Showing posts with label ချင်းမိုင်မြို့. Show all posts
Showing posts with label ချင်းမိုင်မြို့. Show all posts

Tuesday, July 10, 2007

ချင်းမိုင်ရဲ့ ခရီးစဉ် လမ်းညွှန်

မော်တော်ကား။ ။ (၁) ပဟိုယိုသင်း လမ်းမကြီးခေါ် အမှတ်တစ် အဝေးပြေး ကားလမ်းမကြီး အတိုင်းသွားပြီး လမ်းဆုံရောက်လျှင် ဘယ်ဘက်သို့ ကွေ့ကာ အာရှ အဝေးပြေး လမ်းမကြီး အမှတ်(၃၂) အတိုင်း အယုဒ္မ္ဓယ၊ အန်ထောင်ဝ်နှင့် နခွန်စ၀မ်တို့ကို ကျော်ဖြတ် ပြီးနောက် အမှတ်(၁၁၇) အဝေးပြေး လမ်းမကြီး အတိုင်း ပစ္နနုလောက်သို့ ရောက်သည်အထိ ဆက်မောင်းပါ။ ထို့နောက် အမှတ်(၁၁) အဝေးပြေး လမ်းမကြီး အတိုင်း လန်ပန်၊ လန်ဖွန် တို့ကို ဖြတ်ပြီးနောက် ချင်းမိုင်သို့ ရောက်ပါသည်။ စုစုပေါင်း ခရီး အကွာအဝေးမှာ ၆၉၅ ကီလိုမီတာ ကွာဝေးပါသည်။
(၂) နခွန်စ၀မ်မှ အမှတ်(၁) အဝေးပြေး လမ်းမကြီး အတိုင်း ကဖန်ဖတ်၊ တပ်ခ်၊ လန်ပန်တို့ကို ဖြတ်ပြီး ချင်းမိုင်သို့ ရောက်ပါသည်။ စုစုပေါင်း ခရီး ၆၉၆ ကီလိုမီတာ ကွာဝေးပါသည်။
ဘတ်စ်ကား။ ။ ရိုးရိုးတန်း၊ ဒုတိယတန်းနှင့် ပထမတန်းစား လေအေးပေး စက်တပ် ဘတ်စ်ကားများမှာ မိုးပျံနှင့် မြေအောက် ရထားလမ်းများ ဆုံရာ မိုချစ်ရှိ ဘန်ကောက် မြောက်ပိုင်း အဝေးပြေး ကားဝင်းမှ နေ့စဉ် မနက် ၈နာရီမှ ည၉နာရီထိ ချင်းမိုင်သို့ ထွက်ပါသည်။ ခရီးစဉ် အချိန် အပြောင်းအလဲ ရှိတတ်သဖြင့် အချိန်အတိအကျ သိနိုင်ရန် (၆၆)၂ ၉၃၆ ၃၆၀၀၊ (၆၆)၂ ၉၃၆ ၂၈၅၂နှင့် (၆၆)၂ ၉၃၇ ၈၀၅၅ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။ ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေ အပေါ် မူတည်ပြီး ဘန်ကောက်-ချင်းမိုင် ခရီးစဉ်သည် ၁၀နာရီမှ ၁၂နာရီထိ ကြာတတ် ပါသည်။ဘတ်စ်ကား စင်းလုံးငှားသော ၀န်ဆောင်မှုများ ရှိသော်လည်း ပြည်သူပိုင် ဘတ်စ်ကားများမှာ ပိုမို စိတ်ချရလေသည်။
ချင်းမိုင်တိုင်း အတွင်း ခရီးသွားလိုလျှင် ချိုတနာ လမ်းပေါ်ရှိ ချောင်ဖွက် ဘတ်စ်ကား ဂိတ်တွင် စတင်စီးနင်း နိုင်ကာ မဲ့ရင်၊ မဲ့သန်ဂ်၊ ချိုင်းဒေါင်၊ ချိုင်ပရာကန်၊ ဖန်ဂ်နှင့် မဲ့အိုင် တို့ကို ဖြတ်သန်း သွားသော ကားလမ်းကြောင်းမှာ အမှတ် (၁၀၇) အဝေးပြေး လမ်းပေါ်တွင် ရှိပြီး ချင်းမိုင်မြောက်ပိုင်းသို့ သွားသော လမ်းဖြစ်သည်။ အချို့ ဘတ်စ်ကားများမှာ ချင်းမိုင်ဧ။် မြောက်ဖျား ပိုင်းရှိ သတွန်အရပ် သို့ပင် ရောက်လေသည်။
ချင်းမိုင်တိုင်းဧ။် အပြင်ဘက်သို့ ကားစီး လိုလျှင်ကား ချင်းမိုင် မြို့ပတ် ကားဂိတ်ကို အသုံးပြု နိုင်လေသည်။ ကားထွက်ချိန် အပြောင်းအလဲ ရှိတတ်သဖြင့် ဖုန်းနံပါတ် (၆၆)၅ ၃၂၄ ၂၆၆၄ ကို ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။ ရွှေတြိဂံ၊ မယ်ဆိုင်၊ ချင်းရိုင်၊ ချိုင်းစန်န်၊ နန်း၊ ဖယောင်၊ ဖရဲ၊ လန်ပန်၊ လန်ဖွန်၊ ပစ္နနုလောက်၊ ဆူခိုထိုင်း၊ မယ်ဟောင်ဆောင် (လမ်းကြောဟောင်း၊ လမ်းကြော သစ်)၊ မဲဆောက်၊ မဲဆရင်၊ ခုံခမ်၊ နခွန်ရတ်ချစီမာ ခေါ် ခိုရတ်နှင့် ဥဒုံဌာနီတို့သို့ သွားနိုင်သော ဘတ်စ်ကားများ ရှိလေသည်။
မီးရထား။ ။ ဘန်ကောက်ရှိ ဟွာလန်ပုန် ဘူတာမှ အထူးရထားနှင့် အမြန်ရထားတို့သည် ချင်းမိုင်သို့ မနက်၈နာရီမှ ည၁၀နာရီ အတွင်းတစ်နေ့ ၆ကြိမ် ထွက်ပြီး ခရီးချိန် ၁၁နာရီမှ ၁၂နာရီ ကြား ကြာတတ်ပါသည်။ ဘန်ကောက် ဘူတာရုံသို့ ဖုန်း (၆၆)၂ ၂၂၃ ၇၀၁၀နှင့် (၆၆)၂ ၂၂၃ ၇၀၂၀ သို့မဟုတ် အရေးပေါ်ဖုန်း ၁၆၉၀ သို့ လည်းကောင်း၊ ချင်းမိုင် ဘူတာရုံသို့ (၆၆)၅၃ ၂၄၂ ၀၉၄၊ (၆၆)၅၃ ၂၄၄ ၇၉၅၊ (၆၆)၅၃ ၂၄၇၄၆၂၊ (၆၆)၅၃ ၂၄၅၃၆၃-၄ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ပါသည်။
လေကြောင်းလိုင်း။ ။ွှ့ငေ ဗငမတပျေယ ညြေါုသု ဗငမတပျေယ ဗငမ ဗျငယေ သြု ဗငမယ ဥမငနညအွှ့ငေ ဗငမူငညနျယ ဗငမ ဗညိောညေ ညေိ ဏ့ကုနအ ဗငမ တို့ အပါအ၀င် ပြည်တွင်း လေကြောင်းလိုင်း များသည် ဘန်ကောက်နှင့် ချင်းမိုင် သို့ ပြေးဆွဲသော ခရီးစဉ် များစွာ ရှိပါသည်။
လေဆိပ်၊ ဘူတာနှင့် အဝေးပြေး ကားဂိတ်များမှ ချင်းမိုင် မြို့တွင်းသို့
လေဆိပ်တွင် လေဆိပ်မှ ပြေးဆွဲခွင့် လိုင်စင် ရထားသော မီတာဖြင့် မောင်းသော တက္နစီ ၀န်ဆောင်မှု များကိုလည်း ခရီးဆောင် လက်ဆွဲအိတ် ပြန်လည် ရွေးယူရာ နေရာဧ။် အပြင်ဘက်တွင် လွယ်ကုစွာ တွေ့နိုင်ပါ သည်။ သွားလိုသည့် နေရာကို ကောင်တာအား ပြောပြီးမှ လက်မှတ် ၀ယ်ကာ လက်မှတ်ကို ခရီးသည် ဆိုက်ရောက်ရာ နေရာမှ ထွက်ပေါက်တွင် စောင့်ဆိုင်း နေသော ယာဉ်မောင်းအား ပေးပြီး သွားလိုရာကို စိတ်ချလက်ချ သွားနိုင်ပါသည်။ ကားခမှာ လူ ၄-၅ယောက် ခရီးဆောင် အိတ်ဖြင့် သွားနိုင်လောက်သော ဆလွန်း ကားအတွက် ခရီးစဉ် အလိုက် ဘတ်(၁၀၀) ၀န်းကျင်ခန့် ကျသင့်လေ့ ရှိပါသည်။ လေဆိပ်၊ ဘူတာရုံနှင့် အဝေးပြေး ကားဂိတ်များတွင် စုမ်ထျရောင်းခေါ် အနီရောင် မီနီဘတ်စ် များကို လွယ်ကူစွာ စီးနင်းနိုင်သည်။ ကားခကွှိုဗွှ ကောင်တာတွင် ကြိုတင် မေးမြန်း စုံစမ်း နိုင်ပါသည်။

သာမန်အားဖြင့် ပထမတန်းစား ဟိုတယ်များသည် လေဆိပ်၊ ဘူတာရုံနှင့် အဝေးပြေး ကားဂိတ် များတွင် ကြိုတင် အခန်း မှာယူ ထားသော တည်းခိုသူများကို ဟိုတယ် စရိတ်ဖြင့် အကြိုအပို့ လုပ်ပေးလေ့ ရှိပါသည်။
ခရီးတိုသွားရန်
စမ်းလော်ခေါ် တုတ်တုတ်ခေါ် သုံးဘီးကား များဖြင့် မည်သည့် ခရီးတိုကို မဆို သွားလာရန် ငှားရမ်းနိုင်သည်။ ဈေးကို ကြိုတင် ဆစ်ထား နိုင်ပါသည်။ မြို့တွင်း သွားရန် အတွက် ဘတ်၂၀မှ ဘတ်၃၀ ကြားသာ ကျသင့် ပါသည်။ မြို့တွင်း အတော် ဝေးသော နေရာ အတွက်မူ ဘတ်၅၀ အလွန်ဆုံးသာ ကျသင့်ပါသည်။
မီတာဖြင့်မောင်းသော တက္နစီများ ကိုလည်း ဘန်ကောက်မြို့ နည်းတူ စတင် ပြေးဆွဲ နေပြီ ဖြစ်ပါသည်။ ဘန်ကောက်မှာ နည်းတူ စစချင်း ၃၅ဘတ်မှ စတင်ကာ တစ် ကီလိုမီတာ တိုင်း အတွက် ၂ဘတ်နှုံး တက်သည်။

စောင်ထျရောက် ခေါ် အနီရောင် မီနီဘတ်စ် များသည် မြို့တွင်းတွင် အများဆုံး တွေ့ရသော ဘတ်စ်ကားများ ဖြစ်ပါသည်။ ခရီးသည် များသည် မိမိတို့ ကြိုက်နှစ်သက်ရာ နေရာမှ အတက်အဆင်း လုပ်နိုင်ပြီး မိမိသွားလိုရာ နေရာ ရောက်လျှင် ယာဉ်မောင်းသူ ရပ်ရန် ပြောပြီး ကျသင့်ငွေကို ရှင်းပေးရန်သာ လိုလေသည်။ ကားခမှာ အကွာအဝေးကို လိုက်ပြီး ၁၀ဘတ်မှ ဘတ်၂၀သာ ကျသင့်ပါသည်။
စက်ဘီးသည်လည်း အချို့သော ခရီးသည်များ အကြိုက် ဖြစ်ပြီး စက်ဘီးကို တည်းခိုခန်း များနှင့် လမ်းဘေး တလျှောက်ရှိ စက်ဘီးဆိုင် များမှ ငှားရမ်း စီးနင်း နိုင်ပါသည်။
အငှားယာဉ်၊ ကားများကိုလည်း ကားကုမဏီ များဖြစ်သော ဗဠှုယ ကြိါနအယ ညေိံနမအဖ တို့အပြင် ဒေသခံ ထိုင်းကား ကုမ္နœဏီများမှ လည်း ငှားရမ်း နိုင်ပြီး လေဆိပ်နှင့် ဟိုတယ် တို့တွင် မည်သည့် ကားကို ငှားရမ်းလိုသည်။ မည်သို့ ငှားရမ်း နိုင်သည်ကို မေးမြန်း နိုင်ပါသည်။ ကားကုမ္နœဏီ အများစု သည်လည်း လေဆိပ်နှင့် ဟိုတယ်တို့ အနီးအနားတွင် တည်ရှိပါသည်။

ချင်းမိုင်မှာ လည်စရာ၊ ပျော်စရာ

သမိုင်းဝင်အဆောက်အဦများ
ကိုးရာစုခန့်ကတည်ဆောက် ထားသော လက်ရာဖြင့် ဘုရားများ၊ ဘုန်းတော်ကြီး ကျောင်းများကို တွေ့မြင် ဖူးမြော် လေ့လာ နိုင်ပါသည်။ ၁၃ရာစုနှစ်ခန့်က ဘုရားပုထိုးပေါင်း ၃၀၀ခန့် ကိုလည်း ချင်းမိုင်တွင် တွေ့မြင် နိုင်ပါသေးသည်။ မည်သည့် ဦးတည်ဖက် သို့မဆို ကားဖြင့် နာရီဝက် သွားရသော အကွာအဝေး တိုင်းတွင် ပြတိုက်များ၊ ပျက်စီးနေသော ရှေးဟောင်း အဆောက် အဦများ၊ ရေတံခွန်များ၊ သဘာဝ ဥယျာဉ်များနှင့် တောင်ပေါ် ရှုခင်းကြည့် မျှော်စင်များကို တွေ့မြင် နိုင်ပါသည်။
တေးဂီတနဲ့အကပညာ
အဆိုအကများသည် နန်းဆန်မှုဧ။် ဗဟိုဖြစ်ခဲ့ သော်လည်း ကျေးရွာ ဘုန်းကြီး ကျောင်းများ၊ ရိုးရာပွဲတော် များနှင့် အခမ်းအနား များတွင်ပါ တွေ့နိုင်ပါသည်။ ထိုထုံးစံသည် မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲများနှင့် ဘာသာရေး အခမ်းအနား များအထိ တိုးတက် ကျယ်ပြန့် လာခဲ့ပါသည်။

ထိုင်းနိုင်ငံဧ။် ဒုတိယ အကြီးဆုံး မြို့ဖြစ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ များစွာသော အခြားမြို့များ၊ လည်ပတ်စရာ နေရာများနှင့် မဲခေါင်မြစ်ဝှမ်း နယ်မြေရှိ အခြား တိုင်းပြည်များကို ထပ်ဆင့် သွားနိုင်ရန် ၀င်ပေါက်မြို့ လည်း ဖြစ်လေသည်။ လျင်မြန်သော မြို့ပြ လူနေမှု စနစ် ဖြစ်ထွန်းနေ သော်လည်း ထိုင်းနိုင်ငံသို့ လာရောက်သော ခရီးသွား ဧည့်သည် အများစုဧ။် စိတ်ကြိုက်မြို့ ဖြစ်နေဆဲ ဖြစ်လေသည်။ မြောက်များစွာသော အနုပညာ လက်ရာများ စုစည်းရာနှင့် သီးသန့် ဆန်သော ဗိသုကာ လက်ရာများ ကြောင့် ချင်းမိုင်ရှိ ဗုဒ္မ္ဓဘာသာ ဘုရားကျောင်းများနှင့် အခြား အထိမ်းအမှတ် နေရာများကြောင့် ချင်းမိုင်သည် လည်ပတ်ရန် နေရာလည်း များစွာ ရှိလေသည်။ ချင်းမိုင်ဧ။် ခရီးသွား ဧည့်သည်များ စိတ်အ၀င်စားဆုံး နေရာ များမှာ မဲ့ကလန်၊ ၀ါချီရာသန်နှင့် စီရိဖွန် ရေတံခွန်တို့ ဖြစ်ကြသည်။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်ခင် မြတ်နိုးသူ များနှင့် စွန့်စား ရသည်ကို နှစ်သက်သူများ အတွက်လည်း တောင်တက်ခြင်း၊ ရေစီးသန်သော မြစ်ကြောင်း တလျှောက် လှေလှော်ခြင်းနှင့် တောတောင်ထဲတွင် ဆင်စီးခြင်း တို့ကို ပြုလုပ်နိုင်ရန် စီစဉ်ပေး ထားသည်။ လှပစုံလင်သော သဘာဝ ပတ်ဝန်းကျင်နှင့် နွေးထွေး ပျူငှာသော ချင်းမိုင်နေ ပြည်သူ တို့ကြောင့် ခရီးသွား ဧည့်သည်များ အတွက် စိတ်အပန်းပြေ လည်ပတ်ရ ကျိုးနပ်သော အမှတ်ရစရာ နေရာလည်း ဖြစ်ပါသည်။ မည်သည့် အချိန်တွင်မဆို အမှတ်ရစရာ လက်ဆောင် ပစည်းဖြစ်သည့် လက်မှု ပညာသည်များ ထုတ်လုပ် ထားသော ပိုးထည်၊ ငွေထည်နှင့် သစ်သား ထည်များ ကိုလည်း ညဈေးတန်းများနှင့် ဆိုင်ခန်းများတွင် စိတ်ကြိုက် ၀ယ်ယူနိုင်ပါသည်။ ခြိုးခြံ ချွေတာစွာ လည်ပတ် လိုသူများ အတွက်ရော၊ စည်းစိမ်ရှိရှိ သုံးနိုင် ဖြုန်းနိုင် သူများပါ စိတ်တိုင်းကျ တည်းခို လည်ပတ် နိုင်သော မြို့ပြအခင်းအကျင်းများ ချင်းမိုင်တွင် ပြည့်စုံစွာ ရှိလေသည်။

ချင်းမိုင် ရဲ့အဓိကထွက်ကုန်များ

ကြွေထည်၊ သစ်ထွင်းထည်၊ ကြေးထည်၊ ငွေထည်နှင့် ယွန်းထည်များ
ချင်းမိုင်၏ နာမည်အကြီးဆုံး ထွက်ကုန်မှာ ကျောက်ရောင်နှင့် အညိုရောင် တောက်နေသော ကြွေထည်ဖြစ်ပြီး လိုအပ်သော ကျောက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လန်းနခေတ် ကတည်းက တူးဖော် သုံးစွဲ ခဲ့သော ကျောက်မိုင်းများမှ ရရှိလေသည်။ သည်လက်ရာများသည် လန်းနခေတ်တွင် ကြွေထည် ပညာရှင်များ၏ နည်းပညာနှင့် အနုပညာ အစွမ်းသည် ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း တွင်လည်း သူတို့၏ ခမ်းနား ကြီးကျယ်သော လှပမှုကို တန်ဖိုးထား သုံးစွဲခံ ခဲ့ရသည်ကို သက်သေပြု နေလေသည်။ ၁၆ရာစု အလယ်တွင် လန်းနခေတ် ကျဆုံး ပြီးနောက် နှစ်ရာပေါင်းများစွာ ကြာပြီးမှ ထိုကြွေထည် လုပ်ငန်း ပြန်လည် နာလန်ထူ လာခဲ့သည်။ ယခုအခါ ချင်းမိုင်တွင် ကြွေထည် စက်ရုံပေါင်း နှစ်ဆယ်ကျော်မှ သဘာဝ ကြွေထည်များနှင့် ဖန်ရောင် တောက်သော အလှဆင် ထားသော ကြွေထည်များကို ကမ္န‡ာတလွှားသို့ တင်ပို့လျက် ရှိလေသည်။
ယွန်းထည်များကိုမူ ၁၅ ရာစုခန့်က စတင် ထုတ်လုပ် ခဲ့ကြသည်ကို သမိုင်း အထောက်အထား များမှ တွေ့ရှိ ရပြီး ၁၅ရာစု အလယ်လောက်တွင် အိမ်တိုင်း လိုလိုက ထုတ်လုပ်သော ထုတ်ကုန် ဖြစ်လာခဲ့သည်ဟု ဆိုလေသည်။ အနီရောင် ယွန်းထည်ပေါ်တွင် အနက်ရောင် ယွန်းပန်းချီ ခြယ်ထားသော ယွန်းထည်သည် ယွန်းမြတ်နိုး စုဆောင်းသူများဧ။် အကြိုက် ဖြစ်လာကာ ခေတ်ပေါ် ယွန်းစက်ရုံ များမှမူ အနက်ရောင် ယွန်းထည်ပေါ်တွင် ရွှေရောင် သို့မဟုတ် ရောင်စုံ ဖြာသော အဆင် ပန်းချီများဖြင့် တန်ဆာ ဆင်ထားသော ယွန်းထည်များ ကိုသာ ထုတ်လုပ်လေသည်။ သစ်ထွင်းထည်၊ ကြေးထည်၊ ပိုးထည်၊ ချည်ထည်နှင့် လက်လုပ် ချင်းမိုင်ထီး တို့ကို ယနေ့တိုင် ထုတ်လုပ်လျက် ရှိပြီး ကမ္န‡ာတလွှားသို့ တင်ပို့ ရောင်းချလျက် ရှိလေသည်။ ၁၉ရာစု ခန့်က ဆောက်လုပ်ခဲ့သော လှပသော ဘုရားနှင့် ဘုန်းကြီးကျောင်း များလည်း ရှိရာ ထိုကျောင်းများတွင် ဘာသာရေး၊ ဆေးဘက်ဆိုင်ရာနှင့် ဗေဒင်ပညာ ဆိုင်ရာ ရှေးခေတ် ပေ၊ ပုရပိုက်များ၊ နံရံဆေးရေး ပန်းချီများ ကိုလည်း တွေ့ရှိနိုင်ပေသည်။ ထိုပန်းချီများ အနက် အချို့မှာ ခေတ်ပုံစံများ ဖြစ်သော်လည်း အများစုမှာ လန်းနခေတ် လက်ရာများကို အခြေခံ ထားလေသည်။
ချင်းမိုင်ထွက် အထည်အလိပ်များ
အထည်အလိပ် သမိုင်း ကြွယ်ဝမှုများကို တွေ့မြင် လေ့လာနိုင်ပြီး အထည်ရက်လုပ်မှု အနုပညာကိုပါ တွေ့မြင် ခံစားနိုင်ပါဧ။်။ တောင်ပေါ်သားများ သည် ယင်းတို့အတွက် အ၀တ်ကို ကိုယ်တိုင် ရက်လုပ်လေ့ ရှိကြပြီး သက်ဆိုင်ရာ လူမျိုးစု အလိုက် ကိုယ်ပိုင် အထည် ရိုးရာဝတ်စုံ ပုံစံများကို ကွဲပြား ခြားနားစွာ တွေ့မြင် နိုင်ပါသည်။ ရာစုနှစ် တစ်ခုကျော် လောက် ကတည်းက မိသားစု ဆွေစဉ် မျိုးဆက်လိုက် ၀တ်ဆင်လာခဲ့သော လှပ ခံ့ညားသော အ၀တ်အစားများကို ဗီရိုများဖြင့် ထည့်သွင်း ပြသ မှတ်တမ်းတင် ထားသည်ကိုလည်း တွေ့မြင် နိုင်ပါသည်။ ယခုခေတ် ထုတ်လုပ်လျက် ရှိသော အထည်များမှာ လက်ယက်ကန်း ထွက်များ ဖြစ်ကြပြီး ဖက်ရှင် ၀တ်စုံများ အဖြစ် ခေတ်စားလျက် ရှိပါသည်။

ချင်းမိုင်၏ရိုးရာပွဲတော်များ

ချင်းမိုင်ပန်းပွဲတော်
ဖေဖော်ဝါရီလ အစအတွင်း ကျင်းပလေ့ရှိသော ထိုပန်းပွဲတော် စစချင်းပင်လျှင် ချင်းမိုင်ရှိ လမ်းများသည် ပန်းရောင်စုံတို့၏ လှပစွာသော အရောင်အသွေး တို့ဖြင့် ထွန်းလင်းတောက်ပ လာလေ့ရှိလေသည်။ မြန်မာအခေါ် မေမြို့ပန်း ရောင်စုံများ၊ မြန်မာအခေါ် ခရမ်းပြာပန်း ဖြစ်သော်လည်း အင်္ဂလိပ်အခေါ်ျေူလငျေ ရောင်စုံ ပန်းများ၊ မြန်မာအခေါ် ထပ်တရာပန်း သို့မဟုတ် အင်္ဂလိပ်အခေါ်ာမေငါသျို များ၊ ထူးထူးခြားခြား အရောင်အသွေး စုံလင်လှပသော စကူပန်းများကလည်း သည်ရာသီတွင် အပူပိုင်းဒေသနေ သစ်ခွပန်းများ နှင့် အပြိုင်အဆိုင်ပင် အလှပြိုင်လျက် ရှိလေသည်။ ထို့ပြင် မြန်မာနိုင်ငံ မန္န…လေးမြို့တွင် ကျင်းပလေ့ရှိသော သင်္ကြန် အလှပြ ယာဉ်များ ကဲ့သို့ပင် ပန်းအလှပြ ယာဉ်များဖြင့် စီတန်း လှည့်လည် ပြသလေ့ရှိပြီး ထိုင်းလှပျိုဖြူ များက ချင်းမိုင် ရိုးရာ ၀တ်စား ဆင်ယင်မှု များဖြင့် အလှပြကား များနှင့်အတူ လိုက်ပါ လှည့်လည် ကြသည် ကိုလည်း တ၀ကြီး ရှုစားရလေသည်။
သင်္ကြန်ပွဲတော်
ဧပြီလတွင် ကျင်းပလေ့ ရှိသော သင်္ကြန်ပွဲတော်ကား ထိုင်းတစ်နိုင်ငံလုံးတွင် ချင်းမိုင် တစ်နယ်ထဲ တွင်သာ အစည်ကားဆုံး ကျင်းပလေ့ရှိပြီး ဘန်ကောက် သည်ကား ခါတိုင်းရှိနေကျ ယာဉ်ကြော ပိတ်ဆို့မှုပင် ပပျောက်သွား လောက်အောင် ခြောက်ကပ် တိတ်ဆိတ် သွားလေ့ ရှိလေသည်။ ကမာလှည့် ခရီးသည်များသော ခေါင့်စံလမ်း တစ်ခုသာ ခြေကျင် လမ်းလျှောက်ရင်း ရေပက် ကစားသူများဖြင့် စည်ကားရစ် လေ့ရှိပါသည်။
အင်ကခင်ပွဲတော် (မေနှင့် ဇွန်)
ချင်းမိုင်တွင် နှစ်စဉ် ကျင်းပသော သည်ပွဲတော်ကို ဧည့်သည်များ လာရာက် ကြည့်ရှု လေ့လာရင်း ပါဝင်ဆင်နွဲ နိုင်လေသည်။ ဆောင်ဝ် အင်ကခင် ခေါ် ချင်းမိုင်မြို့စောင့် သစ်တိုင်ကို ကဆုန်လဆုတ် ၁၃ရက်နေ့မှ နယုန်လဆန်း ၂ရက်နေ့ အထိ ကျင်းပရာ သည်ပွဲတော်ဧ။် အစဖြစ်ပေါ်ရာနှင့် ရည်ရွယ်ချက်ကို ယနေ့တိုင် အငြင်းပွားလျက် ရှိလေသည်။ ရှေးသမိုင်း လိုက်စားသူများက အင်ကခင် ပွဲတော်ဧ။် လခ်မူအန် သစ်တုံး သည် ဟိန္မ္ဒူဘာသာမှ သိဝနတ်မင်းဧ။် အထိမ်းအမှတ် ဖြစ်ကာ အထွေထွေ စွမ်းအားကို ကိုယ်စားပြုကာ နုပျိုလန်းဆန်း ရှင်သန်မှုကို တောင်းဆိုသော ဘာသာရေး ပွဲတော် ဖြစ်သည်ဟု ဆိုသော်လည်း အခြားခေတ် ပညာတတ် များကမူ သည်လခ်မူအန် သစ်တုံးကို ထိုင်းနိုင်ငံတွင်း အခြားမြို့ရွာ များတွင်လည်း တွေ့နိုင်သော ကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်သူတို့ဧ။် အချုပ်အခြာ အာဏာကို ကိုယ်စားပြုသည်ဟု ဆိုကြလေသည်။
ချင်းမိုင်မြို့စောင့်နတ်ပူဇော်ပွဲ သို့မဟုတ် ဏကှနေ -့ှေနေ ဃနမနာသညပ
ဇွန်လတွင်ကျင်းပလေ့ရှိသော သည်နတ်ပွဲသည် ဒွိုင်စူသပ် တောင်စောင်းတွင် လှည့်လည် ကျက်စားလျက် နေထိုင်သော ဏကှနေ နှင့ှ်ေနေ မောင်နှမတို့ကို အမဲသားစိမ်းဖြင့် ပသသော ပွဲဖြစ်လေသည်။သည်ဒေသ တွင် ရှေးဦး အခြေ ချခဲ့သူ ဒေသခံများမှာ လ၀ါလူမျိုးများ ဖြစ်ကြပြီး လူသားစားသူများဟု ယုံမှတ် ခြင်းခံကြ ရသည်။ ဒဏ္ဍာရီအရ မြတ်စွာဘုရားသည် ဇင်းမယ်သို့ ဒေသစာရီ ကြွချီစဉ် ရောက် ရှိခဲ့သည်။ ထိုစဉ် ဏကှနေ နှင့ှ်ေနေ မောင် နှမ တို့က မြတ်စွာဘုရားကို သတ်စားရန် လိုက်ခဲ့ကြ သော်လည်း မြတ်စွာဘုရားက တရားတော်ကို ဟောကြား ပြီးသောအခါ လူသားစားသော အလေ့အကျင့်ကို စွန့်လွှတ် စေခဲ့သည်။ သို့ရာ တွင် ထိုမောင်နှမက လူသားအစား တစ်နှစ်လျှင် တစ်ကြိမ် အမဲသားစိမ်း စားခွင့် ပြန်တောင်း ခဲ့လေသည်။ သည်ပွဲတော်သည် ထိုမောင်နှမကို ပသသော ပွဲတော် ဟုခေါ်ဆိုနိုင် လေသည်။ သည်ပွဲတော် အတွက် ဆုတောင်းစာမှာ€œလ၀ါတို့ဧ။် စပါးများလည်း စပါးခိုင်များမှ မကြွေ မသေပါစေနှင့်။ ထိုင်းတို့ဧ။် စပါးများလည်း လယ်ကွင်း များထဲတွင် ခြောက်သွေ့ သေဆုံးခြင်း မဖြစ်ပါစေနှင့်€ဟုဖြစ်လေသည်။ သည် ဆုတောင်း စကားသည် လ၀ါ လူမျိုးများနှင့် ထိုင်းတို့ဧ။် နီးကပ်စွာ ကြာရှည် အတူ နေထိုင်နိုင်မှု အတွက် ရှင်းလင်း သော အချက် ဖြစ်လေသည်။
ကထိန်ပွဲတော် သို့မဟုတ်ူသပုမအေ့သညါ (ဥခအသဘနမ သမ သြလနာဘနမ)
ထိုင်းနိုင်ငံ၏ အလှဆုံးပွဲတော် ဖြစ်သော လွိုင်ကထုံပွဲတော်ကို တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပ ပါသည်။ ထိုင်းလူမျိုးများသည် ရှေးခေတ် အဆက်ဆက် ကပင် ရေနတ်ကို ပူဇော်လေ့ ရှိကြပါသည်။ တောင်သူ လယ်သမားများ ပီပီ ရွာတည် အိမ်ဆောက်ခြင်း များကို မြစ်ချောင်းများ နံပါးတွင် တည်ဆောက်လေ့ ရှိကြပြီး ရေကို စိုက်ပျိုးရေး၊ မြစ်ချောင်း တစ်လျှောက် သယ်ယူ ပို့ဆောင်ရေးနှင့် နေ့စဉ်သုံး အဖြစ် အမျိုးမျိုး သောနည်းဖြင့် တနိုင်ငံလုံးက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု သောကြောင့် ရေကိုရော၊ ရေနတ်ကိုပါ ရိုသေ လေးစားသော အားဖြင့် အရေး အကြီးဆုံး အဖြစ် သတ်မှတ်ကာ ဂရုစိုက်သော အနေဖြင့် သည်ပွဲတော်ကို အခမ်းနား အကြီးကျယ်ဆုံး ကျင်းပခြင်း ဖြစ်လေသည်။ သည်ပွဲတော် အတွင်းတွင် မြစ်ချောင်း များသည် ကထုံဟု ခေါ်သော အမျိုးမျိုးသော ပုံသဏ္ဍာန်၊ အရွယ်အစား ရှိသော ပန်းဖောင်များဖြင့် ပြည့်နှက်လျက် ရှိလေသည်။ ပန်းဖောင် အောက်ခံကို ရှေးယခင်က ငှက်ပျောတုံး၊ ဖော့တုံး များဖြင့် ပြုလုပ်လေ့ ရှိသော်လည်း ယခု မကြာသေးသော နှစ်များတွင် မြစ်ရေပြင်ကို ညစ်ညမ်း စေသည်ဟု ဆိုကာ ခွင့်မပြုတော့ဘဲ ယင်းတို့ အစား မြစ်တွင်းရှိ ငါးများကိုပါ အစာ ကျွေးနိုင်ရန် ပေါင်မုန့်ကြမ်း ဖြင့် အစားထိုး ပြုလုပ်လာ ခဲ့ကြပါသည်။ ထိုပန်းဖောင် အောက်ခံများ ပေါ်တွင် ပန်းအစို အခြောက်များဖြင့် ၀န်းရံ တန်ဆာဆင် ထားသော ဖယောင်းတိုင် တစ်တိုင် သို့မဟုတ် ကြိုက်နှစ်သက် သလောက် ထွန်းညှိုကာ မြစ်ချောင်း တလျှောက် မျောချ ပူဇော်ခြင်း ဖြစ်လေသည်။ သည်ပွဲတော်ကို ပိုမို အားဖြည့်ပေးသော နောက်ထပ် အခြင်းအရာ တစ်ခုမှာ ထောင်သောင်း ချီသော ပုံစံနှင့် အရွယ်အစား အမျိုးမျိုးသော မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း တို့ဖြစ်လေသည်။
ထိုပွဲတော်ကို စတင် အကောင်အထည် ဖော်သော မင်းသမီးကို ကိုယ်စားပြုပြီး လွိုင်ကထုံမယ်ကို နှစ်စဉ် နှစ်တိုင်း ရွေးချယ်လေ့ရှိရာ မြန်မာနိုင်ငံမှ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် မိန်းကလေး ရွေးသလို ကောင်းခြင်း ငါးဖြာ (အမျိုးအနွယ် ကောင်းမြတ်မှု၊ အကျင့်သီလ ကောင်းမြတ်မှု၊ မိစုံဘစုံ ရှိမှု၊ မိဘနှစ်ပါး မခွဲမခွာ အတူရှိနေမှု၊ အပျိုစင်ဖြစ်မှု) တို့ဖြင့် ပြည့်စုံသော မိန်းကလေး တစ်ဦးသာ ရွေးချယ်ခံရ လေ့ရှိပြီး ထိုမိန်းကလေး မှာလည်း အခြား အလှမယ်များထက် အများ ၏ လေးစားခြင်းကို ခံရလေသည်။

ထိုင်းနိုင်ငံရဲ့အပန်းဖြေရာ တောင်ပေါ်မြို့ သို့မဟုတ် ချင်းမိုင် (ဇင်းမယ်)

မြန်မာစာဆို ရှင်ငြိမ်းမယ်၏ စစ်မှာတမူ ကဗျာထဲကœတောင်ပတ်လည်နှင့် ညိုတဲ့မြို့€ ဖြစ်သော မြန်မာတို့ ရင်းနှီးပြီးသား ဇင်းမယ်၊ ထိုင်းအခေါ် ချင်းမိုင်မြို့သည် ၂၀၀၆ခုနှစ် စာရင်း အရ ကမ္ဘ‡ာ့ အပန်းဖြေလို့ အကောင်းဆုံး နံပါတ်၅ စာရင်းဝင်ခဲ့ပြီ ဖြစ်လေသည်။ သူ့ သမိုင်းကြောင်းမှာ နှစ်ပေါင်း ၇၀၀ခန့် ရှိပြီး ရိုးရာကို ဆက်လက် ထိန်းသိမ်းခြင်းဖြင့် ရိုးရာကို အသစ်အဆန်း အဖြစ် လေ့လာလိုသော၊ တန်ဖိုးထားသော နိုင်ငံခြားသား ခရီးသည် များကို ဆွဲဆောင်ကာ အောင်မြင်သော ခရီးသွား လုပ်ငန်းကို ထောက်ပံ့လျက် ရှိလေသည်။ ချင်းမိုင်သည် အေဒီ ၁၃၀၀ ခန့်က ပေါ်ပေါက်ခဲ့သော လန်းနခေတ်တွင် မြို့တော် ဖြစ်ခဲ့သောကြောင့် အခြား မည်သည့် ထိုင်းမြို့နှင့်မှ မတူခြားနားသော ရိုးရာ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာပွဲတော် များနှင့် ပြည့်စုံလျက် ရှိသည်။ ထိုင်းလူမျိုးများက သည်မြို့ကို မြောက်ပိုင်းဧ။် နှင်းဆီဟု တင်စား ခေါ်ဝေါ်ကြသည်။ ၁၂၉၆ ခုနှစ်တွင် မန်ဂရိုင်းမင်းက စတင် တည်ထောင်သော လန်းန ထိုင်းနိုင်ငံဧ။် မြို့တော် ဖြစ်ခဲ့သည်။ ယခုအခါ ချင်းမိုင်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းဧ။် စီးပွားရေး၊ ဆက်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လုပ်ငန်းတို့ဧ။် အချက်အချာ အကျဆုံးမြို့ ဖြစ်လာခဲ့သည်။
ချင်းမိုင် ချိုင့်ဝှမ်း သည် ပင်လယ်ရေ မျက်နှာပြင် အထက် ပျမ်းမျှအား ဖြင့် ၃၁၀မီတာ တွင်ရှိကာ ၂၀၁၀၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည်။ ချင်းမိုင်တိုင်း၏ ၈၂%ကို သစ်တောများနှင့် မြောက်မှ တောင်သို့ သွယ်တန်းလျက် ရှိသော တောင်တန်း များက ဖုံးလွှမ်းလျက် ရှိပြီး ယင်းတို့ ကြားတွင် မြစ်လက်တက်၊ ချောင်းလက်တက်များ သွယ်ဖြာ စီးဆင်းရင်း ချင်းမိုင်၏ စိုက်ပျိုးရေးကို ကောင်းစွာ ထောက်ပံ့လျက် ရှိလေသည်။ ချင်းမိုင်အတွက် အရေး အကြီးဆုံးနှင့် အကြီးဆုံး မြစ်မှာ ပင်းမြစ်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အရေး အကြီးဆုံး မိခင် ကျောက်ဖယားမြစ်၏ မြစ်လက်တက် တစ်ခုလည်း ဖြစ်လေသည်။ ချင်းမိုင် ချိုင့်ဝှမ်းသည် ထိုပင်းမြစ်၏ မြစ်ကြောင်းတလျှောက်တွင် တည်ရှိလေသည်။ထိုင်း၏ အမြင့်ဆုံး တောင်ဖြစ်သော အင်ထနွန်တောင်သည် ချင်းမိုင်တွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၂၅၆၅မီတာ မြင့်လေသည်။
တစ်နှစ်တာလုံး ပျမ်းမျှ အပူချိန် ၂၅.၄ ဒီဂရီ စင်တီဂရိတ်ခန့် ရှိပြီး အပူဆုံး အချိန်တွင် ၄၀ဒီဂရီ စင်တီဂရိတ်ခန့် နှင့် အအေးဆုံး အချိန်တွင် ၅-၁၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိလေသည်။ ခရီးသည် များ အကြိုက်ဆုံး အချိန်မှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလ အတွင်းဖြစ်ပြီး ကြည်လင် ပြာစင်သော ကောင်းကင် နောက်ခံတွင် ရောင်စုံဖြာနေသော ပန်းများကို သဘာဝအတိုင်း ဖူးပွင့်နေသည်ကို တွေ့မြင်ခံစား ကြည်နူးနိုင်လေသည်။ ချင်းမိုင်တွင် ဘုရား နှင့် ဘုန်းကြီး ကျောင်းပေါင်း ၁၂၅၃ ရှိလေသည်။ နာမည် အကြီးဆုံး ဘုရားမှာ ဒွိုင်စူသပ် စေတီဖြစ်လေသည်။