျော်သည် အထိ နန်းလွှဲ မခံရသေးတာ ဖြစ်ပါတယ်။အငယ်ဆုံး သမီးတော် နှစ်ယောက်မှာ ဖခင် အချစ်တော် ဖြစ်ပြီး အကြီးဆုံး နှစ်ယောက် ကတော့ မိခင် အချစ်တော်များ ဖြစ်ကြတယ် လို့လဲ သိရပါတယ်။
မတ်တပ်ရပ်နေသူ များကတော့ ၀ဲမှယာသို့ မင်းသား ဗီဂျရာ လောင်ကွန်း ၊ ဘုရင့် အမတော်၊ ဘုရင်၊ မိဖုရားနဲ့ သမီးတော်ကြီး တို့ဖြစ်ကြပါတယ်။ ထိုင်နေသူနှစ်ယောက်အနက် ကိုယ်ခန္ဓာ အနည်းငယ် ၀ဖြိုးနေသူမှာ မဟာချကရီသီရိဒုံခေါ် ဒုတိယ သမီးတော်ဖြစ်ပြီး ပိန်သူကတော့ ချူလာဘွန် ခေါ် သမီးတော် အငယ်ဆုံး ပြီး ဖခင် ဘုရင်ကြီးရဲ့ အချစ်တော်များ ဖြစ်ပါတယ်။
Posted by gpgroup at 11:38 AM 0 comments
Labels: ထိုင်းနိုင်ငံအကြောင်းသိကောင်းစရာ
Tuesday, July 10, 2007
သောင်းယိုင်-ဟွိုင်ခခန်ဂ် သဘာဝသားရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး ဥယျာဉ်
Posted by gpgroup at 10:12 AM 0 comments
ဘန်းချိုင်ရှေးဟောင်း သုတေသနနယ်မြေ
Posted by gpgroup at 10:04 AM 0 comments
အယုဒ္မ္ဓယရှေးဟောင်းမြို့တော်
ဥသောင်းမင်းခေါ် ပထမရာမာ သိဘောဒိမင်း လက်ထက် ၁၃၅၀ ခုနှစ်တွင် စတင်ခဲ့သော အယုဒ္မ္ဓယမြို့သည် စဖန်ဘူရီ၊ လော့ဘူရီနှင့် စန်ဘူရီ ပြည်နယ်များကို ပေါင်းစည်း တည်ခဲ့ပြီး သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် အုပ်ချုပ် ကာ နိုင်ငံ တ၀ှမ်းလုံးတွင် မြေရှင် ပဒေသရာဇ် စနစ်က အရေးပါသော စနစ်အဖြစ် လွှမ်းမိုးထား လေသည်။ တိုင်းပြည် တွင် အာဏာအရှိဆုံး ဘုရင်သည် သူဧ။် ဆွေတော် မျိုးတော်များနှင့် မှုးကြီးမတ်ကြီး များကို မြို့တော်နှင့် ဝေးရာမြို့ရွာ များအား စောင့်ရှောက်ရန် မြို့စားရွာစားများ အဖြစ် တာဝန် ပေးလေသည်။ ထိုမြို့ရွာများသည် သက်ဆိုင်ရာ အုပ်ချုပ် သူများဧ။် လက်အောက်တွင် ရှိသော်လည်း ထိုအုပ်ချုပ်သူ များကိုကား နန်းတော်မှသာ အုပ်ချုပ်လေသည်။ ၁၄၄၈-၁၄၈၈ ခုနှစ်အတွင်း စိုးစံခဲ့သော ဘောရောမ တြိလောကနတ် မင်းလက်ထက်တွင် အယုဒ္မ္ဓယဧ။် နိုင်ငံရေး စနစ်ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး အင်အားကောင်းသော အုပ်ချုပ်မှုဆိုင်ရာ ၀န်ကြီးဌာန နှစ်ရပ် ပေါ်ထွန်းလာပြီး ထိုစနစ်ကို အယုဒ္မ္ဓယဧ။် နောက်ဆုံးရက်များ အထိ သုံးစွဲခဲ့ ကြသည်။ ၁၈ရာစု အလယ်တွင် ဖွံ့ဖြိုး တိုးတက်ဆုံး ဖြစ်ခဲ့သည်။
စူရီရတ် အမရင်မင်း ခေါ် ဧကတတ်မင်းသည် အယုဒ္မ္ဓယခေတ်ဧ။် နောက်ဆုံးမင်း ဖြစ်ကာ ၁၆၈၈ -၁၇၆၇ ခုနှစ် တွင်း ရင်ခွင်ပိုက် အရွယ်မှစပြီး နန်းစံခဲ့သည်။ ၁၇၆၇တွင် အယုဒ္မ္ဓယသည် မြန်မာများ လက်အောက်သို့ ထပ်မံ ကျရောက်ကာ ခေတ်တခေတ် ဇာတ်သိမ်းပြန်သည်။ ထို့ကြောင့် အယုဒ္မ္ဓယခေတ် သည် ၁၃၅၀မှ ၁၇၆၇ထိ သာ ထွန်းကားခဲ့ပြီး မင်းဆက်ပေါင်း ၃၃ဆက် စိုးစံခဲ့သည်။ ဗိုလ်ချုပ်ကြီး တက်ဆင်က ပြန်လည် အင်အား စုစည်းပြီး ထိုင်းနိုင်ငံ လွတ်လပ်ရေး ရရှိအောင် ပြန်လည် ကြိုးပမ်းခဲ့သည်။ သူ့လက်ထက်တွင် ထိုင်းနိုင်ငံသည် မြန်မာများ လက်အောက်မှ ပြန်လည် လွတ်မြောက်ကာ ကျောက်ဖယားမြစ်ဧ။် အနောက်ဘက်ကမ်း၊ သွန်ဘူရီအရပ်တွင် မြို့တော်သစ် တည်ခဲ့သည်။ထို့နောက် လက်ရှိ ချက္နရီ မင်းဆက်ကို ထူထောင်ကာ ပထမ ရာမမင်း အဖြစ် နန်းတက် ခဲ့သည်။ ထိုမင်းသည် အယုဒ္မ္ဓယနှင့် အခြား မြို့များမှ လူများကိုပါ သွန်ဘူရီသို့ ပြောင်းရွှေ့ နေစေခဲ့သည်။ ဗုဒ္မ္ဓရုတ် ဖာ ချူလာ လောင်ကောင်မင်း လွန်ပြီးနောက် ပထမ ရာမမင်း နန်းတက် သောအခါ သူနှင့် ညီတော်တို့သည် ရတနာ ကိုးစင်း အရပ်ခေါ် ဘန်ကောက်ကို စတင် တည်ထောင်ခဲ့ရာ မြို့တော်သစ် မပြီးမီကပင် သွန်ဘူရီနှင့် အယုဒ္မ္ဓယမှ လူအများစုသည် မြို့တော်သစ်သို့ ပြောင်းရွှေ့ အခြေချ ကြသဖြင့် အလွန်နည်းသော လူများသာ မြို့ဟောင်းများတွင် ကျန်ရစ်သည်ဟု အဆိုရှိကြသည်။ အယုဒ္မ္ဓယ မြို့ပျက်ကိုကား ပဥ္နမမြောက် ရာမမင်း လက်ထက် ရောက်မှ ပထမ အကြိမ်ပြုပြင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ယဉ်ကျေးမှု အပျက်အစီးများဧ။် အရေးပါမှုကို ပထမဆုံး အကြိမ် နားလည် သဘောပေါက် ပြီး ထိုအပျက်အစီးများကို ရှင်းလင်း ဖယ်ရှားခြင်း မပြုဘဲ မူရင်းအတိုင်း ထိန်းသိမ်း ထားခဲ့ရာ ယနေ့တိုင် ဖြစ်သည်။ နန်းတော် သုံးဆောင်နှင့် ဘုရားကျောင်းဆောင် ၄၀၀ကျော် ရှိခဲ့သော သည်ကျွန်းပေါ် ရှိ မြို့ဟောင်းသည် အာရှသား များကိုရော ဥရောပ နိုင်ငံသားများပါ လာရောက် ကြည့်ရှုရန် ဆွဲဆောင် နိုင်လေသည်။
စူရီရတ် အာမင်ဒရာ အဆောက်အဦ။ ။သည်အဆောက်အဦကို ဘုရင် ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သော ဘန်ချရတနာ အဆောက်အဦဧ။် ပရ၀ုဏ် အတွင်း မြစ်ကမ်းဘေးတွင် နရိုင်းမင်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ စက်ဖတ်ပရာစတ် ဧည့်ခန်းဆောင်။ ။ နိုင်ငံတော်ဆိုင်ရာ ဧည့်သည်များကို ဧည့်ခံရန် သည်အဆောက်အဦကို ဘုရင်ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သည်။ ၀ိဟာရစုမ်ဒတ် နန်းတက်ခန်းမဆောင်။ ။သည်အဆောက်အဦကို ဘုရင် ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သော မန်ကလာပိစပ် အဆောက်အဦကို အစားထိုးရန် ဖရာ ဆပ်သောင်းမင်းဧ။် အမိန့်ဖြင့် ၁၆၄၃ တွင် ဆောက်လုပ်ခဲ့ပြီး နန်းတက်ပွဲ ကဲ့သို့သော နိုင်ငံတော် အခမ်းအနားများ ကျင်းပရန် အသုံးပြုခဲ့လေသည်။ ချရ၀တ်ဖိုင်ချရုံ တပ်မတော်မှတ်တမ်းရုံး။ ။ ၁၆၃၂တွင်ဖရာ ဆပ်ဥသောင်းမင်း စတင် တည်ဆောက်ပြီး စီရိယဆိုသွန် မဟာဖိမန် ဘန်ယွန်ဟု အမည် မှည့်ခေါ် စေခဲ့ကာ မင်းအဆက်ဆက်က စစ်ရေး
လေ့ကျင့်မှုများနှင့် အစီအစဉ်များကို ပြန်လှန် သုံးသပ်ရာ အဆောက်အဦ အဖြစ် သုံးစွဲခဲ့ကြသည်။ နောက်ပိုင်းတွင်မူ သည်အဆောက်အဦ အမည်ကို ချရ၀တ်ဖိုင်ချရုံဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။ ထရိုင်မူအတ်အဆောက်အဦ။ ။ သည်အဆောက်အဦသည် ဘောရောမရချမင်းဧ။် သမိုင်းဆိုင်ရာ မှတ်တမ်းရုံး အဖြစ် ရှိခဲ့သော်လည်း ၁၄၂၇တွင် မီးလောင် ပျက်စီးခဲ့သည်။ ၁၉၀၈တွင် ချူလာလောင်ကွန်မင်းဧ။် နန်းသက် နှစ်၄၀ ပြည့် အထိမ်းအမှတ် အဖြစ် မူလ အဆောက်အဦဧ။် အုတ်မြစ်အတိုင်း ဆင်ဝင်ပေါက် သုံးခုပါသော ဧည့်ခန်းဆောင် ကို ဖျားဘွန်ရတ်ချ သနင်ဒရာ အား ပြန်လည် တည်ဆောက်ရန် အမိန့် ချခဲ့သည်။
ဆွန်ပူအန်အဆောက်အဦ။ ။ မင်းများ အဆက်ဆက် ညီလာခံသဘင် ကျင်းပရာ ခန်းမဆောင် အဖြစ် အသုံးပြု ခံခဲ့ရပြီး နန်းတော်အနီးတွင် တည်ရှိသည်။ မင်းကို ခစားရန် လာကြရသော မှုးကြီးမတ်ရာများသည် သည်အဆောင် သို့ လာရာတွင် မဟာပိုက ၀င်ပေါက်မှ ၀င်ပါက အနီးဆုံး ဖြစ်လေသည်။
အယုဒ္မ္ဓယ ၀န်းကျင်နှင့် အယုဒ္မ္ဓယ အနီးတ၀ိုက်သို့ လည်ပတ်နည်းများ
တုတ်တုတ်ခေါ် သုံးဘီးကားလေးများဖြင့် အနီးအနား နေရာများသို့ သွားရောက် လည်ပတ်လျှင် ခရီး အကွာအဝေး ကို လိုက်ပြီး ၁၀ဘတ်မှ ဘတ်၃၀ ကြား ပေးရလေ့ရှိပါသည်။ ဘူတာရုံမှ အယုဒ္မ္ဓယ ရှေးဟောင်းမြို့ထိ ဘတ်၃၀ခန့် ပေးရပြီး အယုဒ္မ္ဓယမြို့တွင်း လည်ပတ်ခ မှာမူ အလွန်ဆုံးမှ ဘတ်၂၀သာ ပေးရပါသည်။ ရှေးဟောင်း အဆောက် အဦများကြား လည်ပတ်ရန် အကောင်းဆုံးနည်းမှာ စက်ဘီးဖြစ်ပြီး တည်းခိုခန်း များတွင် ငှားရမ်းနိုင်ကာ တစ်ရက် လျှင် ဘတ်၅၀ ဖြစ်ပါသည်။ဟိုင်းလတ် အငှားကား ယာဉ်များဖြင့် လည်းကောင်း၊ သုံးဘီးကား များဖြင့် လည်းကောင်း နာရီလိုက် သို့မဟုတ် နေ့ပြတ် ငှားလိုပါက ငှားနိုင်ပြီး တစ်နာရီ ဘတ်၁၅၀ သို့မဟုတ် တစ်ရက် ဘတ် ၅၀၀ကျ သင့်လေသည်။ လမ်းလျှောက်ရင်း လည်ပတ်လိုပါက လည်ပတ်နိုင် သော်လည်း မိုးရာသီနှင့် နွေရာသီ တို့တွင်ကား လွန်စွာ ပင်ပန်းခံနိုင်ပါမှ လမ်းလျှောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ဘန်ကောက်ဧ။် ဆောင်းရာသီ သည်ကား မြန်မာတို့ အပေါ်အင်္ကျီပင် ၀တ်ရန် မလိုလောက် အောင်ပင် ဆောင်းမပီသသော ဆောင်းဖြစ်ပါသည်။ နေ့ခင်းပိုင်း တွင် ကား နွေတမျှ ပူသည်သာတည်း။ ဟွာရိုဈေးအနီးရှိ ချန်ကစန်ကူးတို့ဆိပ် ခေါ် သချန်ကစန် လှေဂိတ်မှ လှေငှားကာ အယုဒ္မ္ဓယ ကျွန်းတစ်ပတ်ခန့် လှည့်လည် ကြည့်ရှုရင်း ကုန်းလမ်းမှ လူသွားလူလာ နည်းသော နေရာများမှ ရှေးဟောင်း အဆောက်အဦ ပျက်များကို လှေပေါ်မှ နေရင်း လေ့လာနိုင်ပါသည်။ လူရှစ်ယောက် လိုက်ပါနိုင်သော လှေကိုငှားလျှင် ၂နာရီမ ၃နာရီကြာ ခရီးကို ဘတ်၄၀၀ ပေးရပြီး ၀ပ်ဖွတ် ထိုင်းဆ၀မ်ဘုရား၊ ၀ပ်ဖနန်ချောင် ဘုရားကျောင်းနှင့် ၀ပ်ချိုင် ၀တ်ထနာရမ် ဘုရား တို့တွင် ခဏ ရပ်ပေးပါသည်။
အယုဒ္မ္ဓယမြို့တွင်းတစ်ပတ်စာ မီနီဘတ်စ် ငှားရမ်းလိုပါက တစ်ရက်စာ ဘတ်၂၅၀မှ ဘတ် ၃၀၀ ကြားငွေဖြင့် ငှားရမ်း နိုင်ပါသည်။ အယုဒ္မ္ဓယမြို့ဟောင်းမှ ဘန်ပါအင်းသို့ သွားလိုပါက ခေါင့်ပရွန် လမ်းပေါ်ရှိ ခေါင့်ပရွန် ဈေးရှိ မီနီဘတ်စ် ဂိတ်တွင် ကားစီးနိုင်ပြီး မနက်၆နာရီခွဲမှ စတင်ကာ နေ့စဉ် ပုံမှန် ပြေးဆွဲပါသည်။ ကားခ ဘတ်၃၀ ပေးရပြီး မိနစ်၅၀ခန့် ကြာလျှင် ဘန်ပါအင်း နန်းတော်သို့ ရောက်ပါသည်။
ခရီးစဉ်လမ်းညွှန်။
မော်တော်ကား။ ။(၁) ဘန်ကောက်မှ မြောက်ဘက်သို့ ပဟိုယိုသင်း လမ်းမကြီး ခေါ် အဝေးပြေး လမ်းမကြီး အမှတ်(၁) အတိုင်း သွားပြီးနောက် အဝေးပြေး လမ်းမကြီး အမှတ် ၃၂ သို့ ထပ်ဆင့် လမ်းကြောင်း ပြောင်းကာ မောင်းလျှင် အယုဒ္မ္ဓယ မြို့ဟောင်းသို့ ရောက်ပါသည်။ (၂) ဘန်ကောက်မှ မြောက်ဘက်သို့ ချန်ဝတ်ထနာလမ်း ခေါ် အမှတ်၃၀၄ အဝေးပြေး လမ်းမကြီး အတိုင်း သို့မဟုတ် ငမ်ဝန်ဝမ် လမ်းခေါ် အမှတ် ၃၀၂ အဝေးပြေး လမ်းမကြီး အတိုင်း သွားပြီးနောက် ညာဘက်ကို ကွေ့ကာ တိဝမ်နွန်လမ်း ခေါ် အမှတ်၃၀၆ အဝေးပြေး လမ်းမကြီး အတိုင်း သွားပြီး အမှတ် ၃၁၁၁ အဝေးပြေး လမ်းမကြီး အတိုင်း ဆက်သွားပါ။ အန်ဖိုစီနာ ရောက်လျှင် ညာဘက် ကွေ့ကာ အမှတ်၃၂၆၃ အဝေးပြေး လမ်းမကြီးအတိုင်း ဆက်သွားလျှင် ရောက်ပါသည်။ (၃) ဘန်ကောက်မှ မြောက်ဘက်သို့ ဘန်ကောက်- နွန်သဘူရီ- ပသုန်ထာနီ လမ်းမကြီးခေါ် အဝေးပြေး လမ်းမကြီးအမှတ် ၃၀၆ အတိုင်းသွားပြီး နောက်အမှတ် ၃၄၇ အဝေးပြေး လမ်းမကြီးအတိုင်း ဆက်သွားလျှင် ရောက်ပါသည်။
ဘတ်စ်ကား။ ။ဘန်ကောက်ရှိ မိုးပျံနှင့် မြေအောက် ရထားဂိတ်များ လမ်းဆုံးရာ မိုချစ်မြောက်ပိုင်း အဝေးပြေးဂိတ်မှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ တိုက်ရိုက် ထွက်သော၊ အယုဒ္မ္ဓယ မြို့ဟောင်းမှ နရဲစွမ်လမ်းရှိ ဘတ်စ်ကားဂိတ်မှ ဘန်ကောက်သို့ တိုက်ရိုက် ပြန်သော သာမန် ဘတ်စ်ကားများမှာ မနက် ၅နာရီမှ ည၇နာရီ အတွင်း မိနစ်နှစ်ဆယ် တိုင်းတွင် တစ်စီးကျ နေ့စဉ် ထွက်ကာ ကားခမှာ ဘတ်၃၀သာ ကျကာ နှစ်နာရီအတွင်း ရောက်နိုင်ပါသည်။ လေအေးပေး စက်တပ် ဘတ်စ်ကား များသည် သာမန် ဘတ်စ်ကားများနှင့် တူညီသော လမ်းကြောင်းအတိုင်း မောင်းကာ မနက် ၅နာရီ ၄၀မိနစ်မှ ည ၇နာရီ မိနစ်၂၀ အတွင်းတွင် မိနစ် ၂၀ တိုင်းတွင် တစ်စီးကျ နေ့စဉ်ထွက်ကာ ကားခမှာ ၄၇ဘတ် ကျသင့်ပြီး ခရီးစဉ်မှာ ဘန်ကောက် မြောက်ပိုင်း ယာဉ်ကြော ပိတ်ဆို့မှု မရှိခဲ့လျှင် တစ်နာရီခွဲ ခန့်သာ ကြာသော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ရှိခဲ့ပါမူ နှစ်နာရီခန့် ကြာနိုင်သည်။
မီးရထား။ ။ ဘန်ကောက်ရှိ ဟွာလန်ပုန် ဘူတာရုံမှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ ထွက်သော မီးရထား များမှာ မနက် ၄နာရီ မိနစ်နှစ်ဆယ်မှ ည ၁၀နာရီ အတွင်း တစ်နာရီခြား တစ်စီး ထွက်ကာ တတိယတန်း တွဲများတွင် လူတစ်ယောက်လျှင် ရထားခ ၁၅ဘတ် ကျသင့်ကာ တစ်နာရီခွဲခန့် စီးရလေသည်။
ရေယာဉ်။ ။ ဘန်ကောက်နှင့် အယုဒ္မ္ဓယ မြို့ဟောင်းသို့ ပုံမှန် ပြေးဆွဲသော အစိုးရပိုင် ရေကြောင်း ဆက်သွယ်ရေး ၀န်ဆောင်မှု မရှိသော်လည်း များစွာသော ခရီးသွား လုပ်ငန်း ကုမဏီ များမှ ဇိမ်ခံ အပျော်စီး သင်္ဘော များဖြင့် ဘန်ကောက်မှ ဘန်ပါအင်းသို့ ပို့ဆောင်ပေးပြီး ဘန်ပါအင်းမှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ လေအေးစက်တပ် ဘတ်စ်ကားကြီးများဖြင့် လိုက်လံ ပို့ဆောင်ကာ ၀န်ဆောင်ခ အဖြစ် ဘတ် ၁၅၀၀မှ ၁၈၀၀ ကြား ယူလေသည်။ ရှေးခေတ်သုံး ဆန်သယ်လှေ ပုံစံကို မွမ်းမံ ပြင်ဆင် ထားသော ရှေးပုံ ဗိုက်ပူ လှေကြီးများဖြင့် သွားလျှင်ကား နှစ်ရက်ကြာ ခရီးကို ဘတ် ၄၈၀၀ အနည်းဆုံး ပေးရလေသည်။
ဝပ် နီဝတ် သမပရာဝတ် ဘုရားကျောင်း။ ။ ပဥမမြောက် ရာမဘုရင် ခေါ် ချူလာ လောင်ကောင်မင်း လက်ထက်က တည်ထားခဲ့ပြီး ထိုင်းဘုရား ကျောင်းနှင့် တူသည်ထက် ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းနှင့် ပိုမိုတူသော ဗိသုကာ လက်ရာဖြင့် တည်ဆောက် ထားလေသည်။ ခရီးသွား ဧည့်သည်များသည် ဘုရားကျောင်းသို့ ရောက်ရန် မြစ်ကို ကေဘယ်ကားဖြင့် ဖြတ်ကူးရပြီး ဖြတ်ကူးခမှာ အခမဲ့ ဖြစ်လေသည်။ ဖရာ့ သီနန် ဥတရန် ဖူမိစသီရန်။ ။ သည်အဆောက်အဦသည် ခမ်းနား ကြီးကျယ်စွာ အနုစိတ် ဆောက် လုပ်ထားသော နှစ်ထပ် အိမ်တော် ဖြစ်ပြီး အစိမ်းဖျော့မှ အရင့်သို့ အစဉ်လိုက် ခြယ်မှုန်း ထားလေသည်။ ရေကန်ဧ။် အရှေ့ဘက်တွင် ဆောက်လုပ်ထားသည်။ ထိုအိမ်တော်ဧ။် လသာဆောင်ကို ဆွစ်ဇာလန်နိုင်ငံရှိ အိမ်များဧ။် ပုံစံဖြင့် ဆောက်လုပ်ထားလေသည်။ ၁၉၃၈ခုနှစ်တွင် ပြန်လည် မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်နေစဉ် သည်အိမ်တော်သည် မီးသင့်လောင် ခဲ့သေးသည်။ ထိုသို့ မီးမလောင်မီက သည်အိမ်တော် တစ်ခုလုံးကို သစ်သားဖြင့် ဆောက်လုပ်ထားပြီး ဥရောပမှ တိုက်ရိုက် မှာယူ တင်သွင်းသော မဟော်ဂနီသား ပရိဘောဂ များဖြင့် ခင်းကျင်း ပြင်ဆင် ထားလေသည်။ ဘန်ကောက်မှ ဘန်ပါအင်း နန်းတော်သို့ အပျော်စီး ဇိမ်ခံရေယာဉ်ဖြင့် သွားနိုင်သော ခရီးစဉ်လည်း များစွာ ရှိလေသည်။ ဘန်ပါအင်း နန်းတော်သည် မနက်၉နာရီမှ ညနေ ၃နာရီထိ ဖွင့်ပြီး ၀င်ကြေး ဘတ်၅၀ ဖြစ်လေသည်။
Posted by gpgroup at 9:20 AM 0 comments
ဆူခိုထိုင်းရှေးဟောင်းမြို့တော်
ဆူခိုထိုင်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းဧ။် အောက်နားတွင် ရှိပါသည်။ ဆူခိုထိုင်းဧ။် အဓိပ္ပာယ်မှာ ပျော်ရွှင်မှုဧ။် အာရုဏ်ဦး ဖြစ်ပါသည်။ ဘန်ကောက်မြို့မှ မြောက်ဘက်သို့ ၄၂၇ ကီလိုမီတာနှင့် ချင်းမိုင်မြို့မှ တောင်ဘက် သို့ ၂၉၈ ကီလိုမီတာ ကွာဝေးသော နေရာတွင် တည်ရှိပါသည်။
၁၃ရာစု အစောပိုင်း ကာလတွင် ရုန်မြစ်ဝှမ်း လွင်ပြင်တွင် အခြေချ နေထိုင်ခဲ့သော
ဆူခိုထိုင်းသမိုင်းဥယျာဉ်သည် ဆူခိုထိုင်း-တပ်ခ် အဝေးပြေးလမ်းမကြီးမှ ၁၂ကီလိုမီတာ ဝေးသောအရပ် တွင် တည်ရှိသော ကုလသမဂ္မ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းကြီးမှ သတ်မှတ်ပေး ထားသော ကမ္ဘာ့ သမိုင်းဆိုင်ရာ အမွေအနှစ် တစ်ရပ် ဖြစ်လေသည်။ သည်ဥယျာဉ်တွင်းတွင် လေ့လာ လည်ပတ်သူများ အထူး စိတ်ဝင်စားခြင်း ခံရသော အရာများမှာ ယိုယွင်း ကြွင်းကျန်ရစ်သော ဘုရားကျောင်းများမှ တိုင်များနှင့် စေတီ များ၊ စေတီများ အောက်မှ ဆူခိုထိုင်း ဗိသုကာ လက်ရာဖြင့် ဆောက်လုပ် ထားသော ဆန်းပြားသည့် ကြာပလင်၊ မြို့တံတိုင်းများနှင့် ရေသွင်းစနစ် အပြည့်အစုံပါသော ရေကန်များ၊ ရေနှုတ်မြောင်းများ ဖြစ်လေသည်။
သမိုင်းဥယျာဉ်တွင်းရှိမှတ်တိုင်များ ၀ပ် ဆိုသည်မှာ ထိုင်းဘာသာဖြစ်ပြီး မြန်မာလို ဘုရားကျောင်းဟုအဓိပ္ပာယ်ရပါသည်။
ထို့ပြင် ဂ၀ံကျောက်ဖြင့် ထုလုပ် ထားသော လျောင်းတော်မူ ဗိသနိုးရုပ်၊ အခြား ဟိန္မ္ဒူနတ်ရုပ် များနှင့် လော့ဘူရီ ခေတ် အနုပညာ လက်ရာ များကိုလည်း ဘုရားကျောင်းရှိ ကျုံးများကို ပြန်ဆည်စဉ် ပြန်လည် တွေ့ရှိရသဖြင့် ၁၃ ရာစုနှစ်များ အစပိုင်းအတွင်း သည်ဘုရား ကျောင်းတွင် ဘာသာရေး ကိုးကွယ်မှုမှာ ဟိန္မ္ဒူဘာသာနှင့် ဗုဒ္မ္ဓဘာသာ ရောထွေးနေဟန် ရှိသည်ဟု ယူဆရလေသည်။ ၁၃ရာစု နှောင်းပိုင်းတွင်မှ ဗုဒ္မ္ဓဘာသာ ထွန်းကားခဲ့ပြီး ဗုဒ္မ္ဓဘာသာ ဘုရားကျောင်း ဖြစ်လာခဲ့ဟန် ရှိလေသည်။
ဝပ်ချနစုံခရမ်။ ။သည်ဘုရား ကျောင်းသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး ရမ်ခမ်ဟန်းဂ် ဘုရင် အမျိုးသား ပြတိုက်နှင့် ဘေးချင်း ကပ်လျက် ရှိလေသည်။ သည်ဘုရား ကျောင်းဧ။် အရေးအကြီးဆုံး အဆောက်အဦမှာ သီရိလင်္ကာ လက်ရာစေတီ ဖြစ်လေသည်။ စေတီဧ။် ပစ္နယာဆင့် များကို ဂ၀ံကျောက် များဖြင့် တည်ဆောက်ထားပြီး အပေါ်ပိုင်းများကို အုတ်ဖြင့် ဆောက်လုပ် ထားလေသည်။ ထို့ပြင် ရှေးဟောင်း ၀ိဟာရဆောင်ဧ။် အုတ်မြစ်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ် ကျော်ခန့်က ပြန်လည် တည်ဆောက် ထားခဲ့သော အာရုဏ်ခံ တန်ဆောင်းလည်း ရှိလေသည်။ သည်ဘုရား ကျောင်းထဲတွင် ဆူခိုထိုင်းခေတ် လက်ရာဖြင့် ကျောက်ပေါ်တွင် ထွင်းထုထားသော မြတ်စွာဘုရားဧ။် ခြေတော်ရာကို သိမ်းဆည်းထားသော အဆောက်အဦ ငယ်တစ်လုံးလည်း ရှိလေသည်။
ဝပ်ထရာဖန်ငွမ်။ ။ထရာဖန်ငွမ်ဆိုသည်မှာ သမိုင်းဝင် အဆောက်အဦများ ခြံရံလျက် တည်ရှိသော ရေလှောင်ကန် ဖြစ်ပြီး ရေလှောင်ကန်ဧ။် အနောက်ဘက် ခြမ်းတွင် တည်ထားသော ကြာဖူးထိပ်အုပ် စေတီကို ၀ပ်ထရာဖန်ငွမ် ဟုခေါ်လေရာ ဆည်တော်ဦး စေတီဟုလည်း မြန်မာဆန်ဆန် မှတ်ယူနိုင် လေသည်။ ထူးဆန်းသော စိတ်ကူးဖြင့် တည်ဆောက် ထားသော အာရုဏ်ခံ တန်ဆောင်းသည် ကန်လယ်ကျွန်း ပေါ်တွင် တည်ရှိလေသည်။
နိုအမ်ဖရာဆပ်။ ။သည်သမိုင်းဝင် အဆောက်အဦသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး မျက် နှာစာ တဖက်လျှင် မီတာ၂၀၀ ကျယ်သော လေးထောင့်စပ်စပ် အုတ်ခုံသာ ကျန်ရစ်ခဲ့သည်။ ကြေးသွန်း လူပုံအပိုင်း အစများနှင့် အုတ်ဖြင့် ပြုလုပ်ထားသော ခြင်္သေ့ပုံ အပိုင်းအစ တို့ကို ထိုအုတ်ခုံအနီးတွင် တူးဖော် ရရှိခဲ့သည်။ ၁၈၃၃တွင် စတုတ္မ္တမြောက် ရာမ ဘုရင် သည်နေရာကို လည်ပတ်ခဲ့စဉ်က ကျောက်ထွင်း ကျောက်စာချပ် တစ်ချပ် တွေ့ရှိခဲ့ပြီး ယခုအခါ ကျောက်စာတိုင် အမှတ်၁ဟု ခေါ်တွင်သည်။
ခရီးစဉ်လမ်းညွှန်
မီးရထား။ ။ ဆူခိုထိုင်းသို့ တိုက်ရိုက် ရောက်သော မီးရထား မရှိဘဲ ပစ္နနုလောက်သို့သာရထား ရောက်ပြီး ထိုမှတဆင့်၅၉ကီလိုမီတာခန့် ဘတ်စ် ကားစီးလျှင်ဆူခိုထိုင်းသို့ရောက်နိုင်ပါသည်။
ဘတ်စ်ကား။ ။ဘန်ကောက် မြို့ရှိ မိုချစ် အဝေးပြေး ကားဂိတ်မှ ဆူခိုထိုင်းသို့ နေ့စဉ်ထွက်သော လေအေးစက် တပ် ဘတ်စ်ကားများသည် မနက်၉နာရီ ၄၅မိနစ်နှင့် ည၁၀နာရီ မိနစ်နှစ်ဆယ် တွင်ပုံမှန် ထွက်လေ့ရှိပါသည်။ ဘန်ကောက်မှ ဆူခိုထိုင်းသို့ ၇နာရီခန့် ကားမောင်းရပါသည်။ ကိုယ်ပိုင် ယာဉ်လိုင်းများမှာ ၀င်း ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၃၇၅၃ နှင့် ၆၆၅-၅၆၁-၁၀၉၃၊ ပစ္နနုလောက် ရန်ရုံ ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၂၉၂၄၊ ၆၆၂-၉၃၆-၂၉၂၅၊ ၆၆၅-၅၂၅-၈၆၄၇နှင့် ဆူခိုထိုင်း အဝေးပြေး ကားဂိတ်ဝင်း ဖုန်း ၆၆၅-၅၆၁-၃၂၉၆ တို့သို့လည်း ဆက်သွယ်နိုင်ပါသည်။ ကားခမှာ လောင်စာဆီ ဈေးနှုန်းကို လိုက်ပြီး အတက်အကျ ရှိနိုင်သည်။
လေယာဉ်။ ။ ဘန်ကောက် လေကြောင်းလိုင်းမှ ဆူခိုထိုင်းသို့ နေ့စဉ် ပျံသန်းပြီး တစ်နာရီခန့် သာကြာပါသည်။ ဆူခိုထိုင်း လေဆိပ်သည် ဆူခိုထိုင်း မြို့ဟောင်းဧ။် မြောက်ဘက် ကီလိုမီတာ ၄၀ခန့် ကွာဝေးသော နေရာတွင် တည်ရှိပါသည်။ ဘန်ကောက် လေကြောင်းလိုင်းတွင် လေယာဉ် လက်မှတ် ၀ယ်ယူနိုင်ရန် အတွက် ဖုန်း ၆၆၂- ၂၆၅- ၅၆၇၈၊ ၆၆၂- ၂၆၅- ၅၅၅၅၊ ၆၆၅ - ၅၆၄ - ၇၂၂၄၊ ၆၆၅ -၅၆၄-၇၂၂၅ သို့မဟုတ် တတတ.ဘညေါုသုငေမ.ခသာ သို့ဆက်သွယ် ၀ယ်ယူ နိုင်ပါသည်။
ဆူခိုထိုင်း နန်းတော်၏ မြောက်ဘက်ရှိ စီစတ်ချနာလိုင် မြို့နှင့် ဆူခိုထိုင်း နန်းတော်၏ တောင်ဘက်ရှိ ကဖန်ဖတ်မြို့ (မြန်မာအခေါ် ကမန်ပိုက်) တို့သည် ဆူခိုထိုင်းခေတ်တွင် အရေးပါသော မြို့တို့ ဖြစ်ခဲ့သည်။ ကဖန်ဖတ်မြို့သည် ခေတ်ဟောင်း ဆူခိုထိုင်း မြို့တော် အတွက်ရော၊ ခေတ်သစ် အယုဒ္မ္ဓယ ရှေးဟောင်း မြို့တော်အတွက် ပါ မဟာဗျူဟာ အရ အရေးပါသော မြို့တော် ဖြစ်ခဲ့သည်။သည့်အတွက် ကဖန်ဖတ်မြို့ရှိ ရှေးဟောင်း အနုပညာ လက်ရာများသည် ဆူခိုထိုင်းခေတ် လက်ရာနှင့် အယုဒ္မ္ဓယခေတ် လက်ရာ တို့ ရောနှောလျက် ရှိသည်ကို တွေ့နိုင်လေ သည်။ ဆူခိုထိုင်း၊ ကဖန်ဖတ်နှင့် စီစတ်ချနာလိုင် မြို့များအားလုံးသည် ရုန်မြစ်ရိုး တလျှောက် တောင်မှ မြောက်သို့ သွယ်တန်း တည်ရှိနေလေသည်။
ဥယျာဉ်ဝင်ကြေး ဘတ်၄၀နှင့် မြေပုံအတွက် ၅ဘတ် ဖြစ်လေသည်။ မနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲထိ ဖွင့်လှစ်လေသည်။ အငှားယာဉ်၊ ဟိုတယ်မှ စီစဉ်ပေးသော ယာဉ် သို့မဟုတ် ဧည့်လမ်းညွှန်များဧ။် ကားများသည် စီစတ် ချနာလိုင်ရှိ ပြန့်ကျဲနေသော ရှေးဟောင်း နယ်မြေများကို လှည့်လည် ကြည့်ရှုနိုင်ရန် အကောင်းဆုံး အစီအစဉ်ဖြစ်ပြီး တစ်ရက်လျှင် ဘတ်၅၀၀ ခန့်သာ ကျသင့်ပါသည်။ သို့သော် စက်ဘီးဖြင့် သွားချင်လျှင် တစ်ရက် စက်ဘီးငှားခ ဘတ်၃၀ဖြင့် လှည့်လည် ကြည့်ရှု နိုင်ပါသည်။ အများပြည်သူသုံး ဘတ်စ်ကားဖြင့် စီစတ်ချနာလိုင်တွင် လည်ပတ်လို ပါက အ၀ိုင်းကြီးဧ။် အရှေ့ဘက်မှ ဂျာလော့ ၀ီထိသုမ် လမ်းမပေါ်ရှိ မှတ်တိုင်မှ စီးလျှင် ၁၈ဘတ်သာ ကုန်ကျလေသည်။ ရှေးဟောင်းနယ်မြေနှင့် ၂ ကီလိုမီတာခန့် ဝေးသောနေရာတွင် ကေဘယ် ကြိုးတံတား တစ်ခုကို တွေ့နိုင်ပြီး ထိုနေရာတွင် စက်ဘီးတစ်စီးကို ဘတ်၃၀ဖြင့် ငှားရမ်းနိုင်ပါသည်။ ကေဘယ် တံတားတလျှောက်နှင့် မြစ်ကမ်းဘေး တွင် စက်ဘီး စီးရသည်မှာ ပျော်ရွှင်စရာ ကောင်းလှပေသည်။ ၀ပ်မဟာထပ်သည် တံတားထိပ်တွင် ရှိပြီး ၀င်ရောက် ဖူးမြော်လိုပါက ၀င်ကြေး ဆယ်ဘတ် ကျသင့်လေသည်။ ထိုနေရာတွင် မလည်ပတ် လိုသောကြောင့် ဘတ်စ်ကား မှ မဆင်းသေးဘဲ ကားဆက် စီးသွားလျှင် ရှေးဟောင်း နယ်မြေ အ၀င်ပေါက်ဝသို့ ရောက်မည် ဖြစ်ပြီး ထိုနေရာတွင် လည်း ပိုမိုသစ်လွင် ကောင်းမွန်သော စက်ဘီးကို တစ်စီး ဘတ်၃၀ဖြင့် ငှားရမ်း လည်ပတ် နိုင်လေသည်။သည်နယ်မြေ ထဲတွင် ဆင်စီးရင်းလည်း လှည့်လည် သွားလာ လည်ပတ်နိုင်ပြီး ဆင်တစ်ကောင်ကို လူသုံးယောက် စီးနိုင်ကာ မိနစ်၃၀ကို ငှားခ ဘတ် ၁၀၀ ကျသင့်လေသည်။ မိမိတည်းခိုရာ ဟိုတယ် သို့မဟုတ် တည်းခိုခန်းမှ တာဝန် ရှိသူ တစ်ဦးကို မိမိသွားလိုရာ နေရာကိုရော၊ ရောက်ရာ နေရာမှ ဟိုတယ်သို့ ပြန်လာနိုင်ရန် ဟိုတယ်နာမည်နဲ့ လိပ်စာကိုပါ ထိုင်းလို ရေးခိုင်းကာ ကိုယ်နှင့် အတူ ဆောင်သွားနိုင် ပါသေးသည်။ လမ်းပျောက်မှာ သိပ်မပူရ တော့ပါ။
ဖရာ့စီရတနာမဟာထပ် ကျောင်းတော်။ ။ ဖရာ့ ဘောရောမ ထပ် မူအန်ချလင်ဂ် ခေါ် ဖရာ့ပရန် ဟုလည်း အမျိုးမျိုး ခေါ်ဝေါ်သော သည်ဘုရား ကျောင်းတော်ကို ရှေးဟောင်း စီစတ်ချနာလိုင် မြို့ရိုးတံတိုင်းမှ တောင်ဘက် ၃ကီလိုမီတာ အကွာတွင် တွေ့နိုင်ပါသည်။ လေးထောင့်ပုံ အုတ်ခုံပေါ်မှ ထုထည် ကြီးမားသော ဂ၀ံကျောက် အာရုဏ်ခံ တန်ဆောင်းသည် သည်ဘုရားဧ။် ဗဟိုချက်မ ဖြစ်လေသည်။ ဓာတ်တော်တိုက်သို့ သွားရာ လှေကား သည်ကား စောက်နက် လှပါသည်။
ခေါင့်ဖနွန် ဖလွမ် ဘုရားကျောင်း။ ။ စီစတ်ချနာလိုင် မြို့ဟောင်း အတွင်း တောင်ကုန်း ထိပ်တွင် တည်ထား သော ဘုရားဖြစ်ပြီး ဂ၀ံကျောက် စေတီကို ဗဟိုထားပြီး ကျယ်ဝန်းသော အာရုဏ်ခံ တန်ဆောင်းကို စေတီရှေ့တွင် တွေ့နိုင်ကာ ယင်းနောက်တွင် ပျက်ယွင်းနေသော ရုပ်ပွားတော် တစ်ဆူလည်း ရှိပြီး အားလုံးမှာ ယိုယွင်းပျက်စီး နေပြီဖြစ် လေသည်။ တိုင်များနှင့် ပျက်စီးယိုယွင်း နေသော ဘုရား ရုပ်ပွားတော်များမှာ ဂ၀ံကျောက်ဖြင့် အတွင်းမှတည်ထား ဆောက်လုပ်ကာ အပေါ်မှ ကွန်ကရစ်မံ ထားခြင်း ဖြစ်သည်ကို တွေ့နိုင်လေသည်။
ခေါင့်စူဝမ်ခိရိ ဘုရားကျောင်း။ ။ ဖနွန်ဖလွမ် တောင်ကုန်းမှ မီတာ ၂၀၀ခန့် ကွာဝေးသော တောင်ကုန်း ပေါ်တွင် တည်ထားသော စေတီ ဖြစ်လေသည်။ ခေါင်းလောင်းကြီးပုံ တည်ထားသော စေတီသည် စေတီဧ။် အလယ် ဗဟိုတွင် ပစ္နယာ ငါးဆင့်ခံကာ တည်ထား လေသည်။ ပြိုပျက်နေသော ၀ိဟာရဆောင်၊ စေတီနှင့် ကြီးမားသော ကွန်ကရစ် အပိုင်းအစ များသည် မြေပေါ်တွင် ပျံ့ကြဲလျက် ရှိနေလေသည်။ သည်စေတီ ပရ၀ုဏ်ထဲရှိ အချို့ ပုံပန်းများနှင့် ဆူခိုထိုင်း မြို့ဟောင်း တွင်းရှိ ၀ပ်ချန်လွန်မ် ဘုရားရှိ ပုံပန်းများ တူညီနေမှုကို ထောက်ဆပြီး ရမ်ခမ်ဟမ်မင်းက သည်ဘုရားကို တည်ခဲ့သည်ဟု ယူဆကြသည်။
ချန်လွန်မ် ဘုရား။ ။သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်းဧ။် အရေးပါသော အထိမ်းအမှတ် ဖြစ်ပါ သည်။ ခေါင်းလောင်းကြီးပုံ စေတီကို ဆင်၃၉ကောင်က မတင်ထားဟန် ဆောက်လုပ်ထားပြီး အလယ်ဆင်၎ကောင် မှာ အစွယ် ပါသောကြောင့် ဘုရားကျောင်းဧ။် အလယ်ဗဟို ဖြစ်ကြောင်း သိသာစေပါသည်။ စေတီဧ။် ခေါင်းလောင်း မှောက်ပုံ ဧ။် အထက်တွင် မြတ်စွာဘုရားဧ။် မာရ်နတ်ကို နှိမ်နင်းဟန် ရုပ်ပွားတော် များကို ဌာပနာ ထားလေသည်။
စေတီချတ်ထျိုး ဘုရား။ ။ ဆူခိုထိုင်း တိုင်းအတွင်းတွင် အလှဆုံး ဘုရားများထဲမှ တစ်ခုဖြစ်ပြီး စေတီ များဧ။် ကွဲပြား ခြားနားသော အနုပညာ လက်ရာများဧ။် လွှမ်းမိုးမှု များကို သည်ဘုရားတွင် စုံလင်စွာ တွေ့ရ လေသည်။ နံရံဆေးရေး ပန်းချီများနှင့် အတော်ပျက်စီး ယိုယွင်းနေမှု များကို အချို့ စေတီရံများတွင် တွေ့ရသည်။
စူအန်ကရိုဥတ္န ရန်ရိုင် ဘုရား။ ။ ၀ပ်စေတီ ချတ်ထျိုး အနီးတွင် တည်ရှိပြီး ဖုန်ထူသော လမ်းသာ ခြားလေသည်။ ခန်းမကြီး တစ်ခု သည်သာ သည်ဘုရားကျောင်းတွင် ကျန်ရစ်ပြီး သည်ဘုရား ကျောင်းကို ၀ပ်ကောင်းဟောင်းဂ် ခေါ် ကိုးခန်းဘုရား ဟုလည်း ခေါ်ဝေါ်သေးသည်။
စူအန်ကရိုဥတ္န ရန်နွိုင်ဘုရား။ ။ သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်း အတွင်းတွင် တစ်ဆူတည်းသော ဘုရားကျောင်း ရှေ့တွင် အုတ် အဆောက်အဦငယ် ရှိသောစေတီ ဖြစ်ပါသည်။သည်ဘုရားကျောင်းဧ။် အပျက်အစီး များထဲတွင် ဂ၀ံအမိုးနှင့် ဂ၀ံကျောက်ဆစ်ရုပ် များရှိသော ခန်းမတို့ ပါဝင်လေသည်။
နန်းဖရား ဘုရားကျောင်း။ ။ သည်ဘုရားသည် ဘုရားခန်း သို့မဟုတ် ခုနှစ်ဆောင်ပြိုင် ၀ိဟာရဆောင်ဧ။် မပျက်မစီး ကျန်ရှိနေသေးသော၊ ကွန်ကရစ်မံကာ လှပစွာ တန်ဆာဆင် ထားသော အနောက်မြောက် နံရံကြောင့် ထင်ရှားလေသည်။ ကျောင်းတိုင်များသည် အရောင်မပြောင် လှသော ကြွေထည် ပုံစံများဖြင့် တန်ဆာဆင်ထား သည်။ ဗဟိုရှိ ဂ၀ံကျောက်ဖြင့် တည်ထားသော စေတီကို မီးတိုင်များဖြင့် ခြံရံထားပြီး တစ်နေရာမှ တစ်နေရာသို့ ကျဉ်းမြောင်းသော လှေကားငယ် များဖြင့် ဆက်သွယ် သွားလာ နိုင်လေသည်။
သမိုင်းဥယျာဉ်ပြင်ပရှိရှုခင်းများ
ရာနှင့်ချီကာတည်ရှိသော ဗိသုကာ လက်ရာများကို ကြည့်ရှု လေ့လာနိုင်သော အဆောက်အဦ ဟောင်းများ နှင့် အုတ်ဖို၊ ကြွေဖို ဟောင်းများဖြင့် သဘာဝအတိုင်း တန်ဆာဆင် ထားသကဲ့သို့ တည်ရှိနေသော မြေယာ အခင်းအကျင်းကို ကိုယ်ပိုင် အငှားယာဉ်ဖြင့် လှည့်လည် ကြည့်ရှုနိုင်ပါက အကောင်းဆုံး ဖြစ်လေသည်။ လှေကားထစ် ၁၁၂ ထစ်ရှိသော စောက်နက်သော လှေကားရှိသည့် ၀ပ်ခေါင့် ဖနွန်ဖလွမ် ပေါ်မှ ကြည့်လျှင် သမိုင်းဥယျာဉ် တစ်ခုလုံးကို အပေါ်စီးမှ ကြည့်မြင်နိုင်သော အကောင်းဆုံး အနေအထားကို ရလေသည်။
Posted by gpgroup at 9:06 AM 0 comments
ထိုင်းနိုင်ငံရှိ ကမ္ဘာ့ သမိုင်းဆိုင်ရာအမွေအနှစ်များ
Posted by gpgroup at 9:04 AM 0 comments
ချင်းမိုင်ရဲ့ ခရီးစဉ် လမ်းညွှန်
(၂) နခွန်စ၀မ်မှ အမှတ်(၁) အဝေးပြေး လမ်းမကြီး အတိုင်း ကဖန်ဖတ်၊ တပ်ခ်၊ လန်ပန်တို့ကို ဖြတ်ပြီး ချင်းမိုင်သို့ ရောက်ပါသည်။ စုစုပေါင်း ခရီး ၆၉၆ ကီလိုမီတာ ကွာဝေးပါသည်။
ချင်းမိုင်တိုင်း အတွင်း ခရီးသွားလိုလျှင် ချိုတနာ လမ်းပေါ်ရှိ ချောင်ဖွက် ဘတ်စ်ကား ဂိတ်တွင် စတင်စီးနင်း နိုင်ကာ မဲ့ရင်၊ မဲ့သန်ဂ်၊ ချိုင်းဒေါင်၊ ချိုင်ပရာကန်၊ ဖန်ဂ်နှင့် မဲ့အိုင် တို့ကို ဖြတ်သန်း သွားသော ကားလမ်းကြောင်းမှာ အမှတ် (၁၀၇) အဝေးပြေး လမ်းပေါ်တွင် ရှိပြီး ချင်းမိုင်မြောက်ပိုင်းသို့ သွားသော လမ်းဖြစ်သည်။ အချို့ ဘတ်စ်ကားများမှာ ချင်းမိုင်ဧ။် မြောက်ဖျား ပိုင်းရှိ သတွန်အရပ် သို့ပင် ရောက်လေသည်။
ချင်းမိုင်တိုင်းဧ။် အပြင်ဘက်သို့ ကားစီး လိုလျှင်ကား ချင်းမိုင် မြို့ပတ် ကားဂိတ်ကို အသုံးပြု နိုင်လေသည်။ ကားထွက်ချိန် အပြောင်းအလဲ ရှိတတ်သဖြင့် ဖုန်းနံပါတ် (၆၆)၅ ၃၂၄ ၂၆၆၄ ကို ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။ ရွှေတြိဂံ၊ မယ်ဆိုင်၊ ချင်းရိုင်၊ ချိုင်းစန်န်၊ နန်း၊ ဖယောင်၊ ဖရဲ၊ လန်ပန်၊ လန်ဖွန်၊ ပစ္နနုလောက်၊ ဆူခိုထိုင်း၊ မယ်ဟောင်ဆောင် (လမ်းကြောဟောင်း၊ လမ်းကြော သစ်)၊ မဲဆောက်၊ မဲဆရင်၊ ခုံခမ်၊ နခွန်ရတ်ချစီမာ ခေါ် ခိုရတ်နှင့် ဥဒုံဌာနီတို့သို့ သွားနိုင်သော ဘတ်စ်ကားများ ရှိလေသည်။
လေဆိပ်တွင် လေဆိပ်မှ ပြေးဆွဲခွင့် လိုင်စင် ရထားသော မီတာဖြင့် မောင်းသော တက္နစီ ၀န်ဆောင်မှု များကိုလည်း ခရီးဆောင် လက်ဆွဲအိတ် ပြန်လည် ရွေးယူရာ နေရာဧ။် အပြင်ဘက်တွင် လွယ်ကုစွာ တွေ့နိုင်ပါ သည်။ သွားလိုသည့် နေရာကို ကောင်တာအား ပြောပြီးမှ လက်မှတ် ၀ယ်ကာ လက်မှတ်ကို ခရီးသည် ဆိုက်ရောက်ရာ နေရာမှ ထွက်ပေါက်တွင် စောင့်ဆိုင်း နေသော ယာဉ်မောင်းအား ပေးပြီး သွားလိုရာကို စိတ်ချလက်ချ သွားနိုင်ပါသည်။ ကားခမှာ လူ ၄-၅ယောက် ခရီးဆောင် အိတ်ဖြင့် သွားနိုင်လောက်သော ဆလွန်း ကားအတွက် ခရီးစဉ် အလိုက် ဘတ်(၁၀၀) ၀န်းကျင်ခန့် ကျသင့်လေ့ ရှိပါသည်။ လေဆိပ်၊ ဘူတာရုံနှင့် အဝေးပြေး ကားဂိတ်များတွင် စုမ်ထျရောင်းခေါ် အနီရောင် မီနီဘတ်စ် များကို လွယ်ကူစွာ စီးနင်းနိုင်သည်။ ကားခကွှိုဗွှ ကောင်တာတွင် ကြိုတင် မေးမြန်း စုံစမ်း နိုင်ပါသည်။
သာမန်အားဖြင့် ပထမတန်းစား ဟိုတယ်များသည် လေဆိပ်၊ ဘူတာရုံနှင့် အဝေးပြေး ကားဂိတ် များတွင် ကြိုတင် အခန်း မှာယူ ထားသော တည်းခိုသူများကို ဟိုတယ် စရိတ်ဖြင့် အကြိုအပို့ လုပ်ပေးလေ့ ရှိပါသည်။
စမ်းလော်ခေါ် တုတ်တုတ်ခေါ် သုံးဘီးကား များဖြင့် မည်သည့် ခရီးတိုကို မဆို သွားလာရန် ငှားရမ်းနိုင်သည်။ ဈေးကို ကြိုတင် ဆစ်ထား နိုင်ပါသည်။ မြို့တွင်း သွားရန် အတွက် ဘတ်၂၀မှ ဘတ်၃၀ ကြားသာ ကျသင့် ပါသည်။ မြို့တွင်း အတော် ဝေးသော နေရာ အတွက်မူ ဘတ်၅၀ အလွန်ဆုံးသာ ကျသင့်ပါသည်။
မီတာဖြင့်မောင်းသော တက္နစီများ ကိုလည်း ဘန်ကောက်မြို့ နည်းတူ စတင် ပြေးဆွဲ နေပြီ ဖြစ်ပါသည်။ ဘန်ကောက်မှာ နည်းတူ စစချင်း ၃၅ဘတ်မှ စတင်ကာ တစ် ကီလိုမီတာ တိုင်း အတွက် ၂ဘတ်နှုံး တက်သည်။
စောင်ထျရောက် ခေါ် အနီရောင် မီနီဘတ်စ် များသည် မြို့တွင်းတွင် အများဆုံး တွေ့ရသော ဘတ်စ်ကားများ ဖြစ်ပါသည်။ ခရီးသည် များသည် မိမိတို့ ကြိုက်နှစ်သက်ရာ နေရာမှ အတက်အဆင်း လုပ်နိုင်ပြီး မိမိသွားလိုရာ နေရာ ရောက်လျှင် ယာဉ်မောင်းသူ ရပ်ရန် ပြောပြီး ကျသင့်ငွေကို ရှင်းပေးရန်သာ လိုလေသည်။ ကားခမှာ အကွာအဝေးကို လိုက်ပြီး ၁၀ဘတ်မှ ဘတ်၂၀သာ ကျသင့်ပါသည်။
စက်ဘီးသည်လည်း အချို့သော ခရီးသည်များ အကြိုက် ဖြစ်ပြီး စက်ဘီးကို တည်းခိုခန်း များနှင့် လမ်းဘေး တလျှောက်ရှိ စက်ဘီးဆိုင် များမှ ငှားရမ်း စီးနင်း နိုင်ပါသည်။
အငှားယာဉ်၊ ကားများကိုလည်း ကားကုမဏီ များဖြစ်သော ဗဠှုယ ကြိါနအယ ညေိံနမအဖ တို့အပြင် ဒေသခံ ထိုင်းကား ကုမ္နဏီများမှ လည်း ငှားရမ်း နိုင်ပြီး လေဆိပ်နှင့် ဟိုတယ် တို့တွင် မည်သည့် ကားကို ငှားရမ်းလိုသည်။ မည်သို့ ငှားရမ်း နိုင်သည်ကို မေးမြန်း နိုင်ပါသည်။ ကားကုမ္နဏီ အများစု သည်လည်း လေဆိပ်နှင့် ဟိုတယ်တို့ အနီးအနားတွင် တည်ရှိပါသည်။
Posted by gpgroup at 4:32 AM 0 comments
Labels: ချင်းမိုင်မြို့
ချင်းမိုင်မှာ လည်စရာ၊ ပျော်စရာ
ကိုးရာစုခန့်ကတည်ဆောက် ထားသော လက်ရာဖြင့် ဘုရားများ၊ ဘုန်းတော်ကြီး ကျောင်းများကို တွေ့မြင် ဖူးမြော် လေ့လာ နိုင်ပါသည်။ ၁၃ရာစုနှစ်ခန့်က ဘုရားပုထိုးပေါင်း ၃၀၀ခန့် ကိုလည်း ချင်းမိုင်တွင် တွေ့မြင် နိုင်ပါသေးသည်။ မည်သည့် ဦးတည်ဖက် သို့မဆို ကားဖြင့် နာရီဝက် သွားရသော အကွာအဝေး တိုင်းတွင် ပြတိုက်များ၊ ပျက်စီးနေသော ရှေးဟောင်း အဆောက် အဦများ၊ ရေတံခွန်များ၊ သဘာဝ ဥယျာဉ်များနှင့် တောင်ပေါ် ရှုခင်းကြည့် မျှော်စင်များကို တွေ့မြင် နိုင်ပါသည်။
အဆိုအကများသည် နန်းဆန်မှုဧ။် ဗဟိုဖြစ်ခဲ့ သော်လည်း ကျေးရွာ ဘုန်းကြီး ကျောင်းများ၊ ရိုးရာပွဲတော် များနှင့် အခမ်းအနား များတွင်ပါ တွေ့နိုင်ပါသည်။ ထိုထုံးစံသည် မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲများနှင့် ဘာသာရေး အခမ်းအနား များအထိ တိုးတက် ကျယ်ပြန့် လာခဲ့ပါသည်။
ထိုင်းနိုင်ငံဧ။် ဒုတိယ အကြီးဆုံး မြို့ဖြစ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ များစွာသော အခြားမြို့များ၊ လည်ပတ်စရာ နေရာများနှင့် မဲခေါင်မြစ်ဝှမ်း နယ်မြေရှိ အခြား တိုင်းပြည်များကို ထပ်ဆင့် သွားနိုင်ရန် ၀င်ပေါက်မြို့ လည်း ဖြစ်လေသည်။ လျင်မြန်သော မြို့ပြ လူနေမှု စနစ် ဖြစ်ထွန်းနေ သော်လည်း ထိုင်းနိုင်ငံသို့ လာရောက်သော ခရီးသွား ဧည့်သည် အများစုဧ။် စိတ်ကြိုက်မြို့ ဖြစ်နေဆဲ ဖြစ်လေသည်။ မြောက်များစွာသော အနုပညာ လက်ရာများ စုစည်းရာနှင့် သီးသန့် ဆန်သော ဗိသုကာ လက်ရာများ ကြောင့် ချင်းမိုင်ရှိ ဗုဒ္မ္ဓဘာသာ ဘုရားကျောင်းများနှင့် အခြား အထိမ်းအမှတ် နေရာများကြောင့် ချင်းမိုင်သည် လည်ပတ်ရန် နေရာလည်း များစွာ ရှိလေသည်။ ချင်းမိုင်ဧ။် ခရီးသွား ဧည့်သည်များ စိတ်အ၀င်စားဆုံး နေရာ များမှာ မဲ့ကလန်၊ ၀ါချီရာသန်နှင့် စီရိဖွန် ရေတံခွန်တို့ ဖြစ်ကြသည်။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်ခင် မြတ်နိုးသူ များနှင့် စွန့်စား ရသည်ကို နှစ်သက်သူများ အတွက်လည်း တောင်တက်ခြင်း၊ ရေစီးသန်သော မြစ်ကြောင်း တလျှောက် လှေလှော်ခြင်းနှင့် တောတောင်ထဲတွင် ဆင်စီးခြင်း တို့ကို ပြုလုပ်နိုင်ရန် စီစဉ်ပေး ထားသည်။ လှပစုံလင်သော သဘာဝ ပတ်ဝန်းကျင်နှင့် နွေးထွေး ပျူငှာသော ချင်းမိုင်နေ ပြည်သူ တို့ကြောင့် ခရီးသွား ဧည့်သည်များ အတွက် စိတ်အပန်းပြေ လည်ပတ်ရ ကျိုးနပ်သော အမှတ်ရစရာ နေရာလည်း ဖြစ်ပါသည်။ မည်သည့် အချိန်တွင်မဆို အမှတ်ရစရာ လက်ဆောင် ပစည်းဖြစ်သည့် လက်မှု ပညာသည်များ ထုတ်လုပ် ထားသော ပိုးထည်၊ ငွေထည်နှင့် သစ်သား ထည်များ ကိုလည်း ညဈေးတန်းများနှင့် ဆိုင်ခန်းများတွင် စိတ်ကြိုက် ၀ယ်ယူနိုင်ပါသည်။ ခြိုးခြံ ချွေတာစွာ လည်ပတ် လိုသူများ အတွက်ရော၊ စည်းစိမ်ရှိရှိ သုံးနိုင် ဖြုန်းနိုင် သူများပါ စိတ်တိုင်းကျ တည်းခို လည်ပတ် နိုင်သော မြို့ပြအခင်းအကျင်းများ ချင်းမိုင်တွင် ပြည့်စုံစွာ ရှိလေသည်။
Posted by gpgroup at 4:30 AM 0 comments
Labels: ချင်းမိုင်မြို့
ချင်းမိုင် ရဲ့အဓိကထွက်ကုန်များ
ချင်းမိုင်၏ နာမည်အကြီးဆုံး ထွက်ကုန်မှာ ကျောက်ရောင်နှင့် အညိုရောင် တောက်နေသော ကြွေထည်ဖြစ်ပြီး လိုအပ်သော ကျောက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လန်းနခေတ် ကတည်းက တူးဖော် သုံးစွဲ ခဲ့သော ကျောက်မိုင်းများမှ ရရှိလေသည်။ သည်လက်ရာများသည် လန်းနခေတ်တွင် ကြွေထည် ပညာရှင်များ၏ နည်းပညာနှင့် အနုပညာ အစွမ်းသည် ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း တွင်လည်း သူတို့၏ ခမ်းနား ကြီးကျယ်သော လှပမှုကို တန်ဖိုးထား သုံးစွဲခံ ခဲ့ရသည်ကို သက်သေပြု နေလေသည်။ ၁၆ရာစု အလယ်တွင် လန်းနခေတ် ကျဆုံး ပြီးနောက် နှစ်ရာပေါင်းများစွာ ကြာပြီးမှ ထိုကြွေထည် လုပ်ငန်း ပြန်လည် နာလန်ထူ လာခဲ့သည်။ ယခုအခါ ချင်းမိုင်တွင် ကြွေထည် စက်ရုံပေါင်း နှစ်ဆယ်ကျော်မှ သဘာဝ ကြွေထည်များနှင့် ဖန်ရောင် တောက်သော အလှဆင် ထားသော ကြွေထည်များကို ကမ္နာတလွှားသို့ တင်ပို့လျက် ရှိလေသည်။
ယွန်းထည်များကိုမူ ၁၅ ရာစုခန့်က စတင် ထုတ်လုပ် ခဲ့ကြသည်ကို သမိုင်း အထောက်အထား များမှ တွေ့ရှိ ရပြီး ၁၅ရာစု အလယ်လောက်တွင် အိမ်တိုင်း လိုလိုက ထုတ်လုပ်သော ထုတ်ကုန် ဖြစ်လာခဲ့သည်ဟု ဆိုလေသည်။ အနီရောင် ယွန်းထည်ပေါ်တွင် အနက်ရောင် ယွန်းပန်းချီ ခြယ်ထားသော ယွန်းထည်သည် ယွန်းမြတ်နိုး စုဆောင်းသူများဧ။် အကြိုက် ဖြစ်လာကာ ခေတ်ပေါ် ယွန်းစက်ရုံ များမှမူ အနက်ရောင် ယွန်းထည်ပေါ်တွင် ရွှေရောင် သို့မဟုတ် ရောင်စုံ ဖြာသော အဆင် ပန်းချီများဖြင့် တန်ဆာ ဆင်ထားသော ယွန်းထည်များ ကိုသာ ထုတ်လုပ်လေသည်။ သစ်ထွင်းထည်၊ ကြေးထည်၊ ပိုးထည်၊ ချည်ထည်နှင့် လက်လုပ် ချင်းမိုင်ထီး တို့ကို ယနေ့တိုင် ထုတ်လုပ်လျက် ရှိပြီး ကမ္နာတလွှားသို့ တင်ပို့ ရောင်းချလျက် ရှိလေသည်။ ၁၉ရာစု ခန့်က ဆောက်လုပ်ခဲ့သော လှပသော ဘုရားနှင့် ဘုန်းကြီးကျောင်း များလည်း ရှိရာ ထိုကျောင်းများတွင် ဘာသာရေး၊ ဆေးဘက်ဆိုင်ရာနှင့် ဗေဒင်ပညာ ဆိုင်ရာ ရှေးခေတ် ပေ၊ ပုရပိုက်များ၊ နံရံဆေးရေး ပန်းချီများ ကိုလည်း တွေ့ရှိနိုင်ပေသည်။ ထိုပန်းချီများ အနက် အချို့မှာ ခေတ်ပုံစံများ ဖြစ်သော်လည်း အများစုမှာ လန်းနခေတ် လက်ရာများကို အခြေခံ ထားလေသည်။
အထည်အလိပ် သမိုင်း ကြွယ်ဝမှုများကို တွေ့မြင် လေ့လာနိုင်ပြီး အထည်ရက်လုပ်မှု အနုပညာကိုပါ တွေ့မြင် ခံစားနိုင်ပါဧ။်။ တောင်ပေါ်သားများ သည် ယင်းတို့အတွက် အ၀တ်ကို ကိုယ်တိုင် ရက်လုပ်လေ့ ရှိကြပြီး သက်ဆိုင်ရာ လူမျိုးစု အလိုက် ကိုယ်ပိုင် အထည် ရိုးရာဝတ်စုံ ပုံစံများကို ကွဲပြား ခြားနားစွာ တွေ့မြင် နိုင်ပါသည်။ ရာစုနှစ် တစ်ခုကျော် လောက် ကတည်းက မိသားစု ဆွေစဉ် မျိုးဆက်လိုက် ၀တ်ဆင်လာခဲ့သော လှပ ခံ့ညားသော အ၀တ်အစားများကို ဗီရိုများဖြင့် ထည့်သွင်း ပြသ မှတ်တမ်းတင် ထားသည်ကိုလည်း တွေ့မြင် နိုင်ပါသည်။ ယခုခေတ် ထုတ်လုပ်လျက် ရှိသော အထည်များမှာ လက်ယက်ကန်း ထွက်များ ဖြစ်ကြပြီး ဖက်ရှင် ၀တ်စုံများ အဖြစ် ခေတ်စားလျက် ရှိပါသည်။
Posted by gpgroup at 4:29 AM 0 comments
Labels: ချင်းမိုင်မြို့
ချင်းမိုင်၏ရိုးရာပွဲတော်များ
ဖေဖော်ဝါရီလ အစအတွင်း ကျင်းပလေ့ရှိသော ထိုပန်းပွဲတော် စစချင်းပင်လျှင် ချင်းမိုင်ရှိ လမ်းများသည် ပန်းရောင်စုံတို့၏ လှပစွာသော အရောင်အသွေး တို့ဖြင့် ထွန်းလင်းတောက်ပ လာလေ့ရှိလေသည်။ မြန်မာအခေါ် မေမြို့ပန်း ရောင်စုံများ၊ မြန်မာအခေါ် ခရမ်းပြာပန်း ဖြစ်သော်လည်း အင်္ဂလိပ်အခေါ်ျေူလငျေ ရောင်စုံ ပန်းများ၊ မြန်မာအခေါ် ထပ်တရာပန်း သို့မဟုတ် အင်္ဂလိပ်အခေါ်ာမေငါသျို များ၊ ထူးထူးခြားခြား အရောင်အသွေး စုံလင်လှပသော စကူပန်းများကလည်း သည်ရာသီတွင် အပူပိုင်းဒေသနေ သစ်ခွပန်းများ နှင့် အပြိုင်အဆိုင်ပင် အလှပြိုင်လျက် ရှိလေသည်။ ထို့ပြင် မြန်မာနိုင်ငံ မန္န လေးမြို့တွင် ကျင်းပလေ့ရှိသော သင်္ကြန် အလှပြ ယာဉ်များ ကဲ့သို့ပင် ပန်းအလှပြ ယာဉ်များဖြင့် စီတန်း လှည့်လည် ပြသလေ့ရှိပြီး ထိုင်းလှပျိုဖြူ များက ချင်းမိုင် ရိုးရာ ၀တ်စား ဆင်ယင်မှု များဖြင့် အလှပြကား များနှင့်အတူ လိုက်ပါ လှည့်လည် ကြသည် ကိုလည်း တ၀ကြီး ရှုစားရလေသည်။
ဧပြီလတွင် ကျင်းပလေ့ ရှိသော သင်္ကြန်ပွဲတော်ကား ထိုင်းတစ်နိုင်ငံလုံးတွင် ချင်းမိုင် တစ်နယ်ထဲ တွင်သာ အစည်ကားဆုံး ကျင်းပလေ့ရှိပြီး ဘန်ကောက် သည်ကား ခါတိုင်းရှိနေကျ ယာဉ်ကြော ပိတ်ဆို့မှုပင် ပပျောက်သွား လောက်အောင် ခြောက်ကပ် တိတ်ဆိတ် သွားလေ့ ရှိလေသည်။ ကမာလှည့် ခရီးသည်များသော ခေါင့်စံလမ်း တစ်ခုသာ ခြေကျင် လမ်းလျှောက်ရင်း ရေပက် ကစားသူများဖြင့် စည်ကားရစ် လေ့ရှိပါသည်။
ချင်းမိုင်တွင် နှစ်စဉ် ကျင်းပသော သည်ပွဲတော်ကို ဧည့်သည်များ လာရာက် ကြည့်ရှု လေ့လာရင်း ပါဝင်ဆင်နွဲ နိုင်လေသည်။ ဆောင်ဝ် အင်ကခင် ခေါ် ချင်းမိုင်မြို့စောင့် သစ်တိုင်ကို ကဆုန်လဆုတ် ၁၃ရက်နေ့မှ နယုန်လဆန်း ၂ရက်နေ့ အထိ ကျင်းပရာ သည်ပွဲတော်ဧ။် အစဖြစ်ပေါ်ရာနှင့် ရည်ရွယ်ချက်ကို ယနေ့တိုင် အငြင်းပွားလျက် ရှိလေသည်။ ရှေးသမိုင်း လိုက်စားသူများက အင်ကခင် ပွဲတော်ဧ။် လခ်မူအန် သစ်တုံး သည် ဟိန္မ္ဒူဘာသာမှ သိဝနတ်မင်းဧ။် အထိမ်းအမှတ် ဖြစ်ကာ အထွေထွေ စွမ်းအားကို ကိုယ်စားပြုကာ နုပျိုလန်းဆန်း ရှင်သန်မှုကို တောင်းဆိုသော ဘာသာရေး ပွဲတော် ဖြစ်သည်ဟု ဆိုသော်လည်း အခြားခေတ် ပညာတတ် များကမူ သည်လခ်မူအန် သစ်တုံးကို ထိုင်းနိုင်ငံတွင်း အခြားမြို့ရွာ များတွင်လည်း တွေ့နိုင်သော ကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်သူတို့ဧ။် အချုပ်အခြာ အာဏာကို ကိုယ်စားပြုသည်ဟု ဆိုကြလေသည်။
ဇွန်လတွင်ကျင်းပလေ့ရှိသော သည်နတ်ပွဲသည် ဒွိုင်စူသပ် တောင်စောင်းတွင် လှည့်လည် ကျက်စားလျက် နေထိုင်သော ဏကှနေ နှင့ှ်ေနေ မောင်နှမတို့ကို အမဲသားစိမ်းဖြင့် ပသသော ပွဲဖြစ်လေသည်။သည်ဒေသ တွင် ရှေးဦး အခြေ ချခဲ့သူ ဒေသခံများမှာ လ၀ါလူမျိုးများ ဖြစ်ကြပြီး လူသားစားသူများဟု ယုံမှတ် ခြင်းခံကြ ရသည်။ ဒဏ္ဍာရီအရ မြတ်စွာဘုရားသည် ဇင်းမယ်သို့ ဒေသစာရီ ကြွချီစဉ် ရောက် ရှိခဲ့သည်။ ထိုစဉ် ဏကှနေ နှင့ှ်ေနေ မောင် နှမ တို့က မြတ်စွာဘုရားကို သတ်စားရန် လိုက်ခဲ့ကြ သော်လည်း မြတ်စွာဘုရားက တရားတော်ကို ဟောကြား ပြီးသောအခါ လူသားစားသော အလေ့အကျင့်ကို စွန့်လွှတ် စေခဲ့သည်။ သို့ရာ တွင် ထိုမောင်နှမက လူသားအစား တစ်နှစ်လျှင် တစ်ကြိမ် အမဲသားစိမ်း စားခွင့် ပြန်တောင်း ခဲ့လေသည်။ သည်ပွဲတော်သည် ထိုမောင်နှမကို ပသသော ပွဲတော် ဟုခေါ်ဆိုနိုင် လေသည်။ သည်ပွဲတော် အတွက် ဆုတောင်းစာမှာလ၀ါတို့ဧ။် စပါးများလည်း စပါးခိုင်များမှ မကြွေ မသေပါစေနှင့်။ ထိုင်းတို့ဧ။် စပါးများလည်း လယ်ကွင်း များထဲတွင် ခြောက်သွေ့ သေဆုံးခြင်း မဖြစ်ပါစေနှင့်ဟုဖြစ်လေသည်။ သည် ဆုတောင်း စကားသည် လ၀ါ လူမျိုးများနှင့် ထိုင်းတို့ဧ။် နီးကပ်စွာ ကြာရှည် အတူ နေထိုင်နိုင်မှု အတွက် ရှင်းလင်း သော အချက် ဖြစ်လေသည်။
ထိုင်းနိုင်ငံ၏ အလှဆုံးပွဲတော် ဖြစ်သော လွိုင်ကထုံပွဲတော်ကို တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပ ပါသည်။ ထိုင်းလူမျိုးများသည် ရှေးခေတ် အဆက်ဆက် ကပင် ရေနတ်ကို ပူဇော်လေ့ ရှိကြပါသည်။ တောင်သူ လယ်သမားများ ပီပီ ရွာတည် အိမ်ဆောက်ခြင်း များကို မြစ်ချောင်းများ နံပါးတွင် တည်ဆောက်လေ့ ရှိကြပြီး ရေကို စိုက်ပျိုးရေး၊ မြစ်ချောင်း တစ်လျှောက် သယ်ယူ ပို့ဆောင်ရေးနှင့် နေ့စဉ်သုံး အဖြစ် အမျိုးမျိုး သောနည်းဖြင့် တနိုင်ငံလုံးက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု သောကြောင့် ရေကိုရော၊ ရေနတ်ကိုပါ ရိုသေ လေးစားသော အားဖြင့် အရေး အကြီးဆုံး အဖြစ် သတ်မှတ်ကာ ဂရုစိုက်သော အနေဖြင့် သည်ပွဲတော်ကို အခမ်းနား အကြီးကျယ်ဆုံး ကျင်းပခြင်း ဖြစ်လေသည်။ သည်ပွဲတော် အတွင်းတွင် မြစ်ချောင်း များသည် ကထုံဟု ခေါ်သော အမျိုးမျိုးသော ပုံသဏ္ဍာန်၊ အရွယ်အစား ရှိသော ပန်းဖောင်များဖြင့် ပြည့်နှက်လျက် ရှိလေသည်။ ပန်းဖောင် အောက်ခံကို ရှေးယခင်က ငှက်ပျောတုံး၊ ဖော့တုံး များဖြင့် ပြုလုပ်လေ့ ရှိသော်လည်း ယခု မကြာသေးသော နှစ်များတွင် မြစ်ရေပြင်ကို ညစ်ညမ်း စေသည်ဟု ဆိုကာ ခွင့်မပြုတော့ဘဲ ယင်းတို့ အစား မြစ်တွင်းရှိ ငါးများကိုပါ အစာ ကျွေးနိုင်ရန် ပေါင်မုန့်ကြမ်း ဖြင့် အစားထိုး ပြုလုပ်လာ ခဲ့ကြပါသည်။ ထိုပန်းဖောင် အောက်ခံများ ပေါ်တွင် ပန်းအစို အခြောက်များဖြင့် ၀န်းရံ တန်ဆာဆင် ထားသော ဖယောင်းတိုင် တစ်တိုင် သို့မဟုတ် ကြိုက်နှစ်သက် သလောက် ထွန်းညှိုကာ မြစ်ချောင်း တလျှောက် မျောချ ပူဇော်ခြင်း ဖြစ်လေသည်။ သည်ပွဲတော်ကို ပိုမို အားဖြည့်ပေးသော နောက်ထပ် အခြင်းအရာ တစ်ခုမှာ ထောင်သောင်း ချီသော ပုံစံနှင့် အရွယ်အစား အမျိုးမျိုးသော မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း တို့ဖြစ်လေသည်။
ထိုပွဲတော်ကို စတင် အကောင်အထည် ဖော်သော မင်းသမီးကို ကိုယ်စားပြုပြီး လွိုင်ကထုံမယ်ကို နှစ်စဉ် နှစ်တိုင်း ရွေးချယ်လေ့ရှိရာ မြန်မာနိုင်ငံမှ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် မိန်းကလေး ရွေးသလို ကောင်းခြင်း ငါးဖြာ (အမျိုးအနွယ် ကောင်းမြတ်မှု၊ အကျင့်သီလ ကောင်းမြတ်မှု၊ မိစုံဘစုံ ရှိမှု၊ မိဘနှစ်ပါး မခွဲမခွာ အတူရှိနေမှု၊ အပျိုစင်ဖြစ်မှု) တို့ဖြင့် ပြည့်စုံသော မိန်းကလေး တစ်ဦးသာ ရွေးချယ်ခံရ လေ့ရှိပြီး ထိုမိန်းကလေး မှာလည်း အခြား အလှမယ်များထက် အများ ၏ လေးစားခြင်းကို ခံရလေသည်။
Posted by gpgroup at 4:27 AM 0 comments
Labels: ချင်းမိုင်မြို့
ထိုင်းနိုင်ငံရဲ့အပန်းဖြေရာ တောင်ပေါ်မြို့ သို့မဟုတ် ချင်းမိုင် (ဇင်းမယ်)
Posted by gpgroup at 2:22 AM 0 comments
Labels: ချင်းမိုင်မြို့