၁. ကိုယ့်ဟာကိုယ် ဖြေရှင်း
၂. စိတ်ချရလောက်သော နယ်မြေကျွမ်းသော ကိုယ့် အသိအကျွမ်းကို အကူအညီ တောင်းကာဖြေရှင်း
၃. ကိုယ့်နိုင်ငံဆိုင်ရာ သံရုံးကို သွားပြီး အကူအညီတောင်း
၎. ရဲနဲ့ရှေ့နေကို အကူအညီ တောင်း ဟူသတတ်။
ဝလနမျအပေ နေခြင်းကို ပြင်းထန်စွာ ဒဏ်ငွေ ဆောင်စေခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်းဖြင့် နှိပ်ကွပ် လေသည်။ နာမည်ကြီး တံဆိပ် သောက်ရေသန့် ကိုသာ သောက်ရန် ဆော်သြ ထားပြီး မြူနီစီပယ်က ဖြန့်ချီသော ပိုက်ရေမှာ သုံးရန်သာ ဖြစ်လေသည်။ အ၀ီစိ တွင်းရေသည် ပိုက်ရေထက် ဆိုးပြီး အဆင့်မြင့် တိုက်ခန်း များတွင် အ၀ီစိ တွင်းရေကို ကိုယ်ပိုင် ရေသန့်စက် များဖြင့် စိတ်တိုင်းကျ သန့်စင်ပြီးမှ သုံးရလေသည်။ သောက်ရေ အတွက် ကတော့ ဘန်ကောက် တမြို့လုံးက သောက်ရေသန့် ကိုသာ အားကိုးရလေသည်။ ပထမတန်းစား နာမည်ကြီး တံဆိပ် မဟုတ်သော ရေခဲသည် ရေသန့်နှင့် ပြုလုပ်သည် မဟုတ်သောကြောင့် စားသောက် မိပါက ကိုယ့်တာဝန် ကိုယ်သာ ယူရပေမည်။ ကျန်းမာရေး အတွက် အကောင်းဆုံးက ရေခဲ မသုံးခြင်း သာတည်း။ နာမည်ကျော် သင်္ဘောသီး ထောင်းတွေက အဆင် မသင့်ရင် ဗိုက်နာ တတ်သော်လည်း ထိုင်းမှာ တခု ကောင်းတာက မြန်မာပြည်မှာ ပင်လယ်စာ စားရင် ယားတတ်သူ၊ ဂဏန်း၊ သခွားသီး၊ ခရမ်းသီး၊ ငရုတ်သီး စားရင် ဗိုက်နာသူ ထိုင်းမှာ ဘာမှ မဖြစ်တာပဲ ကောင်းလှ ပါသည်။ ထိုင်းက ရေမြေကိုက အာနိသင် ပျော့နေတာ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာပြည်မှာ နွေဆို ခွေးတွေရူးလေ့ရှိပြီး လမ်းမှာ ခွေးချင်း နယ်မြေ ကျူးကျော်ရင် ကိုက်တတ် ကြသော်လည်း ထိုင်းခွေးများမှာ မကိုက်တတ်၊ ရူးလဲမရူး တတ်ကြပါ။
တိရိစ္ဆာန် တိုက်ပွဲ တွေမှာလဲ အဲလိုပဲလို့ ကြုံဖူး ကြားဖူးပါသည်။ မြန်မာကြက်နဲ့ ထိုင်းကြက် ခွပ် မြန်မာ ကြက်ပဲ နိုင်လေ့ရှိပြီး အခြား ခွေး၊ နွား၊ ပုရစ် တိုက်ပွဲများ အားလုံး သည်အတိုင်း ပဲဟု ကြားဖူးပါသည်။
ထိုင်းအစားအစာများကို မြန်မာပြည် ကတည်းက ကြိုက်နှစ်သက် သောကြောင့် ထိုင်းရောက်ခိုက် တ၀ စားလိုသူများအတွက် ဆိုင်ကောင်းများကို Food Tourism in Thailand ဆောင်းပါးဖြင့် သီးသန့် ရေးသား ဖော်ပြပေးပါမည်



ထိုင်းမှာ ဒုတိယ လူလေးစား ခံရဆုံးသူ ကတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး သုတေသနနဲ့ ပရောဂျက် များကို ဖခင်ဘုရင်ကြီးနဲ့ အတူ အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် အကောင်အထည် ဖော်နေတဲ့ တတိယ မင်းသမီး မဟာချက္ကရီ သီရိဒုံ ဖြစ်ပြီး တတိယ လူလေးစား ခံရဆုံး ကတော့ ထိုင်းနိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အတွက် သုတေသနပြု ကြိုးပမ်း ဆောင်ရွက်နေတဲ့ စတုတ္ထနဲ့ အငယ်ဆုံး မင်းသမီး ချူလာဘွန်ပဲ ဖြစ်ပါတယ်။ သမီး အကြီးဆုံး ကတော့ မိဘ သဘော မတူတဲ့ နိုင်ငံခြားသားနဲ့ လက်ထပ် ခဲ့အတွက် မင်းသမီးဘွဲ့ ရုပ်သိမ်းခံခဲ့ရပြီး ခင်ပွန်းနဲ့ အိမ်ထောင် ကွဲပြီးတဲ့ အခါမှ သာမန် အိမ်တော်သား အဖြစ်နဲ့ပဲ နန်းတော်မှာ စံနေခွင့် ရရှိခဲ့ပါတယ်။ ဘုရင့် ရင်သွေးတော် များထဲက ဒုတိယမြောက်နဲ့ တစ်ဦးတည်းသော သားတော် ကတော့ ပြည်သူ့ အချစ်တော် မဟုတ်ရှာပါဘူး။ မောက်မာ ထင်ရာစိုင်းကာ အာဏာ မာန်ဝင့်သူ အဖြစ် ကြောင့်ရော၊ တိုင်းကျိုး ပြည်ပြု အလုပ်များကို ဆောင်ရွက်ခြင်း မပြုသူ အဖြစ် ကြောင့်ပါ တိုင်းသူ ပြည်သားများက မျက်နှာသာ မပေးမှုကြောင့် ဘုရင့် သက်တော် ၈၀ ကျော်သည် အထိ နန်းလွှဲ မခံရသေးတာ ဖြစ်ပါတယ်။အငယ်ဆုံး သမီးတော် နှစ်ယောက်မှာ ဖခင် အချစ်တော် ဖြစ်ပြီး အကြီးဆုံး နှစ်ယောက် ကတော့ မိခင် အချစ်တော်များ ဖြစ်ကြတယ် လို့လဲ သိရပါတယ်။