Sunday, August 12, 2007

ဘန်ကောက်တွင် လျှောက်လည်ချင်လျှင်

ထိုင်းနိုင်ငံဧ။် ခရီးသွားလုပ်ငန်းကို မြှင့်တင် နိုင်ရေး အတွက် Tourism Authority of Thailand (TAT) ကကြီးမှုးပြီး ဘေးထွက် ဆိုးကျိုး အနည်းဆုံးနှင့် စည်းစနစ် ကျနသော အကောင်းဆုံး ခရီး သွားလာရေး လုပ်ငန်း ဖြစ်စေရန် သုတေသနများ ပြုလုပ်ပြီး ဖွံ့ဖြိုးရေး ဆိုင်ရာ ပေါ်လစီများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေပါသည်။ ထိုင်းနိုင်ငံဧ။် ခရီးသွားလုပ်ငန်းကို
၁.ရိုးရာယဉ်ကျေးမှုကိုအခြေခံသော ခရီးသွား လုပ်ငန်း (Cultural Tourism)
၂. သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်း (Ecotourism)
၃. ကျေးလက်ဘ၀ကို အခြေခံသော ခရီးသွား လုပ်ငန်း (Country Tourism)
၎.စွန့်စားမှုကို အခြေခံသော ခရီးသွား လုပ်ငန်း (Adventure Tourism)
၅. ကောင်းကင်ရှုခင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Aero Tourism)
၆.စိုက်ပျိုးရေးကို အခြေခံသော ခရီးသွား လုပ်ငန်း (Agritourism)
၇.ကျန်းမာရေးအတွက် ဆေးစစ်ခြင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Health Tourism)
၈. ပညာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Education Tourism)
၉. ဈေးဝယ်ထွက်ခြင်းကို အခြေခံသော ခရီးသွားလုပ်ငန်း (Shopping Tourism)
၁၀.ကစားကွင်းများ၊ ပြတိုက် များကို အခြေခံသော ခရီးသွား လုပ်ငန်း (Amusement Tourism)
၁၁. လောင်းကစားခြင်းကို အခြေခံသော ခရီးသွား လုပ်ငန်း (Gambling Tourism)
စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်လေသည်။ ယင်းတို့ထဲမှ ဘန်ကောက်မြို့ အနီးတ၀ိုက်တွင် မြန်မာများ စိတ်ဝင်စားဆုံး ဖြစ်သော ခရီးသွား လုပ်ငန်း အမျိုးအစား များကို တင်ပြပါမည်။

ရိုးရာ ယဉ်ကျေးမှုကို အခြေခံသော ခရီးသွား လုပ်ငန်း (Cultural Tourism)
သည် ခရီးသွား ခြင်းတွင် ဘုရားဖူးထွက်ခြင်း၊ ရှေးဟောင်းနှင့် သမိုင်းကြောင်း ဆိုင်ရာ အဆောက် အအုံများ၊ မြို့ဟောင်း များသို့ သွားရောက် လေ့လာခြင်း၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရစ်ခဲ့ရာ နေရာများ ၊ အနုပညာ ဆိုင်ရာ လှုပ်ရှားမှုများ၊ ရှားပါး လူမျိုးစုများ၏ ဓလေ့စရိုက်၊ ထုံးတမ်း စဉ်လာများနှင့် ယင်းတို့ဧ။် ရိုးရာ ပွဲတော် များကို ကြည့်ရှု လေ့လာခြင်း တို့ပါဝင် လေသည်။ ထိုင်းလူမျိုးများဧ။် တစ်နှစ်စာ ရိုးရာ ပွဲတော် များကို www.amazing-thailand.com/festive.html တွင်ကြည့်ရှု နိုင်ပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက် မြို့နှင့် အနီးတ၀ိုက်တွင် သည် Tourism အတွက် ထင်ရှားသော နေရာများမှာ နေရာ ၀န်းကျင်နှင့် လည်ပတ်ရန် ကုန်မည့် အချိန် တရက်စာတို့ကို လိုက်ပြီး အောက်ပါအတိုင်း အုပ်စုခွဲနိုင်လေသည်။
၁. Emerld Buddha, Wat Aron, Wat Pe, Royal Palace and Parliament (လူတစ်ယောက် ၀င်ကြေး ဘတ်၂၅၀). Ayuddhaya and Ban Pa Inn Palace (နေရာတစ်ခုချင်းစီအတွက်ဝင်ကြေးမျိုးစုံ)
၂. Dwayawaddy Kingdom, Phutthommonthon Standing Buddha ( Biggest standing Buddha in Thailand) and Phra Pathom Jedi (The oldest and biggest Pagoda in Thailand)
၃. Mueng Sing Historical park in Kanchanaburi

သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်း (Ecotourism)

သဘာဝကိုအခြေခံသောခရီးသွား လုပ်ငန်း (Ecotourism) တွင် သဘာဝ ရှုခင်းများကို ကြည့်ရှု အပန်းဖြေ ခြင်း၊ ကျေးငှက် တိရစ္ဆာန်များဧ။် သဘာဝအတိုင်း နေထိုင် လှုပ်ရှား သွားလာပုံတို့ကို ကြည့်ရှု လေ့လာ အပန်းဖြေ ခြင်းတို့ ပါဝင်လေသည်။ သဘာဝ ဥယျာဉ်များကို သွားရောက် အပန်း ဖြေခြင်း၊ တောင်ပေါ်ဒေသများနှင့် ပင်လယ်ကမ်းခြေများ သို့ သွားရောက် အပန်းဖြေခြင်း များမှာ တနေ့တခြား ခေတ်စားလာနေပါသည်။ နေရာဝန်းကျင်နှင့် လည်ပတ်ရန် ကုန်မည့် အချိန်တရက်စာ တို့ကိုလိုက်ပြီး အောက်ပါအတိုင်း အုပ်စုခွဲနိုင်လေသည်။
၁. ခေါင့်ယိုင် သဘာဝ ဘေးမဲ့ ဥယျာဉ်
၂. Safari World သဘာဝ ဘေးမဲ့ ဥယျာဉ် (၀င်ကြေးဘတ်၄၅၀)
၃. ကန်ချနဘူရီ ရှိ ဧရာဝဏ် ရေတံခွန်နှင့် သဘာဝ ဘေးမဲ့ ဥယျာဉ်၊ World famous Bridge of River Kwai (လူတစ်ယောက် ၀င်ကြေး ဘတ်၁၀၀)
၎. ကွေးမြစ်တွင်း ဖောင်စီးချင်လျှင် ဖောင်စီးချင်း ငှားပြီး လည်းကောင်း၊ တစ်ဦးချင်း စီးခပေး လည်းကောင်း စီးနင်းနိုင်ပြီး ဖောင် အမျိုးအစား အလိုက် ဈေးအသီးသီး ရှိလေသည်။
၅. ပတ်တယား ကမ်းခြေ (နေချင်းပြန်လျှင် ရသော်လည်း နှံ့စပ်စွာ လည်ပတ်နိုင်ရန် တစ်ညအိပ်လျှင် ပိုကောင်းပါ သည်။)
၆. ရယွန်ကမ်းခြေ (ရေဆင်းကူးရန် စာရေးသူမှ မထောက်ခံပါ)

စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Agritourism)

သစ်ခွခြံများ၊ သစ်သီးခြံများနှင့် ဆေးဖက်ဝင် အပင်များကို စိုက်ပျိုး သုတေသန လုပ်သော ခြံများ သို့ သွားရောက် လည်ပတ် ခြင်း ကို မြန်မာများ အနည်းအကျဉ်း စိတ်ဝင်စားလာ ကြသည်ကို တွေ့လာရပါသည်။
၁. ရချဘတ်သစ်ခွဆိုင်တန်း
၂. ချတ်တူးချတ်ဈေးနှင့်
၃. သလာထိုင်း ဈေး များတွင် အမျိုးစုံသော သစ်ခွခြံများနှင့် သစ်ပင်မျိုးစုံအရောင်းဆိုင်များမှ နှစ်သက်ရာ ၀ယ်နိုင် သည်။ သီးသန့်သစ်ခွခြံများနှင့် စိုက်ပျိုးရေး ခြံများမှာမူ ဘန်ကောက်မှ နှစ်နာရီခန့်သွားရသော နခွန်ပသွန်နှင့် ပသုံထာနီ တိုင်းတို့တွင် တည်ရှိပါသည်။ သို့သော် အပင်အမျိုးအစား တစ်မျိုးကောင်း၊ နှစ်မျိုးကောင်း ကိုသာ စီးပွားဖြစ် များစွာ စိုက်ပျိုး သောကြောင့် လည်ပတ်ရကျိုး မနပ်လှပါ။

ကျန်းမာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Health Tourism)

ထိုင်းနိုင်ငံတွင် ကျန်းမာရေး ဆေးစစ်မှုများ ပြုလုပ်ရန် သော် လည်းကောင်း၊ ကျန်းမာရေး ချို့ယွင်းမှု ကြောင့် ဆေးကုသ ရန် အတွက် လည်းကောင်း လာရောက်သူ မြန်မာများ တနေ့တခြား များပြားလာ နေပါသည်။ ယခင်က စင်ကာပူသို့ သွားရောက် ကုသမှု များသော်လည်း ယခုအခါ ပိုမိုဈေး သက်သာ ပြီး ကျန်းမာရေး ပြုစုမှုတွင် တူမျှသော စိတ်ချရမှု တို့ကြောင့် ထိုင်းနိုင်ငံသို့ ခြေဦးလှည့် လာကြခြင်း ဖြစ်ပါသည်။ ထိုင်းအစိုးရမှ ခွင့်ပြုသော TATမှ ထောက်ခံသည့် နိုင်ငံခြားသားများ တက်ရောက် ဆေးစစ်ကုသ နိုင်သော ဆေးရုံများ စာရင်းကို http://www.tourismthailand.org/products/products-sub.aspx?ParentID=124 တွင် တွေ့နိုင်ပါသည်။

ပညာရေးကို အခြေခံသော ခရီးသွားလုပ်ငန်း (Education Tourism)

သည်ခရီးသွားခြင်းကို ရေရှည် (သို့မဟုတ်) နှစ်ချီကြာသည့် ခရီးစဉ်ဟု သတ်မှတ်ထား ပါသည်။ အကြောင်းမှာ ထိုင်းနိုင်ငံတွင် ကျောင်းတက် နေသမျှ ကာလပတ်လုံး သည် ကျောင်းသား များသည် ထိုင်းတွင် နှစ်ချီပြီး နေထိုင်ကာ နေ့စဉ် သုံးသမျှ ငွေများသည် ခရီးသည် များကဲ့သို့ သုံးသည် သာမက ပိုနေပါသေးသည်။ ထို့အပြင် သာမန် ခရီးသွား များထဲတွင် လူဆိုးနှင့် စရိုက် ပေါင်းစုံသော ခရီးသွား များပါနိုင် သော်လည်း သည်ခရီးသွား လုပ်ငန်းတွင်မူ ကျောင်းသား များသာ ပါဝင်သည့်အတွက် စည်းကမ်းနှင့် ဥပဒေ ချမှတ်ရာတွင် ပိုမိုလွယ်ကူ လေသည်။ အသေးစိတ်ကို "ထိုင်းတွင် ကျောင်းတက်မည် ဆိုလျှင် " ဟူသော ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။

ဈေးဝယ်ထွက်ခြင်းကို အခြေခံ သော ခရီးသွားလုပ်ငန်း (Shopping Tourism)

သည်အပိုင်းကိုမြန်မာများ ကြိုက်နှစ်သက် ဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သိန်းချီ ပေးရသော branded clothings များကို ထိုင်းတွင် ဈေးသက်သာ စွာဖြင့် စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူ နိုင်သောကြောင့် ဖြစ်လေသည်။ သာမန် ပြည်တွင်းဖြစ် အ၀တ်အထည် များမှာလည်း စစ်မှန်သော ဈေးကွက် စီးပွားရေး စနစ်ကြောင့် မြင့်မားသော အရည် အသွေးကို သင့်တင့်သော ဈေးနှုံးဖြင့် စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ နာမည်ကြီး branded clothings များမှာ မိုးပျံရထား လမ်းကြော တလျှောက်နှင့် ထိုဘူတာများ အနီးတွင် စီတန်း တည်ရှိ နေသောကြောင့် တရက်တာ စိတ်ကြိုက်စီး ရထားလက်မှတ် ဘတ်၁၂၀ တန် ၀ယ်ထားပြီး ခေါက်တုံ့ ခေါက်ပြန် ဈေးဝယ်ထွက် လျှင် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရင်း စိတ်ချမ်းသာစွာ ဈေးဝယ် ထွက်နိုင်ပါသည်။ မိမိဝယ်ယူပြီး ပစ္စည်းများကိုလည်း ဈေးတိုင်းလိုလို ဧ။် ပစ္စည်းအပ်ရာ နေရာများတွင် စိတ်ချစွာ အပ်နှံထားကာ လူလွတ်ချည့် သက်သာစွာ ဈေးကိုပတ် ကြည့်နိုင်သည်။ ဘန်ကောက်တွင် ဈေး သက်သာသော အ၀တ်အထည်နှင့် ဖက်ရှင် ပစ္စည်းများကို ၀ယ်ယူလိုလျှင်

၁. ပတူနမ်ဈေး (ချစ်လုံ မိုးပျံရထားဘူတာအနီး)
၂. ဘိုဘေး လက်ကားဈေး (စံဖိန်းခေါ် တရုတ်တန်းအနီး) ၃. စံဖိန်းခေါ် တရုတ်တန်း

၎. Big C discount styores
၅. CHak-tu-chak weekend market (near Mochit BTS station)

Branded clothing and Fashion accessories
များကိုဝယ်ယူလိုလျှင်
1. Central world Plaza (near Chitlon Sky train station)
2. Emporiam Shopping plaza (Phronpon Sky train station)
3. Siam Discovery, Siam Paragon and Siam Center (near Siam Sky train station)
4. MBK (near National Stadium sky train station)

Computers, computer’s accessories and Electronic things
များကိုဝယ်ယူလိုလျှင်
1. Zeer Computer city (near Don Muang Airport)
2. Pantip computer city (near Ratchathewi BTS Sky train station)
3. Fortune Town (near Phra Ram Kaung subway station)
4. IT Square (near Don Muang Airport)
ဈေးသက်သာစွာနှင့်ကုန် အမှတ်တံဆိပ် ကောင်းကောင်း အ၀တ်အထည်များနှင့် ဆင်တူသော ဒီဇိုင်း ကို ၀ယ်ယူလို သူများကို အကောင်းဆုံး အကြံပေးရလျှင် အုပ်စု၂မှ ဆိုင်များကို အားရအောင် ကြည့်ရှု ပြီးမှ အုပ်စု၁မှ ဆိုင်များတွင် သွားရောက် ၀ယ်ယူလျှင် အဆင်ပြေပြေ ၀ယ်ယူနိုင်ပါလိမ့်မည်။ သည်တွင် သတိပြုရန်မှာ တံဆိပ်အတု ၀ယ်ယူရန် မဟုတ်ဘဲ ပြည်တွင်းဖြစ် အ၀တ်ကို နိုင်ငံခြားပုံစံဖြင့် ၀ယ်ယူနိုင် သည်ကိုသာ တင်ပြခြင်း ဖြစ်ပါသည်။ ပြည်တွင်းဖြစ် ကို နိုင်ငံခြား တံဆိပ်တပ်ပြီး ရောင်း ခြင်း မဟုတ်ဘဲ ပြည်တွင်းဖြစ်က နိုင်ငံခြားဖြစ်ကို ယှဉ်နိုင်သည် ဟူသော အတွေးဖြင့် တုပပြိုင်ဆိုင် ပြီးရောင်းသည်ကို တွေ့နိုင်ပါသည်။

ကစားကွင်းများ၊ ပြတိုက်များကို အခြေခံသော ခရီးသွားလုပ်ငန်း (Amusement Tourism)

အရှေ့တောင်အာရှတွင် အကြီးဆုံး ရေအောက် ကမ္ဘာဖြစ်သော Siam paragon Ocean World တွင်ရေအောက် ကမ္ဘာနှင့် ရေသတ္တ၀ါ မျိုးစုံတို့ဧ။် သဘာဝ အလှအပများနှင့် ဆက်ကပ် ကမ္ဘာတို့ကို ခံစားနိုင် ပါသည်။တခါဝင် လျှင် တစ်ယောက် ဘတ်၄၅၀ဖြင့် တရက်လုံး စိတ်တိုင်းကျ လည်ပတ် ကြည့်ရှု နိုင်လေသည်။ အသေးစိတ် ကြည့်ရှု လိုလျှင် www.siamoceanworld.co.th တွင် တွေ့နိုင်ပါသည်။ Dream World Amusement တွင် ကစားနည်း အမျိုးပေါင်း (၁၇)မျိုးနှင့် ပြပွဲ လေးမျိုးစာကို ၀င်ကြေး တစ်ယောက် လျှင် ဘတ်၄၀၀နှင့် ၀င်ရောက်ကစားနိုင်ပြီး special package ယူလျှင် နေ့လယ်စာနှင့် အသွားအပြန် ကြိုပို့ အပါ အ၀င် လူတစ်ယောက် လျှင် ဘတ်၁၀၀၀ ပေးရလေသည်။ အသေးစိတ် ကြည့်လိုလျှင် http://www.dreamworld-th.com/english/ တွင် ကြည့်ရှုနိုင် ပါသည်။ အခြား ပြတိုက်များမှာ စိတ်ဝင်စားစရာ မကောင်းလှ သော်လည်း ဗဟုသုတ အလို့ငှာ အောက်ပါ website တွင် ကြည့်ရှုနိုင်ပါသည်။ http://www.bangkok-hotels-bangkok.com/ ဘန်ကောက်တွင် ကုန်ကျ စရိတ် သက်သာစွာဖြင့် တည်းခိုနိုင်သော ကြယ်လေးပွင့် အဆင့် ဟိုတယ်၊ တည်းခိုခန်း များကို တခန်းလျှင် တစ်ရက် ဘတ် ၅၆၀ ခန့်ဖြင့် တည်းခိုနိုင်ပေရာ ဘန်ကောက်သို့ အလည် လာလိုသူများ အတွက် မကုန်သင့်တာ မကုန်ရဘဲ ကုန်ကျစရိတ်နှင့် တန်အောင် လည်ပတ်နိုင်စေရန် တင်ပြလိုက်ရပါသည်။

No comments: