သည်ဥယျာဉ်သည် အရှေ့တောင်အာရှဧ။် တရားဝင် သတ်မှတ်ထားသော သဘာဝ သစ်တောကြိုးဝိုင်းများ အားလုံးထက် ကြီးမားကာ ထိုင်းနိုင်ငံတွင်းရှိ အခြားသော သစ်တောကြိုးဝိုင်းများထက် နှစ်ဆမက ကြီးသော သဘာဝ သားရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး ဥယျာဉ် ဖြစ်ပြီး ၆၂၂၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းလေသည်။ ထို့ကြောင့် အရှေ့တောင် အာရှဧ။် အပူပိုင်း မုတ်သုံ သစ်တောတို့ဧ။် ဂေဟစနစ်ကို သည်ဥယျာဉ်က တတပ်တအား ကာကွယ် စောင့်ရှောက် နိုင်လေသည်။ သည်ဥယျာဉ်ကို အမျိုးသား သဘာဝ ဥယျာဉ်ကဲ့သို့ ပြည်သူလူထုကို ၀င်ရောက် ကြည့်ရှု ခွင့်မပေးပေ။ သုတေသန၊ ပညာရေးနှင့် သဘာဝ မျိုးဗီဇများ လွတ်လပ်စွာ ရှင်သန် ကြီးထွားခွင့်ကို ကာကွယ် ထိန်းသိမ်းရန် အတွက် ဥပဒေ အရ ရည်ရွယ်လေသည်။
Showing posts with label ထိုင်းနိုင်ငံရှိ ကမ္ဘာ့ သမိုင်းဝင်နေရာများ. Show all posts
Showing posts with label ထိုင်းနိုင်ငံရှိ ကမ္ဘာ့ သမိုင်းဝင်နေရာများ. Show all posts
Tuesday, July 10, 2007
ဘန်းချိုင်ရှေးဟောင်း သုတေသနနယ်မြေ
ထိုင်းနိုင်ငံဧ။်အရေးပါသော သမိုင်းများ ပြည့်နေသော အတိတ်ကို ပြန်လည် လေ့လာနိုင်ရန် များစွာသော ခြားနား လှသည့် သမိုင်းဝင် နေရာများကို တိုင်းပြည်ဧ။် နေရာ အစိတ်အပိုင်း တိုင်းတွင် တွေ့နိုင်ပါသည်။ သမိုင်းဦး ယဉ်ကျေးမှုကို စိတ်ဝင်စားကာ လေ့လာလိုသူများ အတွက် လည်ပတ်ရန် နေရာများစွာ ရှိကာ ထိုနေရာတို့တွင် ပြတိုက်များ လည်းရှိပြီး ဒေသအလိုက် ရှာဖွေ တွေ့ရှိသော ပစ္နည်းများကို ခင်းကျင်း ပြသထား လေသည်။ ရှာဖွေ တွေ့ရှိထားသည့် နေရာတို့အနက် သမိုင်းကြောင်း အစောဆုံးမှာ ဘန်းချိုင်ဖြစ်ပြီး ဥဒုံဌာနီတိုင်းဧ။် အရှေ့မြောက် ဘက်တွင် တည်ရှိလေသည်။ လယ်ယာ စိုက်ပျိုးရေး အတွက် မြေကို တူးဆွရာမှ တောက်ပြောင် လှပစွာ ဆေးခြယ် ထားသော ကြွေထည်များကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကြေးခေတ်ဧ။် အစဟု များစွာသော ပညာရှင်များက ယူဆ ခဲ့ကြသည်။ ဘီစီ၃၀၀၀ ခန့်က ဒဏ္ဍာရီ ဆန်သော ယဉ်ကျေးမှုရှိပြီး အေဒီ တစ်ရာစုခန့်တွင် တိုးတက် ဖွံ့ဖြိုးခဲ့သည်ဟု ယူဆရသည်။ ပစ္နည်းများကို တူးဖော်စဉ်က တွေ့ရှိရသည့် အတိုင်း ထားရှိကာ ထိုမြေကျင်းများကို လေ့လာလိုသူ များအတွက် သည်အတိုင်း ထားရှိ ပြသထားသည်။
Posted by
gpgroup
at
10:04 AM
0
comments
အယုဒ္မ္ဓယရှေးဟောင်းမြို့တော်
ကျောက်ဖရားမြစ်၊ လော့ဘူရီမြစ်နှင့် ပစပ်မြစ်တို့ ဆုံရာ မြစ်ဆုံ အလယ်ရှိ ကျွန်းပေါ်တွင် တည်ရှိသော အယုဒ္မ္ဓယ ရှေးဟောင်း မြို့တော်သည် ထိုင်းနိုင်ငံ အလယ်ပိုင်းဧ။် အောက်နား လောက်တွင် တည်ရှိလေသည်။ မြစ်လယ်ကျွန်း ဖြစ်သောကြောင့် မြေဆီ မြေသြဇာကောင်းကာ ဆန်စပါး စိုက်ပျိုးရေးကို ကောင်းစွာ အကျိုးပြု လေသည်။ တည်နေရာနှင့် မြစ်ကြောင်း ဖွဲ့စည်းပုံ တို့ကြောင့် မြစ်ကြောင်း ခရီးဖြင့် သယ်ယူ ပို့ဆောင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဖွံ့ဖြိုးလာကာ ၁၄-၁၇ ရာစုအတွင်း အယုဒ္မ္ဓယသည် အာရှဧ။် ကူးသန်း ရောင်းဝယ်ရေး အချက်အချာ ဖြစ်လာလေ တော့သည်။ အယုဒ္မ္ဓယသည် ဘန်ကောက်မြို့ဧ။် မြောက်ဘက် ၇၆ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ၂၅၅၆.၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ ထိုင်းနိုင်ငံဧ။် မြို့တော်အဖြစ် ၄၁၇နှစ်ကြာ တည်ရှိခဲ့သည်။ မြို့အမည်မှာ ပါဠိဘာသာ ဖြစ်ပြီး ရန်သူအပေါင်း မတိုက်ခိုက် နိုင်သော မြို့ဟု အဓိပ္နာယ် ရလေသည်။ ထို့ကြောင့် မြန်မာတို့က အ အက္မ္ခရာကို ဖြုတ်ပြီး ယိုးဒယားဟုခေါ်လျှင် ထိုင်းများ အလွန် စိတ်ဆိုးလေသည်။
ဥသောင်းမင်းခေါ် ပထမရာမာ သိဘောဒိမင်း လက်ထက် ၁၃၅၀ ခုနှစ်တွင် စတင်ခဲ့သော အယုဒ္မ္ဓယမြို့သည် စဖန်ဘူရီ၊ လော့ဘူရီနှင့် စန်ဘူရီ ပြည်နယ်များကို ပေါင်းစည်း တည်ခဲ့ပြီး သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် အုပ်ချုပ် ကာ နိုင်ငံ တ၀ှမ်းလုံးတွင် မြေရှင် ပဒေသရာဇ် စနစ်က အရေးပါသော စနစ်အဖြစ် လွှမ်းမိုးထား လေသည်။ တိုင်းပြည် တွင် အာဏာအရှိဆုံး ဘုရင်သည် သူဧ။် ဆွေတော် မျိုးတော်များနှင့် မှုးကြီးမတ်ကြီး များကို မြို့တော်နှင့် ဝေးရာမြို့ရွာ များအား စောင့်ရှောက်ရန် မြို့စားရွာစားများ အဖြစ် တာဝန် ပေးလေသည်။ ထိုမြို့ရွာများသည် သက်ဆိုင်ရာ အုပ်ချုပ် သူများဧ။် လက်အောက်တွင် ရှိသော်လည်း ထိုအုပ်ချုပ်သူ များကိုကား နန်းတော်မှသာ အုပ်ချုပ်လေသည်။ ၁၄၄၈-၁၄၈၈ ခုနှစ်အတွင်း စိုးစံခဲ့သော ဘောရောမ တြိလောကနတ် မင်းလက်ထက်တွင် အယုဒ္မ္ဓယဧ။် နိုင်ငံရေး စနစ်ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး အင်အားကောင်းသော အုပ်ချုပ်မှုဆိုင်ရာ ၀န်ကြီးဌာန နှစ်ရပ် ပေါ်ထွန်းလာပြီး ထိုစနစ်ကို အယုဒ္မ္ဓယဧ။် နောက်ဆုံးရက်များ အထိ သုံးစွဲခဲ့ ကြသည်။ ၁၈ရာစု အလယ်တွင် ဖွံ့ဖြိုး တိုးတက်ဆုံး ဖြစ်ခဲ့သည်။

မဟိန္မ္ဒရာသီရတ် မင်းလက်ထက် ၁၅၆၉ခုနှစ်တွင် အယုဒ္မ္ဓယသည် မြန်မာများ လက်အောက်သို့ ကျရောက်ခဲ့ ပြီး ၁၅နှစ်ကြာ မြန်မာ လက်အောက်ခံ အဖြစ် နေခဲ့သည်။ ၁၅၈၄တွင် နရဲစွမ် (ထိုင်းဓလေ့အရ မင်းမျိုးကို ဘုရားရှေ့တပ် ခေါ်လေ့ရှိရာ ဘုရားနရစ် ကို ထိုင်းလေသံဖြင့် ဖရာ့နရစ် ဟုအသံထွက်ရာ ယင်းကို မြန်မာအခေါ် ဗြနရာဇ် မင်းသားငယ်) မင်းသည် မြန်မာများကို ပြန်လည် တော်လှန်ကာ အယုဒ္မ္ဓယ ထီးနန်းကို ပြန်လည် စိုးစံခဲ့သည်။ ၁၆၅၆- ၁၆၈၈ ခုနှစ်များတွင် မင်းပြုခဲ့သော နရိုင်းမင်း လက်ထက်တွင် အနောက် နိုင်ငံများနှင့် သံတမန်ရေး၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆက်သွယ် လုပ်ဆောင်ရေး ပေါ်လစီကို စတင် ဆောင်ရွက် အကောင်အထည် ဖော်ခဲ့သည်။ ထိုအချိန်မှစပြီး အယုဒ္မ္ဓယသည် ခေတ်မီ နည်းပညာ သစ်များ၊ ဆောက်လုပ်ရေး နည်းပညာ သစ်များနှင့် ဗိသုကာ ပညာရပ်များကို အနောက်နိုင်ငံ များထံမှ သင်ယူနိုင် ခဲ့သည်။ သည် အထောက်အထား များကို အယုဒ္မ္ဓယနှင့် လော့ဘူရီမြို့ဟောင်း တို့ရှိ ရှေးဟောင်း အဆောက်အဦ ပျက်များကို ကြည့်ရှု လေ့လာခြင်းဖြင့် တွေ့နိုင်ပါသည်။စူရီရတ် အမရင်မင်း ခေါ် ဧကတတ်မင်းသည် အယုဒ္မ္ဓယခေတ်ဧ။် နောက်ဆုံးမင်း ဖြစ်ကာ ၁၆၈၈ -၁၇၆၇ ခုနှစ် တွင်း ရင်ခွင်ပိုက် အရွယ်မှစပြီး နန်းစံခဲ့သည်။ ၁၇၆၇တွင် အယုဒ္မ္ဓယသည် မြန်မာများ လက်အောက်သို့ ထပ်မံ ကျရောက်ကာ ခေတ်တခေတ် ဇာတ်သိမ်းပြန်သည်။ ထို့ကြောင့် အယုဒ္မ္ဓယခေတ် သည် ၁၃၅၀မှ ၁၇၆၇ထိ သာ ထွန်းကားခဲ့ပြီး မင်းဆက်ပေါင်း ၃၃ဆက် စိုးစံခဲ့သည်။ ဗိုလ်ချုပ်ကြီး တက်ဆင်က ပြန်လည် အင်အား စုစည်းပြီး ထိုင်းနိုင်ငံ လွတ်လပ်ရေး ရရှိအောင် ပြန်လည် ကြိုးပမ်းခဲ့သည်။ သူ့လက်ထက်တွင် ထိုင်းနိုင်ငံသည် မြန်မာများ လက်အောက်မှ ပြန်လည် လွတ်မြောက်ကာ ကျောက်ဖယားမြစ်ဧ။် အနောက်ဘက်ကမ်း၊ သွန်ဘူရီအရပ်တွင် မြို့တော်သစ် တည်ခဲ့သည်။ထို့နောက် လက်ရှိ ချက္နရီ မင်းဆက်ကို ထူထောင်ကာ ပထမ ရာမမင်း အဖြစ် နန်းတက် ခဲ့သည်။ ထိုမင်းသည် အယုဒ္မ္ဓယနှင့် အခြား မြို့များမှ လူများကိုပါ သွန်ဘူရီသို့ ပြောင်းရွှေ့ နေစေခဲ့သည်။ ဗုဒ္မ္ဓရုတ် ဖာ ချူလာ လောင်ကောင်မင်း လွန်ပြီးနောက် ပထမ ရာမမင်း နန်းတက် သောအခါ သူနှင့် ညီတော်တို့သည် ရတနာ ကိုးစင်း အရပ်ခေါ် ဘန်ကောက်ကို စတင် တည်ထောင်ခဲ့ရာ မြို့တော်သစ် မပြီးမီကပင် သွန်ဘူရီနှင့် အယုဒ္မ္ဓယမှ လူအများစုသည် မြို့တော်သစ်သို့ ပြောင်းရွှေ့ အခြေချ ကြသဖြင့် အလွန်နည်းသော လူများသာ မြို့ဟောင်းများတွင် ကျန်ရစ်သည်ဟု အဆိုရှိကြသည်။ အယုဒ္မ္ဓယ မြို့ပျက်ကိုကား ပဥ္နမမြောက် ရာမမင်း လက်ထက် ရောက်မှ ပထမ အကြိမ်ပြုပြင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ယဉ်ကျေးမှု အပျက်အစီးများဧ။် အရေးပါမှုကို ပထမဆုံး အကြိမ် နားလည် သဘောပေါက် ပြီး ထိုအပျက်အစီးများကို ရှင်းလင်း ဖယ်ရှားခြင်း မပြုဘဲ မူရင်းအတိုင်း ထိန်းသိမ်း ထားခဲ့ရာ ယနေ့တိုင် ဖြစ်သည်။ နန်းတော် သုံးဆောင်နှင့် ဘုရားကျောင်းဆောင် ၄၀၀ကျော် ရှိခဲ့သော သည်ကျွန်းပေါ် ရှိ မြို့ဟောင်းသည် အာရှသား များကိုရော ဥရောပ နိုင်ငံသားများပါ လာရောက် ကြည့်ရှုရန် ဆွဲဆောင် နိုင်လေသည်။
သမိုင်းဥယျာဉ်တွင်းရှိမှတ်တိုင်များ
နန်းတော်။ ။ ၁၄၄၈တွင် ဘုရင် ဘောရောမ တြိလောကနတ် နန်းတက်သော အခါ ၀ပ်ဖရာစန်ဖတ် ကျောင်းကို ကျောင်းဟောင်း အနီးတွင် တည်ထားခဲ့ပြီး နန်းတော်သစ်ကို မြစ်ကမ်းဘေးသို့ ပြောင်းရွှေ့ ဆောက်လုပ်ခဲ့သည်။စူရီရတ် အာမင်ဒရာ အဆောက်အဦ။ ။သည်အဆောက်အဦကို ဘုရင် ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သော ဘန်ချရတနာ အဆောက်အဦဧ။် ပရ၀ုဏ် အတွင်း မြစ်ကမ်းဘေးတွင် နရိုင်းမင်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ စက်ဖတ်ပရာစတ် ဧည့်ခန်းဆောင်။ ။ နိုင်ငံတော်ဆိုင်ရာ ဧည့်သည်များကို ဧည့်ခံရန် သည်အဆောက်အဦကို ဘုရင်ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သည်။ ၀ိဟာရစုမ်ဒတ် နန်းတက်ခန်းမဆောင်။ ။သည်အဆောက်အဦကို ဘုရင် ဘောရောမ တြိလောကနတ် ဆောက်လုပ်ခဲ့သော မန်ကလာပိစပ် အဆောက်အဦကို အစားထိုးရန် ဖရာ ဆပ်သောင်းမင်းဧ။် အမိန့်ဖြင့် ၁၆၄၃ တွင် ဆောက်လုပ်ခဲ့ပြီး နန်းတက်ပွဲ ကဲ့သို့သော နိုင်ငံတော် အခမ်းအနားများ ကျင်းပရန် အသုံးပြုခဲ့လေသည်။ ချရ၀တ်ဖိုင်ချရုံ တပ်မတော်မှတ်တမ်းရုံး။ ။ ၁၆၃၂တွင်ဖရာ ဆပ်ဥသောင်းမင်း စတင် တည်ဆောက်ပြီး စီရိယဆိုသွန် မဟာဖိမန် ဘန်ယွန်ဟု အမည် မှည့်ခေါ် စေခဲ့ကာ မင်းအဆက်ဆက်က စစ်ရေး
လေ့ကျင့်မှုများနှင့် အစီအစဉ်များကို ပြန်လှန် သုံးသပ်ရာ အဆောက်အဦ အဖြစ် သုံးစွဲခဲ့ကြသည်။ နောက်ပိုင်းတွင်မူ သည်အဆောက်အဦ အမည်ကို ချရ၀တ်ဖိုင်ချရုံဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။ ထရိုင်မူအတ်အဆောက်အဦ။ ။ သည်အဆောက်အဦသည် ဘောရောမရချမင်းဧ။် သမိုင်းဆိုင်ရာ မှတ်တမ်းရုံး အဖြစ် ရှိခဲ့သော်လည်း ၁၄၂၇တွင် မီးလောင် ပျက်စီးခဲ့သည်။ ၁၉၀၈တွင် ချူလာလောင်ကွန်မင်းဧ။် နန်းသက် နှစ်၄၀ ပြည့် အထိမ်းအမှတ် အဖြစ် မူလ အဆောက်အဦဧ။် အုတ်မြစ်အတိုင်း ဆင်ဝင်ပေါက် သုံးခုပါသော ဧည့်ခန်းဆောင် ကို ဖျားဘွန်ရတ်ချ သနင်ဒရာ အား ပြန်လည် တည်ဆောက်ရန် အမိန့် ချခဲ့သည်။
ဆွန်ပူအန်အဆောက်အဦ။ ။ မင်းများ အဆက်ဆက် ညီလာခံသဘင် ကျင်းပရာ ခန်းမဆောင် အဖြစ် အသုံးပြု ခံခဲ့ရပြီး နန်းတော်အနီးတွင် တည်ရှိသည်။ မင်းကို ခစားရန် လာကြရသော မှုးကြီးမတ်ရာများသည် သည်အဆောင် သို့ လာရာတွင် မဟာပိုက ၀င်ပေါက်မှ ၀င်ပါက အနီးဆုံး ဖြစ်လေသည်။
ဝပ်ဖရာစီစန်ဖတ်။ ။သည်ဘုရားသည် နန်းတော်နှင့် တဆက်တည်း ဖြစ်ကာ ပထမ ရာမထိဘောဒိမင်း ခေါ် ဥသောင်းမင်း လက်ထက် ကတည်းက တည်ထားခဲ့ခြင်း ဖြစ်လေသည်။ ဘောရောမ တြိလောကနတ် မင်းသည် နန်းတော် ပရ၀ုဏ်ထဲတွင် သည်စေတီကို ရည်ရွယ်ချက် ရှိရှိ ဆောက်လုပ်ခဲ့လေသည်။ သည်ဘုရားကျောင်းဧ။် အရေးပါသော အဆောက်အဦမှာ အရိုးပြာ စေတီသုံးဆူ ဖြစ်ပြီး ဘုရင်ဘောရောမ တြိလောကနတ်၊ ဘုရင် တတိယမြောက် ဘောရောမ ရတ်ချသီရတ်နှင့် ဘုရင်၏ ဒုတိယမြောက် ရာမထိဘောဓိတို့ရဲ့ အရိုးပြာများ ဌာပနာထားပြီး တော်ဝင် ဘုရားကျောင်း ဖြစ်လာခဲ့ပြီး သစ္နာ ကျိန်ဆိုပွဲ ကဲ့သို့သော အရေးကြီးသော တော်ဝင် အခမ်းအနား များကို ကျင်းပခဲ့ပါသည်။ နောက်ပိုင်းတွင် တော်ဝင် မိသားစုဧ။် သီးသန့် ကိုးကွယ်ရာနှင့် အရိုးပြာများ သိမ်းဆည်း ပူဇော်ရာ ဖြစ်လာခဲ့သည်။ သည်ဘုရားကျောင်းတွင် အခြား ကျောင်းများကဲ့သို့ ဘုန်းကြီးများ နေထိုင်ခြင်း မရှိဘဲ အခမ်းအနား ရှိမှသာ အခြား ကျောင်းများမှ ပင့်ဖိတ်ခဲ့ ကြလေသည်။
ဝပ်မဟာထပ်။ ။၁၃၇၄တွင် ပထမ ဘောရောမ ရတ်ချာ သီရတ်မင်း လက်ထက်က တည်ထားခဲ့ပြီး ရမဲစွမ်မင်း လက်ထက် ရောက်မှ ပြီးစီးခဲ့သော သည်ဘုရား ကျောင်းသည် ခမ်းနား ကြီးကျယ်သော ကျောင်းဖြစ် ခဲ့လေသည်။ မြတ်စွာဘုရားဧ။် ဓာတ်တော်များကို ဌာပနာ ထားသော ဂန္မ္ဓကုဋီတိုက်သည် မူလအစက မီတာ၅၀ မြင့်ခဲ့သော်လည်း ၁၉၁၁ခု ပဥ္နမမြောက် ရာမမင်း လက်ထက်တွင် ထိပ်ပိုင်းမှာ ပြိုကျခဲ့သဖြင့် ယခုအခါ အောက်ပိုင်း ကိုသာ မြင်တွေ့နိုင် တော့လေသည်။ ၀ပ်ယိုင်ချိုင်မွန်ကော။ ။မြို့ဧ။် အရှေ့ဘက်ပိုင်းတွင် တည်ရှိသော သည်ဘုန်းတော်ကြီး ကျောင်းကို ဥသောင်းမင်း တည်ခဲ့ပြီး သီဟိုဠ်သို့ သွားရောက်ကာ ဗုဒ္မ္ဓဘာသာကို လက်တွေ့ လေ့လာ ဆည်းပူး သင်ယူခဲ့သော ရဟန်းတော်များ အတွက် ရည်ရွယ်ခဲ့လေသည်။ ထိုရဟန်းတော်များ လူသိများလာ သောအခါ သံဃာ့နာယက ဆရာတော်အား ဆုမ်ဒတ်ဖရာဝနရတ် ဘွဲ့တံဆိပ်ကို ဆက်ကပ် ခဲ့လေသည်။ ထိုကျောင်းတော်ကို နောက်ပိုင်းတွင် ဘုရင်နရဲစွမ်က မြန်မာတို့ကို အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် ပြန်လည် မွမ်းမံ တည်ဆောက် ခဲ့လေသည်။
ဝပ်ချိုင် ၀ပ်ထနာရမ်။ ။မိခင်ဧ။် ဇာတိမြို့ကို အမှတ်ရရန်နှင့် နန်းတက်ပွဲ အခမ်းအနား ကျင်းပရန် ဖရာဆတ် သောင်းမင်းက ၁၆၃၀တွင် သည် ဘုရားကို တည်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် ခမာတို့ကို အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် ခမာဗိသုကာ လက်ရာကို သုံးကာ သည်ဘုရားကို တည်ခဲ့ လေသည်။ သည်ဘုရားကျောင်းဧ။် ထူးခြားချက်မှာ အရပ် ရှစ်မျက်နှာမှ ၀န်းရံ ထားသော အာရုဏ်ခံ တန်ဆောင်းငယ်များ အလယ်ရှိ အာရုဏ်ခံ တန်ဆောင်းကြီး ဖြစ်ပြီး မြတ်စွာဘုရားဧ။် ဓာတ်တော်များကို ဌာပနာ ထားသည်ဟု ယုံကြည် ကြလေသည်။ အယုဒ္မ္ဓယ ၀န်းကျင်နှင့် အယုဒ္မ္ဓယ အနီးတ၀ိုက်သို့ လည်ပတ်နည်းများ
တုတ်တုတ်ခေါ် သုံးဘီးကားလေးများဖြင့် အနီးအနား နေရာများသို့ သွားရောက် လည်ပတ်လျှင် ခရီး အကွာအဝေး ကို လိုက်ပြီး ၁၀ဘတ်မှ ဘတ်၃၀ ကြား ပေးရလေ့ရှိပါသည်။ ဘူတာရုံမှ အယုဒ္မ္ဓယ ရှေးဟောင်းမြို့ထိ ဘတ်၃၀ခန့် ပေးရပြီး အယုဒ္မ္ဓယမြို့တွင်း လည်ပတ်ခ မှာမူ အလွန်ဆုံးမှ ဘတ်၂၀သာ ပေးရပါသည်။ ရှေးဟောင်း အဆောက် အဦများကြား လည်ပတ်ရန် အကောင်းဆုံးနည်းမှာ စက်ဘီးဖြစ်ပြီး တည်းခိုခန်း များတွင် ငှားရမ်းနိုင်ကာ တစ်ရက် လျှင် ဘတ်၅၀ ဖြစ်ပါသည်။ဟိုင်းလတ် အငှားကား ယာဉ်များဖြင့် လည်းကောင်း၊ သုံးဘီးကား များဖြင့် လည်းကောင်း နာရီလိုက် သို့မဟုတ် နေ့ပြတ် ငှားလိုပါက ငှားနိုင်ပြီး တစ်နာရီ ဘတ်၁၅၀ သို့မဟုတ် တစ်ရက် ဘတ် ၅၀၀ကျ သင့်လေသည်။ လမ်းလျှောက်ရင်း လည်ပတ်လိုပါက လည်ပတ်နိုင် သော်လည်း မိုးရာသီနှင့် နွေရာသီ တို့တွင်ကား လွန်စွာ ပင်ပန်းခံနိုင်ပါမှ လမ်းလျှောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ဘန်ကောက်ဧ။် ဆောင်းရာသီ သည်ကား မြန်မာတို့ အပေါ်အင်္ကျီပင် ၀တ်ရန် မလိုလောက် အောင်ပင် ဆောင်းမပီသသော ဆောင်းဖြစ်ပါသည်။ နေ့ခင်းပိုင်း တွင် ကား နွေတမျှ ပူသည်သာတည်း။ ဟွာရိုဈေးအနီးရှိ ချန်ကစန်ကူးတို့ဆိပ် ခေါ် သချန်ကစန် လှေဂိတ်မှ လှေငှားကာ အယုဒ္မ္ဓယ ကျွန်းတစ်ပတ်ခန့် လှည့်လည် ကြည့်ရှုရင်း ကုန်းလမ်းမှ လူသွားလူလာ နည်းသော နေရာများမှ ရှေးဟောင်း အဆောက်အဦ ပျက်များကို လှေပေါ်မှ နေရင်း လေ့လာနိုင်ပါသည်။ လူရှစ်ယောက် လိုက်ပါနိုင်သော လှေကိုငှားလျှင် ၂နာရီမ ၃နာရီကြာ ခရီးကို ဘတ်၄၀၀ ပေးရပြီး ၀ပ်ဖွတ် ထိုင်းဆ၀မ်ဘုရား၊ ၀ပ်ဖနန်ချောင် ဘုရားကျောင်းနှင့် ၀ပ်ချိုင် ၀တ်ထနာရမ် ဘုရား တို့တွင် ခဏ ရပ်ပေးပါသည်။
အယုဒ္မ္ဓယမြို့တွင်းတစ်ပတ်စာ မီနီဘတ်စ် ငှားရမ်းလိုပါက တစ်ရက်စာ ဘတ်၂၅၀မှ ဘတ် ၃၀၀ ကြားငွေဖြင့် ငှားရမ်း နိုင်ပါသည်။ အယုဒ္မ္ဓယမြို့ဟောင်းမှ ဘန်ပါအင်းသို့ သွားလိုပါက ခေါင့်ပရွန် လမ်းပေါ်ရှိ ခေါင့်ပရွန် ဈေးရှိ မီနီဘတ်စ် ဂိတ်တွင် ကားစီးနိုင်ပြီး မနက်၆နာရီခွဲမှ စတင်ကာ နေ့စဉ် ပုံမှန် ပြေးဆွဲပါသည်။ ကားခ ဘတ်၃၀ ပေးရပြီး မိနစ်၅၀ခန့် ကြာလျှင် ဘန်ပါအင်း နန်းတော်သို့ ရောက်ပါသည်။
ခရီးစဉ်လမ်းညွှန်။
မော်တော်ကား။ ။(၁) ဘန်ကောက်မှ မြောက်ဘက်သို့ ပဟိုယိုသင်း လမ်းမကြီး ခေါ် အဝေးပြေး လမ်းမကြီး အမှတ်(၁) အတိုင်း သွားပြီးနောက် အဝေးပြေး လမ်းမကြီး အမှတ် ၃၂ သို့ ထပ်ဆင့် လမ်းကြောင်း ပြောင်းကာ မောင်းလျှင် အယုဒ္မ္ဓယ မြို့ဟောင်းသို့ ရောက်ပါသည်။ (၂) ဘန်ကောက်မှ မြောက်ဘက်သို့ ချန်ဝတ်ထနာလမ်း ခေါ် အမှတ်၃၀၄ အဝေးပြေး လမ်းမကြီး အတိုင်း သို့မဟုတ် ငမ်ဝန်ဝမ် လမ်းခေါ် အမှတ် ၃၀၂ အဝေးပြေး လမ်းမကြီး အတိုင်း သွားပြီးနောက် ညာဘက်ကို ကွေ့ကာ တိဝမ်နွန်လမ်း ခေါ် အမှတ်၃၀၆ အဝေးပြေး လမ်းမကြီး အတိုင်း သွားပြီး အမှတ် ၃၁၁၁ အဝေးပြေး လမ်းမကြီး အတိုင်း ဆက်သွားပါ။ အန်ဖိုစီနာ ရောက်လျှင် ညာဘက် ကွေ့ကာ အမှတ်၃၂၆၃ အဝေးပြေး လမ်းမကြီးအတိုင်း ဆက်သွားလျှင် ရောက်ပါသည်။ (၃) ဘန်ကောက်မှ မြောက်ဘက်သို့ ဘန်ကောက်- နွန်သဘူရီ- ပသုန်ထာနီ လမ်းမကြီးခေါ် အဝေးပြေး လမ်းမကြီးအမှတ် ၃၀၆ အတိုင်းသွားပြီး နောက်အမှတ် ၃၄၇ အဝေးပြေး လမ်းမကြီးအတိုင်း ဆက်သွားလျှင် ရောက်ပါသည်။
ဘတ်စ်ကား။ ။ဘန်ကောက်ရှိ မိုးပျံနှင့် မြေအောက် ရထားဂိတ်များ လမ်းဆုံးရာ မိုချစ်မြောက်ပိုင်း အဝေးပြေးဂိတ်မှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ တိုက်ရိုက် ထွက်သော၊ အယုဒ္မ္ဓယ မြို့ဟောင်းမှ နရဲစွမ်လမ်းရှိ ဘတ်စ်ကားဂိတ်မှ ဘန်ကောက်သို့ တိုက်ရိုက် ပြန်သော သာမန် ဘတ်စ်ကားများမှာ မနက် ၅နာရီမှ ည၇နာရီ အတွင်း မိနစ်နှစ်ဆယ် တိုင်းတွင် တစ်စီးကျ နေ့စဉ် ထွက်ကာ ကားခမှာ ဘတ်၃၀သာ ကျကာ နှစ်နာရီအတွင်း ရောက်နိုင်ပါသည်။ လေအေးပေး စက်တပ် ဘတ်စ်ကား များသည် သာမန် ဘတ်စ်ကားများနှင့် တူညီသော လမ်းကြောင်းအတိုင်း မောင်းကာ မနက် ၅နာရီ ၄၀မိနစ်မှ ည ၇နာရီ မိနစ်၂၀ အတွင်းတွင် မိနစ် ၂၀ တိုင်းတွင် တစ်စီးကျ နေ့စဉ်ထွက်ကာ ကားခမှာ ၄၇ဘတ် ကျသင့်ပြီး ခရီးစဉ်မှာ ဘန်ကောက် မြောက်ပိုင်း ယာဉ်ကြော ပိတ်ဆို့မှု မရှိခဲ့လျှင် တစ်နာရီခွဲ ခန့်သာ ကြာသော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ရှိခဲ့ပါမူ နှစ်နာရီခန့် ကြာနိုင်သည်။
မီးရထား။ ။ ဘန်ကောက်ရှိ ဟွာလန်ပုန် ဘူတာရုံမှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ ထွက်သော မီးရထား များမှာ မနက် ၄နာရီ မိနစ်နှစ်ဆယ်မှ ည ၁၀နာရီ အတွင်း တစ်နာရီခြား တစ်စီး ထွက်ကာ တတိယတန်း တွဲများတွင် လူတစ်ယောက်လျှင် ရထားခ ၁၅ဘတ် ကျသင့်ကာ တစ်နာရီခွဲခန့် စီးရလေသည်။
ရေယာဉ်။ ။ ဘန်ကောက်နှင့် အယုဒ္မ္ဓယ မြို့ဟောင်းသို့ ပုံမှန် ပြေးဆွဲသော အစိုးရပိုင် ရေကြောင်း ဆက်သွယ်ရေး ၀န်ဆောင်မှု မရှိသော်လည်း များစွာသော ခရီးသွား လုပ်ငန်း ကုမဏီ များမှ ဇိမ်ခံ အပျော်စီး သင်္ဘော များဖြင့် ဘန်ကောက်မှ ဘန်ပါအင်းသို့ ပို့ဆောင်ပေးပြီး ဘန်ပါအင်းမှ အယုဒ္မ္ဓယ မြို့ဟောင်းသို့ လေအေးစက်တပ် ဘတ်စ်ကားကြီးများဖြင့် လိုက်လံ ပို့ဆောင်ကာ ၀န်ဆောင်ခ အဖြစ် ဘတ် ၁၅၀၀မှ ၁၈၀၀ ကြား ယူလေသည်။ ရှေးခေတ်သုံး ဆန်သယ်လှေ ပုံစံကို မွမ်းမံ ပြင်ဆင် ထားသော ရှေးပုံ ဗိုက်ပူ လှေကြီးများဖြင့် သွားလျှင်ကား နှစ်ရက်ကြာ ခရီးကို ဘတ် ၄၈၀၀ အနည်းဆုံး ပေးရလေသည်။
ဘန်ပါအင်းနန်းတော်
အယုဒ္မ္ဓယမှ ကျောက်ဖယား မြစ်ကြောင်းအတိုင်း မိုင်အနည်းငယ် စုန်ဆင်းလျှင် ဘန်ပါအင်း နွေနန်းတော် သို့ ရောက်လေသည်။ ၁၇ရာစုခန့်က နွေရာသီ အပန်းဖြေ နားနေရင်း နန်းတွင်း တရားရုံး အဖြစ် အသုံးပြုရာ နေရာ ဖြစ်ခဲ့သည်။ သို့သော် အယုဒ္မ္ဓယ အသိမ်းပိုက် ခံရစဉ်က သည်နန်းတော်သည်လည်း ဖျက်ဆီး ခံခဲ့ရပြီး ၁၉ရာစုနှစ် အတွင်း စတုတ္မ္တမြောက် ရာမမင်း လက်ထက် ရောက်မှ ပြန်လည် မွမ်းမံ ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ မြင်တွေ့ နိုင်သော အဆောက် အဦ အများစုမှာ ပဥ္နမမြောက် ရာမမင်း လက်ထက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး နွေရာသီ ရောက်တိုင်း သည်နန်းတော် တွင်ပင် ပုံမှန် စံမြန်းခဲ့ လေသည်။ ရေမြောင်း လမ်းများနှင့် ရေကန်ငယ်တို့ ခြံရံထားသော ပန်းခြံကြီး အလယ်တွင် စုံလင်လှသော ဗိသုကာ လက်ရာတို့ဖြင့် တည်ဆောက် ထားသော သည်နန်းတော်သည် ထူးခြား နေပေသည်။ အများပြည်သူကို ပြသသော တစ်ခုတည်းသော တော်ဝင် အိမ်တော်မှာ တရုတ် လက်ရာဖြင့် ဆောက်လုပ် ထားသော ထို့ပြင် တရုတ်ပြည်မှ မှာယူ တင်သွင်းထားသော ပစ္နည်းများဖြင့်သာ ဆောက် လုပ်ထားသော ၀ီဟတ်ချမ်ရွန် နန်းတော် ဖြစ်လေသည်။ ထို့ပြင် အီတလီ လက်ရာဖြင့် ဆောက်လုပ် ထားသော၊ စက်ဝိုင်းပုံ နားနေဆောင်မှ လှေကားထစ်များက ရေကန်ဆီသို့ တထစ်ချင်း ဆင်းသွားဟန် ဆောက်လုပ် ထားသော နန်းတော် တစ်ဆောင်နှင့် ရေကန်ထဲတွင်မူ အိစ၀မ်တစ် ပရအတ်စနာ ခေါ် ထိုင်းလက်ရာ စံအိမ် တစ်လုံးလည်း ရှိရာ ဗိသုကာ ပညာရှင်များအဖို့ နိုင်ငံစုံမှ ဗိသုကာ လက်ရာများကို တထိုင်တည်း ကြည့်ရသကဲ့သို့ ဖြစ်လေသည်။ ထိုမှ တဆင့် ရေကန်တွင်း လမ်းအတိုင်း သွားလျှင် ဘုရားကျောင်းဆောင် တစ်ဆောင်ကို တွေ့ရပြီး ရှေးဟောင်းလက်ရာ နှင့် အလယ်ခေတ် ဘာဘေးရီးယန်း ခေတ်လက်ရာ ရောနှောထားသော ပုံစံဖြင့် ဆောက်လုပ်ထားပြီး အရောင်ခြယ် ထားသော ဖန်ဖြင့် ပြုလုပ်ထားသော ပြတင်းပေါက် တစ်ခုလည်း ရှိလေသည်။ ဥယျာဉ်ဝင်း အတွင်းတွင်မူ ဥရောပ လက်ရာ ရုပ်တုများ ပြန့်ကျဲ တည်ရှိ နေပြီး လှေမှောက်ရာတွင် ရေနစ် သေဆုံးသူ ချစ်လှစွာသော မိဖုရားနှင့် အခြား မိသားစုဝင်များ အတွက် အမှတ်တရဖြစ်ရန် ပဥ္နမမြောက် ရာမမင်းဧ။် အမိန့်အရ ခင်းကျင်းထားခြင်း ဖြစ်လေသည်။ ဘန်ပါအင်း နန်းတော်ဝင်း အတွင်း စိတ်ဝင်စားစရာ ကောင်းသော နေရာများမှာဝပ် နီဝတ် သမပရာဝတ် ဘုရားကျောင်း။ ။ ပဥမမြောက် ရာမဘုရင် ခေါ် ချူလာ လောင်ကောင်မင်း လက်ထက်က တည်ထားခဲ့ပြီး ထိုင်းဘုရား ကျောင်းနှင့် တူသည်ထက် ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းနှင့် ပိုမိုတူသော ဗိသုကာ လက်ရာဖြင့် တည်ဆောက် ထားလေသည်။ ခရီးသွား ဧည့်သည်များသည် ဘုရားကျောင်းသို့ ရောက်ရန် မြစ်ကို ကေဘယ်ကားဖြင့် ဖြတ်ကူးရပြီး ဖြတ်ကူးခမှာ အခမဲ့ ဖြစ်လေသည်။ ဖရာ့ သီနန် ဥတရန် ဖူမိစသီရန်။ ။ သည်အဆောက်အဦသည် ခမ်းနား ကြီးကျယ်စွာ အနုစိတ် ဆောက် လုပ်ထားသော နှစ်ထပ် အိမ်တော် ဖြစ်ပြီး အစိမ်းဖျော့မှ အရင့်သို့ အစဉ်လိုက် ခြယ်မှုန်း ထားလေသည်။ ရေကန်ဧ။် အရှေ့ဘက်တွင် ဆောက်လုပ်ထားသည်။ ထိုအိမ်တော်ဧ။် လသာဆောင်ကို ဆွစ်ဇာလန်နိုင်ငံရှိ အိမ်များဧ။် ပုံစံဖြင့် ဆောက်လုပ်ထားလေသည်။ ၁၉၃၈ခုနှစ်တွင် ပြန်လည် မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်နေစဉ် သည်အိမ်တော်သည် မီးသင့်လောင် ခဲ့သေးသည်။ ထိုသို့ မီးမလောင်မီက သည်အိမ်တော် တစ်ခုလုံးကို သစ်သားဖြင့် ဆောက်လုပ်ထားပြီး ဥရောပမှ တိုက်ရိုက် မှာယူ တင်သွင်းသော မဟော်ဂနီသား ပရိဘောဂ များဖြင့် ခင်းကျင်း ပြင်ဆင် ထားလေသည်။ ဘန်ကောက်မှ ဘန်ပါအင်း နန်းတော်သို့ အပျော်စီး ဇိမ်ခံရေယာဉ်ဖြင့် သွားနိုင်သော ခရီးစဉ်လည်း များစွာ ရှိလေသည်။ ဘန်ပါအင်း နန်းတော်သည် မနက်၉နာရီမှ ညနေ ၃နာရီထိ ဖွင့်ပြီး ၀င်ကြေး ဘတ်၅၀ ဖြစ်လေသည်။
Posted by
gpgroup
at
9:20 AM
0
comments
ဆူခိုထိုင်းရှေးဟောင်းမြို့တော်

ဆူခိုထိုင်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းဧ။် အောက်နားတွင် ရှိပါသည်။ ဆူခိုထိုင်းဧ။် အဓိပ္ပာယ်မှာ ပျော်ရွှင်မှုဧ။် အာရုဏ်ဦး ဖြစ်ပါသည်။ ဘန်ကောက်မြို့မှ မြောက်ဘက်သို့ ၄၂၇ ကီလိုမီတာနှင့်
ချင်းမိုင်မြို့မှ တောင်ဘက် သို့ ၂၉၈ ကီလိုမီတာ ကွာဝေးသော နေရာတွင် တည်ရှိပါသည်။၁၃ရာစု အစောပိုင်း ကာလတွင် ရုန်မြစ်ဝှမ်း လွင်ပြင်တွင် အခြေချ နေထိုင်ခဲ့သော
ထိုင်းလူမျိုးများသည် ခမာအင်ပါယာ လွှမ်းမိုးမှု အောက်တွင် နေထိုင်ခဲ့ ကြသည်။ ၁၄ရာစုအစောပိုင်း ခမာအင်ပါယာ အင်အား ကျဆင်း သွားသောအခါ ထိုင်းများသည် ခမာများကို တော်လှန်ပြီးနောက် သူတို့ဒေသကို ဆူခိုထိုင်းနိုင်ငံ အဖြစ် ကြေညာ ကာ ကိုယ့်ထီး ကိုယ့်နန်းဖြင့် အုပ်ချုပ်စိုးစံခဲ့ကြသည်။ ထို့ကြောင့် ဆူခိုထိုင်း ခေတ်ဦးပိုင်း တွင် တည်ဆောက်ခဲ့သော အနုပညာ လက်ရာများနှင့် အဆောက်အဦများတွင် ခမာနှင့် သီဟိုဠ်ခေတ် လက်ရာများ ရောနှောလျက် ရှိသည်ကို တွေ့ရလေသည်။ နှောင်းပိုင်းနှစ် များတွင်မူ ကိုယ်ပိုင် အနုပညာ လက်ရာများကို ဖန်တီးနိုင်ခဲ့ကြသည်။ ထိုင်း ဘာသာအက္မ္ခရာကို ၁၂၈၃တွင် စတင်တီထွင် အသုံးပြုသည် အထိ ဆူခိုထိုင်းရွှေခေတ်သို့ရောက်ခဲ့သည်။
ဆူခိုထိုင်းသမိုင်းဥယျာဉ်သည် ဆူခိုထိုင်း-တပ်ခ် အဝေးပြေးလမ်းမကြီးမှ ၁၂ကီလိုမီတာ ဝေးသောအရပ် တွင် တည်ရှိသော ကုလသမဂ္မ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းကြီးမှ သတ်မှတ်ပေး ထားသော ကမ္ဘာ့ သမိုင်းဆိုင်ရာ အမွေအနှစ် တစ်ရပ် ဖြစ်လေသည်။ သည်ဥယျာဉ်တွင်းတွင် လေ့လာ လည်ပတ်သူများ အထူး စိတ်ဝင်စားခြင်း ခံရသော အရာများမှာ ယိုယွင်း ကြွင်းကျန်ရစ်သော ဘုရားကျောင်းများမှ တိုင်များနှင့် စေတီ များ၊ စေတီများ အောက်မှ ဆူခိုထိုင်း ဗိသုကာ လက်ရာဖြင့် ဆောက်လုပ် ထားသော ဆန်းပြားသည့် ကြာပလင်၊ မြို့တံတိုင်းများနှင့် ရေသွင်းစနစ် အပြည့်အစုံပါသော ရေကန်များ၊ ရေနှုတ်မြောင်းများ ဖြစ်လေသည်။

အံ့သြ အထင်ကြီးဖွယ် ဗိသုကာလက်ရာများ၊ ရုပ်လုံးရုပ်ကြွများနှင့် အနုပညာ လက်ရာများမှာ လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်ရာခန့်က ထွန်းကားခဲ့သော ဆူခိုထိုင်းခေတ်ဧ။် ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက်မှု ကိုညွှန်းဆိုလျက် ရှိလေသည်။ ဆူခိုထိုင်းနှင့် ပတ်ဝန်းကျင် မြို့များသို့ လည်ပတ်ခြင်းသည် တိုင်းပြည်ဧ။် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ရေးရာ အတွက် အရေးပါသော ခြင်းရာတစ်ရပ် ဖြစ်လေသည်။
ဆူခိုထိုင်းသည် ထိုင်းနိုင်ငံအစစ်
အဖြစ်စတင်ရာ ခေတ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း အယုဒ္မ္ဓယခေတ် မတိုင်မီ အချိန်တိုတိုသာ ထွန်းကားခဲ့ပါသည်။ ၁၂၃၈ - ၁၃၇၆ အတွင်းသာ ထွန်းကားခဲ့သော မြို့ပြနိုင်ငံ ဖြစ်ပြီး ယင်းခေတ် ပျက်သုဉ်းသောအခါ ထိုင်းနိုင်ငံသည် အယုဒ္မ္ဓယနိုင်ငံ အဖြစ် ပြောင်းလဲ ခေါ်တွင်ခြင်း ခံခဲ့ရသည်။ ဆူခိုထိုင်း ခေတ်သည် ရမ်ခမ်ဟမ်မင်း လက်ထက်တွင် အထွန်းကားဆုံး ဖြစ်ပြီး ပထမဆုံးထိုင်းစာ ရေးသားနည်း ပေါ်ထွန်း ခဲ့လေသည်။ ကျော်ကြားသော ကျောက်ထွင်းစာတွင် ”သည်မြေ တွင်ဆန်ရပြီး သည်ရေတွင် ငါးရှိသည့်အတွက် ပဒေသာမြေ ဖြစ်ကြောင်း ပြခြင်း ဖြစ်သည်” ဟုရေးသား ထားလေသည်။
သမိုင်းဥယျာဉ်တွင်းရှိမှတ်တိုင်များ ၀ပ် ဆိုသည်မှာ ထိုင်းဘာသာဖြစ်ပြီး မြန်မာလို ဘုရားကျောင်းဟုအဓိပ္ပာယ်ရပါသည်။
ဝပ်မဟာထပ်။ ။ဘုရားကျောင်းသည် အလွန်ကြီးပြီး အရေးပါကာ ဆူခိုထိုင်း မြို့လယ်တွင် တည်ရှိသည်။ ဘုရားကျောင်း၏ အရေးပါသော အစိတ်အပိုင်းမှာ ကြီးမားသော ကြာဖူးပုံ ထိပ်အုပ် စေတီ၊ တရားခန်းမရဲ့ အုတ်မြစ် နှင့် ၀ိဟာရ ကျောင်းတော်ရာ တို့ဖြစ်လေသည်။ ကျောက်စာအမှတ်၁ အရ ဆူခိုထိုင်း မြို့လယ်တွင် ၀ိဟာရကျောင်း၊ ရွှေဘုရား၊ ဘုရားရှည်၊ ဘုရားကြီး နှင့် ဘုရားလှတို့ ရှိခဲ့သည်ဟု ဆိုလေသည်။
ဝပ်စရီစ၀ိုင်။ ။ဝပ်မဟာထပ်ရဲ့ တောင်ဘက် ၃၅၀မီတာ အကွာမှာရှိတဲ့ သည်ဘုရားကျောင်းဧ။် အဓိကအဆောင်တွင် ဂ၀ံကျောက်ဖြင့် ပြုလုပ်ထားသော ဘုရားခန်း သုံးခန်း၊ ဘုရားခန်းများဧ။် ရှေ့တွင် တရားဟောဆောင်နှင့် အဆောက် အဦ တစ်ခုလုံးကို ပတ်ရံထားသော ကျုံး ရှိလေသည်။ သည်ဘုရားကျောင်းဧ။် ဧရိယာကို ဂ၀ံကျောက်တုံး နံရံဖြင့် ပိုင်းခြားသတ်မှတ် ထားလေသည်။ ၁၉၀၇တွင် ဆဌမမြောက် ရာမဘုရင်သည် ဘုရားကျောင်းကို လာရောက် လည်ပတ်ခဲ့စဉ်က ကြေးသွန်း ဗိသနိုးရုပ် တွေ့ရှိခဲ့သဖြင့် သည်ဘုရားကျောင်းသည် ယခင်က ဟိန္မ္ဒူ ဘုရားကျောင်း ဖြစ်ခဲ့ဟန် ရှိသည်ဟု ဘုရင်က ကောက်ချက် ချခဲ့လေသည်။
ထို့ပြင် ဂ၀ံကျောက်ဖြင့် ထုလုပ် ထားသော လျောင်းတော်မူ ဗိသနိုးရုပ်၊ အခြား ဟိန္မ္ဒူနတ်ရုပ် များနှင့် လော့ဘူရီ ခေတ် အနုပညာ လက်ရာ များကိုလည်း ဘုရားကျောင်းရှိ ကျုံးများကို ပြန်ဆည်စဉ် ပြန်လည် တွေ့ရှိရသဖြင့် ၁၃ ရာစုနှစ်များ အစပိုင်းအတွင်း သည်ဘုရား ကျောင်းတွင် ဘာသာရေး ကိုးကွယ်မှုမှာ ဟိန္မ္ဒူဘာသာနှင့် ဗုဒ္မ္ဓဘာသာ ရောထွေးနေဟန် ရှိသည်ဟု ယူဆရလေသည်။ ၁၃ရာစု နှောင်းပိုင်းတွင်မှ ဗုဒ္မ္ဓဘာသာ ထွန်းကားခဲ့ပြီး ဗုဒ္မ္ဓဘာသာ ဘုရားကျောင်း ဖြစ်လာခဲ့ဟန် ရှိလေသည်။
ဝပ်ချနစုံခရမ်။ ။သည်ဘုရား ကျောင်းသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး ရမ်ခမ်ဟန်းဂ် ဘုရင် အမျိုးသား ပြတိုက်နှင့် ဘေးချင်း ကပ်လျက် ရှိလေသည်။ သည်ဘုရား ကျောင်းဧ။် အရေးအကြီးဆုံး အဆောက်အဦမှာ သီရိလင်္ကာ လက်ရာစေတီ ဖြစ်လေသည်။ စေတီဧ။် ပစ္နယာဆင့် များကို ဂ၀ံကျောက် များဖြင့် တည်ဆောက်ထားပြီး အပေါ်ပိုင်းများကို အုတ်ဖြင့် ဆောက်လုပ် ထားလေသည်။ ထို့ပြင် ရှေးဟောင်း ၀ိဟာရဆောင်ဧ။် အုတ်မြစ်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ် ကျော်ခန့်က ပြန်လည် တည်ဆောက် ထားခဲ့သော အာရုဏ်ခံ တန်ဆောင်းလည်း ရှိလေသည်။ သည်ဘုရား ကျောင်းထဲတွင် ဆူခိုထိုင်းခေတ် လက်ရာဖြင့် ကျောက်ပေါ်တွင် ထွင်းထုထားသော မြတ်စွာဘုရားဧ။် ခြေတော်ရာကို သိမ်းဆည်းထားသော အဆောက်အဦ ငယ်တစ်လုံးလည်း ရှိလေသည်။
ဝပ်ထရာဖန်ငွမ်။ ။ထရာဖန်ငွမ်ဆိုသည်မှာ သမိုင်းဝင် အဆောက်အဦများ ခြံရံလျက် တည်ရှိသော ရေလှောင်ကန် ဖြစ်ပြီး ရေလှောင်ကန်ဧ။် အနောက်ဘက် ခြမ်းတွင် တည်ထားသော ကြာဖူးထိပ်အုပ် စေတီကို ၀ပ်ထရာဖန်ငွမ် ဟုခေါ်လေရာ ဆည်တော်ဦး စေတီဟုလည်း မြန်မာဆန်ဆန် မှတ်ယူနိုင် လေသည်။ ထူးဆန်းသော စိတ်ကူးဖြင့် တည်ဆောက် ထားသော အာရုဏ်ခံ တန်ဆောင်းသည် ကန်လယ်ကျွန်း ပေါ်တွင် တည်ရှိလေသည်။
နိုအမ်ဖရာဆပ်။ ။သည်သမိုင်းဝင် အဆောက်အဦသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး မျက် နှာစာ တဖက်လျှင် မီတာ၂၀၀ ကျယ်သော လေးထောင့်စပ်စပ် အုတ်ခုံသာ ကျန်ရစ်ခဲ့သည်။ ကြေးသွန်း လူပုံအပိုင်း အစများနှင့် အုတ်ဖြင့် ပြုလုပ်ထားသော ခြင်္သေ့ပုံ အပိုင်းအစ တို့ကို ထိုအုတ်ခုံအနီးတွင် တူးဖော် ရရှိခဲ့သည်။ ၁၈၃၃တွင် စတုတ္မ္တမြောက် ရာမ ဘုရင် သည်နေရာကို လည်ပတ်ခဲ့စဉ်က ကျောက်ထွင်း ကျောက်စာချပ် တစ်ချပ် တွေ့ရှိခဲ့ပြီး ယခုအခါ ကျောက်စာတိုင် အမှတ်၁ဟု ခေါ်တွင်သည်။
ခရီးစဉ်လမ်းညွှန်
မီးရထား။ ။ ဆူခိုထိုင်းသို့ တိုက်ရိုက် ရောက်သော မီးရထား မရှိဘဲ ပစ္နနုလောက်သို့သာရထား ရောက်ပြီး ထိုမှတဆင့်၅၉ကီလိုမီတာခန့် ဘတ်စ် ကားစီးလျှင်ဆူခိုထိုင်းသို့ရောက်နိုင်ပါသည်။
ဘတ်စ်ကား။ ။ဘန်ကောက် မြို့ရှိ မိုချစ် အဝေးပြေး ကားဂိတ်မှ ဆူခိုထိုင်းသို့ နေ့စဉ်ထွက်သော လေအေးစက် တပ် ဘတ်စ်ကားများသည် မနက်၉နာရီ ၄၅မိနစ်နှင့် ည၁၀နာရီ မိနစ်နှစ်ဆယ် တွင်ပုံမှန် ထွက်လေ့ရှိပါသည်။ ဘန်ကောက်မှ ဆူခိုထိုင်းသို့ ၇နာရီခန့် ကားမောင်းရပါသည်။ ကိုယ်ပိုင် ယာဉ်လိုင်းများမှာ ၀င်း ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၃၇၅၃ နှင့် ၆၆၅-၅၆၁-၁၀၉၃၊ ပစ္နနုလောက် ရန်ရုံ ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၂၉၂၄၊ ၆၆၂-၉၃၆-၂၉၂၅၊ ၆၆၅-၅၂၅-၈၆၄၇နှင့် ဆူခိုထိုင်း အဝေးပြေး ကားဂိတ်ဝင်း ဖုန်း ၆၆၅-၅၆၁-၃၂၉၆ တို့သို့လည်း ဆက်သွယ်နိုင်ပါသည်။ ကားခမှာ လောင်စာဆီ ဈေးနှုန်းကို လိုက်ပြီး အတက်အကျ ရှိနိုင်သည်။
လေယာဉ်။ ။ ဘန်ကောက် လေကြောင်းလိုင်းမှ ဆူခိုထိုင်းသို့ နေ့စဉ် ပျံသန်းပြီး တစ်နာရီခန့် သာကြာပါသည်။ ဆူခိုထိုင်း လေဆိပ်သည် ဆူခိုထိုင်း မြို့ဟောင်းဧ။် မြောက်ဘက် ကီလိုမီတာ ၄၀ခန့် ကွာဝေးသော နေရာတွင် တည်ရှိပါသည်။ ဘန်ကောက် လေကြောင်းလိုင်းတွင် လေယာဉ် လက်မှတ် ၀ယ်ယူနိုင်ရန် အတွက် ဖုန်း ၆၆၂- ၂၆၅- ၅၆၇၈၊ ၆၆၂- ၂၆၅- ၅၅၅၅၊ ၆၆၅ - ၅၆၄ - ၇၂၂၄၊ ၆၆၅ -၅၆၄-၇၂၂၅ သို့မဟုတ် တတတ.ဘညေါုသုငေမ.ခသာ သို့ဆက်သွယ် ၀ယ်ယူ နိုင်ပါသည်။
စီစတ်ချနာလိုင်။ ။ ၁၃၄၇- ၁၃၇၄တွင် နန်းစံသော လိုင်ထိုင် ဘုရင် လက်ထက်တွင် စီစတ်ချနာလိုင်မြို့ သည် သူ၏ အချက်အချာ ကျမှုကြောင့် အထွန်းကားဆုံး ဖြစ်ခဲ့သည်နှင့် အညီ မြောက်များစွာသော အနုပညာလက်ရာ များနှင့် သမိုင်း မှတ်တိုင်များကို ဆောက်လုပ် ထားခဲ့သည်။ ရှေးဟောင်း စီစတ်ချနာလိုင်မြို့သည် ရုန်းမြစ်နှင့် ခေါင့်ဖရာစီ ချိုင့်ဝှမ်း လွင်ပြင် ကြားတွင် ဧက ၈၀၀ခန့် ကျယ်ဝန်းသော မြေနေရာတွင် ထွန်းကား ဖွံ့ဖြိုး တိုးတက် ခဲ့သည်။ ဂ၀ံကျောက် မြို့ရိုးတံတိုင်းနှင့် မုခ်ဦးတို့ အပါအ၀င် မြေဧက ၂၂၈ ကျယ်ဝန်းသော အပိုင်းသည် စီစတ် ချနာလိုင် သမိုင်းဥယျာဉ် တွင်းတွင် လည်ပတ် ကြည့်ရှုရန် အကောင်းဆုံး နေရာများ ဖြစ်လေသည်။ ဥယျာဉ်တွင်းရှိ လက်ရာများမှာ ဆူခိုထိုင်း လက်ရာများနှင့် ကွဲပြား ခြားနား လျက်ရှိရာ လည်ပတ် ကြည့်ရှုရကျိုး နပ်လေသည်။
ဥယျာဉ်ဝင်ကြေး ဘတ်၄၀နှင့် မြေပုံအတွက် ၅ဘတ် ဖြစ်လေသည်။ မနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲထိ ဖွင့်လှစ်လေသည်။ အငှားယာဉ်၊ ဟိုတယ်မှ စီစဉ်ပေးသော ယာဉ် သို့မဟုတ် ဧည့်လမ်းညွှန်များဧ။် ကားများသည် စီစတ် ချနာလိုင်ရှိ ပြန့်ကျဲနေသော ရှေးဟောင်း နယ်မြေများကို လှည့်လည် ကြည့်ရှုနိုင်ရန် အကောင်းဆုံး အစီအစဉ်ဖြစ်ပြီး တစ်ရက်လျှင် ဘတ်၅၀၀ ခန့်သာ ကျသင့်ပါသည်။ သို့သော် စက်ဘီးဖြင့် သွားချင်လျှင် တစ်ရက် စက်ဘီးငှားခ ဘတ်၃၀ဖြင့် လှည့်လည် ကြည့်ရှု နိုင်ပါသည်။ အများပြည်သူသုံး ဘတ်စ်ကားဖြင့် စီစတ်ချနာလိုင်တွင် လည်ပတ်လို ပါက အ၀ိုင်းကြီးဧ။် အရှေ့ဘက်မှ ဂျာလော့ ၀ီထိသုမ် လမ်းမပေါ်ရှိ မှတ်တိုင်မှ စီးလျှင် ၁၈ဘတ်သာ ကုန်ကျလေသည်။ ရှေးဟောင်းနယ်မြေနှင့် ၂ ကီလိုမီတာခန့် ဝေးသောနေရာတွင် ကေဘယ် ကြိုးတံတား တစ်ခုကို တွေ့နိုင်ပြီး ထိုနေရာတွင် စက်ဘီးတစ်စီးကို ဘတ်၃၀ဖြင့် ငှားရမ်းနိုင်ပါသည်။ ကေဘယ် တံတားတလျှောက်နှင့် မြစ်ကမ်းဘေး တွင် စက်ဘီး စီးရသည်မှာ ပျော်ရွှင်စရာ ကောင်းလှပေသည်။ ၀ပ်မဟာထပ်သည် တံတားထိပ်တွင် ရှိပြီး ၀င်ရောက် ဖူးမြော်လိုပါက ၀င်ကြေး ဆယ်ဘတ် ကျသင့်လေသည်။ ထိုနေရာတွင် မလည်ပတ် လိုသောကြောင့် ဘတ်စ်ကား မှ မဆင်းသေးဘဲ ကားဆက် စီးသွားလျှင် ရှေးဟောင်း နယ်မြေ အ၀င်ပေါက်ဝသို့ ရောက်မည် ဖြစ်ပြီး ထိုနေရာတွင် လည်း ပိုမိုသစ်လွင် ကောင်းမွန်သော စက်ဘီးကို တစ်စီး ဘတ်၃၀ဖြင့် ငှားရမ်း လည်ပတ် နိုင်လေသည်။သည်နယ်မြေ ထဲတွင် ဆင်စီးရင်းလည်း လှည့်လည် သွားလာ လည်ပတ်နိုင်ပြီး ဆင်တစ်ကောင်ကို လူသုံးယောက် စီးနိုင်ကာ မိနစ်၃၀ကို ငှားခ ဘတ် ၁၀၀ ကျသင့်လေသည်။ မိမိတည်းခိုရာ ဟိုတယ် သို့မဟုတ် တည်းခိုခန်းမှ တာဝန် ရှိသူ တစ်ဦးကို မိမိသွားလိုရာ နေရာကိုရော၊ ရောက်ရာ နေရာမှ ဟိုတယ်သို့ ပြန်လာနိုင်ရန် ဟိုတယ်နာမည်နဲ့ လိပ်စာကိုပါ ထိုင်းလို ရေးခိုင်းကာ ကိုယ်နှင့် အတူ ဆောင်သွားနိုင် ပါသေးသည်။ လမ်းပျောက်မှာ သိပ်မပူရ တော့ပါ။
ဖရာ့စီရတနာမဟာထပ် ကျောင်းတော်။ ။ ဖရာ့ ဘောရောမ ထပ် မူအန်ချလင်ဂ် ခေါ် ဖရာ့ပရန် ဟုလည်း အမျိုးမျိုး ခေါ်ဝေါ်သော သည်ဘုရား ကျောင်းတော်ကို ရှေးဟောင်း စီစတ်ချနာလိုင် မြို့ရိုးတံတိုင်းမှ တောင်ဘက် ၃ကီလိုမီတာ အကွာတွင် တွေ့နိုင်ပါသည်။ လေးထောင့်ပုံ အုတ်ခုံပေါ်မှ ထုထည် ကြီးမားသော ဂ၀ံကျောက် အာရုဏ်ခံ တန်ဆောင်းသည် သည်ဘုရားဧ။် ဗဟိုချက်မ ဖြစ်လေသည်။ ဓာတ်တော်တိုက်သို့ သွားရာ လှေကား သည်ကား စောက်နက် လှပါသည်။
ခေါင့်ဖနွန် ဖလွမ် ဘုရားကျောင်း။ ။ စီစတ်ချနာလိုင် မြို့ဟောင်း အတွင်း တောင်ကုန်း ထိပ်တွင် တည်ထား သော ဘုရားဖြစ်ပြီး ဂ၀ံကျောက် စေတီကို ဗဟိုထားပြီး ကျယ်ဝန်းသော အာရုဏ်ခံ တန်ဆောင်းကို စေတီရှေ့တွင် တွေ့နိုင်ကာ ယင်းနောက်တွင် ပျက်ယွင်းနေသော ရုပ်ပွားတော် တစ်ဆူလည်း ရှိပြီး အားလုံးမှာ ယိုယွင်းပျက်စီး နေပြီဖြစ် လေသည်။ တိုင်များနှင့် ပျက်စီးယိုယွင်း နေသော ဘုရား ရုပ်ပွားတော်များမှာ ဂ၀ံကျောက်ဖြင့် အတွင်းမှတည်ထား ဆောက်လုပ်ကာ အပေါ်မှ ကွန်ကရစ်မံ ထားခြင်း ဖြစ်သည်ကို တွေ့နိုင်လေသည်။
ခေါင့်စူဝမ်ခိရိ ဘုရားကျောင်း။ ။ ဖနွန်ဖလွမ် တောင်ကုန်းမှ မီတာ ၂၀၀ခန့် ကွာဝေးသော တောင်ကုန်း ပေါ်တွင် တည်ထားသော စေတီ ဖြစ်လေသည်။ ခေါင်းလောင်းကြီးပုံ တည်ထားသော စေတီသည် စေတီဧ။် အလယ် ဗဟိုတွင် ပစ္နယာ ငါးဆင့်ခံကာ တည်ထား လေသည်။ ပြိုပျက်နေသော ၀ိဟာရဆောင်၊ စေတီနှင့် ကြီးမားသော ကွန်ကရစ် အပိုင်းအစ များသည် မြေပေါ်တွင် ပျံ့ကြဲလျက် ရှိနေလေသည်။ သည်စေတီ ပရ၀ုဏ်ထဲရှိ အချို့ ပုံပန်းများနှင့် ဆူခိုထိုင်း မြို့ဟောင်း တွင်းရှိ ၀ပ်ချန်လွန်မ် ဘုရားရှိ ပုံပန်းများ တူညီနေမှုကို ထောက်ဆပြီး ရမ်ခမ်ဟမ်မင်းက သည်ဘုရားကို တည်ခဲ့သည်ဟု ယူဆကြသည်။
ချန်လွန်မ် ဘုရား။ ။သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်းဧ။် အရေးပါသော အထိမ်းအမှတ် ဖြစ်ပါ သည်။ ခေါင်းလောင်းကြီးပုံ စေတီကို ဆင်၃၉ကောင်က မတင်ထားဟန် ဆောက်လုပ်ထားပြီး အလယ်ဆင်၎ကောင် မှာ အစွယ် ပါသောကြောင့် ဘုရားကျောင်းဧ။် အလယ်ဗဟို ဖြစ်ကြောင်း သိသာစေပါသည်။ စေတီဧ။် ခေါင်းလောင်း မှောက်ပုံ ဧ။် အထက်တွင် မြတ်စွာဘုရားဧ။် မာရ်နတ်ကို နှိမ်နင်းဟန် ရုပ်ပွားတော် များကို ဌာပနာ ထားလေသည်။
စေတီချတ်ထျိုး ဘုရား။ ။ ဆူခိုထိုင်း တိုင်းအတွင်းတွင် အလှဆုံး ဘုရားများထဲမှ တစ်ခုဖြစ်ပြီး စေတီ များဧ။် ကွဲပြား ခြားနားသော အနုပညာ လက်ရာများဧ။် လွှမ်းမိုးမှု များကို သည်ဘုရားတွင် စုံလင်စွာ တွေ့ရ လေသည်။ နံရံဆေးရေး ပန်းချီများနှင့် အတော်ပျက်စီး ယိုယွင်းနေမှု များကို အချို့ စေတီရံများတွင် တွေ့ရသည်။
စူအန်ကရိုဥတ္န ရန်ရိုင် ဘုရား။ ။ ၀ပ်စေတီ ချတ်ထျိုး အနီးတွင် တည်ရှိပြီး ဖုန်ထူသော လမ်းသာ ခြားလေသည်။ ခန်းမကြီး တစ်ခု သည်သာ သည်ဘုရားကျောင်းတွင် ကျန်ရစ်ပြီး သည်ဘုရား ကျောင်းကို ၀ပ်ကောင်းဟောင်းဂ် ခေါ် ကိုးခန်းဘုရား ဟုလည်း ခေါ်ဝေါ်သေးသည်။
စူအန်ကရိုဥတ္န ရန်နွိုင်ဘုရား။ ။ သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်း အတွင်းတွင် တစ်ဆူတည်းသော ဘုရားကျောင်း ရှေ့တွင် အုတ် အဆောက်အဦငယ် ရှိသောစေတီ ဖြစ်ပါသည်။သည်ဘုရားကျောင်းဧ။် အပျက်အစီး များထဲတွင် ဂ၀ံအမိုးနှင့် ဂ၀ံကျောက်ဆစ်ရုပ် များရှိသော ခန်းမတို့ ပါဝင်လေသည်။
နန်းဖရား ဘုရားကျောင်း။ ။ သည်ဘုရားသည် ဘုရားခန်း သို့မဟုတ် ခုနှစ်ဆောင်ပြိုင် ၀ိဟာရဆောင်ဧ။် မပျက်မစီး ကျန်ရှိနေသေးသော၊ ကွန်ကရစ်မံကာ လှပစွာ တန်ဆာဆင် ထားသော အနောက်မြောက် နံရံကြောင့် ထင်ရှားလေသည်။ ကျောင်းတိုင်များသည် အရောင်မပြောင် လှသော ကြွေထည် ပုံစံများဖြင့် တန်ဆာဆင်ထား သည်။ ဗဟိုရှိ ဂ၀ံကျောက်ဖြင့် တည်ထားသော စေတီကို မီးတိုင်များဖြင့် ခြံရံထားပြီး တစ်နေရာမှ တစ်နေရာသို့ ကျဉ်းမြောင်းသော လှေကားငယ် များဖြင့် ဆက်သွယ် သွားလာ နိုင်လေသည်။
သမိုင်းဥယျာဉ်ပြင်ပရှိရှုခင်းများ
ရာနှင့်ချီကာတည်ရှိသော ဗိသုကာ လက်ရာများကို ကြည့်ရှု လေ့လာနိုင်သော အဆောက်အဦ ဟောင်းများ နှင့် အုတ်ဖို၊ ကြွေဖို ဟောင်းများဖြင့် သဘာဝအတိုင်း တန်ဆာဆင် ထားသကဲ့သို့ တည်ရှိနေသော မြေယာ အခင်းအကျင်းကို ကိုယ်ပိုင် အငှားယာဉ်ဖြင့် လှည့်လည် ကြည့်ရှုနိုင်ပါက အကောင်းဆုံး ဖြစ်လေသည်။ လှေကားထစ် ၁၁၂ ထစ်ရှိသော စောက်နက်သော လှေကားရှိသည့် ၀ပ်ခေါင့် ဖနွန်ဖလွမ် ပေါ်မှ ကြည့်လျှင် သမိုင်းဥယျာဉ် တစ်ခုလုံးကို အပေါ်စီးမှ ကြည့်မြင်နိုင်သော အကောင်းဆုံး အနေအထားကို ရလေသည်။
အဖြစ်စတင်ရာ ခေတ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း အယုဒ္မ္ဓယခေတ် မတိုင်မီ အချိန်တိုတိုသာ ထွန်းကားခဲ့ပါသည်။ ၁၂၃၈ - ၁၃၇၆ အတွင်းသာ ထွန်းကားခဲ့သော မြို့ပြနိုင်ငံ ဖြစ်ပြီး ယင်းခေတ် ပျက်သုဉ်းသောအခါ ထိုင်းနိုင်ငံသည် အယုဒ္မ္ဓယနိုင်ငံ အဖြစ် ပြောင်းလဲ ခေါ်တွင်ခြင်း ခံခဲ့ရသည်။ ဆူခိုထိုင်း ခေတ်သည် ရမ်ခမ်ဟမ်မင်း လက်ထက်တွင် အထွန်းကားဆုံး ဖြစ်ပြီး ပထမဆုံးထိုင်းစာ ရေးသားနည်း ပေါ်ထွန်း ခဲ့လေသည်။ ကျော်ကြားသော ကျောက်ထွင်းစာတွင် ”သည်မြေ တွင်ဆန်ရပြီး သည်ရေတွင် ငါးရှိသည့်အတွက် ပဒေသာမြေ ဖြစ်ကြောင်း ပြခြင်း ဖြစ်သည်” ဟုရေးသား ထားလေသည်။သမိုင်းဥယျာဉ်တွင်းရှိမှတ်တိုင်များ ၀ပ် ဆိုသည်မှာ ထိုင်းဘာသာဖြစ်ပြီး မြန်မာလို ဘုရားကျောင်းဟုအဓိပ္ပာယ်ရပါသည်။
ဝပ်မဟာထပ်။ ။ဘုရားကျောင်းသည် အလွန်ကြီးပြီး အရေးပါကာ ဆူခိုထိုင်း မြို့လယ်တွင် တည်ရှိသည်။ ဘုရားကျောင်း၏ အရေးပါသော အစိတ်အပိုင်းမှာ ကြီးမားသော ကြာဖူးပုံ ထိပ်အုပ် စေတီ၊ တရားခန်းမရဲ့ အုတ်မြစ် နှင့် ၀ိဟာရ ကျောင်းတော်ရာ တို့ဖြစ်လေသည်။ ကျောက်စာအမှတ်၁ အရ ဆူခိုထိုင်း မြို့လယ်တွင် ၀ိဟာရကျောင်း၊ ရွှေဘုရား၊ ဘုရားရှည်၊ ဘုရားကြီး နှင့် ဘုရားလှတို့ ရှိခဲ့သည်ဟု ဆိုလေသည်။
ဝပ်စရီစ၀ိုင်။ ။ဝပ်မဟာထပ်ရဲ့ တောင်ဘက် ၃၅၀မီတာ အကွာမှာရှိတဲ့ သည်ဘုရားကျောင်းဧ။် အဓိကအဆောင်တွင် ဂ၀ံကျောက်ဖြင့် ပြုလုပ်ထားသော ဘုရားခန်း သုံးခန်း၊ ဘုရားခန်းများဧ။် ရှေ့တွင် တရားဟောဆောင်နှင့် အဆောက် အဦ တစ်ခုလုံးကို ပတ်ရံထားသော ကျုံး ရှိလေသည်။ သည်ဘုရားကျောင်းဧ။် ဧရိယာကို ဂ၀ံကျောက်တုံး နံရံဖြင့် ပိုင်းခြားသတ်မှတ် ထားလေသည်။ ၁၉၀၇တွင် ဆဌမမြောက် ရာမဘုရင်သည် ဘုရားကျောင်းကို လာရောက် လည်ပတ်ခဲ့စဉ်က ကြေးသွန်း ဗိသနိုးရုပ် တွေ့ရှိခဲ့သဖြင့် သည်ဘုရားကျောင်းသည် ယခင်က ဟိန္မ္ဒူ ဘုရားကျောင်း ဖြစ်ခဲ့ဟန် ရှိသည်ဟု ဘုရင်က ကောက်ချက် ချခဲ့လေသည်။ထို့ပြင် ဂ၀ံကျောက်ဖြင့် ထုလုပ် ထားသော လျောင်းတော်မူ ဗိသနိုးရုပ်၊ အခြား ဟိန္မ္ဒူနတ်ရုပ် များနှင့် လော့ဘူရီ ခေတ် အနုပညာ လက်ရာ များကိုလည်း ဘုရားကျောင်းရှိ ကျုံးများကို ပြန်ဆည်စဉ် ပြန်လည် တွေ့ရှိရသဖြင့် ၁၃ ရာစုနှစ်များ အစပိုင်းအတွင်း သည်ဘုရား ကျောင်းတွင် ဘာသာရေး ကိုးကွယ်မှုမှာ ဟိန္မ္ဒူဘာသာနှင့် ဗုဒ္မ္ဓဘာသာ ရောထွေးနေဟန် ရှိသည်ဟု ယူဆရလေသည်။ ၁၃ရာစု နှောင်းပိုင်းတွင်မှ ဗုဒ္မ္ဓဘာသာ ထွန်းကားခဲ့ပြီး ဗုဒ္မ္ဓဘာသာ ဘုရားကျောင်း ဖြစ်လာခဲ့ဟန် ရှိလေသည်။
ဝပ်ချနစုံခရမ်။ ။သည်ဘုရား ကျောင်းသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး ရမ်ခမ်ဟန်းဂ် ဘုရင် အမျိုးသား ပြတိုက်နှင့် ဘေးချင်း ကပ်လျက် ရှိလေသည်။ သည်ဘုရား ကျောင်းဧ။် အရေးအကြီးဆုံး အဆောက်အဦမှာ သီရိလင်္ကာ လက်ရာစေတီ ဖြစ်လေသည်။ စေတီဧ။် ပစ္နယာဆင့် များကို ဂ၀ံကျောက် များဖြင့် တည်ဆောက်ထားပြီး အပေါ်ပိုင်းများကို အုတ်ဖြင့် ဆောက်လုပ် ထားလေသည်။ ထို့ပြင် ရှေးဟောင်း ၀ိဟာရဆောင်ဧ။် အုတ်မြစ်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ် ကျော်ခန့်က ပြန်လည် တည်ဆောက် ထားခဲ့သော အာရုဏ်ခံ တန်ဆောင်းလည်း ရှိလေသည်။ သည်ဘုရား ကျောင်းထဲတွင် ဆူခိုထိုင်းခေတ် လက်ရာဖြင့် ကျောက်ပေါ်တွင် ထွင်းထုထားသော မြတ်စွာဘုရားဧ။် ခြေတော်ရာကို သိမ်းဆည်းထားသော အဆောက်အဦ ငယ်တစ်လုံးလည်း ရှိလေသည်။
ဝပ်ထရာဖန်ငွမ်။ ။ထရာဖန်ငွမ်ဆိုသည်မှာ သမိုင်းဝင် အဆောက်အဦများ ခြံရံလျက် တည်ရှိသော ရေလှောင်ကန် ဖြစ်ပြီး ရေလှောင်ကန်ဧ။် အနောက်ဘက် ခြမ်းတွင် တည်ထားသော ကြာဖူးထိပ်အုပ် စေတီကို ၀ပ်ထရာဖန်ငွမ် ဟုခေါ်လေရာ ဆည်တော်ဦး စေတီဟုလည်း မြန်မာဆန်ဆန် မှတ်ယူနိုင် လေသည်။ ထူးဆန်းသော စိတ်ကူးဖြင့် တည်ဆောက် ထားသော အာရုဏ်ခံ တန်ဆောင်းသည် ကန်လယ်ကျွန်း ပေါ်တွင် တည်ရှိလေသည်။
နိုအမ်ဖရာဆပ်။ ။သည်သမိုင်းဝင် အဆောက်အဦသည် ၀ပ်မဟာထပ်ဧ။် အရှေ့ဘက်တွင် တည်ရှိပြီး မျက် နှာစာ တဖက်လျှင် မီတာ၂၀၀ ကျယ်သော လေးထောင့်စပ်စပ် အုတ်ခုံသာ ကျန်ရစ်ခဲ့သည်။ ကြေးသွန်း လူပုံအပိုင်း အစများနှင့် အုတ်ဖြင့် ပြုလုပ်ထားသော ခြင်္သေ့ပုံ အပိုင်းအစ တို့ကို ထိုအုတ်ခုံအနီးတွင် တူးဖော် ရရှိခဲ့သည်။ ၁၈၃၃တွင် စတုတ္မ္တမြောက် ရာမ ဘုရင် သည်နေရာကို လည်ပတ်ခဲ့စဉ်က ကျောက်ထွင်း ကျောက်စာချပ် တစ်ချပ် တွေ့ရှိခဲ့ပြီး ယခုအခါ ကျောက်စာတိုင် အမှတ်၁ဟု ခေါ်တွင်သည်။
ခရီးစဉ်လမ်းညွှန်
မီးရထား။ ။ ဆူခိုထိုင်းသို့ တိုက်ရိုက် ရောက်သော မီးရထား မရှိဘဲ ပစ္နနုလောက်သို့သာရထား ရောက်ပြီး ထိုမှတဆင့်၅၉ကီလိုမီတာခန့် ဘတ်စ် ကားစီးလျှင်ဆူခိုထိုင်းသို့ရောက်နိုင်ပါသည်။
ဘတ်စ်ကား။ ။ဘန်ကောက် မြို့ရှိ မိုချစ် အဝေးပြေး ကားဂိတ်မှ ဆူခိုထိုင်းသို့ နေ့စဉ်ထွက်သော လေအေးစက် တပ် ဘတ်စ်ကားများသည် မနက်၉နာရီ ၄၅မိနစ်နှင့် ည၁၀နာရီ မိနစ်နှစ်ဆယ် တွင်ပုံမှန် ထွက်လေ့ရှိပါသည်။ ဘန်ကောက်မှ ဆူခိုထိုင်းသို့ ၇နာရီခန့် ကားမောင်းရပါသည်။ ကိုယ်ပိုင် ယာဉ်လိုင်းများမှာ ၀င်း ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၃၇၅၃ နှင့် ၆၆၅-၅၆၁-၁၀၉၃၊ ပစ္နနုလောက် ရန်ရုံ ခရီးသွားလုပ်ငန်း ဖုန်း ၆၆၂-၉၃၆-၂၉၂၄၊ ၆၆၂-၉၃၆-၂၉၂၅၊ ၆၆၅-၅၂၅-၈၆၄၇နှင့် ဆူခိုထိုင်း အဝေးပြေး ကားဂိတ်ဝင်း ဖုန်း ၆၆၅-၅၆၁-၃၂၉၆ တို့သို့လည်း ဆက်သွယ်နိုင်ပါသည်။ ကားခမှာ လောင်စာဆီ ဈေးနှုန်းကို လိုက်ပြီး အတက်အကျ ရှိနိုင်သည်။
လေယာဉ်။ ။ ဘန်ကောက် လေကြောင်းလိုင်းမှ ဆူခိုထိုင်းသို့ နေ့စဉ် ပျံသန်းပြီး တစ်နာရီခန့် သာကြာပါသည်။ ဆူခိုထိုင်း လေဆိပ်သည် ဆူခိုထိုင်း မြို့ဟောင်းဧ။် မြောက်ဘက် ကီလိုမီတာ ၄၀ခန့် ကွာဝေးသော နေရာတွင် တည်ရှိပါသည်။ ဘန်ကောက် လေကြောင်းလိုင်းတွင် လေယာဉ် လက်မှတ် ၀ယ်ယူနိုင်ရန် အတွက် ဖုန်း ၆၆၂- ၂၆၅- ၅၆၇၈၊ ၆၆၂- ၂၆၅- ၅၅၅၅၊ ၆၆၅ - ၅၆၄ - ၇၂၂၄၊ ၆၆၅ -၅၆၄-၇၂၂၅ သို့မဟုတ် တတတ.ဘညေါုသုငေမ.ခသာ သို့ဆက်သွယ် ၀ယ်ယူ နိုင်ပါသည်။
ပတ်ဝန်းကျင်ရှိခေတ်ပြိုင်မြို့များ
ဆူခိုထိုင်း နန်းတော်၏ မြောက်ဘက်ရှိ စီစတ်ချနာလိုင် မြို့နှင့် ဆူခိုထိုင်း နန်းတော်၏ တောင်ဘက်ရှိ ကဖန်ဖတ်မြို့ (မြန်မာအခေါ် ကမန်ပိုက်) တို့သည် ဆူခိုထိုင်းခေတ်တွင် အရေးပါသော မြို့တို့ ဖြစ်ခဲ့သည်။ ကဖန်ဖတ်မြို့သည် ခေတ်ဟောင်း ဆူခိုထိုင်း မြို့တော် အတွက်ရော၊ ခေတ်သစ် အယုဒ္မ္ဓယ ရှေးဟောင်း မြို့တော်အတွက် ပါ မဟာဗျူဟာ အရ အရေးပါသော မြို့တော် ဖြစ်ခဲ့သည်။သည့်အတွက် ကဖန်ဖတ်မြို့ရှိ ရှေးဟောင်း အနုပညာ လက်ရာများသည် ဆူခိုထိုင်းခေတ် လက်ရာနှင့် အယုဒ္မ္ဓယခေတ် လက်ရာ တို့ ရောနှောလျက် ရှိသည်ကို တွေ့နိုင်လေ သည်။ ဆူခိုထိုင်း၊ ကဖန်ဖတ်နှင့် စီစတ်ချနာလိုင် မြို့များအားလုံးသည် ရုန်မြစ်ရိုး တလျှောက် တောင်မှ မြောက်သို့ သွယ်တန်း တည်ရှိနေလေသည်။

စီစတ်ချနာလိုင်။ ။ ၁၃၄၇- ၁၃၇၄တွင် နန်းစံသော လိုင်ထိုင် ဘုရင် လက်ထက်တွင် စီစတ်ချနာလိုင်မြို့ သည် သူ၏ အချက်အချာ ကျမှုကြောင့် အထွန်းကားဆုံး ဖြစ်ခဲ့သည်နှင့် အညီ မြောက်များစွာသော အနုပညာလက်ရာ များနှင့် သမိုင်း မှတ်တိုင်များကို ဆောက်လုပ် ထားခဲ့သည်။ ရှေးဟောင်း စီစတ်ချနာလိုင်မြို့သည် ရုန်းမြစ်နှင့် ခေါင့်ဖရာစီ ချိုင့်ဝှမ်း လွင်ပြင် ကြားတွင် ဧက ၈၀၀ခန့် ကျယ်ဝန်းသော မြေနေရာတွင် ထွန်းကား ဖွံ့ဖြိုး တိုးတက် ခဲ့သည်။ ဂ၀ံကျောက် မြို့ရိုးတံတိုင်းနှင့် မုခ်ဦးတို့ အပါအ၀င် မြေဧက ၂၂၈ ကျယ်ဝန်းသော အပိုင်းသည် စီစတ် ချနာလိုင် သမိုင်းဥယျာဉ် တွင်းတွင် လည်ပတ် ကြည့်ရှုရန် အကောင်းဆုံး နေရာများ ဖြစ်လေသည်။ ဥယျာဉ်တွင်းရှိ လက်ရာများမှာ ဆူခိုထိုင်း လက်ရာများနှင့် ကွဲပြား ခြားနား လျက်ရှိရာ လည်ပတ် ကြည့်ရှုရကျိုး နပ်လေသည်။ဥယျာဉ်ဝင်ကြေး ဘတ်၄၀နှင့် မြေပုံအတွက် ၅ဘတ် ဖြစ်လေသည်။ မနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲထိ ဖွင့်လှစ်လေသည်။ အငှားယာဉ်၊ ဟိုတယ်မှ စီစဉ်ပေးသော ယာဉ် သို့မဟုတ် ဧည့်လမ်းညွှန်များဧ။် ကားများသည် စီစတ် ချနာလိုင်ရှိ ပြန့်ကျဲနေသော ရှေးဟောင်း နယ်မြေများကို လှည့်လည် ကြည့်ရှုနိုင်ရန် အကောင်းဆုံး အစီအစဉ်ဖြစ်ပြီး တစ်ရက်လျှင် ဘတ်၅၀၀ ခန့်သာ ကျသင့်ပါသည်။ သို့သော် စက်ဘီးဖြင့် သွားချင်လျှင် တစ်ရက် စက်ဘီးငှားခ ဘတ်၃၀ဖြင့် လှည့်လည် ကြည့်ရှု နိုင်ပါသည်။ အများပြည်သူသုံး ဘတ်စ်ကားဖြင့် စီစတ်ချနာလိုင်တွင် လည်ပတ်လို ပါက အ၀ိုင်းကြီးဧ။် အရှေ့ဘက်မှ ဂျာလော့ ၀ီထိသုမ် လမ်းမပေါ်ရှိ မှတ်တိုင်မှ စီးလျှင် ၁၈ဘတ်သာ ကုန်ကျလေသည်။ ရှေးဟောင်းနယ်မြေနှင့် ၂ ကီလိုမီတာခန့် ဝေးသောနေရာတွင် ကေဘယ် ကြိုးတံတား တစ်ခုကို တွေ့နိုင်ပြီး ထိုနေရာတွင် စက်ဘီးတစ်စီးကို ဘတ်၃၀ဖြင့် ငှားရမ်းနိုင်ပါသည်။ ကေဘယ် တံတားတလျှောက်နှင့် မြစ်ကမ်းဘေး တွင် စက်ဘီး စီးရသည်မှာ ပျော်ရွှင်စရာ ကောင်းလှပေသည်။ ၀ပ်မဟာထပ်သည် တံတားထိပ်တွင် ရှိပြီး ၀င်ရောက် ဖူးမြော်လိုပါက ၀င်ကြေး ဆယ်ဘတ် ကျသင့်လေသည်။ ထိုနေရာတွင် မလည်ပတ် လိုသောကြောင့် ဘတ်စ်ကား မှ မဆင်းသေးဘဲ ကားဆက် စီးသွားလျှင် ရှေးဟောင်း နယ်မြေ အ၀င်ပေါက်ဝသို့ ရောက်မည် ဖြစ်ပြီး ထိုနေရာတွင် လည်း ပိုမိုသစ်လွင် ကောင်းမွန်သော စက်ဘီးကို တစ်စီး ဘတ်၃၀ဖြင့် ငှားရမ်း လည်ပတ် နိုင်လေသည်။သည်နယ်မြေ ထဲတွင် ဆင်စီးရင်းလည်း လှည့်လည် သွားလာ လည်ပတ်နိုင်ပြီး ဆင်တစ်ကောင်ကို လူသုံးယောက် စီးနိုင်ကာ မိနစ်၃၀ကို ငှားခ ဘတ် ၁၀၀ ကျသင့်လေသည်။ မိမိတည်းခိုရာ ဟိုတယ် သို့မဟုတ် တည်းခိုခန်းမှ တာဝန် ရှိသူ တစ်ဦးကို မိမိသွားလိုရာ နေရာကိုရော၊ ရောက်ရာ နေရာမှ ဟိုတယ်သို့ ပြန်လာနိုင်ရန် ဟိုတယ်နာမည်နဲ့ လိပ်စာကိုပါ ထိုင်းလို ရေးခိုင်းကာ ကိုယ်နှင့် အတူ ဆောင်သွားနိုင် ပါသေးသည်။ လမ်းပျောက်မှာ သိပ်မပူရ တော့ပါ။
ဖရာ့စီရတနာမဟာထပ် ကျောင်းတော်။ ။ ဖရာ့ ဘောရောမ ထပ် မူအန်ချလင်ဂ် ခေါ် ဖရာ့ပရန် ဟုလည်း အမျိုးမျိုး ခေါ်ဝေါ်သော သည်ဘုရား ကျောင်းတော်ကို ရှေးဟောင်း စီစတ်ချနာလိုင် မြို့ရိုးတံတိုင်းမှ တောင်ဘက် ၃ကီလိုမီတာ အကွာတွင် တွေ့နိုင်ပါသည်။ လေးထောင့်ပုံ အုတ်ခုံပေါ်မှ ထုထည် ကြီးမားသော ဂ၀ံကျောက် အာရုဏ်ခံ တန်ဆောင်းသည် သည်ဘုရားဧ။် ဗဟိုချက်မ ဖြစ်လေသည်။ ဓာတ်တော်တိုက်သို့ သွားရာ လှေကား သည်ကား စောက်နက် လှပါသည်။
ခေါင့်ဖနွန် ဖလွမ် ဘုရားကျောင်း။ ။ စီစတ်ချနာလိုင် မြို့ဟောင်း အတွင်း တောင်ကုန်း ထိပ်တွင် တည်ထား သော ဘုရားဖြစ်ပြီး ဂ၀ံကျောက် စေတီကို ဗဟိုထားပြီး ကျယ်ဝန်းသော အာရုဏ်ခံ တန်ဆောင်းကို စေတီရှေ့တွင် တွေ့နိုင်ကာ ယင်းနောက်တွင် ပျက်ယွင်းနေသော ရုပ်ပွားတော် တစ်ဆူလည်း ရှိပြီး အားလုံးမှာ ယိုယွင်းပျက်စီး နေပြီဖြစ် လေသည်။ တိုင်များနှင့် ပျက်စီးယိုယွင်း နေသော ဘုရား ရုပ်ပွားတော်များမှာ ဂ၀ံကျောက်ဖြင့် အတွင်းမှတည်ထား ဆောက်လုပ်ကာ အပေါ်မှ ကွန်ကရစ်မံ ထားခြင်း ဖြစ်သည်ကို တွေ့နိုင်လေသည်။
ခေါင့်စူဝမ်ခိရိ ဘုရားကျောင်း။ ။ ဖနွန်ဖလွမ် တောင်ကုန်းမှ မီတာ ၂၀၀ခန့် ကွာဝေးသော တောင်ကုန်း ပေါ်တွင် တည်ထားသော စေတီ ဖြစ်လေသည်။ ခေါင်းလောင်းကြီးပုံ တည်ထားသော စေတီသည် စေတီဧ။် အလယ် ဗဟိုတွင် ပစ္နယာ ငါးဆင့်ခံကာ တည်ထား လေသည်။ ပြိုပျက်နေသော ၀ိဟာရဆောင်၊ စေတီနှင့် ကြီးမားသော ကွန်ကရစ် အပိုင်းအစ များသည် မြေပေါ်တွင် ပျံ့ကြဲလျက် ရှိနေလေသည်။ သည်စေတီ ပရ၀ုဏ်ထဲရှိ အချို့ ပုံပန်းများနှင့် ဆူခိုထိုင်း မြို့ဟောင်း တွင်းရှိ ၀ပ်ချန်လွန်မ် ဘုရားရှိ ပုံပန်းများ တူညီနေမှုကို ထောက်ဆပြီး ရမ်ခမ်ဟမ်မင်းက သည်ဘုရားကို တည်ခဲ့သည်ဟု ယူဆကြသည်။
ချန်လွန်မ် ဘုရား။ ။သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်းဧ။် အရေးပါသော အထိမ်းအမှတ် ဖြစ်ပါ သည်။ ခေါင်းလောင်းကြီးပုံ စေတီကို ဆင်၃၉ကောင်က မတင်ထားဟန် ဆောက်လုပ်ထားပြီး အလယ်ဆင်၎ကောင် မှာ အစွယ် ပါသောကြောင့် ဘုရားကျောင်းဧ။် အလယ်ဗဟို ဖြစ်ကြောင်း သိသာစေပါသည်။ စေတီဧ။် ခေါင်းလောင်း မှောက်ပုံ ဧ။် အထက်တွင် မြတ်စွာဘုရားဧ။် မာရ်နတ်ကို နှိမ်နင်းဟန် ရုပ်ပွားတော် များကို ဌာပနာ ထားလေသည်။
စေတီချတ်ထျိုး ဘုရား။ ။ ဆူခိုထိုင်း တိုင်းအတွင်းတွင် အလှဆုံး ဘုရားများထဲမှ တစ်ခုဖြစ်ပြီး စေတီ များဧ။် ကွဲပြား ခြားနားသော အနုပညာ လက်ရာများဧ။် လွှမ်းမိုးမှု များကို သည်ဘုရားတွင် စုံလင်စွာ တွေ့ရ လေသည်။ နံရံဆေးရေး ပန်းချီများနှင့် အတော်ပျက်စီး ယိုယွင်းနေမှု များကို အချို့ စေတီရံများတွင် တွေ့ရသည်။
စူအန်ကရိုဥတ္န ရန်ရိုင် ဘုရား။ ။ ၀ပ်စေတီ ချတ်ထျိုး အနီးတွင် တည်ရှိပြီး ဖုန်ထူသော လမ်းသာ ခြားလေသည်။ ခန်းမကြီး တစ်ခု သည်သာ သည်ဘုရားကျောင်းတွင် ကျန်ရစ်ပြီး သည်ဘုရား ကျောင်းကို ၀ပ်ကောင်းဟောင်းဂ် ခေါ် ကိုးခန်းဘုရား ဟုလည်း ခေါ်ဝေါ်သေးသည်။
စူအန်ကရိုဥတ္န ရန်နွိုင်ဘုရား။ ။ သည်ဘုရားသည် စီစတ်ချနာလိုင် မြို့ဟောင်း အတွင်းတွင် တစ်ဆူတည်းသော ဘုရားကျောင်း ရှေ့တွင် အုတ် အဆောက်အဦငယ် ရှိသောစေတီ ဖြစ်ပါသည်။သည်ဘုရားကျောင်းဧ။် အပျက်အစီး များထဲတွင် ဂ၀ံအမိုးနှင့် ဂ၀ံကျောက်ဆစ်ရုပ် များရှိသော ခန်းမတို့ ပါဝင်လေသည်။
နန်းဖရား ဘုရားကျောင်း။ ။ သည်ဘုရားသည် ဘုရားခန်း သို့မဟုတ် ခုနှစ်ဆောင်ပြိုင် ၀ိဟာရဆောင်ဧ။် မပျက်မစီး ကျန်ရှိနေသေးသော၊ ကွန်ကရစ်မံကာ လှပစွာ တန်ဆာဆင် ထားသော အနောက်မြောက် နံရံကြောင့် ထင်ရှားလေသည်။ ကျောင်းတိုင်များသည် အရောင်မပြောင် လှသော ကြွေထည် ပုံစံများဖြင့် တန်ဆာဆင်ထား သည်။ ဗဟိုရှိ ဂ၀ံကျောက်ဖြင့် တည်ထားသော စေတီကို မီးတိုင်များဖြင့် ခြံရံထားပြီး တစ်နေရာမှ တစ်နေရာသို့ ကျဉ်းမြောင်းသော လှေကားငယ် များဖြင့် ဆက်သွယ် သွားလာ နိုင်လေသည်။
သမိုင်းဥယျာဉ်ပြင်ပရှိရှုခင်းများ
ရာနှင့်ချီကာတည်ရှိသော ဗိသုကာ လက်ရာများကို ကြည့်ရှု လေ့လာနိုင်သော အဆောက်အဦ ဟောင်းများ နှင့် အုတ်ဖို၊ ကြွေဖို ဟောင်းများဖြင့် သဘာဝအတိုင်း တန်ဆာဆင် ထားသကဲ့သို့ တည်ရှိနေသော မြေယာ အခင်းအကျင်းကို ကိုယ်ပိုင် အငှားယာဉ်ဖြင့် လှည့်လည် ကြည့်ရှုနိုင်ပါက အကောင်းဆုံး ဖြစ်လေသည်။ လှေကားထစ် ၁၁၂ ထစ်ရှိသော စောက်နက်သော လှေကားရှိသည့် ၀ပ်ခေါင့် ဖနွန်ဖလွမ် ပေါ်မှ ကြည့်လျှင် သမိုင်းဥယျာဉ် တစ်ခုလုံးကို အပေါ်စီးမှ ကြည့်မြင်နိုင်သော အကောင်းဆုံး အနေအထားကို ရလေသည်။
Posted by
gpgroup
at
9:06 AM
0
comments
ထိုင်းနိုင်ငံရှိ ကမ္ဘာ့ သမိုင်းဆိုင်ရာအမွေအနှစ်များ
ကမ္ဘာ့ သမိုင်းဆိုင်ရာ အမွေအနှစ်များ စာရင်းထဲမှ ထိုင်းနိုင်ငံတွင်းရှိ အမွေအနှစ်လေးရပ်မှာ ဆူခိုထိုင်း ရှေးဟောင်းမြို့တော်နှင့် နီးစပ်ရာ သမိုင်းဝင်မြို့များ၊ အယုဒ္မ္ဓယ ရှေးဟောင်းမြို့တော်နှင့် နီးစပ်ရာ သမိုင်းဝင်မြို့ များ၊ သောင်းယိုင်-ဟွိုင်ခခန်ဂ် သဘာဝ သားရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး ဥယျာဉ်နှင့် ဘန်းချိုင်ရှေးဟောင်း သုတေသန နယ်မြေတို့ ဖြစ်ကြလေသည်။
Posted by
gpgroup
at
9:04 AM
0
comments
Subscribe to:
Posts (Atom)