Showing posts with label ထိုင်းနိုင်ငံ. Show all posts
Showing posts with label ထိုင်းနိုင်ငံ. Show all posts

Sunday, August 12, 2007

ဘန်ကောက်တွင် လျှောက်လည်ချင်လျှင်

ထိုင်းနိုင်ငံဧ။် ခရီးသွားလုပ်ငန်းကို မြှင့်တင် နိုင်ရေး အတွက် Tourism Authority of Thailand (TAT) ကကြီးမှုးပြီး ဘေးထွက် ဆိုးကျိုး အနည်းဆုံးနှင့် စည်းစနစ် ကျနသော အကောင်းဆုံး ခရီး သွားလာရေး လုပ်ငန်း ဖြစ်စေရန် သုတေသနများ ပြုလုပ်ပြီး ဖွံ့ဖြိုးရေး ဆိုင်ရာ ပေါ်လစီများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေပါသည်။ ထိုင်းနိုင်ငံဧ။် ခရီးသွားလုပ်ငန်းကို
၁.ရိုးရာယဉ်ကျေးမှုကိုအခြေခံသော ခရီးသွား လုပ်ငန်း (Cultural Tourism)
၂. သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်း (Ecotourism)
၃. ကျေးလက်ဘ၀ကို အခြေခံသော ခရီးသွား လုပ်ငန်း (Country Tourism)
၎.စွန့်စားမှုကို အခြေခံသော ခရီးသွား လုပ်ငန်း (Adventure Tourism)
၅. ကောင်းကင်ရှုခင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Aero Tourism)
၆.စိုက်ပျိုးရေးကို အခြေခံသော ခရီးသွား လုပ်ငန်း (Agritourism)
၇.ကျန်းမာရေးအတွက် ဆေးစစ်ခြင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Health Tourism)
၈. ပညာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Education Tourism)
၉. ဈေးဝယ်ထွက်ခြင်းကို အခြေခံသော ခရီးသွားလုပ်ငန်း (Shopping Tourism)
၁၀.ကစားကွင်းများ၊ ပြတိုက် များကို အခြေခံသော ခရီးသွား လုပ်ငန်း (Amusement Tourism)
၁၁. လောင်းကစားခြင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Gambling Tourism)
စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်လေသည်။ ယင်းတို့ထဲမှ ဘန်ကောက်မြို့ အနီးတ၀ိုက်တွင် မြန်မာများ စိတ်ဝင်စားဆုံး ဖြစ်သော ခရီးသွား လုပ်ငန်း အမျိုးအစား များကို တင်ပြပါမည်။

ရိုးရာ ယဉ်ကျေးမှုကို အခြေခံသော ခရီးသွား လုပ်ငန်း (Cultural Tourism)
သည် ခရီးသွား ခြင်းတွင် ဘုရားဖူးထွက်ခြင်း၊ ရှေးဟောင်းနှင့် သမိုင်းကြောင်း ဆိုင်ရာ အဆောက် အအုံများ၊ မြို့ဟောင်း များသို့ သွားရောက် လေ့လာခြင်း၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရစ်ခဲ့ရာ နေရာများ ၊ အနုပညာ ဆိုင်ရာ လှုပ်ရှားမှုများ၊ ရှားပါး လူမျိုးစုများ၏ ဓလေ့စရိုက်၊ ထုံးတမ်း စဉ်လာများနှင့် ယင်းတို့ဧ။် ရိုးရာ ပွဲတော် များကို ကြည့်ရှု လေ့လာခြင်း တို့ပါဝင် လေသည်။ ထိုင်းလူမျိုးများဧ။် တစ်နှစ်စာ ရိုးရာ ပွဲတော် များကို www.amazing-thailand.com/festive.html တွင်ကြည့်ရှု နိုင်ပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက် မြို့နှင့် အနီးတ၀ိုက်တွင် သည် Tourism အတွက် ထင်ရှားသော နေရာများမှာ နေရာ ၀န်းကျင်နှင့် လည်ပတ်ရန် ကုန်မည့် အချိန် တရက်စာတို့ကို လိုက်ပြီး အောက်ပါအတိုင်း အုပ်စုခွဲနိုင်လေသည်။
၁. Emerld Buddha, Wat Aron, Wat Pe, Royal Palace and Parliament (လူတစ်ယောက် ၀င်ကြေး ဘတ်၂၅၀). Ayuddhaya and Ban Pa Inn Palace (နေရာတစ်ခုချင်းစီအတွက်ဝင်ကြေးမျိုးစုံ)
၂. Dwayawaddy Kingdom, Phutthommonthon Standing Buddha ( Biggest standing Buddha in Thailand) and Phra Pathom Jedi (The oldest and biggest Pagoda in Thailand)
၃. Mueng Sing Historical park in Kanchanaburi

သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်း (Ecotourism)

သဘာဝကိုအခြေခံသောခရီးသွား လုပ်ငန်း (Ecotourism) တွင် သဘာဝ ရှုခင်းများကို ကြည့်ရှု အပန်းဖြေ ခြင်း၊ ကျေးငှက် တိရစ္ဆာန်များဧ။် သဘာဝအတိုင်း နေထိုင် လှုပ်ရှား သွားလာပုံတို့ကို ကြည့်ရှု လေ့လာ အပန်းဖြေ ခြင်းတို့ ပါဝင်လေသည်။ သဘာဝ ဥယျာဉ်များကို သွားရောက် အပန်း ဖြေခြင်း၊ တောင်ပေါ်ဒေသများနှင့် ပင်လယ်ကမ်းခြေများ သို့ သွားရောက် အပန်းဖြေခြင်း များမှာ တနေ့တခြား ခေတ်စားလာနေပါသည်။ နေရာဝန်းကျင်နှင့် လည်ပတ်ရန် ကုန်မည့် အချိန်တရက်စာ တို့ကိုလိုက်ပြီး အောက်ပါအတိုင်း အုပ်စုခွဲနိုင်လေသည်။
၁. ခေါင့်ယိုင် သဘာဝ ဘေးမဲ့ ဥယျာဉ်
၂. Safari World သဘာဝ ဘေးမဲ့ ဥယျာဉ် (၀င်ကြေးဘတ်၄၅၀)
၃. ကန်ချနဘူရီ ရှိ ဧရာဝဏ် ရေတံခွန်နှင့် သဘာဝ ဘေးမဲ့ ဥယျာဉ်၊ World famous Bridge of River Kwai (လူတစ်ယောက် ၀င်ကြေး ဘတ်၁၀၀)
၎. ကွေးမြစ်တွင်း ဖောင်စီးချင်လျှင် ဖောင်စီးချင်း ငှားပြီး လည်းကောင်း၊ တစ်ဦးချင်း စီးခပေး လည်းကောင်း စီးနင်းနိုင်ပြီး ဖောင် အမျိုးအစား အလိုက် ဈေးအသီးသီး ရှိလေသည်။
၅. ပတ်တယား ကမ်းခြေ (နေချင်းပြန်လျှင် ရသော်လည်း နှံ့စပ်စွာ လည်ပတ်နိုင်ရန် တစ်ညအိပ်လျှင် ပိုကောင်းပါ သည်။)
၆. ရယွန်ကမ်းခြေ (ရေဆင်းကူးရန် စာရေးသူမှ မထောက်ခံပါ)

စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Agritourism)

သစ်ခွခြံများ၊ သစ်သီးခြံများနှင့် ဆေးဖက်ဝင် အပင်များကို စိုက်ပျိုး သုတေသန လုပ်သော ခြံများ သို့ သွားရောက် လည်ပတ် ခြင်း ကို မြန်မာများ အနည်းအကျဉ်း စိတ်ဝင်စားလာ ကြသည်ကို တွေ့လာရပါသည်။
၁. ရချဘတ်သစ်ခွဆိုင်တန်း
၂. ချတ်တူးချတ်ဈေးနှင့်
၃. သလာထိုင်း ဈေး များတွင် အမျိုးစုံသော သစ်ခွခြံများနှင့် သစ်ပင်မျိုးစုံအရောင်းဆိုင်များမှ နှစ်သက်ရာ ၀ယ်နိုင် သည်။ သီးသန့်သစ်ခွခြံများနှင့် စိုက်ပျိုးရေး ခြံများမှာမူ ဘန်ကောက်မှ နှစ်နာရီခန့်သွားရသော နခွန်ပသွန်နှင့် ပသုံထာနီ တိုင်းတို့တွင် တည်ရှိပါသည်။ သို့သော် အပင်အမျိုးအစား တစ်မျိုးကောင်း၊ နှစ်မျိုးကောင်း ကိုသာ စီးပွားဖြစ် များစွာ စိုက်ပျိုး သောကြောင့် လည်ပတ်ရကျိုး မနပ်လှပါ။

ကျန်းမာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Health Tourism)

ထိုင်းနိုင်ငံတွင် ကျန်းမာရေး ဆေးစစ်မှုများ ပြုလုပ်ရန် သော် လည်းကောင်း၊ ကျန်းမာရေး ချို့ယွင်းမှု ကြောင့် ဆေးကုသ ရန် အတွက် လည်းကောင်း လာရောက်သူ မြန်မာများ တနေ့တခြား များပြားလာ နေပါသည်။ ယခင်က စင်ကာပူသို့ သွားရောက် ကုသမှု များသော်လည်း ယခုအခါ ပိုမိုဈေး သက်သာ ပြီး ကျန်းမာရေး ပြုစုမှုတွင် တူမျှသော စိတ်ချရမှု တို့ကြောင့် ထိုင်းနိုင်ငံသို့ ခြေဦးလှည့် လာကြခြင်း ဖြစ်ပါသည်။ ထိုင်းအစိုးရမှ ခွင့်ပြုသော TATမှ ထောက်ခံသည့် နိုင်ငံခြားသားများ တက်ရောက် ဆေးစစ်ကုသ နိုင်သော ဆေးရုံများ စာရင်းကို http://www.tourismthailand.org/products/products-sub.aspx?ParentID=124 တွင် တွေ့နိုင်ပါသည်။

ပညာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Education Tourism)

သည်ခရီးသွားခြင်းကို ရေရှည် (သို့မဟုတ်) နှစ်ချီကြာသည့် ခရီးစဉ်ဟု သတ်မှတ်ထား ပါသည်။ အကြောင်းမှာ ထိုင်းနိုင်ငံတွင် ကျောင်းတက် နေသမျှ ကာလပတ်လုံး သည် ကျောင်းသား များသည် ထိုင်းတွင် နှစ်ချီပြီး နေထိုင်ကာ နေ့စဉ် သုံးသမျှ ငွေများသည် ခရီးသည် များကဲ့သို့ သုံးသည် သာမက ပိုနေပါသေးသည်။ ထို့အပြင် သာမန် ခရီးသွား များထဲတွင် လူဆိုးနှင့် စရိုက် ပေါင်းစုံသော ခရီးသွား များပါနိုင် သော်လည်း သည်ခရီးသွား လုပ်ငန်းတွင်မူ ကျောင်းသား များသာ ပါဝင်သည့်အတွက် စည်းကမ်းနှင့် ဥပဒေ ချမှတ်ရာတွင် ပိုမိုလွယ်ကူ လေသည်။ အသေးစိတ်ကို "ထိုင်းတွင် ကျောင်းတက်မည် ဆိုလျှင် " ဟူသော ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။

ဈေးဝယ်ထွက်ခြင်းကို အခြေခံ သော ခရီးသွားလုပ်ငန်း (Shopping Tourism)

သည်အပိုင်းကိုမြန်မာများ ကြိုက်နှစ်သက် ဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သိန်းချီ ပေးရသော branded clothings များကို ထိုင်းတွင် ဈေးသက်သာ စွာဖြင့် စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူ နိုင်သောကြောင့် ဖြစ်လေသည်။ သာမန် ပြည်တွင်းဖြစ် အ၀တ်အထည် များမှာလည်း စစ်မှန်သော ဈေးကွက် စီးပွားရေး စနစ်ကြောင့် မြင့်မားသော အရည် အသွေးကို သင့်တင့်သော ဈေးနှုံးဖြင့် စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ နာမည်ကြီး branded clothings များမှာ မိုးပျံရထား လမ်းကြော တလျှောက်နှင့် ထိုဘူတာများ အနီးတွင် စီတန်း တည်ရှိ နေသောကြောင့် တရက်တာ စိတ်ကြိုက်စီး ရထားလက်မှတ် ဘတ်၁၂၀ တန် ၀ယ်ထားပြီး ခေါက်တုံ့ ခေါက်ပြန် ဈေးဝယ်ထွက် လျှင် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရင်း စိတ်ချမ်းသာစွာ ဈေးဝယ် ထွက်နိုင်ပါသည်။ မိမိဝယ်ယူပြီး ပစ္စည်းများကိုလည်း ဈေးတိုင်းလိုလို ဧ။် ပစ္စည်းအပ်ရာ နေရာများတွင် စိတ်ချစွာ အပ်နှံထားကာ လူလွတ်ချည့် သက်သာစွာ ဈေးကိုပတ် ကြည့်နိုင်သည်။ ဘန်ကောက်တွင် ဈေး သက်သာသော အ၀တ်အထည်နှင့် ဖက်ရှင် ပစ္စည်းများကို ၀ယ်ယူလိုလျှင်

၁. ပတူနမ်ဈေး (ချစ်လုံ မိုးပျံရထားဘူတာအနီး)
၂. ဘိုဘေး လက်ကားဈေး (စံဖိန်းခေါ် တရုတ်တန်းအနီး) ၃. စံဖိန်းခေါ် တရုတ်တန်း

၎. Big C discount styores
၅. CHak-tu-chak weekend market (near Mochit BTS station)

Branded clothing and Fashion accessories
များကိုဝယ်ယူလိုလျှင်
1. Central world Plaza (near Chitlon Sky train station)
2. Emporiam Shopping plaza (Phronpon Sky train station)
3. Siam Discovery, Siam Paragon and Siam Center (near Siam Sky train station)
4. MBK (near National Stadium sky train station)

Computers, computer’s accessories and Electronic things
များကိုဝယ်ယူလိုလျှင်
1. Zeer Computer city (near Don Muang Airport)
2. Pantip computer city (near Ratchathewi BTS Sky train station)
3. Fortune Town (near Phra Ram Kaung subway station)
4. IT Square (near Don Muang Airport)
ဈေးသက်သာစွာနှင့်ကုန် အမှတ်တံဆိပ် ကောင်းကောင်း အ၀တ်အထည်များနှင့် ဆင်တူသော ဒီဇိုင်း ကို ၀ယ်ယူလို သူများကို အကောင်းဆုံး အကြံပေးရလျှင် အုပ်စု၂မှ ဆိုင်များကို အားရအောင် ကြည့်ရှု ပြီးမှ အုပ်စု၁မှ ဆိုင်များတွင် သွားရောက် ၀ယ်ယူလျှင် အဆင်ပြေပြေ ၀ယ်ယူနိုင်ပါလိမ့်မည်။ သည်တွင် သတိပြုရန်မှာ တံဆိပ်အတု ၀ယ်ယူရန် မဟုတ်ဘဲ ပြည်တွင်းဖြစ် အ၀တ်ကို နိုင်ငံခြားပုံစံဖြင့် ၀ယ်ယူနိုင် သည်ကိုသာ တင်ပြခြင်း ဖြစ်ပါသည်။ ပြည်တွင်းဖြစ် ကို နိုင်ငံခြား တံဆိပ်တပ်ပြီး ရောင်း ခြင်း မဟုတ်ဘဲ ပြည်တွင်းဖြစ်က နိုင်ငံခြားဖြစ်ကို ယှဉ်နိုင်သည် ဟူသော အတွေးဖြင့် တုပပြိုင်ဆိုင် ပြီးရောင်းသည်ကို တွေ့နိုင်ပါသည်။

ကစားကွင်းများ၊ ပြတိုက်များကို အခြေခံသော ခရီးသွားလုပ်ငန်း (Amusement Tourism)

အရှေ့တောင်အာရှတွင် အကြီးဆုံး ရေအောက် ကမ္ဘာဖြစ်သော Siam paragon Ocean World တွင်ရေအောက် ကမ္ဘာနှင့် ရေသတ္တ၀ါ မျိုးစုံတို့ဧ။် သဘာဝ အလှအပများနှင့် ဆက်ကပ် ကမ္ဘာတို့ကို ခံစားနိုင် ပါသည်။တခါဝင် လျှင် တစ်ယောက် ဘတ်၄၅၀ဖြင့် တရက်လုံး စိတ်တိုင်းကျ လည်ပတ် ကြည့်ရှု နိုင်လေသည်။ အသေးစိတ် ကြည့်ရှု လိုလျှင် www.siamoceanworld.co.th တွင် တွေ့နိုင်ပါသည်။ Dream World Amusement တွင် ကစားနည်း အမျိုးပေါင်း (၁၇)မျိုးနှင့် ပြပွဲ လေးမျိုးစာကို ၀င်ကြေး တစ်ယောက် လျှင် ဘတ်၄၀၀နှင့် ၀င်ရောက်ကစားနိုင်ပြီး special package ယူလျှင် နေ့လယ်စာနှင့် အသွားအပြန် ကြိုပို့ အပါ အ၀င် လူတစ်ယောက် လျှင် ဘတ်၁၀၀၀ ပေးရလေသည်။ အသေးစိတ် ကြည့်လိုလျှင် http://www.dreamworld-th.com/english/ တွင် ကြည့်ရှုနိုင် ပါသည်။ အခြား ပြတိုက်များမှာ စိတ်ဝင်စားစရာ မကောင်းလှ သော်လည်း ဗဟုသုတ အလို့ငှာ အောက်ပါ website တွင် ကြည့်ရှုနိုင်ပါသည်။ http://www.bangkok-hotels-bangkok.com/ ဘန်ကောက်တွင် ကုန်ကျ စရိတ် သက်သာစွာဖြင့် တည်းခိုနိုင်သော ကြယ်လေးပွင့် အဆင့် ဟိုတယ်၊ တည်းခိုခန်း များကို တခန်းလျှင် တစ်ရက် ဘတ် ၅၆၀ ခန့်ဖြင့် တည်းခိုနိုင်ပေရာ ဘန်ကောက်သို့ အလည် လာလိုသူများ အတွက် မကုန်သင့်တာ မကုန်ရဘဲ ကုန်ကျစရိတ်နှင့် တန်အောင် လည်ပတ်နိုင်စေရန် တင်ပြလိုက်ရပါသည်။

ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ချင်လျှင်

ထိုင်းနိုင်ငံဧ။် ပညာရေးဆိုင်ရာခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရေး အတွက် တကသိုလ် တော်တော် များများ နိုင်ငံခြားသားများ ပါဝင်သင်ကြားနိုင်သောInternational Program များကို ထည့်သွင်းလာ နေကြ ပါသည်။ မြန်မာလူမျိုး အများစု စိတ်ဝင်စားသော Scholarships များကိုလည်း မက်လုံးတစ်ခု အဖြစ် စီစဉ်ပေး ထားကြပါသည်။ နိုင်ငံခြားသား များများ လာရောက် ကျောင်းတက် လေလေ၊ ထိုကျောင်းသားများဧ။် အတွေးအခေါ်၊ ရှုမြင်စဉ်းစား သုံးသပ်ပုံတို့ကို ထိုင်းဆရာများက စာရင်းများ၊ စာတမ်းများပြုစုကာ ထိုင်းဘာသာဖြင့် သင်ကြားသော ကျောင်းများတွင် ပြန်လည် သင်ကြား နှိုင်းယှဉ်ပေး နိုင်လေ ဖြစ်လေသည်။ ထိုအတွေးအခေါ်ဧ။် ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် အချိန်တိုအတွင်း လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် လာကာ တိုင်းပြည်ဧ။် ၅၃%သော ပြည်တွင်း ထုတ်ကုန် တန်ဖိုးသည် ၀န်ဆောင်မှု လုပ်ငန်းများမှ ရရှိလာလေသည်။ထိုင်းနိုင်ငံရှိ တကသိုလ်များမှာ သူ့နယ်ပယ် အတွက် သူသာ နာမည်ကြီး ကြပြီး နယ်ပယ် ပေါင်းစုံအတွက် တက္ကသိုလ် တစ်ခုတည်းက နာမည်ကြီးတာ မျိုးမရှိပါ။ ထိုင်းနိုင်ငံရှိ နာမည်အကြီးဆုံး တက္ကသိုလ်များမှာ
၁. Thammasat University for Political Science, Economics and Laws, http://www.tu.ac.th/
၂. Kassetsart University for Agricultural and Forestry, http://www.ku.ac.th/
၃. Mahidol University for all Medical fields, Industrial Ecology and Environment, http://www.mahidol.ac.th/
၎. Chularlongkorn University for All Science and Engineering fields, http://www.cu.ac.th/
၅. Ramkhangheng University for Political Science and Education, http://www.ru.ac.th/
၆. Assumption University for Business Administration, http://www.au.ac.th/
၇. National Institute of Development Administration for Development Studies, http://www.nida.ac.th/
၈. Ubon Rajathanee University for Greater Mekhon Subregion Development, http://www.ubu.ac.th/
တို့ဖြစ်ပါသည်။

တကသိုလ်ဝင်ခွင့် အသေးစိတ်များ၊ ၀င်ခွင့်လျှောက်လွှာများ ကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက် များတွင် ကြည့်ရှု ရယူနိုင်ပါသည်။ အခြား တကသိုလ် များမှာ မြန်မာပြည်တွင် ရေပန်းစား လှသော်လည်း တချို့ ထိုင်းလူမျိုးများ ကိုယ်တိုင်ပင် မကြားဖူး ကြသည်ကိုလည်း တွေ့ရပါသည်။ Webster University, www.webster.ac.th သည် အမေရိကန် နိုင်ငံသို့ သွားရောက် နေထိုင် ပညာသင်လိုသူများ တဆင့်ခုန်ရာ တကသိုလ် ဖြစ်သောကြောင့် နာမည်ကြီးပြီး Asian Institute of Technology, www.ait.ac.th သည် ပညာသင်ဆုအပေးများခြင်း၊ International Program ချည့် သက်သက်သာ ရှိခြင်းနှင့် အာရှနိုင်ငံများ အချင်းချင်း နည်းပညာဆိုင်ရာ သုတေသနနှင့် ယဉ်ကျေးမှု တို့ ဖလှယ်ရာ အဖြစ် နာမည်ကြီးလေသည်။သို့ရာတွင် ထိုတကသိုလ်များတွင် အခြား ဘာသာရပ်များ အတွက်လည်း International Program များရှိပါ သည်။ ၀မ်းနည်းစရာ ကောင်းသော အချက်မှာ၂၀၀၄ခုနှစ်တွင် ထုတ်ပြန်သော အစိုးရပိုင် တကသိုလ်များ ဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံမှ ဆယ်တန်း အောင်သူကို ထိုင်းနိုင်ငံမှ အလယ်တန်း အောင်သူ နှင့်သာ အရည်အချင်း တူသည်ဟု သတ်မှတ်ပေး ထားပြီး ရိုးရိုးဘွဲ့အတွက် တကသိုလ် တက်လိုသူ သည် GCE O' Level အောင်ပြီးသူ ဖြစ်မှသာ လက်ခံပါသည်။

ထိုင်းသည် အခြေခံပညာ အတွက် ၁၂တန်း ရှိပြီး အထက်တန်း ကို၂နှစ် တက်ရသော ကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ မဟာဘွဲ့ တက်လိုသူသည် အခြေခံပညာ ၁၂တန်း နှင့် ရိုးရိုးဘွဲ့အတွက် ၄နှစ် တက်ရောက် သင်ကြား အောင်မြင်ထားသူ ဖြစ်ရမည် ဆိုသောကြောင့် အနည်းဆုံး စာသင်နှစ် ၁၆နှစ် ရှိရမည် ဖြစ်ရာ မြန်မာနိုင်ငံမှာ ဆယ်တန်းအောင်ပြီး တကသိုလ် ၃နှစ်တက်လျှင် ဘွဲ့ရသောကြောင့် ၁၄နှစ်သာ ကျောင်းတက် ထားရာ မဟာဘွဲ့ အတွက် ၀င်ခွင့်မမီ နိုင်တော့ပေ။ ထိုအခါ GRE and GMAT စသော အောင် လက်မှတ်များ၊ ဆိုင်ရာ တကသိုလ် များဧ။် ၀င်ခွင့် စာမေးပွဲများ၊ လူတွေ့ စစ်ဆေးပွဲ များကို ထပ်မံဖြေဆိုရ လေသည်။ သို့သော် Private University များတွင် သီးခြား စည်းမျဉ်းများ ရှိလေသည်။ အသေးစိတ် သိလို ပါက www.moe.go.th တွင် ကြည့်ရှု လေ့လာနိုင်ပါသည်။

မြန်မာမိဘအများစု စိုးရိမ်ပူပန်နေသကဲ့သို့ ထိုင်းနိုင်ငံသည် လုံခြုံမှု မရှိသော နိုင်ငံ ဟုတ်မဟုတ်ကို နှစ်စဉ် သန်းချီနေသော ကမာလှည့် ခရီးသည်များက သက်သေခံနေပါသည်။ ကျောင်းဆောင် တိုင်းနှင့် တိုက်ခန်းများ တွင် အဆောက်အဦ တိုင်းတွင် လုံခြုံရေး အစောင့်များ ထူထပ်စွာ ချထားပြီး ရဲနှင့် လူအချိုးမှာ လူ၂၀၀လျှင် ရဲ တစ်ယောက်နှုံး ဖြစ်လေသည်။ မိန်းကလေးများကို လိုက်လံ နှောင့်ယှက်သော၊ ဇွတ်အတင်း ရည်းစားစာ လိုက်ပေး၊ ရည်းစားစကား လိုက်ပြောသော ယောက်ျားလေးများ လုံးဝ မရှိပါချေ။

ထိုင်းနိုင်ငံတွင် ပညာသင် စားရိတ်သည် တကယ် ပညာတတ်သည့် အတိုင်းအတာ၊ သင်ကြားရေးနှင့် သင်ယူရေး ဆိုင်ရာ အထောက်အကူပြု ကိရိယာများ၊ စာကြည့်တိုက်များနှင့် လိုအပ်သော စာအုပ်စာတမ်း များ ရရှိနိုင်မှု အတိုင်းအတာများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံထက် သက်သာသည် ဟုပင် ဆိုနိုင်လေသည်။ နေထိုင်မှု စားရိတ်သည်လည်း မြန်မာနိုင်ငံထက် အပုံကြီး သက်သာလေသည်။ အင်တာနက်ကို ကျောင်းစာ ကြည့် တိုက်တိုင်းတွင် ကျောင်းသားတိုင်း လွတ်လပ်စွာ သုံးစွဲနိုင်ရုံ သာမက ကိုယ့်အခန်းတွင် တပ်ဆင်လို လျှင်လည်း လွတ်လပ်စွာ တပ်ဆင်နိုင်ပြီး လျှောက်လွှာတင်ပြီး ၄ရက်အတွင်း အဆင်သင့် သုံးနိုင်လေသည်။ တပ်ဆင်ခ ဘတ် ၁၀၇၀နှင့် လစဉ်ကြေး ဘတ်၅၉၀ ကျသင့်လေသည်။ နေထိုင်မှု စားရိတ်မှာ သာမန် ကျောင်းသားတစ်ဦးအတွက် (ဟိုတယ်တွင် သူဌေးသုံး သုံးဖို့ မဟုတ်ပါ)
၁. တစ်နပ်စာ ဘတ်၆၀ (ကျောင်းကင်တင်းမှာ စားလျှင် တနပ်စာ ၁၅ဘတ်မှ ၂၅ဘတ်သာ)
၂. ကျောင်း အဆောင်လခ ၄ယောက် တစ်ခန်းဆိုလျှင် ၇၅၀ဘတ် (ကျောင်းဆောင် မဟုတ်ဘဲ အပြင်တိုက်ခန်း ငှားနေမည် ဆိုလျှင်ဘတ် ၂၅၀၀မှ ဘတ်၄၀၀၀ကြား)
၃. ရေတစ်ယူနစ် ၁၀ဘတ် (သတ်မှတ်ရက်တွင် ကြိုတင် ကြေညာပြီးမှ ရေလှောင်ကန် သန့်ရှင်းရန် ရေပိုက်လိုင်း ခဏဖြတ် တောက်ခြင်းမှ အပ မည်သည့်အခါမှ ရေမပျက်ပါ)
၎. လျှပ်စစ်မီး တစ်ယူနစ် ၃ဘတ် (ထရန်စဖော်မာ ပေါက်ခြင်း၊ မိုးကြိုးပစ် ခံရခြင်းတို့ကြောင့် နာရီဝက်မှ ၃ နာရီကြာ ခဏ ပျက်ခြင်းမှအပ မည်သည့်အခါမှ မီးမပျက်ပါ)သာကုန်ကျလေသည်။

ဘန်ကောက်မြို့အတွင်း သွားလာရေးအတွက် ကားလမ်း၊ ရထားလမ်းနှင့် တူးမြောင်းများ အတွင်းနှင့် ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မြစ်ကြောင်း လမ်းသွား မော်တော်ဘုတ်များ သုံးမျိုးရှိလေသည်။

ကားလမ်းအတွက် Taxi အငှား ကားများ၊ ရိုးရိုးဘတ်စ်ကား၊ အဲယားကွန်း ဘတ်စ်ကား၊ van ဟုခေါ်လေ့ ရှိသော Hi-Aceကားများ၊ ခရီးတိုပြေးသော Pick-upကားလေးများရှိပြီး ဈေးအသက်သာဆုံးမှာ ရိုးရိုး ဘတ်စ်ကားဖြစ်ကာ ခရီးစဉ် တကြောကို ၈ဘတ်ဖြစ်ပါသည်။ အဲယားကွန်း ဘတ်စ်ကားများမှာ Hybrid bus and ordinary bus နှစ်မျိုးပြန်ကွဲပြီး ခရီးစဉ် အလိုက် အနည်းဆုံး Hybrid ကားအတွက် ၁၂ဘတ်၊ ရိုးရိုးကား အတွက် ၁၁ဘတ်ဖြစ်ကာ ခရီးစဉ် အစအဆုံး အတွက်မူ ၂၂ဘတ်ပေးရလေသည်။ van ဟု ခေါ်လေ့ရှိသော Hi-Ace ကားများမှာမူ ခရီးစဉ် နီးဝေးအလိုက် (ဆူးလေ-အင်းစိန် ခရီးလောက်ကို) ၂၅ဘတ်မှ ၉၀ဘတ် (ဆူးလေ -တိုက်ကြီး ခရီးလောက်ကို) ပေးရပြီး ချောင်ချောင် အေးဆေး သက်သာစွာ စီးနိုင်လေသည်။ ခရီးတို ပြေးသော Pick-up ကားလေးများမှာ (သမိုင်း- ဆူးလေ လောက် ခရီးကို) ၇ဘတ်သာ ပေးရလေသည်။Taxi များမှာ စစချင်း ၃၅ဘတ် တက်နေပြီး တစ်ကီလိုမီတာ ခရီးတိုင်း ၂ဘတ် ပေးရလေသည်။

ရထားလမ်း အတွက် Sky Train or BTS ခေါ် မိုးပျံရထား၊ Subway or MRTခေါ် မြေအောက်ရထား၊ ရိုးရိုးမြို့ပတ် ရထား ဆိုပြီး သုံးမျိုးရှိပါသည်။ BTS သည် တစ်ဘူတာ ၁၀ဘတ်နှုံး ပေးရပြီး ခရီးစဉ် စဆုံးစီးပါမူ ၄ဘူတာစာ အလကား စီးရလေသည်။ MRT ခေါ် မြေအောက် ရထားသည် တဘူတာလျှင် ၁၂ဘတ် ပေးရသော်လည်း ခရီးစဉ် ရှည်လေ၊ ဈေးသက်သာလေ ဖြစ်ကာ ၁၈ဘူတာလုံး ခရီးစဉ် စဆုံး စီးနင်းလျှင် ၃၆ဘတ် သာကျသည်။

ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မော်တော်ဘုတ်များမှာ မော်တော် အမျိုးအစား အလိုက် ဈေးနှုံး အသီးသီး ရှိလေသည်။ Pulic Motor Boat များမှာ ခရီးစဉ်အလိုက် ဈေးအနည်းဆုံး ၈ဘတ်မှ ဈေးအများဆုံး ၁၈ဘတ် သာ ပေးရလေသည်။ http://www.in-bangkok.com/ ရထားနှင့် မြစ်ကြောင်း ခရီးမှာ ကမ္နာ့ အဆိုးရွားဆုံးဟု နာမည်ကြီးသော ဘန်ကောက်မြို့ဧ။် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရန် အကောင်းဆုံးသော ခရီးစဉ်များ ဖြစ်လေသည်။




မည်သည့်ခရီးစဉ်ကို လိုက်ပါသည် ဖြစ်စေ အလွန်အမင်း တိုးဝှေ့ကာ ကြပ်သိပ် ညပ်ပိတ် နေအောင် စီးရသည့် အခါ မည်သည့် အခါမှ မရှိပါချေ။ မတ်တပ်ရပ် စီးနင်းရသောသူ အတန်ငယ် လူများက ဘယ်သူမှ သည်လို ကားပေါ် ထပ်မတက် ကြတော့ သလို စပယ်ယာကလည်း အတင်းမခေါ်၊ ယာဉ်မောင်း ကလည်း စောင့်မခေါ် သည်မှာ အလွန်စိတ်ချမ်းသာစရာ ကောင်းသော အကျင့်ပါပေ။ စပယ်ယာက အတင်း ယာဉ်စီးခ တောင်းရန် မလိုပါ။ အချို့ဘတ်စ်ကားများတွင် စပယ်ယာ မပါဘဲ ခရီးသည်များက ယာဉ်မောင်းထံကို စည်းကမ်းရှိစွာ အလို အလျောက် သွားရောက်ကာ ယာဉ်စီးခ ပေးကြလေသည်။ ဘတ်စ်ကားလိုင်း အချို့မှာ ည (၇)နာရီတွင် သိမ်းပြီး အချို့မှာ ည ၁၁နာရီ ထိရှိကာ မိုးချုပ်သောကြောင့် ကြားကားဈေး တောင်းခြင်း မရှိရုံ သာမက တရက်စာ စာရင်းပိတ် ပြီးချိန်တွင် အလကား ပေးစီးပါသေးသည်။ ထိုင်း ဥပဒေအရ နိုင်ငံခြားသား ကျောင်းသားများ အလုပ်လုပ်ခွင့် မရှိသော်လည်း နိုင်ငံခြားသား အလုပ်သမားများ ကျောင်းတက်ခွင့် ရှိသောကြောင့် အလုပ်ရပြီးမှ ကျောင်းတက်မှသာ အလုပ်တဖက် ကျောင်းတဖက် နေနိုင်ပါမည်။ သို့သော် မဟာဘွဲ့အတွက် ထိုသို့ ကျောင်းတက်ပါက စာမေးပွဲကျဖို့ များလေသည်။ သည်မျှဆိုလျှင် ထိုင်းနိုင်ငံတွင် ကျောင်းနေရန်နှင့် ကျောင်းတက်နေစဉ် ကာလအတွင်း နေထိုင် စားသောက် သွားလာနိုင်ရန် သတင်း အချက်အလက် အတော်အသင့် ပြည့်စုံပြီဟု ယူဆမိပါသည်။

ခွန်မြလှိုင်ရဲ့ ဘလော့မှ အချက်အလက် များကို ယူသုံးထားပါသည်။

Wednesday, August 8, 2007

ထိုင်းနိုင်ငံဧ။် ပွဲတော်များ

(မခွန်မြလှိုင်ရဲ့ ဘလော့မှ ယူသုံးထားပါသည်။ )

နှစ်သစ်ကူးပွဲတော်။ ။ ထိုင်းနိုင်ငံတွင် နှစ်သစ်ကူး ပွဲတော်သုံးမျိုးရှိလေသည်။ အနောက် နိုင်ငံများဧ။် ထုံးစံ အတိုင်း ကျင်းပသော ဇန်န၀ါရီလ တစ်ရက် နှစ်သစ်ကူးပွဲတော်၊ တရုတ်လူမျိုးများဧ။် ထုံးစံအတိုင်း ကျင်းပသော ဖေဖော်ဝါရီ လလယ်တွင် ကျရောက် လေ့ရှိသော တရုတ် နှစ်သစ်ကူး ပွဲတော်နှင့် မြန်မာ့ရိုးရာ ထုံးစံအတိုင်း ဧပြီလ တွင် ကျင်းပသော ရေသဘင် ပွဲတော်တို့ ဖြစ်လေသည်။ သို့သော် မြန်မာ့ရိုးရာ ရေသဘင် ပွဲတော်တွင် ချစ်ခင်သူများ အချင်းချင်း အိုးမဲသုတ်ကာ ကျီစယ် ကြသော်လည်း အမဲရောင်ကို မကြိုက်သော ထိုင်းလူမျိုး များက ချစ်ခင်သူများ အချင်းချင်း ပေါင်ဒါမှုန့်များ အပြန်အလှန် သုတ်ကာ ကျီစယ် ကြလေသည်။ ရေကိုမူ မြန်မာများလောက် မပက်ကြ ပါချေ။ ထိုင်းနိုင်ငံဧ။် ရေသဘင် ပွဲတော်သည် ခွင့်ရက်ရှည် ရခိုက် ခရီးထွက်သူ များသောကြောင့် ချင်းမိုင်နှင့် ဘန်ကောက်ရှိ ခေါင့်စံအရပ် တွင်သာ စည်ကားကာ ကျန်နေရာ များတွင် လွန်မင်းစွာ ခြောက်ကပ်နေလေသည်။

ဖရာ့ဗုဒ္မ္ဓဘတ် ဘုရားပွဲတော်။ ။ ဇန်န၀ါရီလ ၃၁မှ ဖေဖော်ဝါရီလ တစ်ရက်နေ့ ထိသာ ကျင်းပသော ထိုဘုရားပွဲကို ဘန်ကောက်မြို့ မြောက်ဘက် ၂၃၆ ကီလိုမီတာ အကွာရှိ ဆာလာဘူရီ အရပ်ရှိ ခြေတော် ရာကျောင်းတွင် ကျင်းပလေ့ ရှိလေသည်။ မြန်မာနိုင်ငံရှိ ဘုရားပွဲများနှင့် မခြားနားလှပါပေ။ဘိုဆောင်ထီးပွဲတော်။ ။ချင်းမိုင်မြို့တွင် ဇန်န၀ါရီလတွင် ကျင်းပလေ့ရှိသော ဘိုဆောင် စက္ကူထီး ပွဲတော်နှင့် အခြား လက်မှုပစ္စည်းများ ရောင်းချသည့် ဈေးပွဲတော် ဖြစ်လေသည်။ ထီးများသည် မြန်မာနိုင်ငံရှိ ပုသိမ်ထီးနှင့် ဆင်တူလှ ပေသည်။ မြန်မာနိုင်ငံတွင် ဈေးကွက် စီးပွားရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာပါက ပုသိမ်အနီး တ၀ိုက်ရှိ ပင်လယ်ကမ်းခြေများတွင် ပုသိမ်ထီး ပွဲတော် ပြုလုပ်ပါလျှင် လွန်စွာ စီးပွားဖြစ် လေမည်။

တရုတ် နှစ်သစ်ကူး ပွဲတော်။ ။တိုင်းပြည်ဧ။် တရားဝင် လူဦးရေထဲတွင် တရုတ်နိုင်ငံသားအဖြစ် ထိုင်း နိုင်ငံတွင် နေထိုင်သော တရုတ်လူမျိုး ၁၄% ရှိလေရာ တရုတ် နှစ်သစ်ကူး ပွဲတော်မှာလည်း နဂါးအက၊ ခြင်္သေ့ အက၊ ဗျောက်အိုး၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း တို့ဖြင့် လွန်စွာ စည်ကားလေသည်။ အစည်ကားဆုံး နေရာမှာ ဘန်ကောက် မြို့လယ်ရှိ စံဖိန်းခေါ် တရုတ်တန်းဖြစ်လေသည်။



ပန်းပွဲတော်။ ။ မြန်မာနိုင်ငံရှိ ပြင်ဦးလွင်မြို့ ကဲ့သို့ ပန်းမြို့တော် အဖြစ် ကျော်ကြားသော ချင်းမိုင်မြို့ တွင် ဖေဖော်ဝါရီလ အတွင်း ကျင်းပလေ့ ရှိသော ပန်းပွဲတော်သည် ဒေသထွက် ပန်းရောင်စုံတို့ဖြင့် ကျော်ကြား သည်။မခါဘုချနေ့။ ။ ထိုင်းတပေါင်း ပွဲတော်ဟု ခေါ်ဆိုနိုင်သော မတ်လတွင် ကျရောက်သော လပြည့်နေ့ တွင် ကျင်းပသော ပွဲတော် ဖြစ်သော်လည်း ထူးခြားချက်မှာ ငှက်လွှတ်ခြင်းနှင့် ဘုရားမီး ပူဇော်ခြင်း ဖြစ်သည်။ ချက္ကရီနေ့။ ။ဧပြီလ ၆ရက်နေ့တွင် ကျင်းပသော သည်နေ့သည် ထိုင်းနိုင်ငံ ချက္ကရီ မင်းဆက်ကို ထူထောင် ခဲ့သော အထိမ်းအမှတ် အဖြစ် ကျင်းပခြင်း ဖြစ်ပြီး လက်ရှိဘုရင်သည် ကိုးဆက်မြောက် ဘုရင် ဖြစ် လေသည်။

နေရာတိုင်းတွင် ဘုရင်နှင့် မိဘုရားပုံကို ပန်းနံ့သာများဖြင့် ပူဇော်ထား သည်ကို တွေ့နိုင်သည်။ ဆွန်ခရမ်ပွဲတော်။ ။ ဧပြီ ၁၃ရက်မှ ၁၅ရက်ထိ ကျင်းပသော အဆိုပါ ပွဲတော်မှာ ထိုင်းရိုးရာ သင်္ကြန် ပွဲတော် ဖြစ်လေသည်။
ပတ္တယားပွဲတော်။ ။ ပတ္တယားကမ်းခြေတွင် ဧပြီလလယ်တွင် ကျင်းပသော ထိုပွဲတော်တွင် မီးရှူး မီးပန်း ပစ်ဖောက်ခြင်းနှင့် ပန်းအလှပြခြင်းတို့ အဓိက ပါဝင်လေသည်။ မေလတစ်ရက်တွင် ကျင်းပသော အလုပ်သမားနေ့ နှင့် လက်ရှိ ဘုရင် ရာမကိုး မင်းမြတ်ဧ။် မေလ၅ရက်တွင် ကျင်းပသော နန်းတက်ပွဲနေ့ အခမ်းအနား၊ မေလလယ်တွင် ကျင်းပသော လယ်ထွန် မင်္ဂလာပွဲ အခမ်းအနား များလည်း ထင်ရှားလေသည်။

သစ်သီးပွဲတော်။ ။ မေလတွင် ရယွန်မြို့တွင် ကျင်းပပြီး ဇွန်လတွင် ချန်တာဘူရီမြို့ တို့တွင်ကျင်းပသော သစ်သီးပွဲတော်တွင် မင်းမူနေသော သစ်သီးများမှာ ဒူးရင်း၊ ကြက်မောက်နှင့် ပိန္နဲ္ခတို့ ဖြစ်လေသည်။
ဗုဒ္မ္ဓဘာသာ ကိုးကွယ်သော တိုင်းပြည်ပီပီ ကဆုန် ညောင်ရေသွန်း ပွဲတော်နှင့် ၀ါဆို ပွဲတော်များ ကိုလည်း ကျင်းပ ကြပါသည်။ မြန်မာနိုင်ငံနှင့် မတူသော ၀ါဆိုပွဲတော်၏ ထူးခြားချက်မှာ

အရွယ်ရောက်သော ထိုင်း အမျိုးသားများ သည်အချိန် ရောက်မှ ရဟန်းခံကြ ရခြင်းဖြစ်ပါသည်။ သြဂုတ်လ၁၂ရက် မိဘုရားမွေးနေ့၊ ထိုင်းနိုင်ငံကို ပညာ ရေး၊ ယဉ်ကျေးမှုနှင့် အတွေးအခေါ် တို့တွင် ပြုပြင် ပြောင်းလဲ တိုးတက် စေခဲ့သော ထိုင်းဘုရင်ဟောင်း ချက္ကရီ မင်းဆက် ၅ဆက် မြောက် ချူလာလောင်ကောင် မင်းမြတ်ကို အောက်မေ့တသ သောနေ့အဖြစ် အောက်တိုဘာ ၂၃ရက်နေ့၊ လက်ရှိ ချက္ကရီ မင်းဆက် ၉ဆက်မြောက် ဘုရင်၏ မွေးနေ့ ဒီဇင်ဘာ ၅ရက် တို့သည် ထိုင်းလူမျိုး များ အမြတ်နိုးဆုံး နေ့ကြီး ရက်ကြီးများ ဖြစ်လေသည်။ လမ်းဆုံ လမ်းခွ တိုင်းတွင် သက်ဆိုင်ရာ နေ့အလိုက် သက်ဆိုင်ရာ ပုဂ္မ္ဂိုလ်များ ၏ ပန်းချီ ကားချပ်ကြီး များကို ထောင်ကာ ပန်းမန် နံ့သာ၊ လျှပ်စစ်မီးများ ထွန်းညှိ ပူဇော်ထားသည်မှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်း တည်းဟူသော မင်္ဂလာ တရားတော်နှင့် အညီ ဖြစ်လေသည်။


လွိုင်ကထုံပွဲတော်။ ။ သည်ပွဲတော်သည် ဆူခိုထိုင်း မင်းဆက်က စတင် ကျင်းပခဲ့သည်ဟု ယူဆရသော ထိုင်းပုံစံ နှင့် နိုဝင်ဘာလတွင် ကျင်းပသော မြန်မာ့ရိုးရာ ပုံစံ ကထိန် ပွဲတော်ပင် ဖြစ်လေသည်။ ရွှေကျင် မီးမျှော ပွဲတော် နှင့် ဆင်တူသော မီးဖောင်မျှောပွဲကို အကြီးအကျယ် ပြုလုပ်လေ့ ရှိလေသည်။ သို့သော် ရည်ရွယ်ချက်မှာ အကုသိုလ် အညစ်အကြေး များ စင်ကြယ်ရန်နှင့် ရေနတ်ကို ပူဇော်ရန် ဖြစ်လေသည်။ ထူးခြားချက်မှာ လွိုင်ကထုံမယ်ကို မြန်မာနိုင်ငံမှ လှယဉ်ကျေးမယ် ရွေးသလို ကောင်းခြင်း ငါးဖြာ နှင့် ပြည့်စုံမှုရော၊ မျိုးရိုး အကျင့်ကောင်းမြတ်မှုပါ ပြည့်စုံသူကို ရွေးချယ် ဂုဏ်ပြုခြင်းဖြစ်ပါသည်။

ထိုင်းမှာ အလုပ်လုပ်ချင်ရင်

အရှေ့တောင်အာရှရဲ့ဆုံမှတ်၊ အရှေ့အာရှနဲ့ တောင်အာရှ တို့ကို ဆက်သွယ် ပေးရာ လမ်းဆုံ အဖြစ် အချက်အချာ ကျမှုများကို ပိုင်ဆိုင်ထားပြီး လူနေမှုစားရိတ် သက်သက်သာသာနှင့် ကောင်းမွန်တဲ့ မြို့ပြ အခင်းအကျင်း၊ မီး၊ ရေ၊ စီးပွားရေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ၀န်ဆောင်မှုများ၊ အလုပ် ဖြစ်နိုင်တဲ့ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံ မှုဆိုင်ရာ ပေါ်လစီ များကြောင့် တနေ့တခြား စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာနေတဲ့ ထိုင်းနိုင်ငံမှာ လုပ်သား လိုအပ်ချက် ဟာလည်း တိုးတက်မှု ခေါင်းစဉ် အောက်မှာ ပါဝင်လာ နေပါတယ်။ သည်လို လုပ်အား လိုအပ်မှု ကြောင့် အိမ်နီးချင်း နိုင်ငံများက တရားမ၀င် လာရောက် အလုပ် လုပ်ကိုင်နေ ကြသူများကို သိသာသိစေ၊ မမြင်စေနဲ့ ဆိုတဲ့ အတိုင်း ၁၀ယောက် အဖမ်းပြကာ အယောက် တစ်ရာမက ပြန်ခိုးသွင်း နေကြတာ ထိုင်းရဲများ ကိုယ်တိုင် ဖြစ်ပါတယ်။

တရားဝင် အလုပ်လုပ် လိုသူများ အတွက် ကတော့ ပညာရေး အဆင့်မြင့်သူ များကို အလွန်ပင် အလိုရှိကြပါတယ်။ အလွန် အသုံးဝင်ရာ နယ်ပယ်မှ မဟာဘွဲ့ ရရှိထားသူများကို ထိုင်းနိုင်ငံသား လျှောက်ထားရန် ဆွယ်သည် အထိပင် အလိုရှိ ကြပါတယ်။ လောလောဆယ် ထိုင်းနိုင်ငံမှ အလိုရှိသော ကာယ၊ ဉာဏ လုပ်သားများမှာ အစဉ်လိုက် အားဖြင့်

၁. ကွန်ပျူတာ ကျွမ်းကျင်သူများ
၂. ဆောက်လုပ်ရေး ဆိုင်ရာ ပညာရှင်များ
၃. စက်မှုပိုင်းဆိုင်ရာ ပညာရှင်များ
ဖြစ်ကြပြီး www.jobdb.com တွင်အလုပ် ရှာဖွေ နိုင်ကြပါသည်။ work permit ရရှိပြီးသူများ အနေဖြင့် credit card ကိုင်ဆောင်ခွင့် ရကာ တိုက်ခန်းများ၊ ကားများကို စိတ်ကြိုက် ၀ယ်နိုင်ကြပြီး၊ နိုင်ငံခြားသား များမှာ မီတာ၆၀ ပတ်လည် ရှိသော မြေကွက်ကို ပိုင်ဆိုင်ဝယ်ယူ နိုင်ပါသည်။ ထို့ပြင် work permit ရရှိပြီး သက်တမ်း ၃နှစ်ရှိသူ အမျိုးသမီး များနှင့် သက်တမ်း ၅နှစ်ရှိသူ အမျိုးသားများ Permanent residence လျှောက်ထားခွင့် ရှိပါသည်။ ထို့ပြင် ရှမ်းလူမျိုး ပညာရှင် များကိုမူ ထိုင်းများနှင့် မျိုးနွယ် တူများဟု ဆိုကာ အထူး အခွင့်အရေးများ ပေးကာ ဆွဲဆောင် စည်းရုံးပြီး ထိုင်းနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ခွင့် ပေးကာ ထိုင်းလူမျိုးများနှင့် တန်းတူအခွင့် အရေး ခံစားခွင့် ရလေသည်။

ထိုင်းတွင်အလုပ်လုပ်ကိုင်လိုသူ မြန်မာများအနေဖြင့် ထိုင်းစာနှင့် စကား ကျွမ်းကျင်အောင် သင်ထားခဲ့ နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ အကြောင်းမှာ အသက်၂၀ - ၂၅ ၀န်းကျင် ထိုင်းလူမျိုး များမှာ နောက်ပိုင်း ပညာရေး စနစ်သစ်ကြောင့် အင်္ဂလိပ်စကား အသင့်အတင့် ပြောနိုင် သော်လည်း ကျန်ထိုင်း များမှာ အခြေခံ လောက်ပင် မပြောတတ်၊ နားမလည် ရုံသာမက နိုင်ငံခြားသားနှင့် စကားပြောရမှာ စိုးရွံ့ ထွက်ပြေးခြင်း ဖြစ်ပါသည်။ ပြောပြန်လျှင်လည်း ဘယ်လိုမှ နားမလည် နိုင်လောက်သော ထိုင်းသံဝဲမှု ကိုကြုံတွေ့ နိုင်လေသည်။ နိုင်ငံခြားပြန် ပညာတတ်နှင့် ရာထူးအဆင့် မြင့်မားသူ များကမူ အင်္ဂလိပ်လို ကျွမ်းကျင် ပိုင်နိုင် ပီသစွာ ပြောဆိုနိုင် လေသည်။

ထိုင်းလူမျိုးများဧ။်လက်သုံးစကား "ဆဘိုင်၊ဆဘိုင် " ကိုလည်း နားလည်ပါမှ ဆက်ဆံရေး ပြေပြစ် ပေမည်။ အကြောင်းမှာ အေးဆေးပေါ့ဟု အဓိပ္ပာယ် ရသော ထိုစကား ကဲ့သို့ပင် ကျင့်ကြံသဖြင့် တချိန်လုံး တောင်း ဆို နေရသော တွန်းအားပေးမှု ကို စိတ်ရှည်ရှည် သုံးစွဲရမည် ဖြစ်သောကြောင့် တည်း။ ထိုင်းများဧ။် အပြုံး ကိုလည်း နားလည်မှု မမှားပါမှ ဒုက္မ္ခ ရောက်မှုမှ လွတ်ကင်းပါမည်။ Land of Smiles ဟု အမည်တွင် သော ထိုင်းများ သည် ချစ်၊ မုန်း၊ အားကျ၊ မနာလို၊ ပျော်၊ စိတ်ညစ်၊ စိတ်ဆိုး၊ ကျေနပ်သော အခါတိုင်း ပြုံးလေရာ ကိုယ့်ကိုပြုံးပြီး ဆက်ဆံ တိုင်း ဆက်ဆံရေး ကောင်း သည်ဟု ထင်မှတ် မှားပါက မြန်မြန် ဒုက္မ္ခ ရောက်ပေ မည်။

လမ်းမှားလျှင် မြေပုံကို အားကိုးတတ်သော အလေ့အကျင့် ကိုလည်း ပျိုးထောင်ပါမှ ကိုယ့်ကိုယ်ကို ချစ်သနား ရာ ရောက်ပေမည်။ မဟုတ်လျှင် ပြီးလျှင် ပြီးရော လမ်းညွှန်လေ့ ရှိသော ထိုင်းများ ကြောင့် မလို ရာ ရောက်ကာ လမ်းပျောက် တတ်လေသည်။ ထို့ပြင် မြန်မာပြည်တွင် အကျင့်ပါ ခဲ့သည့်အတိုင်း ဘဏ်ကို မယုံ ဘဲ ရှိသမျှငွေ ကိုအိတ်ထဲ ထည့်ထား တတ်သော မြန်မာ့ အကျင့်ကို သိပြီး ဖြစ်နေသော ခါးပိုက်နှိုက် များက မြန်မာစကား ပြောသံ ကြားသည်နှင့် နောက်ယောင်ခံ လိုက်ကာ အလစ်သုတ် လေ့ရှိကြောင်း ဈေးအများဆုံး တည်ရှိရာ ဆူခမ်ဗစ် ရပ်ကွက် ရဲစခန်းမှ စခန်းမှူးက အတည်ပြု ပြောကြားလေသည်။ သည်မျှဆိုလျှင် ထိုင်းတွင်အလုပ် လုပ်နိုင်ရန် ဗဟုသုတ စုံလောက်ပြီ ဟု ယူဆမိပါသည်။

(မခွန်မြလှိုင်ရဲ့ ဘလော့မှ ယူသုံးထားပါသည်။ )

Thursday, July 26, 2007

လော့ဘူရီအကြောင်းသိကောင်းစရာ

၁၀-၁၃ ရာစုနှစ် များအတွင်း ခမာတို့ဧ။် အရေးပါသော ရှေးဟောင်း မြို့များတွင် ပါဝင်သော မြို့ ဖြစ်ခဲ့ပြီး မူရင်း အမည်မှာ လောင်ဝ်မြို့ဟု အမည် တွင်ခဲ့သည်။ ထို့ကြောင့် ပျက်စီး ယိုယွင်း နေသော ခမာလက်ရာ များကို မြို့တွင်းနှင့် မြို့ပတ်လည် တို့တွင် ယ နေ့တိုင် တွေ့နိုင် သေးသည်။ အယုဒ္မ္ဓယ ခေတ်က နရိုင်းသည်ဂရိတ်မင်း ခေါ် နရဲစွမ်မင်း၊ မြန်မာအခေါ် ဗြနရာဇ်မင်း လက်ထက်တွင် လော့ဘူရီကို ဒုတိယ မြို့တော် အဖြစ် သတ်မှတ်ကာ ပြင်သစ် ဗိသုကာ ပညာရှင်များ အကူအညီဖြင့် မြို့ကို ပြန်လည် တည်ထောင် ခဲ့သဖြင့် ဗိသုကာ လက်ရာ အများစုမှာ ထိုအချိန် အခါက ထိုင်းနှင့် ပြင်သစ် လက်ရာများ ရောနှောလျက် ရှိနေသည်။

နရိုင်း ရတ်ချနီဝပ် နန်းတော်။ ။မြို့လယ်ခေါင်ရှိ သည်နန်းတော်ကို နရိုင်းမင်းက ၁၆၆၅ ခုနှစ်မှ စတင် တည်ခဲ့ရာ ၁၂နှစ်ကြာ အချိန် ယူခဲ့ပြီး ၁၆၇၇ ခုနှစ် ရောက်မှ ပြီးစီး ခဲ့သည်။ ယခုအခါ နန်းတော်ဝင်း တစ်ခုလုံး သည် လော့ဘူရီ အမျိုးသား ပြတိုက် အဖြစ်ဖြင့် သမိုင်း ဆိုင်ရာ အဆောက် အဦများကို စောင့်ရှောက် လျက် ရှိလေသည်။

ဖရာ့ပရန်စန်ရော့။ ။လော့ဘူရီဧ။် အထင်ရှားဆုံး မြင်မှတ် ဖြစ်ပြီး ယခင် က ဟိန္မ္ဒူ ဘုရား ရှိခိုးကျောင်း ဖြစ်ခဲ့ကာ ဘူတာရုံ အနီးတွင် တည်ရှိ လေသည်။ ဂ၀ံ ကျောက်တုံး များနှင့် သဲကျောက်တုံး များဖြင့် တည်ဆောက် ထားသော လော့ဘူရီ ဗိသုကာ လက်ရာ ဖြစ်ပြီး ဘိလပ်မြေဖြင့် အချောကိုင် တန်ဆာဆင် ထားသည်။ ဖန်ဆင်းသူ ဗြဟ္မ္မာ၊ စောင့်ရှောက်သူ ဗိဿနိုး နှင့် ဖျက်ဆီးသူ ရှီဗ တို့ကို ကိုယ်စား ပြုသော မျှော်စင် သုံးခုလည်း ရှိလေသည်။ နရိုင်းမင်း လက် ထက်တွင် သည် ဘုရားကျောင်းကို ဗုဒ္မ္ဓ ဘာသာ ဘုရားကျောင်း အဖြစ် ပြောင်းလဲ ခဲ့သည်။

ဝပ် ဖရာ စရီရတနာ မဟာထပ်။ ။ကျယ်ဝန်း လှသော ဘုရား ပရ၀ုဏ်တွင်း တွင် သည်ဘုရား နှင့်အတူ အခြား စေတီငယ် များစွာနှင့် အာရုဏ်ခံ တန်ဆောင်းများ လည်း ရှိလေသည်။



ရှုမဆုံးသောနေကြာခင်း။ ။ဘန်ကောက်မှ ၁၅၀ ကီလိုမီတာ ဝေးကွာသော အရပ်တွင် တည်ရှိပြီး ဆာလာဘူရီ မြို့ကို ဖြတ်ကာ ကားဖြင့် အလွန် သက်တောင့် သက်သာ သွားလာ နိုင်သော နေရာတွင် တည်ရှိပါသည်။

ဆဖန်ဘူရီအကြောင်းသိကောင်းစရာ

ရှေးဟောင်းဘုရားများနှင့် ယဉ်ကျေးမှု အနုပညာ လက်ရာများ ကြွယ်ဝရာ ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပြီး သချင်မြစ်ကမ်း ပေါ်တွင် တည်ရှိကာ အယုဒ္မ္ဓယခေတ်က အရေးပါသော စစ်ခံတပ်မြို့ ဖြစ်ခဲ့ ပါသည်။

ဝပ် ပလဲလိုင်။ ။ သည်ဘုရားသည် အလွန်ရှေးကျ အိုဟောင်း နေသော ဘုရား ဖြစ်ပြီး မြို့ထဲရှိ မလိုင်မန် လမ်းဘေး၊ မြစ်ဧ။် အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်က ဆောက်လုပ် ခဲ့သည်ဟု ယုံကြည် ကြပြီး ၂၃မီတာ မြင့်သော လွမ်ဖိုတို အမည်ရ ထိုင်တော်မူ ဗုဒ္မ္ဓ ဆင်းတုတော်ကြီး ကိုလည်း ဖူးမြော် နိုင်သည်။
ဘုရားပွဲတော်ကို ဧပြီနှင့် နိုဝင်ဘာလ တို့တွင် နှစ်စဉ် တစ်နှစ် နှစ်ကြိမ် ကျင်းပလေ့ ရှိပါသည်။ ယခင်က သည်ဆင်းတု တော်ကြီးသည် လေဟာပြင်တွင် တည်ရှိ ခဲ့သော်လည်း ယခုအခါ နေမိုး ဒဏ် ကာကွယ်ရန် အာရုဏ်ခံ တန်ဆောင်းကို တည်ဆောက် ထားပြီ ဖြစ်လေသည်။
ထို့အပြင် ထိုင်း ရှေးဟောင်း ရိုးရာ ပုံစံဖြင့် ဆောက်လုပ် ထားသော ခမ်ခန်ချန် အိမ်ကြီး ကိုလည်း သည်ဘုရား ပရိဝုဏ် အတွင်းတွင် တည်ဆောက် ထားလေသည်။ သည်အိမ်ကြီး သည် ဘန်ကောက် ခေတ်ဦး ပိုင်းဧ။် အကြီးကျယ်ဆုံး ကဗျာ စာဆိုရှင်ဧ။် ကဗျာဉာဏ် ကွန့်မြူးမှု အတိုင်း တည်ဆောက် ထားခြင်း ဖြစ်လေသည်။

ဘူအန် ချဝပ် ချာလီယွန် ဖရာကိရတ် မြစ်ကျိုးအင်း။ ။ သချင်မြစ်ကြောင်း ပြောင်းလဲရာမှ ဖြစ်ပေါ် လာသော မြစ်ကျိုးအင်းကို ထိုင်းဘုရင်ဧ။် နန်းသက် ၅၀ပြည့် နှစ်တွင် ဖွံ့ဖြိုးရေး စီမံချက် အဖြစ် ပြန်လည် မွမ်းမံခဲ့ရာ ၁၀.၄ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ စိုက်ပျိုးမြေ များအတွက် ရေသွင်းရန် ရေချို ကုဗမီတာ ဆယ်သန်း သိုလှောင် နိုင် သော ဆည်ဖြစ် လာခဲ့သည်။ ဒေသထွက် သီးနှံဥယျာဉ်၊ သားရိုင်း တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး သဘာဝ ဥယျာဉ်နှင့် ရေချိုတွင် ကျက်စားသော ရေနေ သတ္တ၀ါပြခန်း တို့ကိုပါ တိုးချဲ့ ဆောက်လုပ် ထားလေသည်။


ဥသောင်း ပြတိုက်သည် ဆဖန်ဘူရီတွင် တည်ရှိပြီး ဒွါရာဝတီ ခေတ်လက်ရာ များကို စုစည်း တင်ပြ ထားသော ဂုဏ်ယူ အထင်ကြီးဖွယ် ပြတိုက် ဖြစ်လေသည်။ ဆဖန်ဘူရီသည် ဒွါရာဝတီ ခေတ် ယဉ်ကျေးမှုနှင့် သူ့လက်ရာ များအတွက် အရေးပါသော စုရပ်ဖြစ်ကာ ဒေသခံများက ခင်းကျင်း ပြသထား သည်ကိုပင် တွေ့နိုင်လေသည်။ အေဒီ ၁၁-၁၂ ရာစု ခန့်က ဒွါရာဝတီ ခေတ်လက်ရာ များကို ယနေ့တိုင် တွေ့နိုင်ပါသည်။ ထိုခေတ် လူများသည် မွန်-ခမာ အနွယ်ဝင်များ ဖြစ်ကြပြီး ထိုခေတ်က ယဉ်ကျေးမှု ဗိသုကာ လက်ရာ များကို အခြေခံကာ အများစုမှာ ခမာလူမျိုးများ ဖြစ်ကြ သည်ဟု ခန့်မှန်း ရပါသည်။ သို့သော် မွန်များသည် ပိုမို ဒဏ္ဍာရီ ဆန်ပြီး စိတ်ဝင်စားစရာ ကောင်းကာ ယနေ့ ထက်တိုင် ထိုင်းနှင့် မြန်မာ နိုင်ငံ တို့တွင် ပျံ့နှံ့ နေထိုင် ကြလေသည်။

Wednesday, July 25, 2007

စမွတ်ပရာကန်အကြောင်းသိကောင်းစရာ


ဘန်ကောက်ဧ။် တောင်ဘက် ၂၉ကီလိုမီတာ အကွာတွင် တည်ရှိပြီး ထိုင်းပင်လယ်ကွေ့ အတွင်းသို့ ကျောက်ဖယား မြစ် စီးဝင်ရာ ဒေသတွင် တည်ရှိသည်။ အယုဒ္မ္ဓယခေတ်က သာမန် မြို့တစ်မြို့ မျှသာ ဖြစ်သော်လည်း ယခုအခါ မရေတွက် နိုင်သော သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် များကို စုစည်း တင်ပြရာ နေရာရော၊ စက်မှု ဇုန်ကြီး များပါ တည်ရှိရာ နေရာကြီး အဖြစ် ဖွံ့ဖြိုး တိုးတက် စည်ပင် လာခဲ့ လေသည်။



ရှေးဟောင်းမြို့ တစ်မြို့ ဖြစ်သည့်အတွက် လည်ပတ်စရာ စုံလှသည်ကိုလည်း သည်နေရာတွင် တွေ့နိုင်လေသည်။ ထို့ပြင် ဧရာဝဏ် ပြတိုက်လည်း ထင်ရှားကျော်ကြားလေသည်။





မူအန်ဘိုရမ် ရှေးဟောင်းမြို့။ ။ သည်ပြတိုက်သည် ဧက၂၀၀ခန့် ကျယ်ဝန်းပြီး ကမ္န‡ာ့အကြီးဆုံး လေဟာပြင်ပြ တိုက် ဖြစ်လေသည်။ ၁၉၆၃ ခုနှစ် နှောင်းပိုင်းတွင် သည်ပြတိုက်မြို့ကို စတင် တည်ဆောက် ခဲ့သည်။ သည်ပြတိုက်သည် စမွတ်ပရာကန်မြို့မှ ၈ကီလိုမီတာ၊ ဆူခမ်ဗစ်လမ်းမှ ၃၃.၅ ကီလိုမီတာ ဝေးကွာသော ဘန်ပူး အရပ်တွင် တည်ရှိပြီး ပုံသေး ချုံ့ထားသော သမိုင်းဆိုင်ရာ အရေးပါသော နယ်မြေများဧ။် ပုံတူများကို တစ်နေရာ တည်းတွင် တဆက်တည်း ကြည့်ရှုနိုင်ရန် ဆောက်လုပ် ထားခြင်း ဖြစ်လေသည်။ အမျိုးမျိုးသော တိုင်း၊ ခရိုင်တို့မှ သမိုင်းဝင်နေရာများဧ။် ပုံစံတူများကို ကြည့်ရှု လေ့လာနိုင်ပြီး ဆူခိုထိုင်းမှ ၀ပ်မဟာထပ်၊ ဆာလာဘူရီမှ ဖရာ့ဗုဒ္မ္ဓဘတ်၊ မူအန်နခွန်မှ ဖရာထပ်၊ ဖနွန်ရမ်မှ ဖရာဆပ်ဟင်နှင့် ဖရာထပ်ချိုင်းယ အစရှိသဖြင့်တို့ပါဝင်သည်။

ဖွင့်ချိန်နှင့် ၀င်ကြေး။ ။မနက်၈နာရီမှ ညနေ၅နာရီအတွင်းနေ့စဉ်ဖွင့်လှစ်ပြီး
လူဝင်ကြေးမှာလူကြီးတစ်ဦးလျှင် ဘတ်၅၀။
၁၂နှစ်အောက်ကလေးတစ်ဦးလျှင် ၂၅ဘတ်။
၅နှစ်အောက်ကလေး-အခမဲ့
ကားဝင်ကြေးမှာ ဆလွန်းကားတစ်စီးလျှင် ဘတ်၅၀။
ဘင်ကားတစ်စီးလျှင် ဘတ်၁၀၀။
ဇိမ်ခံဘတ်စ်ကားတစ်စီးလျှင် ဘတ်၂၀၀။

ခရီးစဉ်လမ်းညွှန်

မော်တော်ကား။ ။ဆမ်ရွန်-ဆမွတ် ပရာကန် လမ်းမကြီး အတိုင်း သွားပြီး ဆမွတ် ပရာကန်ရှိ အင်္ဂလိပ်အက္မ္ခရာ တီပုံ လမ်းဆုံရောက်လျှင် ဘယ်ဘက်သို့ ကွေ့ပြီး ဆူခန်ဗစ် လမ်းဟောင်း အတိုင်း ၃၃ ကီလိုမီတာခန့် သွားပြီးလျှင် မူအန် ဘိုရမ် ပြတိုက်မြို့ အ၀င် လမ်းညွှန်
ဆိုင်းဘုတ်ကို တွေ့ပါမည်။ ထိုအ၀င်လမ်း အတိုင်း ၈ ကီလိုမီတာ ခန့်သွားလျှင် ဘယ်ဘက်တွင် ပြတိုက်မြို့ကို မြင်ရမည် ဖြစ်ပါသည်။

ဘတ်စ်ကား။ ။ ဘန်ကောက်မြို့ ပန်ကလောင်း အရပ်မှ ဂိတ်စသော ဘတ်စ်ကားအမှတ် ၁၁ကိုစီးကာ ပတ်နမ် အရပ် ဂိတ်ဆုံးတွင် ဆင်းပါ။ ဂိတ်ဆုံး မှတဖန် မီနီဘတ်စ်ခေါ် ဘတ်စ်ကားငယ် အမှတ် ၃၆ကို ထပ်မံစီးပါက ဂိတ်ဆုံး လျှင် ရောက်ပါသည်။



စမွတ်ပရာကန်မိကျောင်းမွေးမြူရေးခြံနှင့် တိရစ္ဆာန်ဥယျာဉ်

၁၉၅၀က စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံဧ။် ပထမဆုံးဖြစ်ကာ ယခုအခါ ကမ္န‡ာ့အကြီးဆုံး မိကျောင်း မွေးကန် ဖြစ်လေသည်။ ဆမွတ်ပရာကန် မြို့လယ်မှ ၃ကီလိုမီတာ ကွာဝေးသော တိုင်ဘန် အရပ်တွင် တည်ရှိပြီး မိကျောင်း အရွယ်စုံ အမျိုးစုံ အကောင်ရေ ၄၀၀၀၀ခန့်မွေးမြူ ထားလေသည်။ အစာ ကျွေးချိန်မှာ ညနေ၄နာရီခွဲ မှ၅နာရီခွဲ၊ ပြပွဲချိန်မှာ နေ့လယ် ထမင်းစားချိန် မှလွဲပြီး မနက် ၈နာရီမှ ညနေ ၅နာရီကြား တစ်နာရီတိုင်း၊ အထူး ပြပွဲများမှာ အများပြည်သူ ရုံးပိတ်ရက် များတွင် နေ့လယ်၁၂နာရီမှ ညနေ ၅နာရီကြား တစ်နာရီတိုင်း ဖြစ်ပါသည်။ ဆင်ဆက်ကပ် မှာ မနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲကြား တစ်နာရီတိုင်း တွင်ဖြစ်ပြီး အခြား သတ္တ၀ါများ ဖြစ်သော ကျား၊ ချင်ပန်ဇီ မျောက်၊ ဂစ်ဘွန်မျောက်၊ ကုလားအုတ်၊ ရေမြင်းနှင့် အခြားသတ္န…၀ါ များကိုလည်း ကြည့်ရှုနိုင်ကာ ယဉ်ပါးနေသော ထိုသတ္န…၀ါများ နှင့်အတူ တွဲပြီး ဓာတ်ပုံ ရိုက်နိုင်လေသည်။

ဒိုင်နိုဆော ပြတိုက်တွင် အသက် ရှိစဉ်က အရွယ်အစား အတိုင်း ဖန်တီး ပြုလုပ်ထားသော ဒိုင်နိုဆော ရုပ်တုများနှင့် ၁၃ မျိုးသော ဒိုင်နိုဆောများဧ။် အရိုးများကို ပြသ ထားလေသည်။ ထို့ပြင် လူနှင့်သမိုင်းဦး သတ္တ၀ါများ အကြောင်း ကိုလည်း ရုပ်ပုံ ကားချပ်များကို မီးမောင်းထိုးကာ ရုပ်ရှင် သဖွယ် တင်ဆက်ပြသ ရှင်းလင်း ပြောပြပါသည်။ သည်ပြတိုက် ကို မနက် ၇နာရီမှ ညနေ ၆နာရီ အတွင်း နေ့စဉ် ဖွင့်လှစ်ပါသည်။

ဝင်ကြေး။ ။ ၀င်ကြေးမှာလူတစ်ဦးလျှင် ဘတ်၃၀၀။

ခရီးစဉ်လမ်းညွှန်
ဘတ်စ်ကား။ ။အဲယားကွန်းဘတ်စ်အမှတ် ၇၊ ၈၊ ၁၁ အဆင်ပြေရာ (သို့မဟုတ်) သာမန် ဘတ်စ်ကား အမှတ် ၂၅၊ ၁၀၂ တို့ကို စီးကာ ဆမွတ် ပရာကန် ရောက်လျှင် ဒေသသုံး ထရပ်ကား ပုံစံ ဘတ်စ်ကား အမှတ်.၁ နှင့် .၈၀ တို့ကို ထပ်မံ စီးနင်းကာ ရောက်ရှိ နိုင်ပါသည်။

ကန်ချနပူရီ အကြောင်း သိကောင်းစရာ

ကန်ချနပူရီသည် ဘန်ကောက်မြို့ အနောက်ဘက် ကီလိုမီတာ ၁၃၀ခန့် ဝေးကွာသော အရပ်တွင် တည်ရှိပြီး မြစ်များနှင့် မြစ်ဘေး အပန်းဖြေ ရိပ်သာများ ကြောင့် သာယာ လှပလျက် ရှိလေသည်။ ဘန်ကောက်မှ ကားဖြင့် နှစ်နာရီအတွင်း ရောက်နိုင် လေသည်။ ကန်ချနပူရီ၏ အဓိက ဆွဲဆောင်မှု မှာ ကမ္ဘာကျော် ကွေးမြစ်ကူး တံတား ဖြစ်ပြီး ယင်းနှင့် အနီးတ၀ိုက်တွင်သူရဲကောင်း စစ်သည် ဗိမာန်နှင့် စစ်သမိုင်း ပြတိုက် ရှိလေသည်။

ဒုတိယကမ္န‡ာစစ်အတွင်း ဂျပန်တို့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သွားရောက်ကာ သူတို့၏စစ်တပ် များကို ထောက်ပံ့နိုင်ရန် စစ်သုံ့ပန်းများနှင့် ပြည်တွင်းမှ လူများကို ချွေးတပ်ဆွဲကာ ဖောက်လုပ် ခဲ့သော သေမင်းတမန် မီးရထားလမ်းမှာ သည်တံတားပေါ်က ဖြတ်သန်း သွားလေသည်။ ထိုရထားလမ်း အတွက် မြန်မာနှင့် ထိုင်းလူမျိုး များစွာ ချွေးတပ် အဆွဲခံရပြီး အများစုမှာ ရထားလမ်း ဖောက်စဉ်မှာပင် သေဆုံးခဲ့ ကြရသည်။ မူလတံတားမှာ စစ်အတွင်း ၁၉၄၅ ခုနှစ်က မဟာမိတ်တပ်များ ဗုံးကြဲ တိုက်ခိုက် ခံရစဉ်က ပျက်စီးခဲ့ပြီး စစ်ကြီးပြီး သောအခါ ပြန်လည် တည်ဆောက် ထားခြင်း ဖြစ်လေသည်။ သို့သော်မူရင်းနှင့် ပြုပြင်မှု ကွဲပြားစွာ မြင်နိုင်ရန် ပြန်လည် တည်ဆောက် ထားသော တံတားပိုင်းကို လေးထောင့်သဏ္ဍာန် ပြုလုပ်ထားပြီး မူရင်းတံတားမှ ကြွင်းကျန် ရစ်သည့် တံတားပိုင်းကို အခုံးပုံ သဏ္ဍာန်ဖြင့် တွေ့မြင် နိုင်လေသည်။ တံတားဧ။် အရှေ့ဘက် ခြမ်းတွင် မီးရထား လမ်းပြေး ကားငယ်နှင့် မီးရထား ပြတိုက်ဥယျာဉ် တည်ရှိပါသည်။


စန်ဂ်ချုတို လမ်းပေါ်ရှိ မီးရထား ဘူတာရုံနှင့် မျက်နှာချင်းဆိုင်တွင် ကန်ချနဘူရီ စစ်သင်္ချိုင်း တည်ရှိသည်။ သေမင်းတမန် ရထားလမ်း ဖောက်လုပ်စဉ် သေဆုံး ခဲ့သော စစ်သုံ့ပန်း ၆၉၈၂ ဦးကိုမြှုပ်နှံထားသည်။ သို့သော် တကယ် သေဆုံးခဲ့သူ ဦးရေမှာ ခန့်မှန်းခြေ စစ်သုံ့ပန်း ၁၂၃၃၉ ဦးနှင့် ချွေးတပ်သား ၇၀၀၀၀ နှင့် ၉၀၀၀၀ ဦးရေကြား သေဆုံး ခဲ့ကြပြီး ဆောက်လုပ်ရေး လုပ်သား နှစ်ဆယ် ရာခိုင်နှုံန်း သေဆုံးခဲ့သည်ဟု ယူဆကြ ပါသည်။

စိုင်ရော့ အမျိုးသား သဘာဝ ဥယျာဉ်သည် ၃၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ထူးခြား ဆန်းကြယ်သော သဘာဝ လိုဏ်ဂူများနှင့် ခွေ့နွိုင် မြစ်တွင်းသို့ တိုက်ရိုက် စီးဝင်သော စိုင်ရော့ရိုင် ရေတံခွန် တို့ကြောင့် ကျော်ကြား လေသည်။ ဘန်ဂလို အိမ်ငယ်များ၊ မြစ်တွင်းစီး ဖောင်များ၊ ပျော်ပွဲစား အသုံးအဆောင် ပစ္နည်းများကို လွယ်ကူစွာ ၀ယ်ယူ ငှားရမ်းနိုင်ခြင်းနှင့် နေ့ခင်း ဈေးဆိုင်များ ကလည်း လည်ပတ်သူ များကို များစွာ အထောက်အပံ့ ပေးလေသည်။

သမိုင်း ပညာရှင်များဧ။် မှတ်သားချက် များအရ ရှေးဟောင်း ကန်ချနဘူရီသည် ဘန်လက်ရာ အရပ်တွင် ရွာငယ် အသွင်ဖြင့် တည်ရှိပြီး လက်ရှိမြို့ဧ။် မြောက်ဘက် ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိ ပါသည်။ ကန်ချနဘူရီဧ။် ရေတံခွန်များ၊ တောင်များနှင့် သဘာဝလိုဏ်ဂူများ၊ သဘာဝ ဥယျာဉ် များနှင့် ကွေးမြစ်တို့ဧ။် သဘာဝ ပတ်ဝန်းကျင် အလှအပများက ခရီးသွားများကို ဆွဲဆောင်သော အဓိက သော့ချက် ဖြစ်လေသည်။ သဘာဝ ဥယျာဉ် တွင်းရှိ ၇ဆင့် ရှိသော ဧရာဝဏ် ရေတံခွန်၊ စစ်သမိုင်း ပြတိုက်၃ခု၊ စစ်သင်္ချိုင်း၂ခု၊ သဘာဝ ပြတိုက် တစ်ခု၊ ရေပူစမ်း၊ ထိုင်းနှင့် တရုတ် ဘုရားကျောင်းများနှင့် တစ်ခုတည်းသော သေမင်းတမန် ရထားလမ်း တို့သည် ကန်ချနပူရီသို့ သွားရောက် လည်ပတ်ရန် စေ့ဆော်သော အချက်များ ဖြစ်ပါသည်။

၏ခရီးစဉ်လမ်းညွှန်

မော်တော်ကား။ ။ (၁)ဘန်ကောက်မှ နခွန်ချိုင်စီနှင့် နခွန်ပသွန် တိုင်းကို ဖြတ်ပြီး ဖတ်ခဆမ်(ဏ့နအျုေနာ) အမှတ်၎ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် လမ်းတွင် ဘန်းပွန်၊ သာမခနှင့် သာမူအန် တို့ကို ဖြတ်ပြီး ကန်ချနဘူရီသို့ ရောက်လေသည်။ (၂) ဘန်ကောက်မှ အမှတ်၃၃၈ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် နခွန်ချိုင်စီ သို့ ရောက်ပြီး ထိုမှတဆင့် အမှတ်၎ အဝေးပြေး လမ်းမကြီး အတိုင်း သွားလျှင် ကန်ချနဘူရီသို့ ရောက်ပါသည်။

ဘတ်စ်ကား။ ။ ဘန်ကောက်မြို့ဧ။် တောင်ပိုင်းအဝေးပြေးဂိတ်မှ ကန်ချနဘူရီသို့ မနက်၎နာရီမှ ည ၈နာရီအတွင်း ၁၅မိနစ်တိုင်း သာမန်ဘတ်စ်ကားတစ်စီးနှုံးထွက်လေ့ရှိကာ ကားမောင်းချိန်၃နာရီအတွင်း ကန်ချနဘူရီသို့ရောက်ပါသည်။ ဆက်သွယ်ရန်ဖုန်း ၆၆၂-၄၃၄-၅၅၅၇နှင့် ၆၆၂-၄၃၄-၅၅၅၈တို့သို့ စုံစမ်းနိုင်ပါသည်။ ပထမတန်းစားလေအေးစက်တပ်ဘတ်စ်ကားများသည်လည်း သည်အဝေးပြေးဂိတ်မှပင် ၂၅မိနစ်တိုင်းကားတစ်စီးနှုံးထွက်လေ့ရှိပါသည်။ ဆက်သွယ်ရန် ၀၂ ၄၃၅ ၅၀၁၂ယ ၀ ၂၄၃၅ ၁၁၉၉ သမ ၀၂ ၈၈၄ ၆၂၄၉ သမ တတတ.အမညျေစသမအ.ခသ.အ့ သို့ဆက်သွယ်နိုင်ပါသည်။ နခွန်ပသွန်၊ ရတ်ချဘူရီနှင့် ဆဖန်ဘူရီ အဝေးပြေးဂိတ်များ မှလည်း ကန်ချနဘူရီ သို့တိုက်ရိုက်ပြေးသော ကားများရှိပြီး ၁နာရီခွဲမှ နှစ်နာရီခွဲခန့်ကြာ ကားမောင်းလျှင် ရောက်ပါသည်။

မီးရထား။ ။ သာမန်မီင်္းရထားများသည်ဘန်ကောက်ထုံဘူရီအရပ်ရှိဘန်ကောက်နွိုင် ဘူတာရုံမှ နေ့စဉ်ထွက်ပါသည်။ တတိယတန်းစားခုံများသာရရှိနိုင်ပြီး ဘန်ကောက်မှ ကန်ချနဘူရီထိ ၃နာရီခန့် ကြာနိုင်ပါသည်။

စနေ၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင်ဟွာလန်ဖုန်းအရပ်ရှိဘန်ကောက်ဘူတာကြီးမှအထူးရထားသည် မနက်၆နာရီခွဲခန့်တွင်ကန်ချနဘူရီသို့ထွက်ပြီး ည ရနာရီ ၅၅မိနစ်တွင် ကန်ချနဘူရီမှဘန်ကောက်သို့ ပြန်လည် ခုတ်မောင်းလာပါသည်။ သည်ရထားသည် လမ်းခရီးတလျှောက်တွင်ဖရာ့ပထုံစေတီ၊ သေမင်းတံမန်တံတားနှင့် ဖရာစပ်မူအန်စင်ဂ်သမိုင်းဥယျာဉ်တို့သို့သွားသော မီနီဘတ်စ်ကားဂိတ်တို့တွင် ရပ်နားပေးပါသည်။ ကန်ချနဘူရီမှ ၀မ်ဖိုသို့ အထူးရေနွေးငွေ့သုံးရထားဖြင့်လည်း ပြေးဆွဲပေးသော အပျော်စီးရထားရှိပါသည်။

ကန်ချနဘူရီမြို့ဝန်းကျင်သည် ခြေကျင်လျှောက်လေ့လာလိုပါကရနိုင်သော်လည်း မြို့ကိုနှံ့စပ်စွာလည်ပတ်နိုင်ရန် စက်ဘီး၊ မော်တော်ဆိုင်ကယ်နှင့် ကားတို့ဖြင့်လည်းလည်ပတ်နိုင်လေသည်။ မဲ့နမ်ကွေးလမ်းပေါ်ရှိ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဆိုင်များမှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို ငှားရမ်းနိုင်ပါသည်။

ထိုင်းအခေါ် ပစ္စနုလောက်၊ မြန်မာအခေါ် ပိဿလောက် အကြောင်း သိကောင်းစရာ

ဘန်ကောက်၏ မြောက်ဘက် ကီလိုမီတာ ၃၉၀ ဝေးကွာသော အရပ်တွင် တည်ရှိသော ပစ္စနုလောက်တွင် သက်တောင့်သက်သာ ရှိသော နားနေရန် ဟိုတယ်အနည်း ငယ်သာ ရှိသော်လည်း ပတ်ဝန်းကျင်ရှိ ဆူခိုထိုင်း၊ ကဖန်ဖတ် (မြန်မာအခေါ် ကမန်ပိုက်)နှင့် စရီစတ်ချနာ လိုင်မြို့ ဟောင်းများ သို့ပါ သွားရောက် လည်ပတ် နိုင်လေသည်။ ပစ္စနုလောက်၏ အဓိက ဆွဲဆောင်မှုမှာ ၀ပ်ဖရာစရီ ရတနာ မဟာထပ် ကျောင်းတွင်းရှိ ဖရာ့ဗုဒ္မ္ဓ ချင်နရတ်ဟု အမည် တွင်သော ကြေးသွန်း ထိုင်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်လေရာ မြဘုရားပြီးလျှင် ထိုင်းလူမျိုးများ အမြတ်နိုးဆုံး ဘုရား ဖြစ်သောကြောင့် ထိုင်းများ၏ မဟာမြတ်မုနိဟု ခေါ်ဆိုနိုင် လေသည်။
ခရီးစဉ်လမ်းညွှန်


မီးရထား။ ။ ဘန်ကောက်နှင့် ချင်းမိုင်သွား မီးရထားသည် နေ့ရထားနှင့် ညရထား နှစ်မျိုးရှိပြီး နှစ်မျိုးလုံးသည် ပစနုလောက်တွင် ခရီးတထောက် နားသည့်အတွက် လွယ်ကူ အဆင်ပြေစွာသွားလာနိုင်ပါသည်။ ပစ္နနုလောက် မှတဆင့် ဆူခိုထိုင်းနှင့် စရီ စတ်ချနာလိုင် ရှေးဟောင်း မြို့များသို့လည်း ဘတ်စ်ကားဖြင့် လွယ်ကူစွာ သွားလာ နိုင်ပါသည်။

ဘတ်စ်ကား။ ။ မိုချစ် အဝေးပြေး ကားဂိတ်မှ နေ့စဉ် ဘတ်စ်ကားများ တစ်နာရီခြားတစ်ခါ ထွက်လေ့ရှိပါသည်။